မျှော်လင့် ခြင်းတွေ….တစ်စင်းခြင်း
ပျက်ကျ နေတဲ့   ကောင်းကင်ရေ..
သံသရာတစ်ခွင်လုံး…ငြှိုးချက် က
ဘ၀စာမျက်နှာ ထက်…
ပက်ပက် စက်စက်….ဒဏ်ချက်တွေနဲ့ …
အရှိုး ရာထပ် စေခဲ့ ပေါ့…..၊
မြင်ရက်စရာ မရှိတဲ့….
ကံကြမ္မာ ကြိုးကို…ပြန်ပြင်ထုံးထား ချင်ရဲ့…
အဆုံး မစမရှိတဲ့….၀င်္ကါ ခရီးထဲ…ကြီးပြင်းရင်း
အစီအစဉ်တကျ  ရောက်ရောက်လာတတ်တဲ့..
ရှုံးနိမ့်ခြင်း ကိုထိုင်စောင့် ရတာလောက်
ငြီးငွေ့ စရာ  ကောင်းတာမရှိ…
အကိုင်း အခက်ကို ….ပိုင်းဖြတ်ခံရ
အညွန့် အဖူး တွေ…ခြွေခူး ခံရ
တေစ ၦေၿခာက္ခံရတဲ့….
အိုနာ ကျိုးကန်း အိပ်မက်တွေထဲ…ငါ့
ရေသောက်မြစ် လေး…သေမသွားတာပဲ..
ကျေးဇူး တင်နေရ……၊
မပြိုင်ဘဲ  အနိုင်စွဲခဲ့ဘူးတဲ့….ယိုင်လဲမှု
မတောင်းဘဲ….စွန့် ကျဲလိုက်တဲ့…နာကျဉ်မှု
အဲလို…မထင်မှတ် ဘဲ…ပြင်လိုက်ဖျက် လိုက်နဲ့ ….
အနာဂတ်ကို…အလိုက် အထိုက်
အလိုမပါ ဘဲ….လက်ထပ် ထားရတယ်….၊
သစ္စာတရား ကို….
နားမှာ ဆက်ဆက် ကြားလိုက်သလိုဘဲ…
ဝေဒနာ ကို အစာချချ ကျွေးရင်း…
တဏှာ ကို ခ၀ါချဖို့ …ကြိုးစား
စိတ်ဖြေစရာ ရှာရင်း….ကြီးလေ..ပျင်းလေ
ဖျင်းနေတဲ့…အတ္တ အရောင်
ဒီအမှောင် တွေကြားမှာ…..
ခရီးမသွားဖြစ်ခဲ့တဲ့….ရထားတွေ
ဘူတာ လေးမှာ….စုပြုံ ပြည့်သိပ်
နေခဲ့ ပြီ……။။။
About maung khinmin
maung khinmin has written 85 post in this Website..