***…ကျိန်စာ မိနောင်တ…***

maung khinminJuly 9, 20123min17819

မျှော်လင့် ခြင်းတွေ….တစ်စင်းခြင်း

ပျက်ကျ နေတဲ့   ကောင်းကင်ရေ..

သံသရာတစ်ခွင်လုံး…ငြှိုးချက် က

ဘဝစာမျက်နှာ ထက်…

ပက်ပက် စက်စက်….ဒဏ်ချက်တွေနဲ ့…

အရှိုး ရာထပ် စေခဲ့ ပေါ့…..၊

 

မြင်ရက်စရာ မရှိတဲ့….

ကံကြမ္မာ ကြိုးကို…ပြန်ပြင်ထုံးထား ချင်ရဲ့…

အဆုံး မစမရှိတဲ့….ဝင်္က ါ ခရီးထဲ…ကြီးပြင်းရင်း

အစီအစဉ်တကျ  ရောက်ရောက်လာတတ်တဲ့..

ရှုံးနိမ့်ခြင်း ကိုထိုင်စောင့် ရတာလောက်

ငြီးငွေ ့စရာ  ကောင်းတာမရှိ…

 

အကိုင်း အခက်ကို ….ပိုင်းဖြတ်ခံရ

အညွန် ့အဖူး တွေ…ခြွေခူး ခံရ

တစေ ္ဆခြောက်ခံရတဲ့….

အိုနာ ကျိုးကန်း အိပ်မက်တွေထဲ…ငါ့

ရေသောက်မြစ် လေး…သေမသွားတာပဲ..

ကျေးဇူး တင်နေရ……၊

 

မပြိုင်ဘဲ  အနိုင်စွဲခဲ့ဘူးတဲ့….ယိုင်လဲမှု

မတောင်းဘဲ….စွန် ့ကျဲလိုက်တဲ့…နာကျဉ်မှု

မသုံးဘဲ..ကုန်ခမ်းခဲ့တဲ့….အရာမထင်တဲ့….ရာဇဝင် အချို  ့..

အဲလို…မထင်မှတ် ဘဲ…ပြင်လိုက်ဖျက် လိုက်နဲ ့….

အနာဂတ်ကို…အလိုက် အထိုက်

အလိုမပါ ဘဲ….လက်ထပ် ထားရတယ်….၊

 

သစ္စာတရား ကို….

နားမှာ ဆက်ဆက် ကြားလိုက်သလိုဘဲ…

ဝေဒနာ ကို အစာချချ ကျွေးရင်း…

တဏှာ ကို ခဝါချဖို ့…ကြိုးစား

စိတ်ဖြေစရာ ရှာရင်း….ကြီးလေ..ပျင်းလေ

ဖျင်းနေတဲ့…အတ္တ အရောင်

ဒီအမှောင် တွေကြားမှာ…..

ခရီးမသွားဖြစ်ခဲ့တဲ့….ရထားတွေ

ဘူတာ လေးမှာ….စုပြုံ ပြည့်သိပ်

နေခဲ့ ပြီ……။။။



 

19 comments

  • မြတ်ကျော်သူ

    July 9, 2012 at 11:44 am

    ကဗျာကို တွေ့တွေ့ချင်း ကဗျာကို မမြင်ရဘဲ…
    ပေါ့ပျက်ပျက်အရောင်တွေကို စမြင်ရပါတယ်…(လိမ္မော်ရောင် စာသားများ)
    ပြီးမှ ကဗျာကို စတင်မြင်ရပါတယ်…
    စာလုံးတွေက စောင်းထားတဲ့အတွက် ဘာကို ရည်ညွန်းပါသလဲ…
    ကဗျာထဲတွင် အသံများပါနိုင်ခြင်းကြောင့် စာလုံးစောင်းခြင်းဟာ တစ်ခုခုကို ကိုယ်စားပြုရပါမယ်…
    ဒါမှမဟုတ်…အလှ သက်သက်ဆိုရင်လည်း ပြောစရာမရှိပါ…

    ပြောချင်၊ ပြချင်တာကို ထိထိရောက်ရောက်ရေးထားတာကို ထိထိမိမိ ခံစားမိပါတယ်…
    ဒါပေမယ့် စကားလုံးတွေက Common ဆန်နေတယ်…
    အများသုံးဖြစ်နေတယ်….စကားလုံးတစ်လုံးကတော့ ကျွန်တော့်ကို ဖမ်းစားသွားစေပါတယ်….
    “တစေ ္ဆခြောက်ခံရတဲ့….
    အိုနာ ကျိုးကန်း အိပ်မက်တွေထဲ” ဆိုတဲ့စာသားပါ…

    • maung khinmin

      July 9, 2012 at 2:17 pm

      ဆြာ…မြတ်ကျော်သူရေ..
      စောင်းထားတဲ့စာသားတွေက..စောင်းနေတဲ့သဘောပါဘဲဗျာ။။
      စာလုံးစောင်းခြင်းဟာ… စိတ်တွေစောင်းနေခြင်းကို ကိုယ်စားပြုပါတယ်ဗျာ..
      ကဗျာဆိုတာ… နဂိုထဲကလှပြီးသားဖြစ်ပါတယ်ဗျာ… အလှဖြစ်အောင်တမင်ဖန်းတီးခြင်းမဟုတ်ပါ။
      ကျုပ်တို ့ကအများနဲ ့အတူကျော်ဖြတ်နေကြတဲ့.. လက်ရှိအချိန်မှာ..တစ်ဦးတစ်ယောက်ကောင်းနားလည်ဖို ့မရေးတတ်ပါ။ အများနားလည်ဖို ့သာ..အားထုတ်ပါ၏။ ။ပို ့(စ်)မော်ဒန်တွေကို လိုက်မှီနိုင်သောဦးဏှောက်မျိုးကိုဘုရားသခင်က ကျျွန်တော့်အတွက်ပေးသနားတော်မူခဲ့ခြင်းမရှိရျ်ကျွန်တော်၏
      စကားလုံးများဟာ…ရိုးအီ(အများသုံး)ဖြစ်နေခြင်းဖြစ်ပါလိမ့်မည်။
      ဆြာ. .မြတ်ရင်ထဲရောက်အောင် မစွမ်းဆောင်နိုင်တာကျွန်တော်စိတ်မကောင်းဖြစ်မိပါ၏။

      ကျွန်တော်သည်ကဗျာဆရာတစ်ယောက်မဟုတ်ပါ။ ဘယ်မဂ္ဂဇင်းစာမျက်နှာများပေါ်မှလည်းမရောက်ပါ။ ထို့ကြောင့်ဆြာ..မြတ်တစ်ယောက်မောင်ခင်မင် ဆိုသောကျွန်တော့်အားေ ကျာင်းသားတစ်ယောက်လို သဘောထားရျ်နားမလည်သည်များကိုသင်ကြားပို ့ ချပေးစေလိုပါသည်။။။။ခင်ဗျားးးးးးးး

  • မောင်ပေ

    July 9, 2012 at 12:47 pm

    ဆြာခင်ရေ
    ဒီကဗျာကိုတော့ သဘောမပေါက်ဘူးဗျာ
    သဘောမပေါက်တာကိုက အနုပညာ တစ်ခု လို ့ဘဲ
    မှတ်သွားပါပြီ ဗျို ့။

    • maung khinmin

      July 9, 2012 at 2:20 pm

      ဆြာပေ..
      သဘောမပေါက်တာကိုကအနုပညာဆိုတဲ့စကားလေးကို
      ကြိုက်တယ်ဗျာ

  • ခေတ် လုလင်

    July 9, 2012 at 1:28 pm

    အကိုင်း အခက်ကို ….ပိုင်းဖြတ်ခံရ

    အညွန် ့အဖူး တွေ…ခြွေခူး ခံရ

    တစေ ္ဆခြောက်ခံရတဲ့….

    အိုနာ ကျိုးကန်း အိပ်မက်တွေထဲ…ငါ့

    ရေသောက်မြစ် လေး…သေမသွားတာပဲ..

    ကျေးဇူး တင်နေရ……၊

    မပြိုင်ဘဲ အနိုင်စွဲခဲ့ဘူးတဲ့….ယိုင်လဲမှု

    မတောင်းဘဲ….စွန် ့ကျဲလိုက်တဲ့…နာကျဉ်မှု

    မသုံးဘဲ..ကုန်ခမ်းခဲ့တဲ့….အရာမထင်တဲ့….ရာဇဝင် အချို ့..

    အဲလို…မထင်မှတ် ဘဲ…ပြင်လိုက်ဖျက် လိုက်နဲ ့….

    အနာဂတ်ကို…အလိုက် အထိုက်

    အလိုမပါ ဘဲ….လက်ထပ် ထားရတယ်….၊

    နှစ်သက်စွာ ခံစားမိပါတယ် ကိုခင်မင်ရေ။

    • maung khinmin

      July 9, 2012 at 2:21 pm

      ကျေးဇူးတင်ပါတယ်….ဆြာခေတ်ရေ

    • maung khinmin

      July 9, 2012 at 2:18 pm

      ဒါပေါ့သားဦးရေ…..
      ပင်ပန်းနေပါပြီဗျာ…..

  • မဂွတ် ထော်

    July 9, 2012 at 2:36 pm

    အားပေးသွားတယ်ဗျာ
    ဘာမှန်းတော့နားအလည်ဘူး
    ဟီးးးးးးးးးးး

  • မြတ်ကျော်သူ

    July 9, 2012 at 3:21 pm

    “စာလုံးစောင်းခြင်းဟာ… စိတ်တွေစောင်းနေခြင်းကို ကိုယ်စားပြုပါတယ်ဗျာ..”
    မောင်ခင်မင်ရေ…ဒီစာသားကတော့ Symbolism ကိုပြောခြင်းဟု နားလည်မိပါကြောင်း….

    “ကျုပ်တို ့ကအများနဲ ့အတူကျော်ဖြတ်နေကြတဲ့.. လက်ရှိအချိန်မှာ.. တစ်ဦးတစ်ယောက်ကောင်းနားလည်ဖို ့မရေးတတ်ပါ။ အများနားလည်ဖို ့သာ..အားထုတ်ပါ၏။”
    ဒီစာသားမှာတော့ မောင်ခင်မင်ရဲ့ အနုပညာပေါ်သဘောထားကို တွေ့မြင်ရတဲ့အတွက် ဝမ်းသာမိပါကြောင်း…

    ကျွန်တော့်အမြင်နောက်တစ်ခုကတော့
    အစ်ကို မောင်ခင်မင်ဟာ စကားလုံးအသစ်အဓိက(Neo-logism) ဘက်ကိုဦးတည်နေတယ်လို့ ယူဆတဲ့အတွက် စကားလုံးတွေဟာ Common ဆန်တယ်လို့ သုံးနှုန်းရခြင်းဖြစ်ပါတယ် အစ်ကို…
    အစ်ကိုက အဲဒီဘက်ကို ဦးတည်ထားတာမျိုးမဟုတ်ရင်တော့ ကျွန်တော့်တွင်ပြောစရာမရှိပါခင်ဗျာ…
    ကဗျာကို ကဗျာသက်သက်အဖြစ်သာ ရှုမြင်ခံစားသွားပါတယ်..
    ကျေးဇူးအစ်ကိုရေ….

  • lazy boy

    July 9, 2012 at 3:34 pm

    အားပေးသွားပါတယ် ခင်ဗျာ၊၊

  • အလင်းဆက်

    July 9, 2012 at 7:12 pm

    အနာဂတ်ကို…အလိုက် အထိုက်

    အလိုမပါ ဘဲ….လက်ထပ် ထားရတယ်….၊

    သိပ်ကောင်းတဲ ့စာသားတွေ..ပါပဲ..ဗျာ။

    အားကျ ပါတယ်..။ ဆက်လက် ဖတ်ရှု.ပါရစေဦးနော့

  • kai

    July 10, 2012 at 3:39 am


    Slant In Handwriting

    Writing which is upright can show self control, egotism, coldness, neutrality, and self sufficiency.

    If the writing appears with a slant to the right the writer can be said as extrovert, expressive, sympathy, restless, and sociable.

    Left slant in writing can show introversion, self-denial, egotism, fears the future and withdrawal.

  • ခပ်မိုက်မိုက် ကောင်မလေး

    July 10, 2012 at 10:00 am

    ဒီလောက်ရေးတတ်တာ…
    တော်ပါတယ်ရှင်…
    မိုက်လေး..တို့ဆိုအဲ့လောက်ထိ…
    ခက်ခက်ခဲခဲမရေးတတ်ဘူး…
    တွေးတောခြင်းတစ်ခုအဖြစ်လည်း…
    မစဉ်းစားတတ်ဘူးလေ…
    မိုက်လေး..ရေးရင် ရိုးရိုးရှင်းရှင်းနဲ့…
    ကဗျာအဖြစ်ပြောင်းလဲပြီးမရေးတတ်တာ..
    အမှန်ပဲ…စာစုတစ်ခု စိတ်ခံစားမှုတစ်ခုကနေ…
    စကားလုံးလေးနည်းနည်းလောက်ပဲ…
    ချရေးတတ်တာ…ဒီကအကိုရေးထားတာလည်း…
    ကောင်းပါတယ်….နောက်လည်းဆက်ရေးပေါ့နော်…
    အားပေးနေပါတယ်……….။။။

    • maung khinmin

      July 10, 2012 at 10:15 am

      မမြှောက်ပါနဲ့…မိုက်လေးရယ်
      ကျုပ်ကပါချီပါချက်…အဆင့်ပဲရှိပါတယ်ဆိုတာ…အားလုံးသိကြပါတယ်ဗျာ…
      ဘာမှမဟုတ်သေးပါဘူးးးးး
      ဘာကောင်မှလဲမဟုတ်ပါဘူးးး
      ခုလိုအားပေးစကားပြောတာတော့…ကျေးဇူးအထူးငေ်ပါတယ်ဗျာ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 10, 2012 at 10:49 am

    စာရေးမှုနှုန်းများမှ…
    တွေးခေါ်မှုနှုန်း လေ့လာမှုတွေများမှ…
    အရေးအသားတွေ တိုးတက်လာမှာပါ…
    မြှောက်တာမဟုတ်ပါဘူး….
    ဘာမှလည်းမဟုတ်ဘူးလေ…
    ဒီလိုပါပဲ…စာရေးတာကောင်းပါတယ်…
    တစ်ချို့ခံစားချက်တွေ ကဗျာတွေ..
    စာတွေရေးခြင်းကလည်း…
    စိတ်ခံစားမှုတစ်ခုကို သက်သာစေမယ်လို့လည်း…
    မိုက်လေး..ထင်ပါတယ်…။။။။။။။။။။။။။

  • si tone

    August 11, 2012 at 4:07 pm

    poem ကအရမ်ကောင်းပါတယ်………….. နောက် အားပေးနေမယ်….
    ဒါပေးမယ့်…. စာသားကို အရောင်နဲမရေးရင် ပိုကောင်းမယ်….

  • pu ma

    August 11, 2012 at 10:38 pm

    ကိုခင်မင်းရေ
    ပါဝါ၂၅ဝနဲ့အားပေးသွားပါတယ်
    နောင်အရောင်မထည့်ပဲတင်ပါနော်

Leave a Reply