ဒေါ့ခယူမန်ထရီ (Documentary)

သူရႆဝါJuly 9, 20121min31314

ဒေါ့ခယူမန်ထရီ (Documentary)
– သူရှဿဝါ –

စပျစ်သီးပဲ ချဉ်ရင်ချဉ်မယ် ချိုရင်ချိုမယ်
အနှောင်အဖွဲ့မရှိပါဘူးလို့ အိမ်ခေါင်မိုးပေါ်မှာ
ချည်နှောင်ခံထားရတဲ့ လွပ်လပ်သောငှက်များ
ကြိုးတွေဟာ တစ်စပြီးတစ်စ ရစ်လိုက် ပတ်လိုက်
အဲဒီ မနက်တုန်းကလည်း
အခုလို မိုးတွေ စွေနေခဲ့မှာပဲ ရုပ်ပျက်ဆင်းပျက်
ချိုချဉ်ဖန်ခါး အရသာက ထုံတယ် ကျဉ်တယ်
လျှာဖျားတွေပေါ် တွားတက်လာတယ်
ရဲရဲစွေးစွေး ပွင့်ပစ်လိုက်ဖို့ အဖြူရောင်သစ္စာပန်းတွေ
စောင့်နေ အတိအကျ လမ်းပေါ်မှာ မိုးတွေစွေနေ
ရက်ရက်စက်စက်ထောင့်ချိုးနဲ့ သူရဲကောင်းချပ်ဝတ်တန်ဆာ
လွတ်လပ်ငှက်များ အမှန်တရားမိုးသားပေါ် စီးနင်းလိုက်ပါဖို့
အတောင်မကျိုးဖို့ မုန်တိုင်းအတုနဲ့မတိုးဖို့ စပျစ်သီး အရှိအတိုင်း
ချဉ်ဖို့ ချိုဖို့ အမှောင်ထဲလမ်းမမှားဖို့ လူမှုရေး စီးပွါးရေး နိုင်ငံရေး
လူပြိန်း ဗာလာန လူ့အန္ဓများ ။           ။

၉ – ဇူလိုင် – ၂၀၁၂

14 comments

  • မောင်ပေ

    July 9, 2012 at 1:15 pm

    ဒေါ့ခယူမန်ထရီ
    အတော်အကြူမြန်သည်
    အော်သူလန်မည်
    အဒေါ်ယူပြန်ပြီ

    • maung khinmin

      July 11, 2012 at 8:39 pm

      ဆြာပေရေ…နမော်နမဲ့အမှားတစ်ခုက…
      စိတ်အတော်မောရတယ်ကောဗျာ…

      ကျုပ်ပြန်ရှင်းထားလိုက်ပါပြီ…
      ကိုသူရ..ဘယ်လိုတောင်းပန်ခိုင်းမယ်တော့မသိဘူးဗျ….

      တော်ကြာ..ကျုပ်အဒေါ်ကြီး..ပေးဆိုမှ..သောက်ကျိုးနည်းတွေဖြစ်ကုန်ဦးတော့မယ်ဗျ

  • Wow

    July 9, 2012 at 2:15 pm

    ထောက်ခံပါတယ်…. စပျစ်သီးပဲချဉ်ချင်ချဉ်မယ် ချိုချင်ချိုမယ်….
    အဖြူရောင်သစ္စာပန်းတွေကကော ဘာလို့မနီနိုင်ရမှာလဲ
    “ဘောင်” ထဲက သနားစရာ ထိုးထွက်ချင်စိတ်မရှိသူတွေအတွက် ပန်းချီတစ်ချပ်လောက်တော့ အချိန်ရရင် ဆွဲပေးချင်ပါတယ်…

  • mamanoyar

    July 9, 2012 at 2:30 pm

    ဖတ်ပြီး ယောင်ချာချာနဲ့ပြန်သွားပါတယ်
    နားမလည်ဘူးးးးးးး
    စာတွေကလိုက်လို့မှီတော့ဝူးးးးးးးးး

  • maung khinmin

    July 9, 2012 at 2:38 pm

    မြန်မာဖြစ်ဖြစ်..ဗမာဖြစ်ဖြစ်
    ကြိုက်သလို..ခေါ်
    နင့်အဒေါ်ကြီး..ပေးလိုက်ရမှာမို ့လားးး
    ဒီလိုလားးးးးးးဗျာ

    • Thu Ra Tha Wah

      July 9, 2012 at 3:23 pm

      ကျွန်တော် ဘာများမှားလို့
      ကျွန်တော့်အဒေါ်ကို ဘယ်သူ့ကိုပေးရမှာလဲခင်ဗျာ

      • အရီးခင်လတ်

        July 10, 2012 at 3:39 am

        မှတ်ချက်တွေ က ဒီလို ဘဲ Post နေရာမှား ပြီး ထားတတ်ကြတယ် မောင်သူရသဝါ ရေ။
        ကြည့်ရတာ ကိုခင်မင် လဲ နေရာမှား ပို့ မိပုံရတယ်။

        ဒီလိုလွဲလွဲ လေးတွေ တွေ့ရတာ ရီမိလို့ ခေါင်းရှုပ် နေတာ သက်သာသွားပါ၏။ 😆
        မှတ်ချက်ပေးသူရော၊ ပြန်မေးသူ ကိုပါ ကျေးဇူးပါ။

        မင်းရဲ့ စာကဗျာ ကို တော့ မမှီမကမ်း နဲ့ ကြိုးစား ဖတ်သွားပါတယ်။ 😉

  • မောင်သူရရေ
    မောင်ပေ ကအဒေါ်တွေလိုက်စုနေတာ။
    လေးပေါက်အဒေါ်တောင်သူကယူမှာတဲ့။
    တွမ်……………………………………

    • မောင်ပေ

      July 9, 2012 at 9:15 pm

      ဟေ့လူကြီး
      သူမေးတဲ့
      “ကျွန်တော် ဘာများမှားလို့
      ကျွန်တော့်အဒေါ်ကို ဘယ်သူ့ကိုပေးရမှာလဲခင်ဗျာ” က ကျုပ်ကို မဟုတ်ဝူး
      maung khinmin ကို မေးထားတာဗျ
      နော ကိုသူရဿဝါ

      • Thu Ra Tha Wah

        July 10, 2012 at 9:42 am

        ဟုတ်ပါတယ် ကိုမောင်ပေ
        အဲဒီမောင်ခင်မင်ဆိုတဲ့လူဟာ ကိုမောင်ပေရေးသွားတဲ့ comment ကိုအခြေခံပြီး ပြန်ကိုးကားရေးတာလား
        ဒါမှမဟုတ် .. ကျွန်တော့်ခေါင်းစဉ်အထားအသို အရေးအသားကို ဘဝင်မကျလို့ ရေးသွားတာလားဆိုတာ ကျွန်တော် စိတ်ထဲမရှင်းပါ
        ကိုမောင်ပေကို ကျွန်တော် Reply လုပ်တာမဟုတ်
        မောင်ခင်မင်ကို Reply လုပ်တာပါ

        • maung khinmin

          July 11, 2012 at 8:19 pm

          ကျွန်တော့်မန့်ကြောင့်ကိုသူရ..စိတ်အနှောက်အယှက်ဖြစ်သွားတဲ့အတွက်…အလွန်စိတ်မကောင်း
          ဖြစ်ရပါသည်ဟု…ရိုးသားစွာ..တောင်းပန်ပါရစေ..
          ဒီမန့် ကိုကျွန်တော်ပေးခြင်းမဟုတ်ပါဟုဆိုပြန်လျှင်လည်း…အားလုံးဝိုင်းရယ်ကြပါလိမ့်မည်။
          ရှင်းပါမည်….
          အားလုံးကျွန်တော့မဟာအမှားကြီးပဲဖြစ်ပါ၏…အဲဒီနေ့ကကျွန်တော်အွန်လိုင်းမှခဏခွါရျ်ထမင်း
          ပြန်စားမိပါ၏…ကျွန်တော်မပိတ်မိခဲ့ပါ…သက်သက်ထားခဲ့တာလည်းဖြစ်ပါ၏။
          စားပြီးပြန်သုံးမှာမို့ပါ။။
          သူငယ်ချင်းအား.စိတ်ချစွာအပ်နှံထားခဲ့မိ၏။။။သူလျှောက်ဖတ်ရျ် ဝင်ပြီးလက်ဆော့သွားခဲ့သည်ဟု
          ဝန်ခံပါ၏။။ပြသာနာကသူနှင့်မဆိုင်ပါ။။။ကျွန်တော်ဒအပြစ်သာဖြစ်ပါ၏။။
          ထို့ကြောင့်ကိုသူရကိုကျွန်တော်ဘယ်လိုတောင်းပန်ရမှန်းမသိပါ။လွန်စွာမျက်နှာပူပါ၏။
          သူငယ်ချင်းကိုမေးကြည့်ပါ၏..သူကကိုသူရ၏ကဗျာကိုဖတ်ပြီးနားမလည်ဘဲ..ထင်ရာတွေစွတ်
          ရေးချသွားပါ၏….

          ကိုသူရ…ကျေနပ်တဲ့အထိကျွန်တော်တောင်းပန်ရပါမည်…။
          ကိုသူရ..ဘယ်လိုတောင်းပန်ရမည်ဆိုသည်ကိုသာ…..အားမနာတမ်းပြောစေချင်ပါ၏
          အဘယ်ကြောင့်ဆိုသော်…အဓိကတာဝန်ရှိသူမှာ..ကျွန်တော်ပင်ဖြစ်သောကြောင့်ဖြစ်ပါ၏

          ဂေဇတ်မှမန်ဘာများအားလုံးကိုလည်း..
          ဒီနေရာမှဂတိထပ်ပေးပါမည်…..
          နောင်ဒီလို..ဘယ်တော့မှမဖြစ်ရစေပါ….ဟူရျ်သာ…

          မျက်နှာပူလျှက်…
          မောင်ခင်မင်

        • Thu Ra Tha Wah

          July 12, 2012 at 9:02 am

          အကြောင်းစုံသိရလို့ ကျေနပ်ပါတယ်
          တောင်းပန်စရာမလိုပါဘူး မောင်ခင်မင်
          စာပေတန်ဖိုးမသိတဲ့လူတစ်ယောက် ပေးတဲ့ဒုက္ခကြောင့်
          စာပေတန်ဖိုးသိတဲ့လူတစ်ယောက် စိတ်ဒုက္ခရောက်ရမှာမျိုး
          ကျွန်တော်မလိုချင်ပါဘူး
          အခုလို အကျိုးအကြောင်းသေချာပြန်ရှင်းပြပေးလိုက်လို့
          ကျွန်တော် ကျေးဇူးလည်းတင်ပါတယ် အားလည်းနာသွားပါတယ်

  • ကြောင်လေး

    July 10, 2012 at 6:44 am

    အမှားပေါ်ကိုအမှားတွေထပ်ဆင့်နေပါရော့လား၊
    အရီးခင်လတ်တစ်ခါထပ်ဖတ်မိရင် ၊တစ်ကြိမ်ထပ် ရီ(ရယ်)ရဦးတော့မပေါ့။
    ရှုပ်နေတဲ့ခေါင်းလေးပိုရှင်းသွားပါအိ။

  • Mလုလင်

    July 12, 2012 at 10:58 am

    ကိုယ့်ဆြာ ရေ .. ကန်ဘောင်က “တကယ်ဆို အခြောက်ပဲ လိုတယ်” က စပြီး သတိထားမိရာက နေ ….. သူငယ်ချင်းရဲ့ သူငယ်ချင်းတွေ နဲ့ သိကျွမ်းရင်း .. အဲ့ ကန်ဘောင်ဇာတ်လမ်းက မင်းသား နဲ့လဲ အတူတူ သောက်ဖူးသွားခဲ့ပေမယ့် . ကိုယ့်ဆြာ သမားနဲ့တော့ မစုံဖြစ်လိုက်ဘူး။ အရင် က ဖတ် ရရင် .. ဟာသ တွေ သရော်စာ တွေပဲ များပါတယ်။ ဒီတစ်ခေါက် တော့ အတည်ပေါက် ပိုစ့် မှာ ပျော်စေပျက်စေ ကလက်စေ comment တွေကြောင့် .. တကယ်ကို ရယ်ချင်ပက်ကျိ ဖြစ်ရပါတယ်။ ကိုယ့်ဆြာ အဒေါ်လဲ ..မျက်ခုံးတော့ လှုပ်သွားမှာဗျို ့..။ ဆိုတော့ မန့် ရင်းနဲ့ တခါတည်း မိတ်ဆက် လိုက်ပါတယ်ဗျာ။ လေးစားပါတယ် ဗျို ့ ။
    လေးစားစွာဖြင့်
    Mလုလင်

Leave a Reply