“ ဟေ့ မင်းအခုရောက်နေတာ ဘယ်သူ့ အိမ်လဲ ဆိုတာကော မင်းသိရဲ့ လား ”
“ ကျုပ်အခုရောက်နေတာ ခင်ဗျား အိမ်လေ ၊ သိတာပေါ့ ”
“ အေး.. မင်းသိထားဖို့ က ၊ ငါ့အိမ်ကိုရောက်ရင် ငါမကြိုက်တာ မလုပ်ရဘူး ၊ ငါမကြားချင်တဲ့ စကား မပြောရဘူး ၊ ငါခွင့်မပြုဘဲ မင်းထင်သလို ဘာမှလုပ်ခွင့်မရှိဘူး ၊ အဲဒါမင်းမှတ်ထား ”
“ အော်… ကျုပ်က မိတ်ဆွေတစ်ယောက်အိမ်ကို အလည်လာပါတယ် ၊ လက်စသတ်တော့ ထောင် ဖြစ်နေတာကိုး ”
“ ဘာကွ ၊ မင်း ဘယ်လို ပြောလိုက်တာလဲ ၊ ပြန်ပြောလိုက်စမ်းပါ ”
“ ကျုပ် အခု ခင်ဗျား အိမ်ကို လာလည်တယ်လေ ၊ ဒါခင်ဗျားရဲ့ ပိုင်ဆိုင်မှု ၊ ခင်ဗျားရဲ့ အိမ်ဆိုတာ မှန်ပါတယ် ၊ ကျုပ်လာတယ်ဆိုတာလဲ ခင်ဗျားအိမ်မှာ ကပ်နေဖို့ ၊ နေရာလုဖို့ လာတာမဟုတ်ပါဘူး ၊ အလည်လာတာကိုတောင် ခင်ဗျား လက်မခံတော့ဘူးလားဗျာ ”
“ လာလည်တာကို ငါလက်ခံတယ် ၊ ဒါပေမယ့် မင်းအခုနေနေတဲ့ ပုံကို ငါ လုံးဝမကြိုက်ဘူး ၊ မင်းပုံစံ ကြည့်ရတာ ငါ သောက်မြင်ကပ်နေတယ် ၊ မင်းအချိုးတွေကို ပြင်လိုက်စမ်းပါ ”
“ ဟောဗျာ… ကျုပ်ဟာကျုပ် ခင်ဗျား အိမ်ရဲ့ ဧည့်ခန်းမှာ ထိုင်နေတာရှိသေး ၊ ကျုပ်ကဘဲ ခင်ဗျား အမြင်ကပ် ရအောင် ကျုပ်ဘာများလုပ်မိလို့ လဲဗျာ ”
“ အေး.. ဘာမှ မလုပ်တာကို က ငါ့စိတ်ကို ဆွနေသလိုဘဲ ”
“ ကဲ.. ဒါဆို ၊ အခု ကျုပ် မတ်တပ်ရပ်လိုက်ပြီ ဗျာ ၊ ကျေနပ်လား ”
“ အဲဒါမှ ပိုဆိုးလာတယ် ၊ ငါတော်တော်ခီးနေပြီနော ”
“ ဒါဆိုရင် ၊ ခင်ဗျား အိမ်ထဲမှာ ကျုပ် လမ်းလျှောက်နေမယ် ဆိုရင်ကော ”
“ ဟေ့ကောင်….သွားသွား.. မင်းတော်တော့ ၊ နောက်ကို ငါ့အိမ်ကို ဘယ်တော့မှ မလာခဲ့နဲ့ တော့ ”
“ ဟုတ်ကဲ့ကောင်းပါပြီတဲ့ဗျာ ၊ တစ်ခုတော့ ရှိတယ်.. ကျုပ်အခုလာခဲ့တယ်ဆိုတာ မိတ်ဆွေတစ်ယောက်အိမ်ကို လာလည်တဲ့အနေနဲ့ ရယ် ၊ ခင်ဗျားအိမ်က တံခါးအမြဲဖွင့်ထားတာရယ်နဲ့ ကြောင့်ရယ် မို့ ၊ ဝင်လာခဲ့မိတာပါ ၊ နောက်ကို မလာစေချင်ရင် ၊ တံခါးကို အမြဲပိတ်ထားလိုက်ဗျာ…နော ”
“ ဟာ…ဒီကောင်နှယ့်…ပြောလေကဲလေ….တောက် ”
အိမ်ရှင် တုတ်တစ်ချောင်းကောက်ကိုင်လိုက်သည် ။
ဧည့်သည် သည်လဲ ပြုံးရင်း ပြေးသွားပါတော့သည် ။
အီတွင်ပြီးအိ ။
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

About မောင် ပေ

မောင် ပေ has written 396 post in this Website..