192 ဖြင့် အုန်းစားခြင်း

မောင် ပေJuly 9, 20121min56831

“ ဟေ့ မင်းအခုရောက်နေတာ ဘယ်သူ ့အိမ်လဲ ဆိုတာကော မင်းသိရဲ ့လား ”
“ ကျုပ်အခုရောက်နေတာ ခင်ဗျား အိမ်လေ ၊ သိတာပေါ့ ”
“ အေး.. မင်းသိထားဖို ့က ၊ ငါ့အိမ်ကိုရောက်ရင် ငါမကြိုက်တာ မလုပ်ရဘူး ၊ ငါမကြားချင်တဲ့ စကား မပြောရဘူး ၊ ငါခွင့်မပြုဘဲ မင်းထင်သလို ဘာမှလုပ်ခွင့်မရှိဘူး ၊ အဲဒါမင်းမှတ်ထား ”
“ အော်… ကျုပ်က မိတ်ဆွေတစ်ယောက်အိမ်ကို အလည်လာပါတယ် ၊ လက်စသတ်တော့ ထောင် ဖြစ်နေတာကိုး ”
“ ဘာကွ ၊ မင်း ဘယ်လို ပြောလိုက်တာလဲ ၊ ပြန်ပြောလိုက်စမ်းပါ ”
“ ကျုပ် အခု ခင်ဗျား အိမ်ကို လာလည်တယ်လေ ၊ ဒါခင်ဗျားရဲ ့ပိုင်ဆိုင်မှု ၊ ခင်ဗျားရဲ ့အိမ်ဆိုတာ မှန်ပါတယ် ၊ ကျုပ်လာတယ်ဆိုတာလဲ ခင်ဗျားအိမ်မှာ ကပ်နေဖို ့၊ နေရာလုဖို ့လာတာမဟုတ်ပါဘူး ၊ အလည်လာတာကိုတောင် ခင်ဗျား လက်မခံတော့ဘူးလားဗျာ ”
“ လာလည်တာကို ငါလက်ခံတယ် ၊ ဒါပေမယ့် မင်းအခုနေနေတဲ့ ပုံကို ငါ လုံးဝမကြိုက်ဘူး ၊ မင်းပုံစံ ကြည့်ရတာ ငါ သောက်မြင်ကပ်နေတယ် ၊ မင်းအချိုးတွေကို ပြင်လိုက်စမ်းပါ ”
“ ဟောဗျာ… ကျုပ်ဟာကျုပ် ခင်ဗျား အိမ်ရဲ ့ဧည့်ခန်းမှာ ထိုင်နေတာရှိသေး ၊ ကျုပ်ကဘဲ ခင်ဗျား အမြင်ကပ် ရအောင် ကျုပ်ဘာများလုပ်မိလို ့လဲဗျာ ”
“ အေး.. ဘာမှ မလုပ်တာကို က ငါ့စိတ်ကို ဆွနေသလိုဘဲ ”
“ ကဲ.. ဒါဆို ၊ အခု ကျုပ် မတ်တပ်ရပ်လိုက်ပြီ ဗျာ ၊ ကျေနပ်လား ”
“ အဲဒါမှ ပိုဆိုးလာတယ် ၊ ငါတော်တော်ခီးနေပြီနော ”
“ ဒါဆိုရင် ၊ ခင်ဗျား အိမ်ထဲမှာ ကျုပ် လမ်းလျှောက်နေမယ် ဆိုရင်ကော ”
“ ဟေ့ကောင်….သွားသွား.. မင်းတော်တော့ ၊ နောက်ကို ငါ့အိမ်ကို ဘယ်တော့မှ မလာခဲ့နဲ ့တော့ ”
“ ဟုတ်ကဲ့ကောင်းပါပြီတဲ့ဗျာ ၊ တစ်ခုတော့ ရှိတယ်.. ကျုပ်အခုလာခဲ့တယ်ဆိုတာ မိတ်ဆွေတစ်ယောက်အိမ်ကို လာလည်တဲ့အနေနဲ ့ရယ် ၊ ခင်ဗျားအိမ်က တံခါးအမြဲဖွင့်ထားတာရယ်နဲ ့ကြောင့်ရယ် မို ့၊ ဝင်လာခဲ့မိတာပါ ၊ နောက်ကို မလာစေချင်ရင် ၊ တံခါးကို အမြဲပိတ်ထားလိုက်ဗျာ…နော ”
“ ဟာ…ဒီကောင်နှယ့်…ပြောလေကဲလေ….တောက် ”
အိမ်ရှင် တုတ်တစ်ချောင်းကောက်ကိုင်လိုက်သည် ။
ဧည့်သည် သည်လဲ ပြုံးရင်း ပြေးသွားပါတော့သည် ။
အီတွင်ပြီးအိ ။
……. အားလုံးကို ကျေးဇူးတင်ပါသည် …….

31 comments

  • ko khin kha

    July 9, 2012 at 2:08 pm

    ဧည့်သည်ကအိမ်ရှေ့ပေါက်က ပြေးသွားတာလား၊ နောက်ဖေးပေါက်က ပြေးသွားတာလား
    သိချင်လို့ပါ။

    • မောင်ပေ

      July 9, 2012 at 2:15 pm

      တုတ်နဲ ့လိုက်ပါပြီ ဆိုမှတော့
      လွတ်မယ့်အပေါက်ကနေ ပြေးရတော့တာကလား ။
      ဦးဦးဖျားဖျား ကွန်မင့် ပေးတဲ့အတွက် ကျေးဇူးပါဘဲဗျို ့။

  • mamanoyar

    July 9, 2012 at 2:17 pm

    အန် ဦးပေနော်
    ရိုက်စားလုပ်သွားတာလား…..
    ဧည့်သည်က ဦးပေထင်တယ်
    ခွေးနဲ့ လိုက်ကိုက်ခိုင်းလိုက်ရမှာ

    • မောင်ပေ

      July 9, 2012 at 2:19 pm

      ရိုက်မစားပါဘူးကွယ်
      အုန်းစားခြင်းဆိုမှတော့
      အုန်း ဘဲ စားထားတာပါ
      နိုရာလေးရဲ ့မေတ္တာတွေ ကြီးလွန်းပါဘိ

      • mamanoyar

        July 9, 2012 at 2:22 pm

        ဦးပေမို့လို့နော်
        ကျန်တဲ့သူဆို အဲလို မေတ္တာမထားဘူး
        ဟီးးးးးးးးးးးးးးးးးးး ပြေးပြီ

  • Wow

    July 9, 2012 at 2:27 pm

    ၁၉၂ ဆိုဒါဘာလဲဟင်င်င်….

  • mayjuly

    July 9, 2012 at 3:24 pm

    ဧည့်သည်ဆို အိမ်ရှင်တွေက ဖော်ဖော်ရွေရွေ ဆက်ဆံကြတာလေ..

    တချို့ဆို အရမ်းကိုအားနာဖို့ကောင်းအောင် ဧည့်ဝတ်ကျေပွန်တော့ …

    ဒီလိုအိမ်မျိုးက ရှားတယ် ….အဲလိုအိမ်မျိုးမှ လည်ချင်တာ ..ဟိဟိ အပျင်းပြေမယ်ထင်လို့….

    လိပ်စာလေး ပေးပါနော်.. 😀

  • ဘဲဥ

    July 9, 2012 at 3:30 pm

    အုံးစားတာ တစ်ခုခုတော့ တစ်ခုခုလိုပဲနော်
    တိုတိုပေနော် တားတား တိတွားသလိုဘဲ သိပ်တော့မသေချာဘူး 😆

  • laypai

    July 9, 2012 at 3:38 pm

    အဲဒါ ဧည့်သည် နဲ့ အိမ်ရှင် မဟုတ်လောက် ဖူး။
    သမီးယောက္ဖ ဒါမှမဟုတ် သမီးယောက္ခမ ဖြစ်နိုင်တယ်။

  • ကိုရင်မောင်

    July 9, 2012 at 3:54 pm

    ထိုင်နေတာဘယ်ကြည့်ရမလဲအောက်စလွတ်နေလို့ပါ…ဟဲဟဲ
    ထရပ်လိုက်တော့ပုဆိုးနောက်က အကွဲကရှိနေတာကို
    လမ်းလျှောက်တော့ပိုဆိုးတာပေါ့သူ့ကိုဖင်လှန်ပြသလို့ဖြစ်သွားတော့…..
    ဟေ့….

  • Khaing Khaing

    July 9, 2012 at 4:03 pm

    အော် …… ဦးပေ အခိုင်မန်းလေးလာမယ်မှာဆိုတော့ သူ့အိမ်ကိုလာလည်မှာစိုးလို့ ကြိုကန်ထားတာဖြစ်မယ်

    အဲဒီဧည့်သည်ကလည်း တော်တော်တုံးတာ သူ့ဘာသာကြိုက်ချင်ကြိုက်မကြိုက်ချင်နေ ကိုယ်ကဧည်သည့်ပဲ နေချင်သလိုနေလိုက် ပြန်သွားရင် သူကကိုယ့်အတင်းပြောကျန်ခဲ့မှာ ဂရုစိုက်စရာကိုမလိုဘူး ……. အဲသလို …… အဲသလို

  • etone

    July 9, 2012 at 4:17 pm

    ကိုပေ .. ဧည့်သည်ကလည်း .. မသိတတ်လိုက်တာ …
    လက်ချည်းသွားတာကိုး …….. ဘယ်အမြင်ကြည်ပါ့မလဲ …..

    အထုတ်နဲ့ အထည်နဲ့ သွားလျှင် ထမင်းလည်းကျွေးမယ် ..နင်းလည်း ပေးလိုက်ဦးမယ်တဲ့ … အဟီး ဟီး 😀

    • ဘဲဥ

      July 9, 2012 at 4:23 pm

      အာပျိုဂျီး… အာပျိုဂျီး
      ဥဥလေး အထုတ်နဲ့ အထည်နဲ့ လာခဲ့မယ်နော် ဟိဟိ
      (မမှီမှာ စိုးလို့ ပြေးလာရတာ မောတာအေ) 😆

  • aye.kk

    July 9, 2012 at 4:37 pm

    အတွေးတွေပေးတဲ့ကိုပေ…
    အမြင်တွေတူလို ့ခင်ပါ၏…။။။

  • နေဝန်းနီ

    July 9, 2012 at 4:56 pm

    ဟွန်းးးး ဘာမှန်းလည်း သိပူး…။ လူဇိုးးးးး ဒီက ဂဏန်းသုံးလုံးတွေ့လို့ အမောတကော လာလိုက်ရတာ ….။ သူ ဂ …………..

  • ဇောက် ထိုး

    July 9, 2012 at 5:06 pm

    ဦးပေ အုန်းပဲ စားဗျာ…ကျန်တာတွေတော့ မစားနဲ့၊
    ကိုယ့်ဖာသာကိုစားနေရာကနေ သူများတွေပါ အစားခိုင်းတယ်။..

  • အလင်းဆက်

    July 9, 2012 at 6:54 pm

    ဦးပေ….ရေ…ဝတ္ထုတိုလေးလား…ဗျ .။

    ဆိုလိုချင်တဲ ့အချက်က…ဘာပါလ်ိမ့်လို ့..တော့….စဉ်းစားမရဘူး.။

    ဘာပဲ.ပြောပြော ဦးပေ..ရဲ ့ကွမ်းပို့ စ်တွေ..ဆို..သားက ဖတ်ပြီးသားပဲ..ထာထား…

  • မောင်ပေ

    July 9, 2012 at 8:37 pm

    192 ဆိုတာ ဒီပို ့စ်မှာပါတဲ့ word count ပါ ခင်ဗျ
    ကျုပ်နဲ ့အတူတူ အုန်းစားသွားကြပါသော
    စာဖတ်သူများနဲ ့ချစ်မိတ်ဆွေရွာသူားများဖြစ်တဲ့
    ko khin kha ၊ mamanoyar ၊ Wow ၊ နွေဦး ၊ mayjuly ၊ ဘဲဥ ၊ laypai ၊ ကိုရင်မောင် ၊ Khaing Khaing ၊ etone ၊ aye.kk ၊ နေဝန်းနီ ၊ ဇောက် ထိုး ၊ အလင်းဆက် …..
    အားလုံးကို လေးစားကျေးဇူးတင်ပါသည် ။

  • အရီးခင်လတ်

    July 10, 2012 at 3:48 am

    သိပြီဟေ့။
    ၂၀ဝ မပြည့် လို့ အိမ်ရှင်က နှင်ထုတ်တာ။
    ၈လုံး လို လို့ နာမည်ပြောင်းလိုက်။ 😛

    • htoosan

      July 10, 2012 at 6:48 am

      လူကျွံတယ် ဆိုပြီး ဝီစီမှုတ်တယ် …. ခုလည်း အုန်းစားခိုင်းပြန်တယ် ..
      အရီးလတ်တို့ ဖော်ပေလို့ .. မနေ့ကတည်းက ဖတ်ပြီး အုန်းစားနေတာ …အူးပေ. လူဇိုး … 🙄 😀 😀

  • kai

    July 10, 2012 at 4:20 am

    ယူအက်စ်မှာဆိုရင်တော့.. သူများအိမ်သွားရင်.. အိမ်ရှင်က.. ကျုးကျော်ဝင်လာတယ်ယူဆပြီးရင်ကို.. သေနတ်နဲ့နေရာတင်ပစ်သတ်လို့ရသဗျ..
    သူ့ပရောပါးတီး(ပိုင်နက်)ထဲ.. အခွင့်မရှိမဝင်ရဘူးလေ..

    ရဲ..အစိုးရဝန်ထမ်းလည်း.. ဝရမ်းမပါပဲ.. ကျူးကျော်ဝင်ခွင့်မရှိပါဘူး..
    =

    Indiana House Approves Bill That Allows Homeowners To Kill Police …
    http://www.addictinginfo.org/…/indiana-house-approves-bill-that-allows-...
    Mar 2, 2012 – The Founding Fathers Versus The Christian Right: Quotes In Support Of The … passed Senate Bill 1, which allows homeowners to shoot and kill police officers they … This bill takes home defense to an entirely new level. … in check, and such beliefs are going to result in more dead civilians and dead police.

    ==
    The Third Amendment
    No Soldier shall, in time of peace be quartered in any house, without the consent of the Owner, nor in time of war, but in a manner to be prescribed by law.

    The Fourth Amendment
    The right of the people to be secure in their persons, houses, papers, and effects, against unreasonable searches and seizures, shall not be violated, and no Warrants shall issue, but upon probable cause, supported by Oath or affirmation, and particularly describing the place to be searched, and the persons or things to be seized.

  • ကြောင်လေး

    July 10, 2012 at 6:15 am

    ၁၉၂ ကိုအုန်းစားတာ အခုမှပဲသဘောပေါက်တယ်။ ပထမစည်းကမ်းအရဆိုရင် ၁၀၈ လုံးလိုတာပေါ့။

  • Ma Ei

    July 10, 2012 at 10:01 am

    မနေ့က လာဖတ်ကြည့်တာ
    ဘာမှန်းမသိလို့ပြန်သွားပြီး
    ဘာကိုဆိုပါလိမ့်လို့ စဉ်းစားနေလဲ
    ဘာမှန်းမသိ… ခု ပြန်လာဖတ်မှဘဲ
    ဘာမှန်းသိတော့တယ်…

  • pooch

    July 10, 2012 at 12:15 pm

    အော်…. နောက်ကျမှ ဝင်ဖတ်တော့ ၁၉၂ ကို အုန်းမစားရတော့ဘူးပေါ့။

    ဧည့်သည် အိမ်ရှင်လို့ပြောတော့ လူအားလုံးကို ခြုံပြီး ပြောရရင် အားလုံးက လောကကြီးထဲကို ခဏတဖြုတ်လာတဲ့ ဧည့်သည်တွေပါပဲ။ အချိန်တန်ရင် နှုတ်ဆက်ရမဲ့ သူတွေ ချည်းပဲ။

    နှုတ်မဆက်ခင် ခဏတဖြုတ်နေခွင့်ရခိုက်မှာ အရိပ်နေနေ အခက်ချိုးချိုး မလုပ်ပဲ အားလုံးနဲ့ လိုက်လျောညီထွေ ရှိအောင် နေတတ်ထိုင်တတ်ဖို့ပဲ လိုပါတယ်။ ကိုယ်ပြန်သွားရင် တစုံတရာကျန်ရစ်အောင် တသသနဲ့ အမှတ်တရဖြစ်နေအောင် လူသာသေပြီး နာမည်မသေပဲ ချန်ရစ် ထားခဲ့နိုင်ရင်တော့ အကောင်းဆုံးပေါ့။

    • မောင်ပေ

      July 10, 2012 at 12:26 pm

      အခုလို တရားသဘောလေးနဲ ့ကွန်မင့်ပေးတဲ့အတွက်
      သာဓု သာဓု သာဓု ပါ ခင်ဗျား
      စကားမစပ် ၊ ကျုပ် ပြောထားတဲ့ ပို ့စ်လေးလဲ တင်ဖို ့မမေ့ပါနဲ ့အုန်းလို ့… ဟီဟိ

      • pooch

        July 10, 2012 at 1:03 pm

        ကပေရယ်.. body fitting ဖြစ်အောင် လုပ်တဲ့ လေ့ကျင့်ခန်းက ငါတို့လို ပေါင် ၂၀ဝ ရှိတဲ့သူက ဘယ်နှယ့် ရေးတတ်ပါ့မလဲ။ နင့်မိန်းမလို မော်ဒယ်ကိုယ်လုံးတွေမှ သိမှာပေါ့ ဟဲ့ ။
        ဘယ်နှစ်ခါ ပြောရမလဲ.. စိတ်ဆိုးလာပြီနော် 👿

  • MaMa

    July 10, 2012 at 1:22 pm

    တခုခုကို ပြောချင်နေသလိုလိုပဲ။
    သိသလိုလို မသိသလိုလိုနဲ့မို့
    လိုလိုနဲ့သာ ပြန်သွားပါ၏။ 😉

  • နှင်းဆီ ငုံ

    July 10, 2012 at 1:42 pm

    မနေ့က ထပ်ကာ ထပ်ကာ ဖတ်ပေမယ့် သိဝူးးး အရီးပြောမှပဲ သိတော့တယ် … ဟီးးး

  • TNA

    July 10, 2012 at 3:25 pm

    ဟုတ်တယ်အေ။ အဲလိုအိမ်မျိုးဆိုနောက်ဘယ်တော့မှမလည်တော့ဘူး။ အခုလဲမလည်တော့ဘူး။ ပြန်ပြီအေ။ ကိုယ်ထမင်းကိုယ်စားပြီး အဆင့်ခွဲတာလိုလို စော်ကားတာလိုလိုမျိုးတော့ဘယ်သူခံမှာလဲနော့်။

Leave a Reply