ဩကာသ ဘုရားရှိခိုး အကြောင်းသိကောင်းစရာ…..

Khin Thida SoeJune 30, 20101min1781

ဩကာသ ဘုရားရှိခိုး အကြောင်းသိကောင်းစရာ…..

ဩကာသ ဘုရားရှိခိုး အကြောင်းကို မှတ်သားထားသလောက် ပြန်လည်တင်ပြချင်ပါတယ်
သိပြီးသားတွေလည်းဖြစ်ကြမှာပါ အခုဆိုရင် နွေရာသီ ကျောင်းပိတ်ရက် ဖြစ်တဲ့ အတွက် မန္တလေး မှာ ဘုန်းကြီးကျောင်းတော်တော်များများမှာ ယဉ်ကျေးမှုသင်တန်း လေးတွေ ဖွင့်ပြီး ကလေး တွေကို လိမ်မာအောင် သင်ပေးနေကြပါတယ် သင်ပေးနေတဲ့ အထဲက ဩကာသ ဘုရားရှိခိုး အကြောင်းလေးကို သိသလောက် အသေးစိတ်တင်ပြချင်ပါတယ်….

ဩကာသ…ဩကာသ….ဩကာသ
ကာယကံ၊ ဝစီကံ ၊ မနောကံ၊ သဗ္ဗ ဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊
တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင် ၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ
ရတနာ မြတ်သုံးပါးတို့ ကို ၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့
ကန်တော့ပါ၏ ရှင်ဘုရား။

ဆုတောင်း ခြင်း။ ။ ကန်တော့ ရသော အကျိုး အားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ် ရှစ်ပါး၊
ရန်သူမျိုးငါးပါး ၊ ဝိပတ္တိတရားလေးပါး၊ ဗျသန တရားငါးပါး၊ တို့မှ အခါ ခပ်သိမ်း ကင်းလွတ်
ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရားနိဗ္ဗာန် တရားတော်မြတ်ကို ရပါလို့၏ အရှင်ဘုရား၊

အဓိပ္ပါယ်ရှင်းလင်းချက်များ

ဩကာသ = ခွင့်ပြုတော်မူပါ ၊
ရှိခိုးကန်တော့ ခွင့်ပြုရန် ခွင့်တောင်းခြင်းဖြစ်သည်၊ ရိုသေမှုကို အလေးအနက် ပြုလိုသောကြောင့် သုံးကြိမ်ရွတ်ဆိုသည်။
ကာယကံ = ကိုယ်ဖြင့် ပြုလုပ်သော အမှုု။
ဝစိကံ = နှုတ်ဖြင့် ပြောဆို သော အမှု
မနောကံ = စိတ်ဖြင့် ကြံစည်သော အမှု
သဗ္ဗဒေါသ= ခပ်သိမ်းသော အပြစ်။
ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ=
ရတနာသုံးပါးနှင့် မိဘ ဆရာ တို့ကို ကိုယ်အမူအရာ ပြစ်မှားခြင်း ၊ နှုတ်အပြောအဆိုဖြင့် ပြစ်မှားခြင်း စိတ်ကူး အကြံအစည်ဖြင့် ပြစ်မှားခြင်း တို့တွင် တစ်စုံ တစ်ခုသော ပြစ်မှားခြင်း ရှိခဲ့သော် ထို အပြစ်တို့ ကို ပပျောက် လျော့ ပါးသွားစေရန် တောင်းပန်ကန်တော့သည်။
အရိုအသေ = ရိုသေစွာ ၊ မလေးမခန့် မပြုဘဲ ကျိုးနွံစွာ
အလေးအမြတ် = လေးစားမြတ်နိုးစွာ
လက်အုပ်မိုး၍ = လက်ဝါးနှစ်ဘက် ကို ပန်းကြာငုံကဲ့သို့ စုံညီပြု၍ နဖူးအထိ ချီးမြောက်ထားလျက်
ရှိခိုး = အရိုအသေ ပြုသည်

ရှိခိုးခြင်း (၃) မျိုး ရှိသည်၊ လက်အုပ်ချီ၍ ထိခြင်း ငါးပါး ဖြင့် ရှိခိုး ခြင်း ကို ကိုယ်ဖြင့် ရှိခိုးသည် မည်၏ ။
ရတနာသုံးပါး တို့၏ ဂုဏ်တော်များကို နှုတ်ဖြင့် ရွတ်ဆို ၍ ရှိခိုးခြင်း ကို နှုတ်ဖြင့် ရှိခိုးသည် မည်၏ ။
ရတနာသုံးပါး ၏ ဂုဏ်တော်များကို စိတ်ဖြင့် အဖန်ဖန် အောက်မေ့ ဆင်ခြင် ခြင်း ကို စိတ်ဖြင့် ရှိခိုးသည် မည်၏ ။

ပူဇော် = တစ်စုံ တစ်ခုပေး၍ အလေးအမြတ် ပြုသည်
ပစ္စည်းဖြင့် ပူဇော်ခြင်း ၊ တရားဖြင့် ပူဇော်ခြင်း ဟူ၍ ပူဇော်ခြင်း (၂) မျိုး ရှိသည် ၊ ကျင့်ဝတ်ပူဇော်ခြင်းသည်
တရားဖြင့် ပူဇော်ခြင်းဖြစ်၏ ။
ဖူးမြော် = ပကတိ မျက်စိဖြင့် မြင်တွေ့ခြင်း ၊ ဉာဏ်မျက်စိ ၌ ထင်ရှားပေါလွင်အောင် အာရုံပြု ခြင်းဟူ၍ (၂)မျိုး
ရှိသည်။
မာန်လျှော့ = မာန်မာန ကို လျှော့ချခြင်း၊
မိမိသည် ရတနာသုံးပါး အောက် နိမ့်ကျသည်ဟု ယူဆပါမှ ရှိခိုးကန်တော့ နိုင်သည်။
ကန်တော့ = ဝန်ချတောင်းပန်သည်။
ကန်တော့ရသော အကျိုးအားကြောင့် = ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့် နှင့် အဓိပ္ပါယ် တူပါသည်
ကန်တော့ တဲ့ အခါမှာ ဝန်ချတောင်းပန်တဲ့အခါမှာ …အပြစ်ရှိ၍ ကန်တော့ခြင်း နှင့် ကုသိုလ် ရလို၍ ကန်တော့ခြင်း
ဟု၍ နှစ်မျိုး ရှိပါသည်။
အပါယ်လေးပါး = ချမ်းသာကင်း ၍ ကုသိုလ်ပြုခွင့်မရသော အရပ်လေးမျိုး၊
၁။ ငရဲ = ငရဲထိန်း၊ ငရဲမီး တို့ဖြင့် အမြဲညှဉ်းပန်း နှိပ်စက်ခံနေရသောဘုံ။
၂။ တိရစာ္ဆန် = မဂ်ဖိုလ် မရနိုင်ဘဲ ဖီလာ ကန့်လန့် သွားတတ်သော သတ္တဝါ တို့၏ ဘုံ။
၃။ ပြိတ္တာ = စားရမဲ့ ။ဝတ်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်နေသူ တို့၏ဘုံ၊
၄။ အသူရကာယ်= ပြိတ္တာ များထက်ပို၍ ဆင်းရဲငတ်ပြတ် သော ဘုံ၊
• လောကြီး သူ သေလျှင်မူ ရှေးရှု ပြိတ္တာ ဘဝ
• ဒေါသ ကြီးသူ သေလျှင်မူ ရှေးရှု ငရဲ ဘဝ
• မောဟ ကြီးသူ သေလျှင်မူ ရှေးရှု တိရစာ္ဆန် ဘဝ
ကပ်သုံးပါး = ဘေးအန္တရာယ် ကျရောက်နေသော အချိန် ကာလ (၃) မျိုး ။
၁။ ဒု ဗိ္ဘက္ခ န္တရကပ် = (ဒုဗ်ဘိတ်ခန်တရကပ် ဟု ဖတ်ရမည် ) ငတ်မွတ်ခြင်း ဘေးဆိုက်ရောင်သော ကာလ။
၂။ သတ္တ န္တ ရကပ် = (သတ်ထန်တရ ကပ် ဟု ဖတ်ရမည်) လက်နက်ဘေး၊ စစ်ဘေး ဆိုက်ရောက်နေသော ကာလ
၃။ ရောဂ န္တရကပ် = (ရောဂန်တရ ကပ် ဟုဖတ်ရမည် ) ကူးစက်ရောဂါ ဘေး အန္တရယ် ဆိုက်ရောက်နေသော ကာလ။
• လောဘကြီးက ငတ်မွတ်ရ ဒုက္ခ ကပ်ကြီးဆိုက်တတ်သည်
• ဒေါသကြီး က သတ်ဖြတ် ကြ သတ္တ ကပ်ကြီး ဆိုက်တတ်သည်
• မောဟ ကြီး က ဖျားနာကြ ရောဂ ကပ်ကြီးဆိုက်တတ်သည်။
ရပ်ပြစ်ရှစ်ပါး = အပြစ်ရှိ သော အရပ် (၈) မျိုး ။
၁။ ငရဲဘုံ
၂။ တိရစာ္ဆန်ဘုံ
၃။ ပြိတ္တာဘုံ
၄။ အ ရူပ ဗြဟ္မာ ဘုံ (ရုပ်မရှိ) ၊ အသညာသတ်ဘုံ (နာမ်မရှိ)
၅။ ပစ္စ န္တရစ် = တိုင်းစွန်ပြည်ဖျား လမ်းပန်းခက်ခဲသော အရပ်၊ လူရိုင်း ဒေသ၊
၆။ မိစာ္ဆဒီဌိ = မှားယွင်းသော အယူဝါဒရှိသူ၊
၇။ ဒုပဗည = ဉာဏ်မွဲ၍ လူစဉ်မမီသူ
၈။ သာသနာပကာလ = ဘုရားမပွင့်သော အခါ ။
ဤ အရပ်တို့ ၌ ဖြစ်လာသူများသည် မြတ်စွာဘုရား ၏ တရားတော် များကို နားကြားခွင့် မရ ၊ နာကြားရလျှင် လည်း အဓိပ္ပါယ်မသိ ကြချေ။
ရန်သူမျိုး (၅) ပါး = ရေ ၊ မီး ၊ မင်း ၊ သူခိုး ၊ အမွေခံဆိုး ။
ရေလွှမ်းမိုးသော ဘေးရန် ၊ မီးလောင်ခြင်း ဘေးရန်၊ ရာဇဝတ်ပြစ်ဒဏ် ခံရခြင်း ဘေးရန် ၊ ခိုးဝှက် လူယက်ခြင်း ခံရသော ဘေးရန် ၊ မိဘ ပစ္စည်း ကို ဖြုန်းတီး၍ မိဘ ကို နှိပ်စက် တတ်သော သားဆိုး၊ သမီးဆိုး ဘေးရန် တို့ ဖြစ်သည။်
ဝိပတ္တိ တရား (၄) ပါး = ဖောက်ပြန်ချွတ်ယွင်း ခြင်းတရား
၁။ ဂတိဝိပတ္တိ = လားရာဂတိ ဖောက်ပြန်ခြင်း ၊ အပါယ် အုံ ၌ဖြစ်ခြင်း။
၂။ ဥပဓိဝိပတ္တိ = ရုပ်ဖောက်ပြန်ခြင်း၊ ရုပ်ဆင်း အင်္ဂ ါ ချို့တဲ့ခြင်း ၊
၃။ ကာလဝိပတ္တိ = ခေတ်ပျက်ခြင်း။ တရားဥပဒေ ဖြင့် အုပ်ချုပ်မှုကင်းမဲ့ သောအခါ ကာလာ
၄။ ပယောဂဝိပတ္တိ = အားထုတ်မှု မမှန်ကန်ခြင်း။ အကုသိုလ် အမှုများ ၌ အားထုတ်ခြင်း ၊ အပြစ်ကျူးလွန်ခြင်း

ဗျသနတရား (၅) ပါး = ပျက်စီးခြင်း တရား ၅ မျိုး
၁။ ဉာတိဗျသန = ဆွေမျိုး ပျက်စီးခြင်း
၂။ ဘောဂဗျသန = စည်းစိမ် ဥစ္စာပျက်စီးခြင်း
၃။ ရောဂဗျသန = ရောဂါ နှိပ်စက်၍ ပျက်စီးခြင်း
၄။ သီလဗျသန = အကျင့်သီလ ပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူလွဲမှား ၍ ပျက်စီးခြင်း
သီလ ဗျသန နှင့် ဒီဌဗျသန သည် ဤ ဘဝ ၌ သာ မက နောင်ဘဝ များစွာ တို့ ၌ လည်း ဆင်းရဲခြင်း ကိုဖြစ်စေသည် အပါယ် သို ကျရောက်စေပါသည်။
မဂ်တရား = လောဘ စသော ကိလေသာ ကို ပယ်သက်၍ နိဗ္ဗာန် သို့ သွားရောက်ကြောင်းဖြစ်သော တရားလမ်း
သောတပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါတ်မိမဂ်၊ အရဟတ္တမဂ် ဟူ၍ မဂ် ( ၄ )ပါး ရှိပါသည်။
ဖိုလ်တရား = မဂ်၏ အကျိုးတရား ၊ နိဗာန် ချမ်းသာ ကို ခံစား စေနိုင်သော ဉာဏ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊
အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ဟူ၍ ဖိုလ် (၄) ဖိုလ် ရှိပါသည်။
နိဗာန်တရား = လောဘ၊ ဒေါသ၊ မောဟ တို့ ကုန်ရာ ဖြစ်၍ ထာဝရ ငြိမ်းအေးချမ်းသာ နေခြင်းသဘော၊

ကန်တော့ ခြင်း ၏ အကျိုး
ကန်တော့ ခြင်း သည် မိမိ ၏ မာန်မာန ကို ချိုးနှိမ် ၍ ဝန်ချတောင်းပန် သော အမှု ဖြစ်သည်၊ ထောင်လွှား ဝင့်ကြွားခြင်း ၊ မာန သည် သူ တစ်ပါး တို့ အမြင် ကပ်စရာဖြစ်ပြီး အပါယ်ဘုံ သို့ ပစ်ချ တတ်၏၊ မာန်မာန ကို ဖယ်၍ ဦးချ ကန်တော့သည့် အခါ ကုသိုလ် စိတ်များဖြစ်သည်၊ ထို ကုသိုလ် စိတ်များက ကောင်းကျိုးများစွားကိုပေးစွမ်းနိုင်ပါသည်