ငယ်ငယ်ကရွတ်ဖူးမှာပါ

snow whiteJuly 9, 20121min19919

ဖေဖော်ဝါရီ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ

၁၉၁၅ ရှေ့ နေ ဦးဖာသား

ဇာတိ နတ်မောက်  မကွေးခရိုင်

သိကြ များခုတိုင်

ကြံ့ကြံ့ ခိုင်တဲ့ဇာနည်ဘွား

မိခင်ဒေါ်စုသား

၁၉၄ရ ပြောင်းကြွ တမလွန်

မျက်ရည်သွန်လို့ ဘဝင်ညှိုး

ဇူလိုင်  တဆယ့်ကိုး

ပြည်ထောင်စု ရဲ့ကျေးဇူးရှင်

ဗိုလ်ချုပ် တို့ဖခင်

ကောင်းစေချင်တဲ့မှာစကား

ငါတို့မမေ့ သား

ပြည်ထောင် လွှတ်ရေးကြိုးပမ်းအောင်

ပြည်ချစ် ဒို့ခေါင်းဆောင်

ဆိုရှယ် လစ်ဘောင်  လမ်းစဉ်များ

ဗိုလ်ချုပ် ချမှတ်သွား။

19 comments

  • snow white

    July 9, 2012 at 7:28 pm

    ဇူလိုင် တဆယ့်ကိုး ကိုတကယ်မမေ့သင့်ပေ
    တကယ့်ကို မျက်ရည် သွန်းလို့ဘဝင်ညှိုးတဲ့ရက်ကလေးပါ

    FACE BOOK ကနေ ပြန်လည်မျှဝေရေးသားပေးလိုက်တာပါ ..

  • ဇောက် ထိုး

    July 9, 2012 at 8:52 pm

    အာဇာနည်မျိုး သေရိုးမရှိ..ဆိုတဲ့အတိုင်း…..ဒီနေ့အထိ မသေသေးပါဘူး။ ပြည်သူတွေရင်ထဲ ရှင်သန်နေဆဲပါ။

  • မောင်ပေ

    July 9, 2012 at 9:22 pm

    ရွတ်ခဲ့ဖူးရုံတင်မက
    ရင်ထဲ
    အသဲထဲ
    နှလုံးသားထဲမှာ
    အမြဲရှိနေခဲ့ပါတယ် ဗျား။

  • ငယ်ငယ်က အာဇာနည်နေ ့မှာ ဥဩဆွဲသံကြားခဲ့ဖူးပေမယ့် မကြားဖူးတာ အတော့်
    ကိုကြာခဲ့ပါပီဗျာ။ဒီနှစ် အာဇာနည်နေ ့အတွက် ပွဲလေးတစ်ခုလုပ်အုံးမယ် စဉ်းစားပါ
    တယ်ဗျာ။

  • P chogyi

    July 10, 2012 at 8:27 am

    – ဟ
    ဗိုလ်ချုပ်ချမှတ်သွားတာ ဆိုရှယ်လစ်တဲ့ကွ
    ဒီမိုကရေစီမဟုတ်ဘူး
    ဘယ်လိုလုပ်ကြမလဲ
    (မသိလို့မေးတာနော်)

    • ho leo

      July 10, 2012 at 3:41 pm

      အော်
      အဲ့ဒါကြောင့်မို့ အမေ(အန်တီ စု) ကအခု ဒီမိုကရေစီအစစ်အမှန် ရရှိအောင်ကြိုးပမ်းနေတာပေါ့။
      (မသိဘူးနော် ထင်တာပြောတာ)

  • Inz@ghi

    July 10, 2012 at 8:40 am

    ဇဂါးမစပ်…
    ဗိုလ်ချုပ်က ကွန်မြူနစ်ပါတီ ထောင်ခဲ့တာဆို …

    http://wikimyanmar.co.cc/wiki/index.php?title=%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9_%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8

    လုပ်ကြပါဦး …ဆြာတို့..
    လိုအပ်ရင် ..ဗိုလ်ချုပ် 2.0 ဆိုပီး အသစ်တပုဒ်ရေးပေးကြပါဦး..
    :mrgreen:

    • kai

      July 10, 2012 at 3:32 pm

      ဗမာပြည်ကွန်မြူနစ်ပါတီဝက်ဘ်ဆိုက်မှာ.. စတင်ကတည်းက.. အဲဒီလိုရေးထားပါတယ်..
      တကယ်လည်း ဟုတ်ပါတယ်..

      ဟုတ်ဆို.. .ဗိုလ်ချုပ်အောင်ဆန်းနဲ့..သခင်သန်းထွန်းနဲ့. မယားညီအကိုတော်တယ်လေ.. 🙂

  • Ma Ei

    July 10, 2012 at 10:13 am

    ဟိုးရှေးရှေးတုံးက…
    အာဇာနည်နေ့မနက်တိုင်းမှာ မိုးကလေးစွေစွေရွာပြီး…
    ပြည်သူားတွေ အာဇာနည်ကုန်းမှာ ပန်းခွေချ အလေးပြုကြ
    ဩဥဆွဲသံကြားရင် လမ်းမှာတောင်ငြိမ်ရပ်ပြီး အလေးပြုကြ
    ပြတိုက်လုပ်ထားတဲ့ ဗိုလ်ချုပ်ရဲ့အိမ်ကိုအလည်သွားကြနဲ့
    ရှိခဲ့ကြရသတဲ့ကွယ်…
    ခုများတော့….
    မိုးကလေးသာမပျက်မကွက်စွေစွေရွာလျှက်ရှိပါတော့မယ်ကွယ်…

  • mamanoyar

    July 10, 2012 at 10:29 am

    ကဗျာလေးကို ရွတ်လည်းရွတ်ဖူးသလို
    မေ့လည်းမမေ့တဲ့ ကဗျာလေးပါ

  • maung khinmin

    July 10, 2012 at 10:29 am

    အသဲထဲစွဲနေတဲ့ကဗျာတစ်ပုဒ်ပါဗျာ…

  • ရှင်းသန့် နွယ်

    July 10, 2012 at 10:50 am

    ရွတ်ဖူးပါတယ်..မမေ့နိုင်တဲ့ကဗျာလေးပေါ့

  • lynn lynn

    July 10, 2012 at 11:11 am

    မမေ့နိုင်တဲ့ ကဗျာလေးပါ။

  • mayjuly

    July 10, 2012 at 11:30 am

    အာဇာနည်နေ့ တို့မမေ့ပါ …..

  • etone

    July 10, 2012 at 11:38 am

    တချို့သော အစိုးရရုုံးတွေမှာ … အာဇာနည်နေ့တော့ … ဘာမှ အထိမ်းအမှတ်မလုပ်ပေမယ့် … လွတ်လပ်ရေးနေ့ကျလျှင်တော့ ၊ အလှူတန်း လုပ်ပြီး ၊ ကျဆုံး လေတဲ့ ရဲဘော်အပေါင်းနဲ့ ဗိုလ်ချုပ်အတွက်ကို ရည်စူးပြီး အမျှဝေသတဲ့ ……… ။
    အရင်နှစ်တွေကနဲ့ မတူပဲ .. ဒီနှစ်အာဇာနည်နေ့မှာတော့ …အမေစုတစ်ယောက် အနှောင်ဖွဲ့ ကင်းကင်းနဲ့ … ဂါရဝပြုနေတဲ့ ဓါတ်ပုံတွေ ဝေဝေဆာဆာ မြင်ရဦးမယ် ထင်တယ် ။

  • myanmarcitizen

    July 10, 2012 at 1:32 pm

    ဟုတ်ကဲ့ ရွတ်ဖူးပါတယ်။ မမြဲတမ်းမှတ်မိနေတဲ့ ကဗျာလေးပါ။

  • သံယောဇဉ်ညီညီ

    July 10, 2012 at 3:45 pm

    ဟုတ်ကဲ့ ရင်ထဲမှာအမြဲအမှတ်ရနေပါတယ်

  • ho leo

    July 10, 2012 at 3:47 pm

    ဒီကဗျာလေးကို တော့ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အဓိပ္ပါယ်တွေက ပြောမပြနိုင်အောင်
    လေးနက်လွန်းပါတယ်။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 10, 2012 at 4:43 pm

    အခုလိုကဗျာလေးကို …
    တင်ထားပေးတဲ့အတွက်…
    ကျေးဇူးတင်ပါတယ်ရှင်…
    မမေ့သင့်တဲ့ ကဗျာလေးပါ…။

Leave a Reply