သဇင် အတွက် မင်္ဂလာရှိသော စကားလေးတစ်ခွန်း

black chawJuly 10, 20121min31044

ပညာရှိများ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်သတဲ့ဗျာ။
အခု မန်းဂဇက် ရဲ့ ပညာရှိကြီး အဘFR ရဲ့ တွေးချက်ကလေးတစ်ခုက
သွေးထွက်အောင် မှန်နေခဲ့တဲ့ အကြောင်းလေး ဟိုက်လိုက်လုပ်ပြချင်တာပါ။
ဇူလိုင်လထဲမှာ အစ်ကိုကာလသားတွေကြား ရေပန်းစားခဲ့တာကတော့
No အဖွဲ့ဝင်ဟောင်း ရုပ်ရှင်မင်းသမီး သဇင် ပဲ ဖြစ်ပါတယ်။
ဘာတွေ ရေပန်းစားတယ်ဆိုတာကတော့ ကျား..ကျားခြင်းမို့
ဟိန်းဟောက်မပြတော့ပါဘူးဗျာ။
လတ်တလော ကျွန်တော်တို့ ရွာထဲမှာလည်း အဲဒီကိစ္စကို ဆွေးနွေးထားတဲ့ ပို့စ်လေးတစ်ခု
လာတင်ထားခဲ့ပါသေးတယ်။
ထူးထူးခြားခြားဗျာ..။ ပို့စ်တင်သူ ရဲ့ ပထမဆုံးပို့စ်ဗျ။
နာမည်က တင်ကို တဲ့။
ပို့နာမည်က လူမ တဦးတယောက်ရဲ့အခွင့်တွေဟာဘာလဲ တဲ့။
လင့်က ဟောဒီမှာပါဗျာ။
https://myanmargazette.net/136278/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
အဓိကကတော့ သဇင့် ကိစ္စကိုဆွေးနွေးထားတာပါပဲ။
သူက (ပို့စ်တင်သူက)

သဇင်မှန်ရင် သူ့အိမ်ထောင်ရေးကသွားပြီပေါ့ ဗျာ

လို့လည်း ရေးထားခဲ့ပါသေးတယ်။
ဟုတ်ပါပြီ။
အဲဒီမှာ ကျွန်တော်တို့ ရွာရဲ့ ပညာရှိ အဘFR ရဲ့ ကွန်းမန့်လေး အကြောင်းထည့်ပြောဖို့လိုလာပြီပေ့ါ။
ကဲ ဖတ်ကြည့်ဗျာ။

Foreign Resident says:

အဘ သဘောထား ပြောရရင်တော့ ။

” ကျင်နာမှုမရှိသော သံဝါသပြုမှုကို တိရိစာ္ဆန် တကောင်လို ပြုကျင့်နေတာတွေရပါတယ် ”

၁ ။ ကျင်နာမှုမရှိဘူး လို့ မထင်ပါဘူး ။
သံဝါသပြု တဲ့အခါမှာ သူတို့ စိတ်ကြိုက် Position ကို သူတို့ ရွေးကြတာ ဖြစ်ပါတယ် ။

” ဗုဒ္ဓဘာသာ တိုင်းပြည်လို့ပြောပြီး —- ဘာသာတရားကို ပျောက်ကွယ်ဖို့သာ ရှိပြီပေါ့ ”

၂ ။ မြန်မာ နိုင်ငံဟာ ( တရားဝင် ) ဗုဒ္ဓဘာသာ တိုင်းပြည် မဟုတ်ဘူးလို့ ထင်ပါတယ် ။
၃ ။ ဒီကိစ္စမှာ ဘာသာတရား ပျောက်ကွယ် တဲ့ ကိစ္စက သိပ် အရေးမပါပါဘူး ။
အဓိက အရေးကြီးတာက လူလူချင်း ကိုယ်ချင်းစာနာစိတ် ပျောက်ကွယ် နေတာပါ ။

အဘ ကြားရသလောက် ဒီ VDO ဟာ သဇင် အစစ်ပါ ။
သူ့အရင် ရည်းစားဟောင်း နှင့် နေတုန်းက ရိုက်ထားတာပါ ။
အဲဒီ ရည်းစားဟောင်း က ဒုဝန်ကြီး + ညွှန်ချုပ် ရဲ့သားဖြစ်ပြီး ၊
လက်ရှိ အမေရိကန် မှာ ကျောင်းတက်နေတယ်လို့ ကြားပါတယ် ။

အရင်တုန်းက ကောင်းပြီ ကောင်းရဲ့နှင့် ၊
အခု သဇင် လက်ထပ်တော့မှ ထွက်လာတာ ၊
ဘာသဘောလဲ မသိရပါ ။

သဇင် က ကံကောင်းတာက ၊
ဩဇီက မြန်မာ တစ်ယောက်နှင့် လက်ထပ်ထားတာပါ ။
ဩဇီ နိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက် ၊
သူနှင့် လက်မထပ်မှီက ကိစ္စတွေကို သိပ်ဂရုစိုက်မယ် မထင်ပါ ။
ဩဇီ နိုင်ငံသား တွေက မြန်မာ နိုင်ငံသား တွေထက်
ဒီလို ကိစ္စမျိုးတွေမှာ သဘောထား ကြီးလေ့ ရှိပါတယ် ။

သဇင် ရဲ့ အရင်က Character ကို သိပ် အထင်မကြီးလှပေမယ့် ။
မြန်မာ နိုင်ငံသူ တစ်ယောက်အနေနှင့် ၊
သဇင် ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

အဲဒီမှာ အဘFR ကြီးပြောသွားတဲ့အထဲက

သဇင် က ကံကောင်းတာက ၊
ဩဇီက မြန်မာ တစ်ယောက်နှင့် လက်ထပ်ထားတာပါ ။
ဩဇီ နိုင်ငံသား တစ်ယောက်ဖြစ်တဲ့အတွက် ၊
သူနှင့် လက်မထပ်မှီက ကိစ္စတွေကို သိပ်ဂရုစိုက်မယ် မထင်ပါ ။
ဩဇီ နိုင်ငံသား တွေက မြန်မာ နိုင်ငံသား တွေထက်
ဒီလို ကိစ္စမျိုးတွေမှာ သဘောထား ကြီးလေ့ ရှိပါတယ် ။

သဇင် ရဲ့ အရင်က Character ကို သိပ် အထင်မကြီးလှပေမယ့် ။
မြန်မာ နိုင်ငံသူ တစ်ယောက်အနေနှင့် ၊
သဇင် ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

ဆိုတာလေးက ဒက်ကနဲကို မှန်နေပြီ ဆိုတဲ့ အကြောင်းလေးက
အခုပို့စ်ကို ရေးဖြစ်တင်ဖြစ်တဲ့ အကြောင်းရင်းပါပဲ။
တနင်္ဂနွေနေ့က ထွက်တဲ့ ဂျာနယ်နှစ်စောင်ဖြစ်တဲ့
နံနက်ခင်းနဲ့ First Music ဂျာနယ်တွေထဲက ဓါတ်ပုံလေး ၂ ပုံကို အရင်ကြည့်ကြပါဦး။

နံနက်ခင်းထဲက သေတစ်ပန် သက်တစ်ဆုံးပေါင်းသွားမယ် ဆိုတဲ့ ပုံလေး။
First Music ဂျာနယ်ထဲက အိမ်ထောင်ရေးဖေါက်ပြန်တာ မဟုတ် ဆိုတဲ့ ပုံလေး။

ဒီပုံလေးတွေ ကြည့်ရုံနဲ့တင် အဘFR ကြီး တွေးထားတဲ့အတွေးလေးတစ်ခုဟာ
သွေးထွက်အောင်မှန်နေခဲ့ပြီပေါ့။ ဘယ်နေရာက သွေးထွက်တာလဲလို့တော့ ကပ်မမေးပါနဲ့ ကျောင်းဒကာရယ်။
နာမည်ကြီးနေတဲ့ အခွေထဲက ပုံရိပ်ပိုင်ရှင်ဟာ သဇင် ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။
တူတဲ့လူ ဖြစ်ချင်လည်း ဖြစ်မယ်ပေါ့။
ဒါက အရေးမကြီးပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း ကိုကြီးမိုက်ကြီးရဲ့ မျှဝေပေးမှုအရ (အခုထိကို စတစ်ပြန်မပေးရသေးပါဘူ။ ဘယ်သူ့မှ ပြန်မပြောပါနဲ့ဆိုလို့
ဘယ်သူ့ကိုမှလည်း မပြောပါဘူး။ အခုက အင်တာနက်ထဲမို့ စာလေးနည်းနည်း ထည့်ရေးလိုက်တာပါ။ အာဟီး။) :mrgreen:
အပြန်ပြန်အလှန်လှန်၊ ဂရုတစိုက်၊ အသေးစိတ် လေ့လာကြည့်ခဲ့ပြီးပါပြီ။
အဲဒီမှာ စိုးရိမ်သွားမိတာက သဇင်လေး ရဲ့ ယောက်ျား က ဘယ်လိုတုန့်ပြန်မှာလဲ ဆိုတာပါ။
သဇင်လေးကိုလည်း ကိုယ့်နှမလေးတစ်ယောက်လို သဘောထားကြည့်လိုက်တဲ့အခါ…၊ အခုလိုစိုးရိမ်စိတ်ကလေး
ဝင်မိတာပါ။ ယုံချင်ယုံ မယုံချင်နေကြပေါ့ဗျာ…။
အခု စိတ်အေးရပါပြီဗျာ။
ကိုသက်နိုင်အောင်ဇေယျ ဟာ ယောက်ျားပီသတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချပြသွားခဲ့ပါပြီ…။
ဩစတြေးလျ မှာတောင် မင်္ဂလာထပ်ဆောင်ဦးမှာပါတဲ့။
သဇင် ဆိုတဲ့ မိန်းကလေးတစ်ယောက်အတွက် အင်မတန်တန်ဘိုးရှိတဲ့ မော်ကွန်းတင်ထားရမယ့်
မင်္ဂလာရှိသော စကားလေးတစ်ခွန်း ကိုလည်း ပြောခဲ့ပါတယ်တဲ့။

သဇင့်အပေါ် ချစ်သောအချစ်မှာ ထာဝရခိုင်မြဲကာ နားလည်မှုများဖြင့် တည်ဆောက်ထားသော အိမ်ထောင်ရေးဖြစ်သောကြောင့်
သေတပန် သက်တစ်ဆုံး ရိုးမြေကျ ပေါင်းသင်းသွားမှာပါ

တဲ့ ဗျာ။
ဒီသတင်းလေးဟာ တကယ်ပဲ မင်္ဂလာရှိတဲ့ သတင်းလေးတစ်ပုဒ်မို့
လကုန်ထိအောင် မစောင့်နိုင်တော့ပဲ ပို့စ်တစ်ပုဒ်အဖြစ်ရေးတင်လိုက်ရခြင်းပါ။
ကိုသက်နိုင်အောင်ဇေယျ နဲ့ မသဇင်တို့ နှစ်ပေါင်း ၁၂ဝ တိုင်
ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်ပျော်ရွှင်သောဘဝနှင့် မိသားစုကို
ထူထောင်နိုင်ကြပါစေဗျာ…။

ကွန်းမန့်ပိုင်ရှင် အဘFR ကိုလည်း လေးစားပါတယ် ဆိုတဲ့အကြောင်း
လေးလေးစားစား ပြောပါရစေဗျာ။
အဲဒါကြောင့်ပြောတာ။
ပညာရှိများ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်ပါတယ်ဆို…။
:mrgreen:

44 comments

  • Mical David ko Jar Yit

    July 10, 2012 at 10:41 am

    ဟိုးအရင် က ဘယ်လိုပဲ ဖြစ်ခဲ့ပါစေ
    အခုမှစ ဘဝ သက်တမ်းကုန်ဆုံးသည်အထိ
    ရိုးရာ မပျက် ပေါင်းဖက်နိုင်ကြပါစေဗျား ။

  • ဘဲဥ

    July 10, 2012 at 10:44 am

    တော်တေးဒါပေါ့နော်

  • etone

    July 10, 2012 at 10:49 am

    လေးဘလက်ရေ .. ကာယကံရှင်တွေအဆင်ပြေလျှင်ပဲ ဒီကိစ္စက ရှင်းလို့ ရသွားတယ်ဆိုတာသိရလို့ …. မိန်းမတစ်ယောက်အနေနဲ့ စာနာဝမ်းသာမိပါတယ် ။
    မနေ့ကလေးတင် … ဖက်တီးကတ်တို့နဲ့ လ္ဘက်ရည်ဆိုင်ထိုင်ဖြစ်တော့ သဇင်ပြောထားတဲ့ နှစ်ယောက်စလုံးက တစ်ယောက်နဲ့ တစ်ယောက်ခွင့်မလွှတ်နိုင်စရာအကြောင်းမှ မရှိတာ ဆိုတာလေး ဖတ်ရပြီး …. စာသားအသွားလာ အရ အဓိပါ္ပယ်တွေတောင် ကောက်၊ ထင်မြင်ချက်တွေ ပေးခဲ့ဖြစ်သေးတယ် …

    မိန်းမတစ်ယောက်မှာ အိမ်ထောင်ကျပြီးတဲ့အချိန် အိမ်ထောင်ဖက်ရဲ့ ခွင့်လွှတ်နားလည်ပေးနိုင်မှုက အရေးအကြီးဆုံးပါ ။ အခု သူဒီလို အိမ်ထောင်ဖက်မျိုးရတာ …. အရမ်းကိုကံကောင်းပါတယ် ။ ဒီလို ဗွီဒွီယိုကြီးထွက်လာတာ …မိန်းမတစ်ယောက်အတွက်ရော ၊ လူသားတစ်ယောက်အနေနဲ့ပါ ရှက်စရာကိစ္စပေမယ့် …. ၊ အိမ်ထောင်ဖက်ရဲ့ စိတ်ဓါတ်ကို သိခွင့်ရခဲ့တာ အဆိုးထဲက အကောင်းဖြစ်ပြီး သူမအတွက်ကံကောင်းခြင်းတစ်မျိုးပါ ။ သက်ဆုံးတိုင်အောင် ပေါင်းသင်းနိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ် ။

  • Inz@ghi

    July 10, 2012 at 10:53 am

    လောလောဆယ် စိတ်ဝင်စားနေတာကတော့ …
    အဲ့မူဗွီ ထဲက တယောက်ဟာ သူ ဟုတ်မဟုတ် ဆိုတာထက်

    အဲ့မူဗွီ ထိပ်ဆုံးတင်ကြတဲ့ ဖိုလမ်တွေ ဂိမ် သွားတာ ..
    အဲ့မူဗွီ နဲ့ ဆိုင် မဆိုင် ဆိုတာပါပဲဗျာ …
    ဘယ့်နှယ် …. ဗျာ..တိုက်စရာရှားလို့ ….

    ဒီကိုလည်း လာသမထားတယ် ထင့် ..စပန်ထဲမလည်း တွေ့လိုက်သလို (အထင်)
    ဒရက်ဖ် ထဲ က ဒါ့ပုံတွေလည်း လုပ်ဒင်ကောင်းကောင်း မတက်တော့…

    ဟင့်…

    • Inz@ghi

      July 10, 2012 at 10:55 am

      ကျန်ခဲ့လို့..

      ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်…
      ဟီဟိ ….
      :mrgreen:

      နောက်လူတွေ လိုက်လုပ်မှာတောင် စိုးထိတ်သေးတော့သကွယ်…

  • ဇောက် ထိုး

    July 10, 2012 at 11:34 am

    စိတ္တေန နိယျတေ လောကော…လောကမှာ လူတွေမှာ စိတ်ကသာ အဓိကပြဋ္ဌာန်းတယ်တဲ့။

  • snow white

    July 10, 2012 at 11:50 am

    သဇင်သဇင် နာမည်ကြီးပြန်ပြီ ပေါ့နောက်တစ်ယောက် ။။။

  • Shwe Tike Soe

    July 10, 2012 at 11:54 am

    ကျေးဇူးတင်လိုက်တာဗျာ…ကျွန်တော်တကယ်စိုးရိမ်နေတဲ့ ကိစ္စပါ..သဇင်ကို ကျွန်တော် အစ်မ၊ညီမ တစ်ယောက်နေရာမှာ ထားပြီးစဉ်းစားလိုက်တော့ အင်မတန် စိုးရိမ်စရာကိစ္စပါဗျာ…အခုလို သဘောထားကြီးပြီး ယောင်္ကျားပီသတဲ့ လူနဲ. အတူနေရတာ. သဇင်တကယ်ကံကောင်းတာပါပဲလေ….
    အောက်တန်းစားစိတ်ဓာတ်နဲ. အောက်တန်းစား အလုပ်လုပ်တဲ့သူကို အဆင့်အတန်းမြင့်မြင့် အနိုင်ယူလိုက်နိုင် တယ်ဆိုတာ သင်ခန်းစာလေးပေါ့ဗျာ…………….

    ဒီအကြောင်းလေးကို အစပြုပြီး မိန်းကလေးများ သင်ခန်းစာရော အသိပညာ ဗဟုသုတနဲ. ဝေဖန်ပိုင်းခြားနိုင်စွမ်း တွေ တိုးတက်ပါစေဗျာ…………….

    ဦးဘလက် သတင်းအတွက် ကျေးဇူး…………….. ဒို.ဦးဦး 😀

  • Victory

    July 10, 2012 at 12:17 pm

    စိတ်ချလက်ချဝမ်းသာချင်ပေမဲ့ အချိန်တော့လိုအုန်းမလားလို့တွေးမိသေးတယ်။
    ၁-သဇင့်ခင်ပွန်းက စိတ်ထဲကနေတကယ်ကြီးခွင့်လွှတ်တာဖြစ်စေချင်ပါတယ်။
    ၂-ခုသဇင့်ယောက်ခမ မိသားစု၊ညီအကိုမောင်နှစ်မ၊ဆွေမျိုးတွေရဲ့ သဘောထားနဲ့အဲဒီသဘောထားအပေါ်
    သဇင့်ခင်ပွန်းရဲ့တုံ့ပြန်အား။
    ၃-သူငယ်ချင်းတွေကြားမှာလုပ်ဖော်ကိုင်ဘက်တွေကြားမှာ သဇင့်ခင်ပွန်းရဲ့ ရပ်တည်နိုင်စွမ်း။
    ၄-သဇင့်ခင်ပွန်းရဲ့ အဲဒီ အားနည်းချက်အပေါ်မှာ အခွင့်ကောင်းယူပြီး တစုံတခုလုပ်တာမျိုး၊ပြောဆိုတာမျိုး
    (မင်းတုန်းကခွင့်လွှတ်ထားတယ်နော်၊ ငါ ခုလုပ်နေတာ လာမပြောနဲ့ ဆိုတာမျိုး ဥပမာ)
    ၅-လူသိသူသိမှာတော့ သဘောထားကြီးပြပြီး ကွယ်ရာမှာ အနိုင်ကျင့်တာမျိုး။
    ၆-အကြောင်းတိုက်ဆိုင်လာရင် အားနည်းချက် တခုလို အနိုင်ကျင့်တာမျိုး။
    မရှိပါစေနဲ့။ မကြုံပါစေနဲ့။
    တကယ်ကြီးဘဲ ခွင့်လွှတ်နိုင်စွမ်းရှိသော စိတ်ထားနှလုံးသားကြီးမြတ်သော
    ကိုယ့်နှမကဲ့သို့ စိတ်ထားပေးနိုင်သော “ကိုသက်နိုင်အောင်ဇေယျ ” သည်မပြောင်းမလဲ
    ထာဝရတည်တံ့သောစိတ်ဓာတ်နဲ့ထာဝရ ကြင်ကြင်နာနာမြတ်မြတ်နိုးနိုးတန်ဘိုးထားပေါင်းဖက်နိုင်ပါစေလို့သာ။

  • mayjuly

    July 10, 2012 at 12:18 pm

    အော် ဖြစ်ရလေ…

    ဒီအရိပ်မဲ ကြီးက ဘယ်တော့များမှ ပျက်ပြယ်မှာပါလိမ့် …..

    အမဲစက် တစ်ခုကို ဖြူအောင် တော်တော် ပြန်လုပ်ရမယ်ထင်ပါတယ်နော် …

  • တောသားလေး

    July 10, 2012 at 12:36 pm

    သဇင်တို့အတွဲထာဝရလက်တွဲနိုင်ပါစေလို့ဂေဇက်ရွာထဲကနေဆုတောင်းပေးလိုက်ပါတယ်ဗျာ….
    အမြဲတမ်းလည်းအားပေးနေမယ်နော်..

  • manawphyulay

    July 10, 2012 at 12:50 pm

    အင်း နာမည်ကြီးတဲ့သူမို့ သတင်းတွေထွက်တာ မကြီးတဲ့သူတွေ ဘယ်လောက်တောင် ရှိနေသလဲဆိုတာလည်း မပြောနိုင်ဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ချစ်လို့ယူတာပဲ ရိုးမြေကျပေါင်းဖို့ ဆန္ဒပြုလိုက်ပါတယ်။

  • myanmarcitizen

    July 10, 2012 at 1:43 pm

    ကြားရတာ မင်္ဂလာသတင်းပဲဗျို့။ ပုံမှန်အားဖြင့်တော့ ကျွန်တော် သဇင်ကိုမကြိုက်ပါ။ ဒါပေမဲ့ နှုတ်ဆက်စာ သီချင်းကိုဆိုတာမှာတော့ ကျွန်တော်သူ့ဆိုတာကို တော်တော် သဘောကျသွားတယ်။ မကြာမကြာနားထောင်ဖြစ်တယ်။ ခံစားချက်ခြင်းတူသွားတယ်ထင်တယ်။

  • Thu Wai

    July 10, 2012 at 1:59 pm

    မြန်မာမိန်းကလေး တစ်ယောက်က အမေရိကန် ဟဝှာ ကားတွေထဲကလို ရမက်ကြီးကြီးနဲ့ ဖြစ်နေတာကြီးကတော့ ဘယ်လိုပြောရမလဲကိုမသိတော့ဘူး။
    အော် ပိုက်ဆံပိုက်ဆံ ပိုက်ဆံများများသာရော်လို့ကတော့ ဟင်းဟင်း
    ဒါပေမယ့် ပုံစံကြည့်ရတာ သဇင် အပို်င်း ၄ ထပ်ထွက်လာအုံးမယ့်ပုံပဲ။

    • noob

      July 11, 2012 at 2:09 am

      သဇင် ကားက ကိုရီးယားကားကျနေတာပဲ အပိုင်းနဲ တော် မသိရင် MWD တို MRTV 4 တိုက တာဝန်ယူ လွှင့်နေသလို ပဲ ပြီးတော့ စောင့်ကြည့်လိုလဲ မရဘူး ရှာကြည့်မှာရတယ် ရုတ်တိတော့ရှိသား ကိုရီးယားကားတွေထဲ ကလို ဗိလိမ်တွေ ဇာတ်ပို့တွေမပါဘူး နှစ်ယောက်တည်းနဲ ့ အွန်လို်င်း ပရိသတ်ကို ဆွဲ ဆောင်သွားတာ သဇင်ရိုက်တဲ ့ရုပ်ရှင်တွေကြည့်ဖူးပေမဲ့ အိုက်တင်က ချီးပေးနေတာ ဒီကားထဲမှာ ကျတော့ သရုပ်ဆောင် ပိပြင် ပ ဒါပေမဲ ့မင်းသားက လေထိုးနေတာ နဲ ့မတူဘူး ပပုထုနေတာနဲ ့တူတယ်

  • ရွှေရည်နိုင်

    July 10, 2012 at 2:45 pm

    သဇင် ဘယ်သူနဲ့ ဘာဖြစ်ခဲ့လဲ ကျုပ်မသိပါ။ မယူခင်က ဖြစ်ခဲ့တယ်ဆိုရင်တော့ ကောင်လေးက ဒီအကြောင်းတွေမသိဘဲ ယူခဲ့တာလား။ ဒါတွေက ကာယကံရှင်တွေ ကိုယ်တိုင်မှ သိပါလိမ့်မယ်။

  • kyeemite

    July 10, 2012 at 4:28 pm

    ရဲဘော်ဘလက်ကတော့လုပ်ချလိုက်ပြန်ပီ..ဟုသာ..

  • ကိုရင်မောင်

    July 10, 2012 at 4:46 pm

    လူဆိုတာမှားတတ်ကြတာမဆန်းပါဘူး…
    မယူခင် ပွင့်ပွင့်လင်းလင်း အပြန်အလှန်..
    ပြောပြကြဘို့သာအရေးကြီးတာပါ..
    လက်သင့်ခံနိုင်တယ်လို့ဆုံးဖြတ်နိုင်ကြယင်…
    နောင် ပါတ်ဝန်းကျင်ကဘယ်လိုပြောပြော..
    ပြသနာမရှိနိုင်ပါဘူး…
    ခုလို့သိရတာ သဇင့်အတွက်အထူးဝမ်းသာပါတယ်…

  • Phaung Phaung

    July 10, 2012 at 5:17 pm

    ဘယ်လောက်ခွင့်လွှတ်တယ်ပဲဆိုပါစေ….ဒီအရိပ်မဲကြီးက အမြဲခြောက်လှန့်နေမှာပါ…
    ဘယ်သူမပြု မိမိမှုပါပဲလေ….
    ငွေနောက်လိုက်ပြီး ပျက်စီးခဲ့လို့ …. ဖြစ်လာသမျှရင်ဆိုင်ပေါ့ သဇင်ရယ်…

  • chityimhtoo

    July 10, 2012 at 5:26 pm

    ဒါတွေကသူတို့လောကမှာ ထမင်းစားရေသောက်ပါဘဲဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 10, 2012 at 6:04 pm

    ဝမ်းသာတာဝမ်းနည်းတာအသာထား
    မှတ်ထားဂျအုန်း ဟိုဒင်းလုပ်တဲ့အခါ သိပ်အော်ဒါဘဲ
    လူမိတော့ စက်စာဂျီး

    • ဘရားသား

      July 10, 2012 at 10:22 pm

      ဘီလို အော်သလဲ ကိုကိုပု
      သများ မကြည့်ဖူးတော့ မသိသေးသမို့ပါ

  • ကြောင်လေး

    July 10, 2012 at 10:05 pm

    ကိုထီးရဲ့သီချင်းလေးတစ်ပုဒ်တသိရတယ်
    …….ဒဏ်ရာဟောင်းကို…..ရေဆေးပစ်ပါ့မယ်……….ဒဏ်ရာဟောင်းနဲ့ …….နာကျင်ခြင်းရဲ့………

  • ကိုဘလက်ချောရေ နယ်ဖက်တွေမှာတော့ ထိမ်းမနိုင်အောင်ကို ပျံ့နှံ ့နေပါရောလား။
    အခွေရောင်းချနေတာကို ဘယ်လိုမှ ထိန်းမရတော့ဘူး။ယဉ်ကျေးမှုနဲ ့ကိုယ်ချင်းစာတရား
    ဘယ်လို လုပ်ရပေါ့မလဲကွယ်။

  • ကိုဘလက်ချောရေ နယ်ဖက်တွေမှာတော့ ထိမ်းမနိုင်အောင်ကို ပျံ့နှံ ့နေပါရောလား။
    အခွေရောင်းချနေတာကို ဘယ်လိုမှ ထိန်းမရတော့ဘူး။ယဉ်ကျေးမှုနဲ ့ကိုယ်ချင်းစာတရား
    ဘယ်လို လုပ်ရပေါ့မလဲကွယ်။

  • captainamerica

    July 11, 2012 at 2:53 am

    ဒုဝန်ကြီး+ ညွှန်ချုပ်ဆိုတော့ ………………………….
    ဒေါက်တာကံဇော်နဲ. ဒေါ်နန္ဒာမွှန်းတို.ရဲ.သားလားဗျ အဘ ဖော ရေ ?????

    • Foreign Resident

      July 12, 2012 at 2:09 am

      အခုလက်ရှိ အစိုးရထဲက ၊
      အမျိုးသမီး ဒုဝန်ကြီးရဲ့သား လို့ပြောတာပဲ ။

  • အရီးခင်လတ်

    July 11, 2012 at 3:36 am

    Pretty Woman ရုပ်ရှင် မှာ သူဌေး က မိန်းမပျက် ကလေးကို အတည်ယူ လိုက်တာဘဲ။
    သူဌေး ကလဲ ဒီကောင်မလေး ဘာလဲ ဆိုတာ သိသားဘဲ။
    ဒါပေမဲ့ အဲဒီမှာ ကောင်မလေး ရဲ့ စရိုက် ကို ပွင့်လင်းတယ်၊ ရိုးစင်းတယ်၊ ငွေ မမက်ဘူး ဆိုတာ နဲ့ ထိန်းထားတယ်။
    ရုပ်ရှင်ဆိုလဲ ရုပ်ရှင်ပေါ့။
    အပြင်မှာလဲ စိတ်ထားကောင်းသာ တကယ်ရှိ ခဲ့ရင် ပြင်ပ ပယောဂ ဆိုတာ အပရိက ဘဲ ဖြစ်မှာပါ။

    အခု ဇာတ်ထုတ် မှာတော့ ဒီခွေ ကို ထုတ် ရောင်း တဲ့ လူ က စိတ်ထား အယုတ်မာဆုံး မို့ ရှက်တတ်ရင် သူ သာ ရှက်သင့်ပါတယ်။
    ဒီလူ ကို ပြင်းထန်စွာရှုံ့ချ ပါတယ်။ (သူကြီး ဆီမှ ဓာတ်ကူး သည်)

    အချင်းချင်း တကယ် စိတ်ရင်းအမှန် နဲ့ မြတ်နိုးကြတယ် ဆိုရင် စိတ်ထား ရှင်းရှင်း နဲ့ ကိုယ့်ဘဝ ကို လမ်းမှန် အောင် ဆက်လျှောက်ကြပါ။
    အတိတ် ဆိုတာ တကယ်တော့ ကောင်းကောင်း/ ဆိုးဆိုး အားလုံး ကျန်ခဲ့ပြီးသားပါ။
    ဘာမှပြန်ပြင်လို့ မရပါဘူး။
    သင်ခန်းစာဘဲ ယူလို့ရပါတယ်။
    လက်ရှိ ကာလ ကို သာ ကောင်းအောင် လုပ်ဖို့လိုပါတယ်။
    ဒီတော့ ဘာကိုမှ ဂရုစိုက် မနေပါနဲ့ တော့။ လို့ဘဲတိုက်တွန်းချင်ပါရဲ့။

    ဒီသတင်း အတွက် ကျေးဇူးပါ ကဘချော။ 🙂

    • htoosan

      July 11, 2012 at 12:29 pm

      ဘာကျွေး မှာလည်း အရီးလတ်ရေ .. congratulation ပါ …
      သူကြီးလို အာဏာ နဲ့ မဟုတ်ဘဲ ဒီမို နဲ့ ကြယ်လေးပွင့် ဖြစ်သွားတာ … ဟိဟိ .. 😀 😀

  • ဝင့်ပြုံးမြင့်

    July 11, 2012 at 6:23 am

    လူတွေဟာ သူတော်ကောင်းရောဂါရှိတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ သူတော်ကောင်းဖြစ်ရမှ။ လူစွမ်းကောင်းကြီး ဖြစ်ရမှ။ သဘောထားတွေ ကြီးပစ်လိုက်ရမှ။ ကောင်းတဲ့ဘက်က လှည့်တွေးလိုက်ရမှ။ ဟိုးအတွင်းစိတ်ထဲ ရှိနေမှာကတော့ သံသယလေ။ ဒီရောဂါ ကုလို့ ရနိုင်ရိုးလား။
    ကြည့်ရသေးတာပေါ့လေ။ အချိန်က ဆုံးဖြတ်ပါလိမ့်မယ်။ ငွေရှိတိုင်း သာယာတဲ့ အိမ်ထောင်ရေးဖြစ်မလားဆိုတာ။ (မထင် … မထင်)။
    ဩဇီ ဆိုတဲ့ တိုင်းပြည်ကြီးက မြန်မာတစ်ယောက်ရဲ့ မြန်မာစိတ်ကို ဖျောက်နိုင်မလားဆိုတာ။ (မထင် … မထင်)

  • thihayarzar

    July 11, 2012 at 6:26 am

    ဘာပဲပြောပြော ဟိုကောင်ကနွားပဲဖြစ်ရတာပဲ .. ဩစီ ကမို့လို့သာ သိပ်မသိတာနေမှာ .. မြန်မာနိုင်ငံက မကောင်းတဲ့ မိန်းမတွေ နောက်ဆုံး စစ်တပ်နဲ့တိုးသလို့ပေါ့ … ကဲချင်တိုင်းကဲ အရှက်မရှိတဲ့ အလုပ်တွေလုပ်ပြီး ဘာမှမသိတဲ့ သူတွေခံရတာ သူများလက်ညိုးထိုးခံ ရမည့်အဖြစ်ကို တွေးပြီး ရင်နာမိတယ်…ယောက်ကျား မကောင်းတာ ၁ က ၁ ပဲ မိန်းမမကောင်းတဲ့ ၁ က ၂ ဖြစ်တယ် .. မြန်မာနိုင်ငံက မင်းသမီးတွေကို အပြာကားရိုက်ခွင့်သာ ပေးလိုက်တော့ .. အခုလိုခိုးရိုက်တော့ ပို်က်ဆံလည်းမရဘူး လူလည်းနာတယ် …

    • Foreign Resident

      July 12, 2012 at 2:19 am

      ” မြန်မာနိုင်ငံက မကောင်းတဲ့ မိန်းမတွေ နောက်ဆုံး စစ်တပ်နဲ့တိုးသလို့ပေါ့ ”

      ဟဲဟဲ ။ ကို thihayarzar က သဘာကြီးပဲ ။
      အဘ အတွေ့အကြုံ အရလည်း ၊
      အဲလို ခပ်ရှုပ်ရှုပ် ၊ ခပ်ပျက်ပျက် မိန်းကလေးတွေ ကိုမေးလိုက်ရင် ၊
      ကဲလို့ဝ ၊ အသက်ထောက်လာရင် ၊ သူဋ္ဌေးတွေကို ဖမ်းလို့ မမိဘူးဆိုရင် ၊
      နောက်ဆုံး အနေနှင့် စစ်ဗိုလ် တစ်ယောက် ယူလိုက်တာပေါ့လို့ ပြောလေ့ရှိပါတယ် ။

      စစ်ဗိုလ် တွေကို ကဲ့ရဲ့တာ မဟုတ်ရပါ ။
      စစ်ဗိုလ် ပြီးရင် ဒုတိယ အချဉ်ဆုံးက အဘတို့ သင်္ဘောသားတွေပါ ။

    • Foreign Resident

      July 12, 2012 at 5:18 am

      ကို thihayarzar နှင့် ကို Blach Chaw ရေ
      အဘ ရဲ့ Post
      ” စဉ်းစားကြစေလိုပါတယ် ( ၃၁ ) ( သ ဇ ) ” မှာ
      နဲနဲ တို့ထိထားတယ်နော် ။

  • blackchaw

    July 11, 2012 at 11:25 am

    အစ်မ မခင်လတ် တစ်ယောက်တော့
    ကြယ်လေးပွင့် စာရင်းဝင်သွားပါပြီ ခင်ဗျာ…။

  • blackchaw

    July 11, 2012 at 11:40 am

    ကွန်းမန့်ပေးကြတဲ့ ရွာသူား ညီကိုမောင်နှမတွေကို
    ကျေးဇူးအထူးပါ ခင်ဗျာ…။
    အမှန်တော့
    အိမ်ထောင်မရှိသေးတဲ့ မိန်းမတစ်ယောက်
    ရည်းဇားထားတာ မထူးဆန်းလှပါဘူး။
    ချစ်သူခြင်း အချစ်နယ်ကျွံတတ်ကြတာလည်း
    အခုခေတ်ဆို ပိုပြီး မဆန်းတော့ပါဘူး။
    ဒီလို အချစ်နယ်ကျွံကြတာကို
    ကြိုတင်ကြံစည်ပြီး ဗီဒီယို ရိုက်ယူထားတဲ့
    ယောက်ျားလေး လုပ်သူရဲ့ စိတ်ကတော့ ဆန်းပါတယ်။
    ရိုက်ရုံတင်မဟုတ်
    သူ့အိမ်ထောင်နဲ့သူ တင့်တောင့်တင့်တယ် ရှိနေပြီ ဖြစ်တဲ့
    မိန်းကလေးကို တစ်သက်လုံးခေါင်းမဖေါ်နိုင်အောင်ဆိုတဲ့
    ဆိုးညစ်တဲ့ ရည်ရွယ်ချက်နဲ့
    သူတို့ရဲ့ မမြင်ကွယ်ရာက ဇာတ်လမ်းကို
    အင်တာနက်ပေါ်တင်လိုက်တာပါပဲ။
    တော်ရုံမိန်းကလေး ဘဝပျက်သွားနိုင်တဲ့ လုပ်ရပ်ပါ။
    တင်စားရရင် ဒါ… လူသတ်မှုပါ။
    လူတစ်ယောက်တည်းတောင် မဟုတ်ပါဘူး။
    အဆင်ပြေပျော်ရွှင်နေကြပြီဖြစ်တဲ့
    အိမ်ထောင်ရှင် မိန်းမနဲ့ ယောက်ျားနှစ်ယောက်လုံးရဲ့
    ဘဝကို သတ်လိုက်တာပါ။
    သက်ဆိုင်ရာက ဒါကို အရေးယူလို့ ရမရဆိုတာ ကျွန်တော် မသိပါဘူး။
    ဒီလိုမျိုးကိစ္စတွေ ထပ်မပေါ်ပေါက်ဖို့ကတော့ ကာကွယ်တားဆီး သင့်ကြပါတယ်။
    အကောင်းဖက်က ပြန်တွေးမယ်ဆိုရင်တော့
    မိန်းကလေးတွေအနေနဲ့
    ဒီလို ယောက်ျားလေးတွေကို သတိထားကြဖို့
    သဇင် က သင်ခန်းစာ ကောင်းကောင်းကြီး ပေးသွားတယ်ပေါ့ဗျာ။
    ကျွန်တော်တို့ အဆင်းမှာ ဘီးတတ်တဲ့စကားလုံးမျိုးတွေ
    မပြောကြရအောင်လားဗျာ…။

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 11, 2012 at 12:17 pm

      အဲ့ဒါတော့ဟုတ်တယ်ဗျ ဦးလေးရဲ့
      ကျုပ်လည်း တစ်သက်နဲ့တစ်ကိုယ် လိုက်ချောင်းဘူးတာတွေမနည်းမနောဘဲ
      တစ်ခါမှ ဘယ်သူ့ကိုမှမပြောပြဘူးပါဘူး
      ဒီလိုကောင်တွေကတော့ ရွှံဘို့ကောင်းတယ်

  • Wow

    July 11, 2012 at 12:15 pm

    ဟုတ်ပါတယ် ဘဘလက်ရေ လူဆိုတာတော့အမှားလုပ်မိတတ်ကြပါတယ်။ ရွာထဲက ပြည့်တန်ဆာမတစ်ယောက်ကို ရပ်ရွာကခဲနဲ့ ဝိုင်းပေါက်ဖို့လုပ်တော့ ယေရှုက မပေါက်နဲ့လို့မပြောဘူး သင်တို့ထဲက ကိုယ့်မှာ အပြစ်တစ်စုံတစ်ရာမရှိဘူးလို့ လိပ်ပြာသန့်တဲ့သူပေါက်နိုင်တယ် ဆိုတော့… ဘယ်ရွာသူရွာသားမှ မပေါက်ကြတော့ပါဘူး။ …

    စိတ်ဓာတ်အောက်တန်းကျ သူများအေးဆေးနေတာမနာလိုတဲ့ သဲနဲ့ပတ်တတ်တဲ့သူသာ ရှက်တတ်မယ်ဆိုရင် အတော်ရှက်ဖို့ကောင်းတာပါ……

  • ကြောင်ကြီး

    July 13, 2012 at 11:12 am

    သစ်ထူးလွင်ဆိုက်မှာ ဒီလိုခေါင်းစဉ်နဲ့ ရေးထားတာတွေ့တယ်… “ရည်းစားဦးကြောင့် စိုးရိမ်စိတ်တွေနဲ့ သက်မွန်မြင့်” ဘာတွေကိုစိုးရိမ်နေတာ ဖြစ်မှာပါလိမ့်..။ ဘာရယ်မဟုတ် သဂျီးအားကိုးနဲ့ သမားရိုးဂျနည်းလမ်းကနေ ဖောက်ထွက်တွေးကြည့်တာပါ။ ဒစ်ဂျင်တယ် နည်းပညာ တိုးတက်လာတဲ့ခေတ်မှာ ရည်းစားဦး အချစ်ဦး ဘာဦးညာဦးများခဲ့သူများအတွက်တော့ အင်း…ရင်လေးဒယ်….။

    • Foreign Resident

      July 13, 2012 at 12:04 pm

      ဦးကြောင်ကြီးရေ ။

      သက်မွန်မြင့် နှင့် သူ့ရည်းစားဟောင်း L ကောင်းမြတ် ထင်တယ် ။
      Sedona Hotel မှာ အိပ်တဲ့ အခွေ တကယ်ရှိခဲ့တယ် ။
      စစ်ထောက်လှမ်းရေးက ရိုက်ထားတာလို့ပြောတယ် ( ပြောတယ် ) ။
      အပြင်ကို တမင်ဖြန့်တာတော့ မဟုတ်ဘူး ။
      ၈ မိုင် စစ်ထောက်လှမ်းရေးရုံးကို တမ်မ (၁၁) ကဝင်ဖမ်းတဲ့ အချိန်က ၊
      အဲဒီအခွေ နဲနဲ ထွက်ခဲ့တယ် ။
      အပြင်ကိုတော့ မပြန့်ပါဘူး ။ လူကြီး တစ်ချို့ပဲ ကြည့်ခဲ့ရတယ် ။

      ဟဲဟဲ ၊ အဲလိုကြားတာပဲ ၊ ဟဲဟဲ ။

  • sky moe

    July 25, 2012 at 10:43 pm

    စိတ်အေးချမ်းပြီး ဘဝခရီးသာယာဖြောင့်ဖြူးရင် ကောင်းပါတယ်

  • win thethtut

    August 18, 2012 at 3:20 am

    ပထမတော့ ဒီmovie လေးကြည့်ချင်လို့ internet ကနေတညလုံး down တော့တာပဲ။ ကြည့်လဲကြည့်ပြီးရော စိတ်မကောင်းဘူးဗျာ . .ဆက်ဆံနေတဲ့ပုံက သာယာမူ့မရှိဘူး။ သဇင်ဖက်ကနေ စဉ်းစာတယ် သဇင်ကို အရင်ကလဲသတင်းတွေကြားဖူးတော့ သူကဘာမှ သိပ်ဖြစ်မယ်မထင်ဘူး သူ့အတွက်သိပ်မဆန်းလောက်ဘူးပေါ့…သဇင်အမျိုးသားဖက်ကကြည့်ပြန်တော့လဲလူတွေအလယ်မှာတသက်လုံးအရှက်ကွဲရမဲ့ကိစ္စ နွားဖြစ်ရမယ့်ကိစ္စကြီးကို သူဘယ်လိုစခန်းသွားမလဲ …တရာခံအစစ်ကတော့ ဒီmovie တွေကို uploading လုပ်တဲ့လူပဲ နမသားချင်းမစာနာတာကြီး …ဒီလိုကောင်တွေ မြန်မာပြည်မှာအများကြီးပဲ ယုတ်တာပါ..ကို့ရီးစားကို့ချစ်သူကို ဟိုဟာအတန်းစားထဲ လုံးလုံးကြီးဖြစ်အောင်ကိုလုပ်ကြတာ ။ ငါစားဖူးပြီးသားကြီးကို မင်းကထက်စားတယ်ဟုတ်လာဆိုပြီး
    ဟီးရိုးလိုလို စိတ်ဓာတ်အောက်တန်းကျစွာနဲ့ လုပ်တာပါ…

  • ကိုသင်း

    August 18, 2012 at 11:09 pm

    ဗွိဒိယို တင်တဲ့သူလောက် အောက်တန်းကျတဲ့သူ
    ရှိမယ်တောင်မထင်ဘူး၊မိန်းကလေးတွေ သတိပြ ု
    သင့်တယ်၊ပကာသနတွေကို မခုံမင်ပါနဲ့ အဆင်
    မသင့်ရင် တစ်ဘဝလုံး ပေးဆပ်သွားရလိမ့်မယ်။
    ဘယ်လိုဘဲပြေလည်တယ် ပြောပြော အဖုအထစ်
    ကတော့ရှိနေမှာပဲ၊ အနာဖြစ်ပြိးရင် အမာရွတ်က
    တော့ကျန်နေမှာပါပဲ၊ ပျက်အစဉ် ပြင်ခဏလို ့ဆို
    ပေမဲ့ တစ်ချိ ု့အကြောင်းအရာတွေက ပြင်မရဘူး၊
    ခွင့်လွှတ်တယ်လို့ပြောနိုင်တာကိုပဲ လှိုက်လှိုက်လဲ
    လဲ လေးစားမိပါတယ်၊ ဒါပေမဲ့ ဒိစကားကို ကိုယ်
    ရင်ဘတ်ထဲကိုထည့်ပြိး ကိုယ်ကို ကိုယ်ပြန်မေး ၊
    “ငါဆိုရင်ကော…..?”လို ့
    ကဲ…….”ဘယ်လို အဖြေထွက်သလဲ?”

    • Foreign Resident

      August 19, 2012 at 1:13 am

      ကိုသင်းရေ ။

      အဘ ဆိုရင်တော့ ခွင့်လွှတ်နိုင်ပါတယ်ကွယ် ။

      ၁ ။ မယူခင်က ဖြစ်ခဲ့တာပဲ ။
      ၂ ။ ပြီးတော့ စာရိတ္တ ပျက်ပြား ခိုးတာ လိမ်တာ မှ မဟုတ်တာ ။

      နိုင်ငံတကာက အတွေးအခေါ် အမြင် မကျဉ်းတဲ့လူတွေအတွက် ၊
      ဒီ Sex ကိစ္စလေးဟာ ပြဿနာ သိပ်မရှိလှပါဘူး ။
      အေးဆေးပါ ။

  • cobra

    August 19, 2012 at 2:47 pm

    ဘာတွေပဲပြောပြော ခွေလေးကတော့ကြည့်လို့ကောင်းသား
    ရယ်လဲရယ်ရတယ်လေ

Leave a Reply