ကိုယ့်စိတ် ကိုယ် စစ်

ဘာဖြစ် သင့်လဲ…

ဖြစ်နေ တာကော

သဘော ပေါက် သလား…

ကမ္ဘာ ကရော…လေးစားရဲ့လား

ဗမာ ကိုရော…

အသိအမှတ် ပြု သလားးးးး

ဘာသာ ကိုရော…..

လေးစား ဘူးရဲ့ လားးးး

လားးးးလားးးးးလားးးးလားးးး

လားပေါင်း များစွာ….

အမှား ပေါင်းများစွာ

ရှင်သန် ခြင်း ဟာ…

ဘယ်လို ပါလိမ့်….၊

 

စင်္ကြာဝဠာ ဆီ…မောင်းနှင် နေကြပြီ

ခေါင်းမော့ ပါးစပ် မှင်သက် …

နေလိုက် ကြယုံ ပါ့

ပါစက အရေးနဲ့ …နပမ်းသတ်

ခေတ်ကို နောက်ပြန်ဆွဲ..

တစ်ယောက် လည်ပင်း

တစ်ယောက်ညှစ် ရင်း…

အရိုးတွေ ဘဲ…ရင့်လာခဲ့ ကြတယ်….၊

 

ဖယောင်းတိုင် မီးတွေ ထွန်းညှိရင်း..

ချောင်းကြို မြောင်းကြား..

ဖားရိုက်…ငါးနှိုက်

အမေ ရယ်…သားတို့ ခုအရွယ် ထိ….အရိုက်ခံ နေရတုန်းပါ…၊

 

ကြိုးတန်းလန်း နဲ့ …

ငှက်တွေ လည်း…လှောင်ချိုင့် နံ့ နဲ့ ..

မကင်းသေးးးးး

ဘ၀ ဆိုတာ…လုံခြုံစိတ်ချ မှု

မရှိ တဲ့  ဌါ နေလား….အမေရယ်…၊

 

ရေခြားမြေ ခြား က….

ငှက်တွေ ရေ….

အဝေးကနေဘဲ…လွမ်းနေ လိုက်ကြပါ

မုန်တိုင်း စဲရင်….

လေညှင်း က ဖိတ်စာ ကမ်းပါလိမ့် မယ်…..၊

 

ဂ ငယ် ကွေ့  ကွေ့ လိုက်တာ နဲ့ ..

နှစ်ထောင့်ရှစ် ဆိုတဲ့  ရွာ…

အဲဒီမှာ….ကဗျာ ရေးလို့ မရဘူးးးး

စီတန်း လို့ မရဘူးးးး

ရင်ဖွင့် လို့ မရဘူးးးး

သားစား ကြူးတဲ့..ဘီလူးတွေ

တည်ခဲ့ တဲ့ ..ရွာလေ….

အိပ်မက် ပန်း တွေလန်းဖို့ 

နေရာ မရှိဘူး…

ရူးသွား နိုင် လောက်တယ်…၊

 

ကိုယ့်စိတ် ကိုယ်..

ပြန်စစ် ဖို့ တော့  လိုပြီ

ညီညာမှ…ပြည်သာတယ်တဲ့..

ကဲ……………

ဘယ့်နှယ့် သဘော ရသလဲ…?/။။

 


About maung khinmin

maung khinmin has written 85 post in this Website..