“ချစ် သော ကေ” – အ ပိုင်း ( ၅ )

aye.kkJuly 10, 20121min817

စစ် တု ရင် က လက် ရည် တူ နေ ပါ သည် ။
နှစ် ယောက် သား အ နိုင် မ ခံ အ ရှုံး မ ပေး နိုင် ကြ ပဲ ၊ ဆော့ နေ ခြင်း ဖြစ် ပြီး ။
အစ် ကို သု ခ က ပို ဆိုး ပါ သည် ၊ ကေ့ ဓါတ် ပုံ ပြန် ပေး ရ မှာ ကြောက် သ ဖြင့် ၊ ကေ့ ဘက် က ဘု ရင် မ အား အ ယင် ကျ ရှုံး အောင် နည်း ပေါင်း စုံ ဖြင့် တိုက် ခိုက် ပြီး ၊ တိုက် ကွက် များ ပြောင်း ခါ ၊ အ လဲ ထိုး နိုင် ရန် ကြိုး စား နေ ပါ သည် ။
ကေ လည်း ပွန်း နှင့် မြင်း ကာ ရံ ခါ ၊ ရ ထား ထုတ် သုံး ပြီး ကာ ကွယ် နေ ရ ပါ သည် ။ နောက် ဆုံး နှစ် ပွဲ သ ရေ ကျ ပြီး ၊ အစ် ကို သု ခ က တစ် ပွဲ ကပ် နိုင် သွား ပါ သည် ။
ဓါတ် ပုံ က ပြန် မ ရ ၊ ရှုံး သ ဖြင့် ဓါတ် ပုံ အ ကြောင်း က ပြော ပြ ရ ဦး မည် ။
အစ် ကို သု ခ ရေ ….
ဒီ ဓါတ် ပုံ က ပု သိမ် ဒီ က ရီ ကော လိပ် ရှေ့ က မျက် ခင်း ပြင် မှာ ရိုက် ထား တာ ပါ ။
ဖေ ဖေါ် ရီ လ ( ၁၂ ) ရက် ၊ ပြည် ထောင် စု နေ ့ အ တွက် ၊ အ ကောင်း ဆုံး ဓါတ် ပုံ ပြိုင် ပွဲ ဆု ပြု လုပ် တော့ ပု သိမ် ဝင်း ချစ် က ဝင် ပြိုင် ခဲ့ တဲ့ ဆု ရ တဲ့ ပုံ လေး ပါ ဘဲ ။ ထောင့် ကိုး ရာ ခု နှစ် ဆယ့် ရှစ် ခု နှစ် က ပါ ။
အ လှ ရိုက် ခံ ရ တဲ့ ဓါတ် ပုံ တွေ အား လုံး ၊ ဦး လေး က ပု သိမ် ဝင်း ချစ် ဓါတ် ပုံ တိုက် က ရွေး ယူ ခဲ့ ပြီး အ ဖေ့ လက် ထဲ အပ် တာ ဆို တော့ ။ ကျန် တာ တော ့ ကေ လည်း ဘာ မျှ မ သိ ရ ဘူး ။ ဒီ ဓါတ် ပုံ နဲ ့ဆု ရ ခဲ့ တာ က လည်း ၊ ပု သိမ် တစ် မြို့ လုံး အ သိ လေ ။ ကေ့ ကို ညာ ထား မ ရ မှာ စိုး လို ့သာ ၊ ပြော ပြ ခဲ့ ကြ တာ ဒါ တောင် အစ် ကို သု ခ…. က ၊ ဒီ ဓါတ် ပုံ လေး ကို ကြံ ကြံ ဖန် ဖန် ရ လိုက် တာ က လည်း အံ့ ဩ လွန်း နေ လို ့ပါ။
ဓါတ် ပုံ သာ အ ရိုက် ခံ ရ တယ် ၊ ဖြူ သ လား မဲ သ လား တစ် ပုံ မှ လည်း မ ပေး ပြ ခဲ့ ကြ ဘူး ။ ဘာ ကြောင့် ဆို တာ လည်း မ သိ ဘူး ။ ဘာ ရည် ရွယ် ချက် တွေ နဲ ့လည်း ။ အ ခု အ ဒေါ် လက် ထဲ ရောက် နေ တာ လည်း တ ကယ် အံ့ ဩ ခဲ့ ရ တယ် ။ ဘာ ရည် ရွယ် ချက် တွေ နဲ ့ လုပ် နေ ကြ တာ လည်း ဆို တာ စဉ်း စား မ ရ အောင် ပါ ဘဲ ။
ကေ့ အ နေ နဲ ့က….
ဒီ ကိ စ္စ အ ဒေါ် ကို မေး ရ မှ ဖြစ် မည် ၊ သိ ရ မှ သာ ကျေ နပ် မည် ဟု ပြော လျှင်….။
အစ် ကို သု ခ ၊ တ ချက် မျှ ငိုင် သွား ပါ သည် ။
ကေ မ ကျေ နပ် လျှင် ဒီ ဓါတ် ပုံ တွေ ကို အ ရဲ စွန် ့၍ ဘီ ဒို ထဲ က ယူ ပေး ရ မ လား ……
အ ဒေါ် သိ လျှင် မိုး မီး လောင် တော့ မည် ။
ပို ဆိုး သည် က ဖြေ ရှင်း မ ရ နိုင် သော ကိ စ္စ တ ခု ၊ ပြ ဿ နာ ကြီး တစ် ခု ဒီ အိမ် မှာ မ ကြာ ခင် အ ကြီး ကျယ် ကျ ရောက် တော့ မှာ ပဲ ။
ခက် တာ က နှစ် ယောက် လုံး က လည်း ၊ ဆွေ မျိုး အ ရင်း တွေ ဆို ပေ မယ့် တ ကယ် တန်း ကြ တော့ ဧ ည့် သည် တွေ လေ ဟု ပြော ပါ သည် ။
အ ဒေါ် က ကေ့ အား ပြန် မ ပြော ပြ ရန် နှုတ် ပိတ် ခိုင်း စေ ထား မှု အား ၊ ဘာ အ တွက် ကြောင့် လည်း ဆို တာ ၊ အစ် ကို သု ခ က ကြို တင် အ ဖြေ သိ ထား နေ ပါ သည် ။
မ မေး စေ ချင် ရင် ပြော ပြ ပါ ။ အ မှန် ကို သိ ရ မှ ဖြစ် မှာ…. ။
အစ် ကို သု ခ အား…..
သိ ထား သ မျှ ပြော ကို ပြော ပြ ပါ ဟု ၊ အ ကြိမ် ကြိမ် အ ဖန် ဖန် အ ခါ ခါ တောင်း ဆို နေ မိ ပါ သည် ။
အစ် ကို သု ခ က လည်း…..
ဒီ အိမ် မှာ ပြ ဿ နာ ကြီး တ ခု မ ဖြစ် ပွား စေ ချင် ပါ ။
ကေ ဘာ ပြ ဿ နာ မျှ မ လုပ် လျှင် ….
အ ဒေါ် ဆီ က ကြား သိ ထား ရ သည့် စ ကား အား ပြော ပြ မည် ။
က တ်ိ ပေး ရန် တောင်း ဆို ပါ သည် ။
သိ ချင် သည့် စိတ် ကြောင့်…….
ကေ တ ယောက်…..
က တိ ပေး ပါ မည် ဆို သည့် စ ကား လွယ် လွယ် ကူ ကူ ထွက် သွား မိ ပါ တော့ သည် ။
ကေ အ သေ အ ချာ စဉ်း စား ပြီး မှ က တိ ပေး ပါ ကွာ…။
စ ကား ကို အ လွယ် ပြော တာ ကိုယ် က တ အား မုံး တဲ့ သူ ပါ…. ။
ဒါ ဆို ဘယ် လို လုပ် မှာ လည်း ..။
ကိုယ် နှင့် တိုက် ရိုက် ပတ် သက် နေ သည့် ကိ စ္စ ၊ ကိုယ် နှင့် သက် ဆိုင် နေ သည့် ကိ စ္စ ပါ ဟု ကေ မှ ပြန် ပြော မိ ပါ သည် ။
ကေ က အ သက် ဆယ့် ရှစ် နှစ် မှ မ ပြည့် သေး တာ ဘဲ…. ။
မိ ဘ တွေ အုပ် ထိန်း မှု အောက် မှာ ပြု သ မျှ နာ ခံ ရ မယ့် သူ လေ..။
ဥ ပ ဒေ အ ရ လည်း ၊ ကေ က လန် က ဆန် လုပ် ခွင့် မှ မ ရှိ သေး တာ ။

ကေ့ ကို ဘာ မှ လာ မ ရှင်း ပြ နဲ ့။
ဘာ မှ နား မ လည် ဘူး ။ သိ လည်း မ သိ ချင် ဘူး ၊ အ ခြား ဘာ အ ကြောင်း တွေ မှ လည်း မ သိ ချင် ဘူး ။ ကြား လည်း မ ကြား ချင် ဘူး ။ နား လည်း မ လည် ချင် ဘူး ။
အ ချစ် တော် ထား တဲ့ ကိ စ္စ တား မြစ် ပြီး ၊ ယော က်ျား လေး တစ် ယောက် နဲ ့ အ ဖေ့ ရိုး ရာ အ ရ စေ့ စပ် ပွဲ လုပ် ထား မယ် ဆို ပြီး နှစ် ဖက် မိ ဘ စီ စဉ် တာ သိ ခဲ့ ရ လို ့ ကုန် တင် လော် လီ ကား ရှေ့ ထဲ ပြေး ဝင် ပြီး ၊ အ သေ ခံ မယ် လုပ် ခဲ့ သေး တာ ။ အ ဒေါ် လည်း ဒီ ကိ စ္စ ကို ကြား သိ ထား မှာ ပါ ။

အ ခု လည်း အဲ လို ကိ စ္စ ဒု တိ ယ အ ကြိမ် ထပ် ပြီး ကြိုး စား ပြန် တာ လား …။
အ ဒေါ် နေ တဲ့ အ ခု တိုက် က ၊ အ ထပ် အ မြင့် ကြီး ….
ခုန် ချ ပြီး သေ ပြ လိုက် မှာ ….။
အား လုံး ယုံ သွား အောင် လေ…ဟု ၊ ကေ မှ အ ကြပ် ကိုင် စ ကား ပြော မိ ခဲ့ ပါ တော့ သည် ။

7 comments

  • မောင်ပေ

    July 10, 2012 at 12:04 pm

    အန်တီအေးကေ စိတ်တော်၂ကြီးတာဘဲ ။ စနေသမီးဘဲ ဖြစ်ရမယ်ဗျား ။

    • aye.kk

      July 11, 2012 at 6:49 am

      ခန် ့မှန်းတာ…
      တိုက်ဆိုင်သွားမှုတခုပါ။

  • Shwe Ei

    July 10, 2012 at 4:00 pm

    ထင်ဒယ် ထင်ဒယ် ဂလိုဘဲဖြစ်တော့မယ်လို့။ ၄ပိုင်းမြောက်ထိ ကောင်လေးကဘဲ သဲသဲလှုပ်နေသလိုခံစားရတယ် ကောင်မလေးက ဒီလောက်မဟုတ်ဖူး။ ဒီတခါလဲ ကွဲပြန်ဘီထင်တယ် အာဟိ 😉

  • Hnin Hnin

    July 10, 2012 at 5:07 pm

    ”ကေ” ဆိုတဲ့ ကောင်မလေးက စိတ်ကလေးကကြီး….”ကိုသုခ” ကလည်း ခုထိအားမရလှဘူး..
    (ချဉ်းကပ်နည်းက ” ဦး” လောက်တောင် မတော်ဘူး..း)…)..ဒါပေမယ့် သူက အသားယူ
    တတ်တာတော့ အချိန်တိုလေးအတွင်း ”ဦး”ထက် အတော်မြန်…အပိုင်း(၆)ကတော့ ဇာတ်ရှိန်
    စမြင့်ပြီပေါ့နော်….အားရင်လာရှာ၊စောင့်မျှော်ဖတ်နေပါသည်….ရှိသေးရင် မြန်မြန်တင်ပါ..
    အန်တီအေး..း)…

  • MaMa

    July 10, 2012 at 8:37 pm

    မအေးရေ-
    စစ်တုရင် ထိုးတယ် ဆိုကတည်းက ဉာဏ်ပြေးတဲ့သူ ဖြစ်ရမယ်။
    မအေးရဲ့ ဘဝဇာတ်ကြောင်းတွေက တမျိုးဆန်းတယ်နော်။
    ဇာတ်သိမ်းတော့ ဘယ်လိုလာမယ် မသိ 😛

  • pooch

    July 11, 2012 at 11:03 pm

    အန်တီအေးရေ ငယ်သူဆိုတော့ စိတ်ကထက်တော့ သိပ်မတွေးပဲ ရူးရူးမိုက်မိုက်လုပ်ခဲ့ဖူးတာ ကံကောင်းလို့ မသေတယ်။ ဇာတ်သိမ်းလေး ဘယ်လိုလာမယ် မသိဘူး။

  • Hnin Hnin

    July 17, 2012 at 1:48 am

    ချစ်သော..ကေ ဘာများဖြစ်နေပါလိမ့်နော်…လာရှာတိုင်း ကေ့ကို မတွေ့သေးဘူး….

Leave a Reply