မီဒီ ယာ ခင်မောင် ကလည်း သီရီကို ချစ်တယ်။သီရီကလည်း ညနေချမ်းလေး ဆို ရွာထဲ အလှပြ လမ်းလျှောက်နေကြ ။ တခါတလေ စက်ဘီးလေးနဲ့ သွားတတ်တယ်။
တစ်နေ့ မီဒီယာ ခင်မောင်နဲ့ သီရီ ရွာ ထိပ်က ဆက်သွယ်ရေး လမ်းမကြီးမှာ ဆုံတယ်။
သီရိရေ..အခုလိုတွေ့ရတော့ ငါလေပျော်တယ် သိလား ။သေချာတွေးကြည့်တော့ လည်း ၀မ်းနည်း မိပြန်တယ်။သိစိတ်ထဲရော မသိစိတ်ထဲမှာ လွှမ်းမိုး နေတယ်လို့ ပြောလို့ ရနိုင်မလားပဲ။ သိစိတ်ဆိုတာက ဟယ်…..။
ခင်မောင် စကားတွေကြောင့် သီရိ နုတ်ခမ်းစူတယ်။မျက်မှောင်ကုတ်လိုက်တယ် ခင်မောင် ဘာတွေပြောနေမှန်း သူမသိဘူး။
ခင်မောင် ..နင် ဘာတွေပြောနေတာလဲ
သီရိက ခပ်မာမာလေးပြောတော့ ခင်မောင် လန့်သွားတယ်။ ထုံးစံ အတိုင်း နုတ်ခမ်းကို တွန့်ပြီး ခေါင်းကို စောင်း လို့ သူဘာပြောရမလဲ စဉ်းစားတယ်။ပြီးတော့ ခေါင်း ကုတ်တယ်။
သီရိရယ်… နင်လည်း ၁၀တန်းကို လေးခါတောင်ဖြေဖူးတာပဲ ဒါတောင် နားမလည်……။
ဘာ
သီရိအော်လိုက်သံကြောင့် ခင်မာင်တွန့်သွားတယ်။ဘာပြောရမှန်း မသိဖြစ်သွားပြီး ဟိုလေ.. ဟို ..ဆိုပြီရပ်သွား တယ်။သီရိက စက်ဘီးကို တွန်းလို့ ထွက်သွားတော့ ခင်မောင်နောက်က ပြေးလိုက်တယ်။
ငါ ပြောတာက ..ဒီလိုပါ နင်ညံ့တာကိုပြောချင်တာ မဟုတ်ဘူး ငါက ပညာရေးကိစ္စ အဲ့ဒါ မဟုတ်ဘူး ဟို သိစိတ်…
တော်တော့ ခင်မောင် နင် မိချောင်း မင်းရေခင်းမပြနဲ့ ဦးမင်းကျော် အရက်ပုလင်း မပြနဲ့ ငါသိတယ် တော်ပြီ ငါသွားမယ် ။
သီရိက စက်ဘီးကို တအားနင်းထွက်သွားတယ် ။ သီရိက ရွာသူတစ်ယောက် ဆိုပေမယ့် မြို့ ကြီးမှာ နေဖူးတယ် ။ မြို့ သူတွေလို ပြင်တတ်ဆင်တတ်တယ်။ မနစ်က ရန်ကုန်မှာ ဆေးဝါးကျွမ်းကျင် သွားတက်လိုက်သေးတယ်။ အဆောင်မှာနေတော့ လွတ်လပ်မူတွေလည်းရ ၊ အလှလည်းပြင်လို့ရတယ်။ ငွေလည်း လိုရင်အကြောင်းပြချက်အမျိုးမျိုးနဲ့ မှာလို့ရတယ်လေ။သီရိ အဖေက နားနည်းနည်းလေးတယ် ဒါပေမယ့် လယ်ပိုင်ယိာုင် တစ်ယောက်မို့ ပြေလည် တယ် ဆိုရမယ်။ အမေကတော့ ရိုးရိုးကြီးပါ။သမီးလေး တစ်ယောက်မွေးထားတယ် ဆိုတော့ ထူးချွန် ချင်တာပေါ့လေ။သီရိက ပညာရေးကံမပါတာလို့ပဲ ဆိုရမလား။
ဟေး ..သားကြီး တက် ထား ..ဖူး
ရွာထဲ က မြေကွက်လပ်မှာ ကြက်ဝိုင်းဖြစ်နေတယ် လူတွေ အုံလို့ ရေကို ပါးစပ်ထဲငုံပြီး ကြက်ကို မှုတ်ပေးနေတာ တွေ့တော့ သီရိ ခဏ ရပ်ကြည့်မိတယ်။ ငတင် အသံကြီးပဲ
ငတင်က ကြက် တိုက်နေလို့ကတော့ ဘ၀ပါမေ့နေမယ့်လူစား မျိုး ဆိုတာ သိတယ်။ဒီအချိန်မှာပဲ ကြက်ဝိုင်းက အဆုံးသတ်သွားတယ်။ ကြက်ငတင် နိုင်သွားတယ် တဖက်ကြက်က မခွပ်နိုင်တော့ လို့ ပြေးတယ်လေ။ တစ်ယောက်တစ်ပေါက်နဲ့ ပြောဆိုပြီး လူရှဲသွားကြတယ်။ငတင်က သီရိကိုတွေ့တော့ သူ့ကြက်လေး ကောက်ပြီး
ပြေးလာတယ်။
ဂျက်..ကီ ချမ်းလေ..သီ..ရီ
တခါတလေ ငတင်က စကားထစ်တယ်။သူပြောချင်လွန်းရင် ထစ်နေရော သီရိကိုမြင်တော့ ၀မ်းသာလွန်းလို့ ထင်ပါတယ်။ စကား ထစ်သွားတယ်။
ကျွန်မ ဂျက်ကီ တွေ ချမ်းသာတာတွေ မသိဘူး။
သီ၇ိက ဘုတောတယ်။ငတင် က ပါးစပ်ကို ဟပြီး မ…ဟုတ်..ဘူး မဟုတ် တာ ကြက်နိုင်တာ ကိုပြောတာပါ။
သီရိက မျက်နှာရှုံ့မဲ့ ပြီး ကျွန်မ လောင်းကစား သမားကို အထင်မကြီးဘူး
ငတင် တွေသွားတယ် အဝေးကိုကြည့်လို့ ။ တကယ်တော့ ငတင်က လူချောပါ အသားဖြူ တယ် သတ်သတ်ရပ်ရပ်နေတတတယ်။ ကြက်လည်း သူစီးပွားရေးမို့ မလွဲသာ
မရှောင်သာ လုပ်နေတာပါ။
သီရိရယ် ကိုတင် ကလေ .. ကြက်ကို ကြိုက်တာ…အဲ ကြက်ကို ခင်တွယ်ရတာက လည်း ကိုတင် စီး..ပွားရေးပါ
ကြက်ငတင်က မျက်နှာတည်သွားတယ် ။သူကလည်း သီရိကို တဖက်သတ်ချစ်နေတာကိုး။သီရိကလည်း သိနေတယ်။တကယ်တော့ ကြက် ငတင်က အရည် အချင်းရှိပါတယ်။
အမှန်တရားမြတ်နိုးတယ် သို့သော် ဘ၀ဖြစ်တည်မူပေါ်မှာ သူရွေးချယ်လိုက်ရတဲ့ ကြက်ကြောင့် သူ့ကို လူ အထင်သေးစရာ ဖြစ်နေတယ်။ လူ အထင်ကြီးအောင် သူကြီးနဲ့ပေါင်းတော့ လည်း သူထင်တာ နဲ့ တခြားစီဖြစ်နေတယ်။လူတွေက သူ့ကို ပို ၀ိုင်းပယ်လာတယ်။သူကြီးနားကပ်နေတော့ ထီးရိပ်နန်းရိပ်နဲ့ လူ ရှိန်တာထက် မုန်းတာက ပိုမှန်း သူသိလာတယ်။
သီရိ
ငတင်က ခေါ်တော့ သီရိက စက်ဘီးဂိုက်ကို လှည့်လိုက်ပြီ။
ဘာလဲ
ငါလေ…ငါ
ဘာလဲ ကြက်နိုင်တာ ဘာစားမလဲ လို့မေးတာမလား ဒီလို မသန့်တဲ့ငွေတွေ နဲ့ ဘာမှ မစားချင်ဘူး
မဟုတ်ပါဘူး..သီ..ရီ ငါ ပြောချင်တာ….
သီရိက စက်ဘီးကို စတွန်းနေပြီ ။ ငတင်က ဘေးက လိုက်လို့ တရွာတည်း သားတွေပဲ သီရိရယ် ငါ က က်ြဝါသနာပါတာကို နင်နားလည်ပေးပါ
သီရိက စက်ဘီးကို တွန်းရာက ရပ်လိုက်တယ် ။ ကိုတင် ဘာကိုနားလည်ရမှာလဲ ဘာဆိုင်လို့လဲ ရှင်က ကျွန်မကို…
ငတင်က ပျာပျာ သလဲ မ..ဟုတ်..ဘူး မဟုတ်ဘူးသီရိ ဟိုလေ နားလည် ပေးပါဆိုတာ လောင်းကစား သမားကြီးလို့ မမြင်စေချင်ဘူးကွာ ကိုယ်လေ……
သီရီက စက်ဘီးကို တွန်းသွားနေပြီ ငတင်က ကြက်ဖရွှေနီရဲ့ ခေါင်းကိုပွတ်ပြီး ဆက်ပြောနေတယ်။
ကိုယ်က သီရိ အတွက်ဆို ဘာမဆို စွန့်လွှတ်ရဲပါတယ် ။ဒီကြက်က အကျိုးပေးတယ် ငွေရတယ် ဒါကို သီရိက ငြိုငြင် တယ် ဆိုရင် ကိုယ်လေ ဒီကြက်ကို စွန့်…စွန့်ရဲ
ကြက်ငတင် ခေါင်းထောင်ကြည့်လိုက်တော့ သီရိ မရှိတော့ ဘူး သူစိတ်လှုပ်ရှားပြီး စကားလုံးတွေ ရှာနေတာနဲ့တင် ထွက်သွားတာ သတိမထားမိဘူး။ သူကို ကြည့်နေတဲ့ စပ်စုတတ်တဲ့ ဒေါ်အာကျယ်နဲ့ အပျိုကြီး မတုတ်တို့တော့ ငေးကြည့်နေတယ်။ သူရှက်ရှက်နဲ့ ပဲ နောက်ပြန်လှည့်လို့ ခပ်သုတ်သုတ်လျှောက် ပြီး ပြန်လာခဲ့တော့တယ်။

About htet way

has written 133 post in this Website..