How to climb the mountain (တောင်တက်နည်း) – ၂

Respect your body

မင်းရဲ့ ရုပ်ခန္ဓာကို အလေးထားပါ။

 

You will only manage to climb the mountain if you give your body the care it deserves. You have all the time that life gives you, so do not demand too much from your body. If you walk too quickly, you will grow tired and give up halfway. If you walk too slowly, night might fall and you will get lost. Enjoy the landscape, drink the cool spring water, and eat the fruit that Nature so generously offers you, but keep walking.

 

မင်းရဲ့ ခန္ဓာကိုယ်ကို ထိုက်သင့်တဲ့ ဂရုစိုက်မှုသာ ပေးနိုင်ခဲ့မယ်ဆိုရင် မင်းတက်ရမယ့်တောင်ကို ကောင်းကောင်းတက်နိုင်မှာပါ။ မင်းမှာ ဘဝက ပေးထားတဲ့ အချိန်တွေရှိပြီးသားပဲ။ ဒါကြောင့် ခန္ဓာကိုယ်ကနေ အများကြီးမတောင်းဆိုပါနဲ့။ မြန်မြန်လမ်းလျှောက်မယ်ဆိုရင် ပင်ပန်းပြီးတော့ လမ်းတစ်ဝက်မှာတင် အရှုံးပေးရလိမ့်မယ်။ ဖြေးဖြေးလျှောက်မယ်ဆိုရင်လည်း ညရောက်သွားပြီး ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုခံစား၊ အေးမြတဲ့ရေကိုသောက်ပြီး သဘာဝတရားကြီးက ရက်ရောစွာပေးကမ်းထားတဲ့ အသီးအနှံတွေကို စားပါ။ ဒါပေမယ့် လမ်းကိုတော့ ဆက်လျှောက်နေပါစေ။

 

Respect your soul

မင်းရဲ့ စိတ်နှလုံးသားကိုလည်း အလေးထားပါ။

 

Don’t keep repeating, ‘I’m going to do it’. Your soul knows this already. What it needs to do is to use this long walk in order to grow, to reach out as far as the horizon to touch the sky. Obsession will not help you in the search for your goal, and will end up spoiling the pleasure of the climb. On the other hand, don’t keep repeating ‘It’s harder than I thought,’ because that will sap your inner strength.

 

ငါလုပ်ရတော့မယ် ဆိုပြီး ထပ်ခါထပ်ခါ သတိမပေးပါနဲ့။ မင်းရဲ့စိတ်က ဒါကို သိပြီးသားပါ။ မင်းလုပ်ဖို့လိုတာကတော့ မိုးကောင်းကင်ထိတိုင် ဝေးနိုင်သမျှဝေးဝေး ရောက်သွားနိုင်ဖို့ မင်းရဲ့ ခရီးရှည်ကြီးကို ဆက်လျှောက်သွားဖို့ပဲ။ စိတ်ကိုဆွပေးနေတာက မင်းရဲ့ ပန်းတိုင်ကိုရောက်အောင်သွားဖို့ ကူညီပေးမှာ မဟုတ်ဘူး။ တောင်တက်နေရတဲ့ ပျော်ရွှင်မှုအရသာကိုလည်း အဆုံးသတ်သွားစေလိမ့်မယ်။ ဒါပေမယ့် ‘ငါထင်ထားတာထက် ပိုပင်ပန်းတာပဲ’ လို့လည်း ထပ်တလဲလဲမတွေးပါနဲ့။ အဲဒါက မင်းရဲ့ကိုယ်တွင်းက စွမ်းအားကို ယုတ်လျော့စေပါလိမ့်မယ်။

 

Be prepared to go the extra mile        

(မှန်းထားတာထက်) ပိုသွားနိုင်ဖို့ ပြင်ဆင်ထားပါ။

 

 

 

The distance to the top of the mountain is always greater than you think. There is bound to come a moment when what seemed close is still very far away. But since you are prepared to go still further, this should not be a problem.

 

တောင်ထိပ်ကိုသွားရမယ့် ခရီးအကွာအဝေးက မင်းထင်ထားတာထက် ပိုမြင့်မားပါတယ်။ နီးတယ်လို့ထင်ရတာတွေက ဝေးနေတုန်းပဲဆိုတာတွေ ဖြစ်လာတော့မယ်။ ဒါပေမယ့် မင်းသာ (မှန်းထားတာထက်) ပိုသွားနိုင်ဖို့ ပြင်ဆင်ထားခဲ့မယ်ဆိုရင် အဲဒါက ပြဿနာမရှိတော့ပါဘူး။

 

 

 

Be joyful when you reach the top

ထိပ်ဆုံးကိုရောက်သွားတဲ့အခါ ပျော်ရွှင်မှုကိုခံစားပါ။

 

Cry, clap your hands, shout out loud that you made it; let the wind (because it is always windy up there) purify your mind, cool your hot, weary feet, open your eyes, blow the dust out of your heart. What was once only a dream, a distant version, is now part of your life. You made it, and that is good.

 

အော်ဟစ်ပါ။ လက်ခုပ်တီးပါ။ မင်းလုပ်ခဲ့တာတွေကို အကျယ်ကြီးအော်ထုတ်လိုက်ပါ။ လေနုအေးတွေနဲ့ (အပေါ်မှာ အမြဲတမ်းလေတိုက်နေတဲ့အတွက်) မင်းရဲ့စိတ်ကို သန့်စင်စေလိုက်ပါ။၊ မင်းရဲ့ ပူလောင်ပြီး ပင်ပန်းနေတဲ့ခြေထောက်တွေကို အေးမြစေလိုက်ပါ။ မျက်လုံးတွေကို ဖွင့်စေလိုက်ပါ။ နှလုံးသားထဲက အညစ်အကြေးတွေကို လွှင့်ထုတ်စေလိုက်ပါ။ တစ်ချိန်တုန်းက အိပ်မက်ဖြစ်ခဲ့တဲ့ အလှမ်းဝေးခဲ့တဲ့အရာက အခုတော့ မင်းဘဝအစိတ်အပိုင်းဖြစ်သွားပါပြီ။ မင်းဒါကို လုပ်ခဲ့တယ်။ တကယ်ကောင်းတယ်။

 

Make a promise

ကတိပြုပါ။

 

Now that you have discovered a strength you did not even know you had, tell yourself that you will use it for the rest of your days; promise yourself, too, to discover another mountain and set off on a new adventure.

 

အခုတော့ မင်းမှာရှိတယ်လို့ သိတောင်မသိခဲ့တဲ့ မင်းရဲ့ခွန်အားစွမ်းရည်တွေကို မင်းရှာဖွေတွေ့ရှိသွားပြီ။ မင်းရဲ့ ကျန်ရှိနေတဲ့ နေ့ရက်တွေမှာ ဒီခွန်အားကို သုံးမယ်လို့ ကိုယ့်ကိုယ့်ကို ပြောလိုက်ပါ။ နောက်ပြီး နောက်တောင်တစ်လုံးကို ရှာဖွေပြီး စွန့်စားမှုအသစ်တစ်ခု စတင်ဖို့ ကိုယ့်ကိုကိုယ် ကတိပေးပါ။

 

Tell your story

မင်းရဲ့ဇာတ်လမ်းကို ပြောပြပါ။

 

Yes, tell your story. Be an example to others. Tell everyone that it’s possible, and then others will find the courage to climb their own mountains.

 

ဟုတ်ပါတယ်။ မင်းရဲ့ ဇာတ်လမ်းကို ပြောပြပါ။ အခြားသူတွေအတွက် နမူနာတစ်ခု ဖြစ်ပါစေ။ ဖြစ်နိုင်ရင် လူတိုင်းကို ပြောပြပါ။ ဒါဆိုရင်တော့ အခြားလူတွေကလည်း သူတို့ရဲ့ ကိုယ်ပိုင်တောင်ကို တက်နိုင်ဖို့ ဇွဲသတ္တိတွေကို တွေ့ရှိသွားလိမ့်မယ်။

 

ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုရောက်အောင် သွားမလဲဆိုတာကို တောင်တက်နည်းနဲ့ နှိုင်းယှဉ်ပြောပြထားတဲ့ စိတ်ခွန်အား စာစုလေးတွေပါ။ အရမ်းကြိုက်လို့ ဘာသာပြန်လိုက်ပါတယ်။ တစ်ချို့အီဒီယမ်တွေက ဘာသာပြန်ရတာ နည်းနည်းအခက်အခဲရှိပါတယ်။ မှားတာတွေရှိရင်လည်း ပြင်ပေးကြပါလို့ တောင်းဆိုပါတယ်။

 

ခင်မင်စွာဖြင့်…

မွန်မွန်

3 comments

  • mamanoyar

    July 10, 2012 at 11:31 am

    မွန်မွန်ရေ အရမ်းကိုကျေးဇူးတင်ပါတယ်
    ဖတ်ရတာ တကယ့်ကိုအကျိုးရှိပါတယ်

  • မောင်ပေ

    July 10, 2012 at 11:40 am

    အတော်ဘဲ ၊ ကွက်တိဘဲ…
    ဝိတ်ချဖို ့တောင်တက်ဖို ့စိတ်ကူးနေတာနဲ ့
    မမွန် တောင်တက်နည်းနဲ ့ကွက်တိ
    ကျေးကျေးပါနော

  • တောသားလေး

    July 10, 2012 at 1:14 pm

    ကောင်းတယ်ဗျာကျွန်တော်လည်းတောင်တက်ချင်ခဲ့တာ ခုလိုတင်ပေးတော့ကျေးဇေူးတင်တယ်ဗျာ

Leave a Reply