အင်တာနက်ကို E-mail ပို့ရုံ၊ Chat လုပ်ရုံပဲလို့သာ သင်ထင်နေသလား

manawphyulayJune 30, 20101min1529

အင်တာနက်ဆိုတာ ……….
အသုံးဝင်မှု အပိုင်းကပြောရင် ကမာ္ဘတစ်ဝှမ်းက လူသန်းပေါင်း (၁၃၀၀)ကျော်ပါဝင်နေတဲ့ မြို့တော်ကြီးတစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ကမာ္ဘပေါ်က လူသန်းပေါင်း (၇၅၀၀) ကျော်ရဲ့ ၆ပုံ ၁ပုံ က ဒီနေ့ခေတ်မှာ အင်တာနက်ပေါ်က တစ်ဆင့် အချင်းချင်းချိတ်ဆက်၊
ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ စာမတက်တဲ့သူ၊ ကိုယ်အင်္ဂါချို့တဲ့သူ ၊ နားမျက်စိ အလင်း မရသူများတောင်မှ အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုလာနိုင်ပြီလို့ ဆိုရမှာ ဖြစ်ပါ တယ်။
လူသန်းပေါင်းများစွာ အသုံးပြုတဲ့ အင်တာနက်ရဲ့ အသုံးပြုခကလည်း သာမန်ဆင်းရဲသူများပါ သုံးလာနိုင်အောင် ဈေးနှုန်းသက်သာလာတဲ့အတွက် ကမာ္ဘဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အင်တာနက် အသုံးပြုမှုဟာလည်း တစ်နေ့တစ်ခြားတိုးတက်များပြားလာခဲ့ပါတယ်။ လူကြီးလူငယ်မရွေး အင်တာနက်ကြိးကို ပါးစပ်ဖျားက မချ ၊ လက်ကကိုင်လာနိုင်တဲ့ အင်တာနက်ရဲ့ တန်ခိုးအရှိန် ဟာ ကြီးမားလာနေပါပြိ။ အင်တာနက်ကို ကမာ္ဘတစ်ဝှမ်းက ချိတ်ဆက်အသုံးပြုနေတဲ့ နှုန်းထားဟာ ဆိုရင်ဖြင့် တစ်နာရီထက် တစ်နာရီ ပိုပြီး တိုးတက်လျက် ရှိပါတယ်။ အင်တာနက်ဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကြောင်းအရာပေါင်းစုံကို တစ်ထိုင်တည်း၊ တစ်ချက် တည်းနဲ့ ရှာဖွေပေးနိုင်ပြီး လွယ်ကူလျင်မြန်စွာ ကမာ္ဘတစ်ဝှမ်းနဲ့ ဆက်သွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒီတော့ အင်တာနက်သုံးတဲ့အခါ ဘာတွေသိထားရမလဲဆိုတာ ဒီမှာ ဖေါ်ပြပေးလိုက်ပါတယ်။

9 comments

  • wunnakoko

    June 30, 2010 at 7:09 am

    ကျေးဇူးပါ။ အစ်မဆိုဒ်ပြောင်းသွားတာလား?
    နည်းပညာ ဗဟုသုတ ဖြန့်ဝေပေးလို့ကျေးဇူးတင်ပါတယ်။

  • manawphyulay

    June 30, 2010 at 7:17 am

    အင်း ဆိုက်လင့် ပြောင်းလိုက်တာပါ။

  • etone

    June 30, 2010 at 10:23 am

    ဒီမှာဖော်ပြပေးတယ်ဆိုပြီး ဘာမှလည်းဆက်မရေးဘူး ။ ထပ်ရေးပါဦး ဘယ်မှာဆက်ဖတ်ရမှာလဲ ။

  • snow white

    March 6, 2012 at 6:41 pm

    မမမနောရေအင်တာနက်သုံးတာတော့ကောင်းပါတယ် connectionကောင်းပါစေလို့လည်း ဆုတောင်းရပါသေးတယ် နည်းပညာလေးတွေ ဗဟုသုတလေးတွေ ရေးပေးတဲ့အတွက်ကျေးဇူး တင်ပါတယ်

  • htet way

    March 6, 2012 at 7:00 pm

    စာရေးတာ ပရဟိတအလုပ်ပါ
    စာဖတ်သူအတွက် ပေးချင်တဲ စေတနာက နံပတ်တစ်ပဲ။
    ဂေဇက်က ဆိုက်ထဲမှာ တော်တော် ကောင်းတဲ့ ၊စာစုံဖတ်ရတဲ့ နေရာပဲ။
    ဆရာမလေး မနောဖြူလေးက ဟို ကိုသွားကြည့်ပါဆိုတော့ ဒီစာကို ကြော်ငြာခေါ်ရမယ် တနည်း ကြော်ငြာလမ်းညွှန်ပေါ့။
    ကြော်ငြာလမ်းညွှန်ကို ဖတ်ပြီးသကာလကျွနပ်သည် အင်တာနက်သုံးပုံသုံးနည်းကိုသိလိုမိ၍
    ၎င်းဆိုက်သို့သွားရပြန်ပါပြီ။ ဟာ ဟ

  • krystal lin

    May 29, 2012 at 12:22 pm

    အယ် ဖတ်နေရင်းနဲ့ သိချင်တာတွေကျတော့ မပြောပြဘူး။ ဆက်ရေးပါဦး။ ဟိုကိုသွားကြည့်တာ ဘာမှလည်းမတွေ့ရဘူး။

  • eipu

    May 29, 2012 at 1:45 pm

    connection ကစိတ်ဓါတ်နဲ့အပြိုင်ကျနေပါလား

Leave a Reply