ဂုဏ်ယူပါတယ် မရည်မွန်အောင်မိုး

lynn lynnJuly 10, 20121min13017

ခေတ်လူငယ် ဝက်ဆိုဒ်မှာ မရည်မွန်အောင်မိုးရဲ့ သတင်းလေးကို ဖတ်လိုက်ရလို့ အရမ်းကို ဂုဏ်ယူမိပါတယ်။
{AAET မှ ကြီးမှူးကျင်းပသည့် Working Towards a low Carbon Society for ASEAN အတွက် စာစီစာကုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသူတစ်ဦး ပထမဆုရရှိခဲ့ကြောင်း သိရသည်။ “AAET အဖွဲ့ချုပ်က အကဲဖြတ်အဖွဲ့ရဲ့ စိစစ်အကဲဖြတ်ချက်အရ မရည်မွန်အောင်မိုးက အာဆီယံ ဒေသတစ်ခုလုံးအတွက် ပထမရခဲ့ပါတယ်။ ပထမဆုအနေနဲ့ ဒေါ်လာ ၃၀၀ဝ ဆုရမှာပါ” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ CEO ဦးမြင့်စိုးက ပြောသည်။ အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ မရည်မွန်အောင်မိုး၊ မောင်ထွန်းလျှံထန်း၊ ကိုမင်းစိုးသူရတို့ သုံးဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ မရည်မွန်အောင်မိုးမှာ အာဆီယံ ဒေသတစ်ခုလုံးအတွက် ပထမဆု ရရှိခဲ့ကြောင်း သိရသည်။ မရည်မွန်အောင်မိုးမှာ နည်းပညာတက္ကသိုလ် သန်လျင်မှ BE.Civil ဘွဲ့ရတစ်ဦးဖြစ်ပြီး ယခုအခါ ME.Civil ကို ဆက်လက်သင်ယူနေသည့် ကျောင်းသူတစ်ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲဝင် စာစီစာကုံးများကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကုန်တွင် ပေးပို့ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန် ၆ ရက်တွင် ပထမဆုရရှိကြောင်း အသိပေး ကြေညာခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဒီဇင်ဘာလတွင် အဆိုပါဆုအား AAET အဖွဲ့ချုပ်ရှိရာ မလေးရှားသို့ သွားရောက်၍ ဆုယူရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁ဝ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ “}

ကိုယ်မစွမ်းနိုင်တာကို စွမ်းဆောင်ပေးတဲ့ မရည်မွန်အောင်မိုးကို ကျေးဇူးလည်းတင် ဂုဏ်လည်းယူမိပါတယ်။

17 comments

  • mamanoyar

    July 10, 2012 at 11:04 am

    ဒီသတင်းလေးကြားရတာ အရမ်းကို ဝမ်းသာမိပါတယ်
    ဂုဏ်ယူပါတယ်ရှင်

  • shwe kyi

    July 10, 2012 at 11:10 am

    တို့လူငယ်တွေတော်လာပြီကွ။ ဒါမှမြန်မာ။

    • laypai

      July 10, 2012 at 4:52 pm

      တို့လူငယ်တွေတော်လာပြီကွ။ ဒါမှမြန်မာ။
      ဟုတ် ပါတယ် shwe kyi ရေ။
      မြန်မာ ဆို တာ အရင် ထဲ က လူ တော် တွေ ပါ။ မြေထောင် မြှောက် ပေး မှု နဲ့ တော် ကြောင်း တတ် ကြောင်း ပြသနိုင် တဲ့ အခွင့် အရေး ရှိ ဖို့ ပဲ လို တာပါ။

      ( BTW ဆု ရ စာစီစာကုံးလေးပါ ပို့ ထဲ မှာ ပါရင် ပို ပြည့် စုံ မယ် နော်။ )

      ပို့ ရေး သူ နှင့် ထပ်တူ
      မိဘ ဆရာသမား ဆွေမျိုး များနှင့် ထပ် တူ
      မန်းဂေ ဇက် ညီအကို မောင်နှမ များနှင့် ထပ်တူ
      ဂုဏ်ယူပါတယ် မရည်မွန်အောင်မိုး………….။

  • မောင်ပေ

    July 10, 2012 at 12:07 pm

    ဒေါ်လာသုံးထောင် * ၈၈ဝကျပ် = ၂၆၄၀၀၀ဝ နှစ်ဆယ့်ခြောက်သိန်းလေးသောင်းကျပ်
    တော်တော်များတဲ့ စာမူခ ၊ အဲလေ စာစီစာကုံးဆုဘဲ
    တို ့ဂေဇက်က သဂျီးလဲ သည်လိုလေးလုပ်ပေးရင်… ရှယ်ဘဲ ။

    • snow white

      July 10, 2012 at 6:21 pm

      မကြာမီလာမည်စောင့်မျှော် ကိုဦးဦးပေ ရယ် သူကြီးစဉ်းစားနေတယ် ဘယ်လောက်ဆုချရင်ကောင်းမလည်းလို့ စောင့်တော့စောင့်နေ ဒေါ်လာတော့ဒေါ်လာ ပေးပြီးပြိုင်ပွဲတစ်ခုလုပ်ပေးလိမ့်မယ်လို့ထင်တယ် သူကြီးလည်း ပိုက်ဆံစုနေလို့နေမယ် ပြိုင်ပွဲတွေ မှာဆုကြေးငွေ သိပ်မပေးသေးတာနေမယ် ..

  • တောသားလေး

    July 10, 2012 at 12:52 pm

    ဝမ်းသာစရာပါဗျာ ခုလိုဆုရတဲ့အတွက်မြန်မာလူငယ်တွေတော်လာပြီးဆိုတာ လူအများသိပြီးပေါ့
    ဒါမှတို့မြန်မာကွ။

  • MaMa

    July 10, 2012 at 1:36 pm

    မြန်မာတွေမညံ့ဘူးဆိုတာကို သက်သေပြလိုက်နိုင်တာမို့……….
    ကြီးကြီးကျယ်ကျယ် ပြောရရင် ရတဲ့ဆုငွေထက် အမျိုးဂုဏ်ကို မြှင့်တင်နိုင်လိုက်တာ က ပိုဂုဏ်ယူစရာကောင်းပါတယ်။
    🙂

  • Thu Wai

    July 10, 2012 at 2:12 pm

    နဂိုထဲ ကမြန်မာ လူငယ်တွေက တော်ပြီးသားပါ ဒါပေမယ့် တောက်မယ့်မီးခဲ ကို စစ်အစိုးရဆိုတဲ့ ပြာအကြီးကြီးက ဖုံးထားတာ ရယ် ပညာတတ်လူငယ်တွေ ကဒီနိုင်ငံမှာအခွင့်အလမ်းမရှိလို့ နိုင်ငံခြားထွက်ကြတာတွေရယ်ကြောင့်ပါ

  • Knowledge Seeker

    July 10, 2012 at 3:30 pm

    To Ma Yi Mon Aung Moe

    Congratulations !!!
    We really are proud of you who upkeep the glory of our country.

    Thank you so much and appreciation.

    Knowledge Seeker

  • Thekka

    July 10, 2012 at 3:48 pm

    တကယ့်ကို မင်္ဂလာသတင်းလေးပါ။ အနာဂတ်ခေတ်မှာ လင်းလက်လာမယ့် ညီမလေးကို မြန်မာနိုင်ငံအနေနဲ့ရော မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ပါ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။

  • နှင်းဆီ ငုံ

    July 10, 2012 at 5:00 pm

    Congratulation ပါ ညီမလေးရေ … ဒီ့ထက် ဒီ့ထက် ပိုပိုအောင်မြင်ပြီး မြန်မာနိုင်ငံ ကောင်းကျိုးအတွက် ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ညီမလေးရေ …

  • snow white

    July 10, 2012 at 6:24 pm

    မရည်မွန်အောင်မိုး
    ဂုဏ်ယူပါတယ် တို့မြန်မာတွေ ဂုဏ်တက်အောင်ဆုရအောင်လုပ်ပေးလို့ မမ မရည်မွန်အောင်မိုးကို ကျေးဇူးတင်ပါတယ်။။

  • ဇွဲမာန်(အင်းဝ)

    July 11, 2012 at 12:37 am

    ဂုဏ်ယူပါတယ်နော် ကမ္ဘာမှာမြန်မာလို့ဝင့်ကြွားရပြီပေါ့…။

  • Foreign Resident

    July 11, 2012 at 2:58 am

    အင်း ၊ Master တန်းတက်နေတဲ့ တက္ကသိုလ် ကျောင်းသူ တစ်ယောက်က
    စာစီစာကုံး ပြိုင်ပွဲမှာဆုရတယ် ။

    အဘ အနေနှင့် ပြောရမယ် ဆိုရင်တော့
    ဒီသမီးလေး English တော့ ကောင်းသားပဲ လို့ပဲ ပြောနိုင်ပါသေးတယ် ။
    English စာ တော်တယ်လို့တော့ မပြောနိုင်သေးပါဘူး ။

    နိုင်ငံ နှင့် ၊ လူမျိုး နှင့် ချီပြီး ချီးကျူး ဂုဏ်ယူ ဖို့လား ၊
    စိတ်တောင်မကူးမိဘူး ။

    • first last

      July 12, 2012 at 9:25 am

      Do you know about that competition level?, May be for armature or may be for professional. I think that is for professional because of price amount in small for asean nations.

  • first last

    July 12, 2012 at 9:26 am

    sorry for mistyping.

    Do you know about that competition level?, May be for armature or may be for professional. I think that is for professional because of price amount is not small for asean nations.

  • ခပ်မိုက်မိုက် ကောင်မလေး

    July 12, 2012 at 11:10 am

    မရည်မွန်အောင်မိုး…
    မိုက်လေး…ကလည်းဂုဏ်ယူပါတယ်ရှင်…
    ဆက်လက်ကြိုးစားပါနော်….
    ဒီထက်မက ထူးချွန်ပါစေ…….။

Leave a Reply