ဆောင်ထားအပ်တဲ့ ( ခ ) ၃ လုံး။

ခင္ခJuly 10, 20121min17920

ဆရာတော်ဦးဇောတိက၏ ဟောကြားသောတရားထဲက ကောက်နုတ်ထားတာပါ။

လောကဓံ(၈)ပါးကို လူတိုင်းကြုံလာတိုင်း အစဉ်ဆောင်ထားအပ်တဲ့ ( ခ ) ၃ လုံးကို စကားလက်ဆောင်ပါးချင်ပါတယ်။

ခံနိုင်ရည်ရှိခြင်း

ခွင့်လွှတ်ခြင်း

ခံစားမှု့နောက်မလိုက်ခြင်း။

တို့ဖြစ်ပါတယ်။ လောကဓံ(၈)ပါးက-

၁။ လာဘ်ရခြင်း

၂။ လာဘ်မရခြင်း

၃။ အချွေအရံ ပေါများခြင်း

၄။ အချွေအရံ နည်းပါးခြင်း

၅။ ချမ်းသာခြင်း

၆။ ဆင်းရဲခြင်း

၇။ ချီးမွမ်းခြင်း

၈။ ကဲ့ရဲ့ခြင်း  – စသည့်ဖြင့်ရှိကြပါတယ်။

ဝန်ထမ်းတွေဆိုရင် လစာထုတ်ရက်က လာဘ်ရပြီး၊ ကျန်ရက်တွေကတော့ လာဘ်မရဘူးပေါ့။ တစ်ချို့ဝန်ထမ်းတွေမှာ လကုန်ရက်ဆို နံဘေးမှာအချွေအရံတွေ ပေါမှပေါလေ၊ ကြွေးလာတောင်းကြ သူတွေပါ။ လလည်လောက်ဆိုရင် အဲဒီအချွေအရံ နည်းလိုက်တာမှ ကိုယ့်ကိုလှမ်းတွေ့ပြီဆိုတာနဲ့ ပြေးမယ့်သူတွေများလို့လေ။ သူတို့ကငွေချေးမှာကြောက်လို့ပါ။ လဆန်းရက်ကတော့ ချမ်းသာခြင်း ဖြစ်ပေမယ့် လကုန်ရက်နီးလာလေ ဆင်းရဲမှု့ကြုံရလေပေါ့။ အလုပ်ထဲမှာတော့ ကိုယ်လုပ်တာကို ချီးမွှမ်းတဲ့သူလည်းရှိသလို အကောင်းမမြင်ဘဲ ကဲ့ရဲ့တဲ့သူတွေလည်းရှိတာဘဲပေ့ါ။ လောကဓံ(၈)ပါး ကိုတစ်လ တစ်လ ခံနိုင်ရည်ရှိအောင်၊ ခံစားမှု့နောက်မလိုက်ဘဲ ခွင့်လွှတ်တတ်အောင် နေကြရတယ်လေ။

ဟိုတွေးဒီတွေးရေးလိုက်တာကို ဖတ်ရှုအားပေးခြင်းအတွက် ကျေးဇူးပါ။

 

 

 

 

 

20 comments

  • etone

    July 10, 2012 at 3:00 pm

    ကိုခင်ခနော် … အတည်ပေါက်နဲ့ … ။
    အစဖတ်တုန်းကတော့ … မောင်းတင်ထားတာ … ။
    အရင်ကလို စိတ်ဝင်စားစရာကောင်းမယ့် ပို့စ်မျိုးရေးတော့မယ်မှတ်တယ် … ပြီးမှ အဖျားရှူးသွားတယ် … သို့သော်လည်း ခသုံး လုံးကို အမြဲဆောင်ဖို့ကတော့ .. နေရာဒေသနဲ့ အချိန် ၊ စိတ်ခံစားမှုတွေပေါ် မူတည်နေတာမို့ …… လွယ်တော့မလွယ်ဘူးပဲနော် … 🙄

  • ဘဲဥ

    July 10, 2012 at 3:13 pm

    ပြတ်တုံးငတ်တုံး နှစ်ဆယ့်သုံးဆိုဘဲဗျ ဟိဟိ

    • etone

      July 10, 2012 at 3:34 pm

      ဟိုချေး ဒီချေး … နှစ်ဆယ့်လေး
      ပေါင်နှံရှာစား နှစ်ဆယ့်ငါး
      ကျီးကန်းတောင်းမှောက် နှစ်ဆယ့်ခြောက် …. ကျန်တာတော့ … နာလည်း မမှတ်မိတော့ဘူး ဘဲဥရေ … အဟိ … ။ 😀

      • Khaing Khaing

        July 10, 2012 at 4:13 pm

        အော် …. လခစားတွေကဒါတွေကိုသိတာပေ့ါလေ …… ဒို့လို သူဌေးမတွေကတော့ ဒါတွေမသိဘူး…… ခစ်ခစ်ခစ် …..
        ဟိုလစ်ဒီလစ် နှစ်ဆယ့်ရှစ်
        ဟိုလူဆီက ခိုးဒီလူဆီကခိုး နှစ်ဆယ့်ကိုး
        သုံးဆယ် သုံးဆယ်တစ် အကြွေးဗလပျစ် ….. အစ် အစ် အစ်

  • lynn lynn

    July 10, 2012 at 3:32 pm

    ခံနိုင်ရည်ရှိခြင်း
    ခွင့်လွှတ်ခြင်း
    ခံစားမှု့နောက်မလိုက်ခြင်း

  • lynn lynn

    July 10, 2012 at 3:35 pm

    ခသုံးလုံးကို ဆောင်ထားဖို့လက်ဆောင်ပါးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    k သုံးလုံးကိုကော ဆောင်ရမလား၊ ရှောင်ရမလားဟင်။ နောက်တာပါ။

    • ho leo

      July 10, 2012 at 4:03 pm

      တကယ်မသိလိုပါ
      မေးပါရစေ
      (ခ) သုံးလုံးတော့သိပါပြီ ကိုခင်ခ ပြောလို့
      kသုံးလုံးက ဘာတွေလည်းမသိဘူး။ ဖြေပေးပါနော်။

  • mayjuly

    July 10, 2012 at 3:43 pm

    ခံနိုင်ရည်ရှိခြင်း ( ဒါကတော့ မရှိသေးပါဘူး..တော်တော်ကြိုးစားရမှာပဲ)

    ခွင့်လွှတ်ခြင်း ( ခွင့်လွှတ်ခြင်းကတော့ အသင့်အတင့်ပဲဗျ..အသက်အရွယ်က စကားပြောမယ်ထင်ပါ့.. )

    ခံစားမှု့နောက်မလိုက်ခြင်း။ (အင်း ဒါကတော့ ရသေးဘူးပေါ့နော်…ကောင်းတာလေး စားလိုက်ရမှ ကောင်းတာ ဝတ်လိုက်ရမှ ) 😀

  • ko khin kha

    July 10, 2012 at 3:59 pm

    မအိတုံရေ ပထမဆုံးကွန့်မန်အတွက်ကျေးဇူးပါ။
    တစ်ခါတလေတော့လည်း ရွာသူရွာသားတွေအပျင်းပြေစေချင်လို့
    ခပ်နောက်နောက်လေးရေးမိတာပါဗျာ။

  • ko khin kha

    July 10, 2012 at 4:00 pm

    လင်းလင်းရေ K သုံးလုံးကတော့ ဆောင်မထားနဲ့ဗျို့ ဝေးဝေးကသာပြေးပေတော့နော်။

    • မစ္စတာ တောက်တဲ့

      July 10, 2012 at 4:20 pm

      ဒါဆို ဘာမှ ပြောတော့ဘူး ..
      လစ်တော့မယ် K သုံးလုံးဂျီးရေ ….
      😀 😀

  • ရွှေရည်နိုင်

    July 10, 2012 at 4:29 pm

    အိမ်ထောင်သည်ယောက်ျားတွေအတွက် (ခ) 3 လုံးလည်းရှိသေးသဗျ။
    ခေါ် ရင်လာ
    ခိုင်း ရင်လုပ်
    ခံ မပြောနဲ့ တဲ့

    တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်ကြပါကုန်။

  • snow white

    July 10, 2012 at 4:40 pm

    ကိုဘဲဥပြောတာမှန်ပါ့ အဲ့စကားထောက်ခံတယ် ” ပြတ်တုံးငတ်တုံး နှစ်ဆယ့်သုံးဆိုဘဲဗျ ” တကယ်ကိုအဲ့ရက် ကျရင် တောင်းရပြီ အိမ်ကနေ ဟီးးးးးးးးးး မှန်ပါ့။။။

  • ဇောက် ထိုး

    July 10, 2012 at 5:38 pm

    ခံနိုင်ရည်ရှိခြင်း

    ခွင့်လွှတ်ခြင်း

    ခံစားမှု့နောက်မလိုက်ခြင်း။
    မှတ်သားထိုက်ပါတယ်ခင်ဗျာ။

  • တောသားလေး

    July 10, 2012 at 8:42 pm

    အပျင်းတော့ပြေတယ်ဗျ…….ဒါပေမဲ့ k သုံးလုံးတော့နားမလည်းဘူးဗျ ဆောင်ရမှာလား ရှောင်မလား

  • မောင်ပေ

    July 10, 2012 at 9:15 pm

    ဆောင်ထားရမယ့်လူထဲမှာ ကိုခင်ခ လဲ ပါတယ်
    ပိုက်ဆံချေးလို ့ရတယ်။

  • TTNU

    July 10, 2012 at 11:25 pm

    ကိုခင်ခရေ…
    ကိုခင်ခရေးတဲ့ ခသုံးလုံး ကို ခွဲခွဲခြားခြားသိခွင့်ရတာ ကျေးဇူး။
    ဖတ်ရတာရှင်းတာမို့ ခက်ခက်ခဲခဲ လည်းမဖြစ်ဘူး။
    ဒါကြောင့် အခါခါလည်းမဖတ်ရဘဲနဲ့ ခွပ်ခနဲ မှတ်မိသွားတယ်။
    ( ခ ဘယ်နှစ်လုံးရသွားပြီလဲ) 🙂

    ကိုခင်ခရေ တီချာနဲ့ခုမှတွေ့ဖူးတာမို့ နှုတ်ဆက်တာပါ။

  • ko khin kha

    July 11, 2012 at 11:39 am

    လင်းလင်းရေ မင်းလုပ်တာနဲ့ K သုံးလုံးကိုဘာလဲမေးနေကြပြီ။
    ရွာသူားတို့ရေ K သုံးလုံးက ဘာမှမဟုတ်ပါဘူး လင်းလင်းက Ko Khin Kha ကိုရှေ့က K တွေစုပြီး နောက်ရေးလိုက်တာပါဗျာ။

  • kyeemite

    July 11, 2012 at 4:15 pm

    မဆလ ခေတ်ကဆောင်ထားကြတဲ့ ခ သုံးလုံးကတော့…
    ခိုင်းတာလုပ်
    ခံမပြောနဲ့
    ခိုးစား..
    တဲ့..အဟီး

Leave a Reply