တစ်ရေးနိုးသော် အကြံပေါ်…

may flowersJuly 10, 20121min22833

ရွာသူားတို့ရေ…….မေဖလားဝါးလဲရွာထဲကို  ဝင်ပြီးမမန့်ဘူးမရေးဘူးဆိုပြီး နေတာတစ်ပါတ်လောက်တော့ရှိပြီ

ပေါ့။ ဒီတစ်ပါတ်အတွင်း အပြန်ပြန်အလှန်လှန်စဉ်းစားတယ်………ငါဘာမှားသွားလဲပေါ့လေ။

အမှန်တော့ မေဖလားဝါးရေးတဲ့ ပိုစ့်တွေတော်တော်များများက( ကောင်းချင်မှလည်းကောင်းမှာဖြစ်ပေမဲ့) မေ

ဖလားဝါး ကိုယ်တိုင်ရေးတာတွေသာများပါတယ်။ အမှန်တော့ ပထမပိုစ့်မှာ မေဖလားဝါးမှားတယ်ထင်ရင်၊ မန့်

တာ( နောက်နောက်ပြောင်ပြောင်မန့်လိုက်ပေမဲ့) ကိုစိတ်ထဲမတွေ့လို့

ပြောချင်ရင်အဲဒီပိုစ့်မှာ ပြောလိုက်ပါ။ မေဖလားဝါးမှားတယ်ထင်ရင် ပြန်တောင်းပန်ဖို့ ၊

မမှားဘူးထင်ရင် ပြန်ဖြေရှင်းဖို့အဆင်သင့်ပါပဲ။ ဒါပေမဲ့ ကိုယ့်နံမည်

တပ်ပြီး အခြားပိုစ့်တစ်ခုမှာ မန့်ထား၊ တိုက်ခိုက်ထားတော့ ခံစားရတာတော့အမှန်ပါပဲ။

နောက်ပြီး အဲဒီလူကလဲ

မေဖလားဝါး ဒီဂေဇက်ကိုစဝင်ပြီး ရေးကတည်းကမေဖလားဝါးရဲ့ပိုစ့်တွေမှန်သမျှ

ဝင်ပြီးမန့်နေတဲ့သူ၊ ထိုသူကိုလဲ

မေဖလားဝါးအပြင်မှာ မမြင်ဘူးပေမဲ့ ဂေဇက်ရွာထဲမှာတော့ အိမ်နီးချင်းကောင်း၊

မိတ်ဆွေကောင်း၊ သူငယ်ချင်း

ကောင်းအဖြစ် သတ်မှတ်ထားမိသူပါ။ ထိုလိုလူက မူရင်းပိုစ့်မှာမဟုတ်ပဲ

အခြားပိုစ့်တစ်ခုမှာ မေဖလားဝါးနံ

မည်တပ်ပြီး  ကော်ပီကူးတင်မည်ဟုကြေငြာထားသူမှာ မေဖလားဝါး  ဆိုတဲ့

ထိုသူရဲ့မန့်ကိုဖတ်ပြီး

ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းတစ်ယောက်၊ မိတ်ဆွေတစ်ယောက်၊ ဆွေမျိုးသားချင်းတစ်

ယောက်က ရုတ်တရက်ကိုယ်မထင်မှတ်ထားတဲ့ အချိန်မှာ ကိုယ့်ကိုတိုက်ခိုက်လိုက်သ

လို ခံစားချက်မျိုးနဲ့ ဝမ်းနည်းသွားမိတာတော့အမှန်ပါပဲ။ ဒါကြောင့်လည်းဘာမှ မစဉ်းစား

တော့ပဲ ငါတော့ဆက်မရေးတော့ဘူး မမန့်တော့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့မိတာပါ။

ဒါပေမဲ့ တစ်ပါတ်အကြာသွေးအေးသွားတဲ့ အချိန်ရောက်လာတော့ ကိုယ့်ကိုကိုယ်စစ်မ

ရောက်ခင် မြားကုန်နေသလို  ဘာမှမဟုတ်တဲ့အကြောင်းအရာလေးတစ်ခုကြောင့် ဒီရွာ

ထဲက အရှုံးပေးထွက်သွားသလို မျိုးခံစားချက်မျိုးဖြစ်လာမိပါတယ်။ ညက တစ်ရေးနိုး

မေဖလားဝါးဆက်အိပ်လို့ မရတော့တာကြောင့် ခေါင်းအုံးဘေးမှာထားတဲ့ ဖုန်းလေးကို

ဖွင့်ကြည့်ပြီး အရင်ကကိုယ်ရေးထားတဲ့ မန့်တွေကိုပြန်ဖွင့်ကြည့်နေမိတယ်။

ငါဘာများမှားသွား တာလည်းလို့ပါ။ ဒီတော့ မှားတာ

က တစ်ခုထဲ အဲဒါက ဘာမဟုတ်တဲ့အကြောင်းလေးနဲ့ ရွာထဲမှာ မမန့်တော့ဘူး မရေး

တော့ဘူး လို့ဆုံးဖြတ်လိုက်တဲ့ ကိုယ့်အမှားပါပဲ။ ဒါကြောင့်မို့ တစ်ရေးနိုးတော့အကြံပေါ်

ပေါ်တဲ့အကြံက မေဖလားအရှုံးမပေးပဲ ဒီရွာထဲမှာဆက်ရေးသွားပါမယ်လို့..။ရ ထားတဲ့

ပွိုင့်လေး ရှစ်ထောင်ကျော်ကိုလည်းနှမြောလို့ပါ….( နောက်တာ)။အရင်က မေဖလား

ပြောခဲ့မိတဲ့ မရေးတော့ဘူး မမန့်တော့ဘူးဆိုတဲ့စကားကို  ဘွာတေးပါဗျို့။

 

33 comments

  • etone

    July 10, 2012 at 2:35 pm

    မေဖလားဝါးရေ … ဒီရက်ပိုင်း ပို့စ်တွေ အကုန်တောင် မဖတ်နိုင်တော့တာမို့ …
    ဘယ်ကစလို့ ဘာဖြစ်လဲ မသိလိုက်တာ အမှန်ပါပဲ ။
    ဘယ်လိုပဲ ဖြစ်ဖြစ်ပါ … သံယောဇဉ်မကုန်သေးလို ့ … ရွာထဲ ပြန်ဝင်လာတာ ဝမ်းသာစရာပါပဲ …။
    ကော့မန့်တွေကလည် … အချင်းချင်း စရင်းနောက်ရင်း … ခင်လို့ ပေးကြတာများပါတယ် … (ဘာဖြစ်ထားမှန်းမသိပေမယ့်) ကော့မန့်တွေအပေါ် ဖီးလ်သိပ်မဖြစ်ပါနဲ့ … ရွာထဲမှာ ပျော်တယ်ဆိုလျှင် … မီးကုန်ရမ်းကုန်သာ ရွာလည်သာ ထွက်ပလိုက် .. အဟိ 😀

  • Thu Wai

    July 10, 2012 at 2:39 pm

    အဲဒီ ပွိုင့်တွေကို နှမြော လို့ဆိုရင် တော့ မမေ ရယ် မှားပါတယ်လို့ပြောချင်ပါ တယ် ဘာဖြစ်လို့လဲ ဆိုတော့ တစ်သိန်း ကျော်မှ ထုတ်ပေးမယ် လို့ ဆိုထားပါတယ် နောက်ပြီး ဘယ်သူက ဘယ်နေရာမှာ ဘယ်လိုထုတ်ပေးမယ်ဆိုတာတော့မသိရပါဘူး။ ဒါ့ကြောင့် ကျွန်တော် ကတော့် ဘယ်ပွိုင့်မှ ကိုမမျှော်ကိုးပဲ အများအတွက် အကျိုးရှိမယ်ထင်ရင် ရဲရဲ ရေးပါတယ်။ ကိုယ့်အတွက် အကျိုးရှိမယ်ထင်ရင်ပိုပြီးရေးပါတယ်။
    ဒါပါပဲကွယ်

    • amatmin

      July 10, 2012 at 3:18 pm

      ပွိုင့် ဆိုတာကတော့ ရွာထဲမှာ
      စကားအဖြစ်နောက်ပြောင်ပြောနေတာပါဗျာ..
      တကယ်တော့ ပွိုင့်ကိုဘယ်သူမှ
      ဒီလောက်အရေးမထားပါဘူး..
      မမေဖလားဝါးလည်း နောက်တာဆိုလား
      ပြောသလားလို့…

      မဖေဖလားဝါးရေ.
      ရွာထဲဝင်ပီးရင် ထွက်ဖို့အတော်ခက်ပါကြောင်းနဲ့
      ဆက်ရေးရင် ဆက်အားပေးနေပါကြောင်း…. 🙂

  • kai

    July 10, 2012 at 2:46 pm

    အင်း..
    နံကရိုင်းမယ်တော်ဇတ်လမ်းတွေကတည်းက.. လေဒီခိုင်က.. ဖတ်ပြီး..ကောင်းတယ်ပြောနေတာ..
    သတင်းစာနဲ့.. သိပ်မဆိုင်တာမို့.. မထည့်ဖြစ်တာလို့ပဲဆိုပါစို့..

    အဲလိုဇတ်လမ်းများ.. စောင့်မျှော်အားပေးသူရှိကြောင်း..အသိပေးတာပါနော.. :mrgreen:

  • htoosan

    July 10, 2012 at 2:53 pm

    မေဖလားဝါးရေ .. ဆောရီးပါ ။။
    ကျွန်တော် ဒီပိုစ် မတွေ့မိဘဲ ဦးဘလက်ပိုစ်မှာ သွားကော့မန့် ရေးမိပါသည် ။ ပြီး ပြန်ထွက်လာပြီးမှ ဒီပိုစ့် တွေ့တဲ့ အတွက် အလွန်ဝမ်းသာပါသည် ။
    ဒီကောမန့် နှစ်ခု ရေးလိုက်လို့ etone တို့ နားလည်မှုလွဲမှာ စိုးလို့ .. ကျွန်တော်ဟုတ်ဘူးနော် …. 😀

    • etone

      July 10, 2012 at 3:09 pm

      အဟီး .. ကိုထူးဆန်းရေ … ကပျာကယာ … လျှောက်ပတ်မေးကြည့်နေတာ … အဒူမှလည်း မသိဘူးတဲ့ … ။ 😀

  • pooch

    July 10, 2012 at 3:04 pm

    ပြောရရင် ဝင်မရလို့ မဖတ်ဖြစ်တာတွေလည်း တော်တော်များခဲ့တာမို့ ဘာတွေ ဖြစ်လိုက်မှန်း မသိလိုက်ပါဘူး။ ဒါပေမဲ့ အရင်ရေးတာလေးတွေ တချို့ တဝက်တွေ ဖတ်ဖြစ်ခဲ့တာမို့ ကိုယ်တိုင်ရေးတွေ ဆိုတာ သိပါတယ်။ ဒီလိုပဲ ဖြစ်လေ့ဖြစ်ထရှိတာလေးတွေမို့ စိတ်ထဲ သိပ်မထားပါနဲ့လို့။

    ကြာတော့ ရွာအကြောင်းသိပြီး အရေထူသွားပါလိမ့်မယ်။ စိတ်ရှင်းရှင်းနဲ့ စာပြန်ရေးစေချင်ပါတယ်။

    ပြန်လာတာ ဝမ်းသာပါကြောင်း။ 😀

  • ရွာသူားနဲ့စိတ်ဆိုးလို့ရွာထဲက ထွက်မယ်လို့ပြောရင် အဲလိုပြောတဲ့လူက ရွာကို တကယ်မချစ်လို့ဘဲ။
    ုဟုတ်တယ်ဟုတ်…………………………….

    • mayjuly

      July 10, 2012 at 3:37 pm

      ဟုတ်ပါတယ် လေးပေါက်..

      ရွာက ရွာ .. လူက လူပဲလေ…

      လူကို မုန်းပေမယ့် ရွာကို တော့မဆုံးစေချင်ပါဘူးး..

      အားပေးနေပါတယ် ညီမရေ ….

    • snow white

      July 10, 2012 at 4:51 pm

      လေးလေးပေါက် တစ်ခါတစ်လေ စိတ်ဆိုးရင်တော့ ရွာထဲကထွက်မယ် ပြောမိမယ်လေ လေးလေးပေါက် ရွာကိုမချစ်တာနဲ့မဆို်င်ဘူးနော် လေးလေးပေါက်ကလည်းတစ်ခါတစ်လေ စိတ်ဆိုးလို့ပြောမိရင်ပြောမိမယ် ဒါပေမယ့်ရွာကိုချစ်တဲ့စိတ်က ရင်ထဲမှာအပြည့်ဘဲ ရွာကို သံယောဇဉ်တွယ်နေပြီ ရွာကိုလည်းချစ်တယ် ရွာထဲမှာအိမ်တွေကလည်းများလာတော့ ပျော်တယ် နေရတာ
      ဟုတ်တယ်ဟုတ် ……….။

    • snow white

      July 10, 2012 at 4:52 pm

      လေးလေးပေါက် တစ်ခါတစ်လေ စိတ်ဆိုးရင်တော့ ရွာထဲကထွက်မယ် ပြောမိမယ်လေ လေးလေးပေါက် ရွာကိုမချစ်တာနဲ့မဆို်င်ဘူးနော် လေးလေးပေါက်ကလည်းတစ်ခါတစ်လေ စိတ်ဆိုးလို့ပြောမိရင်ပြောမိမယ် ဒါပေမယ့်ရွာကိုချစ်တဲ့စိတ်က ရင်ထဲမှာအပြည့်ဘဲ ရွာကို သံယောဇဉ်တွယ်နေပြီ ရွာကိုလည်းချစ်တယ် ရွာထဲမှာအိမ်တွေကလည်းများလာတော့ ပျော်တယ် နေရတာ
      ဟုတ်တယ်ဟုတ် ……….။ လေးလေးပေါက်နောက်တာနော်

  • lynn lynn

    July 10, 2012 at 3:27 pm

    တရေးနိုးပေါ်တဲ့အကြံလေးက အရမ်းကောင်းတဲ့ အကြံလေးပါ။

    • snow white

      July 10, 2012 at 4:35 pm

      ဘယ်တူတုန်းတို့မကို အဲ့လိုပြောတာ ဖြစ်တက်ပါတယ် တို့မ ကရွာထဲကထွက်သွားရင် စနိုးဟင်းတောင်းစားမယ့်အိမ် တစ်အိမ်လျော့လို့မဖြစ်ဘူး မထွက်ရဘူးနော် စာလည်းရေး comment လည်းလိုက်ပေးဟုတ်ပြီလား ချစ်မမ …

  • manawphyulay

    July 10, 2012 at 4:10 pm

    ဟုတ်လား ညီမလေး…………. ဘယ်သူက ဘယ်မှာ လိုက်ပြောလဲပြော ညီမလေး။ ဆက်ရေးပါ။ လူဆိုတာ မမှားသောရှေ့နေ မသေသော ဆေးသမားရယ်လို့ ရှိတာမှမဟုတ်တာ။ ခုလို သံယောဇဉ်မကုန်လို့ ပြန်လာတာပဲဟာ ဝမ်းသာစွာနဲ့ ဆက်လက်ရေးသားဖို့ ပြောချင်ပါတယ်။

  • snow white

    July 10, 2012 at 4:22 pm

    ဘယ်တူတုန်းတို့မကို အဲ့လိုပြောတာ ဖြစ်တက်ပါတယ် တို့မ ကရွာထဲကထွက်သွားရင် စနိုးဟင်းတောင်းစားမယ့်အိမ် တစ်အိမ်လျော့လို့မဖြစ်ဘူး မထွက်ရဘူးနော် စာလည်းရေး comment လည်းလိုက်ပေးဟုတ်ပြီလား ချစ်မမ ။။။

  • မစ္စတာ တောက်တဲ့

    July 10, 2012 at 5:04 pm

    အမရေ ..
    ကျနော်လည်း အမလို ဖြစ်ခဲ့ဖူးပါတယ် …
    ဒါပေမယ့်လို့လည်း ဂေဇက်ကို မစွန့်ခွာဖြစ်ခဲ့ပါဘူး …
    တကယ်တော့ ဒီရွာကြီးက ပျော်စရာလည်းကောင်း၊
    ဗဟုသုတတွေလည်း ရစေတဲ့ ရွာကြီးတစ်ရွာပါ …

    အမလည်း ပြန်ရေးမယ်ဆိုလို့ ဝမ်းသာပါတယ်ဗျာ ..
    အမရဲ့ ပို့စ်တွေ ပြန်မြင်ချင်ပါတယ်လို့ …
    အကယ်၍များ မရေးချင်တော့ဘူးဆိုရင် ပွိုင့်တွေ မနှမြောရအောင်
    ကျနော့်ကို ဖြစ်ဖြစ်၊ အနော့်ကို ဖြစ်ဖြစ် လှူခဲ့နိုင်ပါတယ်လို့ … အဟီးးးးး
    😀 😀
    ( နောက်ဒါ )

  • နှင်းဆီ ငုံ

    July 10, 2012 at 5:15 pm

    တရေးနိုးသော် အကြံပေါ် … ပေါ်သည့်အကြံ ပြန်အိပ်ရန် …. ဟီးးး နောက်တာ

  • မယ်စနို်းလေးဒီတစ်ခါမှားပြီ
    လေးပေါက်က ရွာထဲကလူနဲ့စိတ်ဆိုးရင် အဲဒီလူနဲ့ဖိုက်တာ
    ရွာထဲက ဘယ်တော့ မှထွက်ဘူး။
    သူကြီးထွက်ခို်ငးလဲထွက်ဘူး။
    ဒီလောက်ပျော်စရာကောင်းတဲ့နေရာကို ………………..

  • ဇောက် ထိုး

    July 10, 2012 at 6:43 pm

    မမေဖလားဝါးရယ်…… ဒေါသကြီးကို လူထင်ပြီး အမြင်မှားသွားလို့ ခုလိုဖြစ်တာပါ။
    ကျွန်တော်ကတော့ ဒီဂေဇက်ရွာထဲက ထွက်မယ်လို့ပြောတော့လဲ မမေဖလားဝါး ပြောတာမဟုတ်ဘူး။
    သူ့မှာ ဒေါသတို့မာနတို့က ဝင်ပြီးအပြောခိုင်းလို့ပြောတာလို့ အောက်မေ့လိုက်တာပဲ။
    အဲဒီဒေါသကောင်တွေ မာနကောင်တွေထွက်သွားလို့ မမေဖလားဝါ စစ်စစ်လေးဖြစ်လာရင် ဂေဇက်ကိုပြန်လာမှာပါလို့…
    ဒီဒေါသကောင်တွေ မာနကောင်တွေကလဲ မမေဖလားဝါးကို အမြဲအနိုင်ကျင့်မနေနိုင်ပါဘူး….
    ကဲ…ခု မမေဖလားဝါးမှာ အဲဒီတုန်းကဒေါသတွေ မာနတွေ မရှိတော့ဘူးမဟုတ်လား… ဒါပါပဲ…
    အဲဒီ ဒေါသတွေဝင်တုန်းက မမေဖလားဝါးမှာ ဘယ်လောက်ဆင်းရဲလိုက်မလဲ….
    ခုနေပြန်တွေးကြည့်စမ်းပါ…. ဒီဒေါသဝင်သွားတာ…မမေဖလားဝါးအတွက် ဘာများအနှစ်သာရကျန်ခဲ့လဲ…
    ဒါကြောင့် ဒေါသ ဆိုတာ…လူ့အတွက်တော့ အနိစ္စ..အမြဲမရှိတဲ့အကောင်… ဒုက္ခ..လူကိုဆင်းရဲစေတဲ့အကောင်.. အနတ္တ…လူ့အတွက်ဘာအနှစ်သာရမှ မရှိတဲ့အကောင်တွေပါလို့……………ဒီလိုတွေပြောလို့ ဒေါသဝင်လာဦးမယ်နော်…မဝင်စေနဲ့…

  • ရွှေရည်နိုင်

    July 11, 2012 at 9:16 am

    ကိုယ့်ရဲ့ ပို့(စ်)ကို တစ်ခြားမှာ နာမည်ဖော်ပြီး မန့်တယ်ဆိုတော့ အဲဒီသူကိုလည်း နာမည်ထုတ်ပြောပြီးကြေငြာလိုက်ပါလား။ ဒါမျိုးက အားနာစရာမလိုဘူးထင်တယ်။

    • etone

      July 11, 2012 at 11:58 am

      အောက်ဆီဂျင်မလုပ်ပါနဲ့ ရွှေရည်နိုင်ရေ …. ။ 👿
      ဒီတိုင်းလေးပဲ ရှိပါစေလား ….

  • ကို သာ

    July 11, 2012 at 9:57 am

    ဘာပဲပြောပြော ကျွန်တော်လည်း ရွာသားအသစ်တစ်ယောက်အနေနဲ.ကိုယ့်ရှေ.က ညီအစ်ကို မောင်နှမတွေ
    ချစ်ချစ်ခင်ခင်နဲ. ကျွန်တော်တို.ရွာကို ပိုကောင်းအောင်ပဲ ရှိစေချင်ပါတယ်ဗျာ။

  • မောင်ပေ

    July 11, 2012 at 9:57 am

    အဲဒီလူက မောင်ပေ ပါ
    အဲဒီတုန်းက…. အခုလဲ….အင်းင်းင်း
    ဘာမှမဟုတ်တဲ့ အကြောင်းအရာ ၅ကြောင်း ၆ကြောင်းလောက်နဲ့ ပိုစ့်တွေ တစ်ရက်ကို ၂ခု ၃ခုလောက် တင်နေကြတာ
    အရင်တုန်းက ဂေဇက်မှာ အဲဒီလို လုပ်ရင် သဂျီးက ဖိုရမ်မှာ သွားတင်ဖို့သတိပေးတယ်
    ဆူးက အဲဒီလို ထပ်မလုပ်ဖို့ ပြင်းပြင်းထန်ထန် ဝင်ပြောတယ်
    ကော်ပီတင်တဲ့လူတွေကိုရောပေါ့….
    အဲဒီ အချိန်တွေ ကျော်ခဲ့ပြီးလို့
    ဂေဇက်ဟာ သာဟာစည်ကားပျော်ရွှင်စရာ ဖြစ်နေတဲ့အချိန်မှာ
    စိတ်ပျက်စရာ ဇါတ်လမ်းပြန်စလာပါတယ်
    ၁ကြောင်း ၆ကြောင်း ပိုစ့်တွေနဲ့အတူ
    ဖြတ်ညှပ်ကပ် ကော်ပီပါ
    ရွာကို ထိန်းတဲ့ ဆူးလဲ ရွာထဲမှာ မတွေ့ရတော့
    ကျုပ်လဲမနေနိုင်တာနဲ့ လူမုန်းခံပြီး ပြောဖြစ်နေချိန်
    မေဖလားဝါး ရဲ့ကွန်မင့်ကို အထင်လွဲပြီး
    နာမည်တပ် သတိပေးခဲ့မိတယ်
    ခုတ်ရာတခြား ဖြစ်ခဲ့ရတာပါ
    ရှင်းရှင်းပြောရရင်
    ဂေဇက်မှာ ဘယ်သူမဆို ကိုယ်ကြိုက်သလို ရေးတင်ခွင့် ရှိပြီးသား
    ကျုပ်က မဆီမဆိုင် လိုက်ပြောနေတယ်ဆိုတာက
    ဂေဇက်နာမည်ကြီးနေပါတယ်.. ဖတ်လို့အရမ်းကောင်းတယ်… သတင်း ဗဟုသုတ..ပညာပေး…ရသ အကြောင်းအရာစုံတယ်ဆိုတဲ့ အွန်လိုင်း စာဖတ်သူတွေ လက်ခံထားတာကို ပျက်စီးမှာ စိုးလို့
    ကိုယ့်ထမင်းကိုယ်စားပြီး……..။
    မေဖလားဝါးရေ အသံကြောင့် ဖားသေ ဆိုတာ ကြားဖူးပါလိမ့်မယ်

    • မောင်ပေ

      July 11, 2012 at 10:01 am

      မေဖလားဝါး
      ဂေဇက်မှာ ဆက်နေမယ်ဆိုလို့
      ဝမ်းသာပျော်ရွှင်မိပါတယ်
      ဂေဇက်နဲ့အတူ
      ကိုယ်ဝါသနာပါတဲ့ စာရေးစာဖတ်ခြင်းမှာ
      ဆက်လက် လုပ်ဆောင်ကြပါစို့

  • မောင်ပေ

    July 11, 2012 at 10:05 am

    ကျုပ်နဲ့စကားပြောဆို ဆွေးနွေးချင်ရင်
    မေဖလားဝါးရဲ့ အခုပိုစ့် ကွန်မင့်မှာ သွားကြည့်လိုက်ပါ
    ကျုပ် မေးလ် လိပ်စာတွေ့ရပါမယ်
    ခင်မင်စွာဖြင့်
    မောင်ပေ

  • mamanoyar

    July 11, 2012 at 11:28 am

    မေမေမေဖလားဝါးရေ
    စာရေးတဲ့သူတစ်ယောက်က အနည်းဆုံးတော့ ကိုယ့်စာအပေါ်
    ဝေဖန်ခံရတာရှိတာပေါ့ အဲဒီအခါ ဘာမဟုတ်တာလေးအတွက်နဲ့
    စိတ်ဓါတ်ကျတဲ့အခါလည်း ရှိတာပေါ့ အခုမမမေဖလားဝါးလိုပေါ့နော်
    ဖြစ်တတ်ပါတယ် ဘာပဲဖြစ်ဖြစ် စာတွေဆက်ရေးပါဦးမယ် မန့်ပါ့မယ်ဆိုလို့
    တကယ့်ကို ဝမ်းသာပါတယ်ရှင်

  • ko khin kha

    July 11, 2012 at 12:05 pm

    ကိုပေရေ မသိလို့မေးပါရစေ။
    ဘာမှမဟုတ်တဲ့ အကြောင်းအရာ ၅ကြောင်း ၆ကြောင်းလောက်နဲ့ ပိုစ့်တွေ တစ်ရက်ကို ၂ခု ၃ခုလောက် တင်နေကြတာလို့ ပြောတယ်နော် ယေဘူယျအားဖြင့်တော့လက်ခံပါတယ်။ ဒါပေမယ့် တစ်ချို့အရေးပေါ် သတင်းပေးချင်တာတွေ သိစေချင်တာတွေကြတော့ ဘယ်လိုရေးရမလဲ သင်ပြပေးပါအုံး။ ဥပမာတစ်ခုပြောမယ်နော်-တစ်ခါတုံးက မန္တလေးမှာ ရတနာပုံဈေးကြီးမီးအကြီးကျယ်လောင်နေတယ်။
    ရွာကိုအသိပေးချင်လို့ပိုစ့်ရေးတင်လိုက်မယ် ( မန်းက ရတနာပုံဈေးကြီး အခုမီးလောင်နေတယ် )၊ ရန်ကုန်မှာလည်းတစ်ခါတုံးက မင်္ဂလာဈေးကြီးမီးလောင်တယ် ဒါလည်း ( ရန်ကုန်က မင်္ဂလာဈေးကြီး အခုမီးလောင်နေတယ် )။ ကဲ အဲဒီသတင်းကို ၅ကြောင်း ၆ကြောင်း မက ဘယ်လိုသတင်းရေးပြီး တင်ရမလဲ ကိုပေရေ နည်းလမ်းလေပေးပါအုံး၊ ဒါမှမဟုတ် တစ်ကြောင်းတောင်မပြည့်လို့ ပိုစ့်မတင်သင့်ဘူးလားဟင်။
    ကျွန်တော်ကတော့ ပိုစ့်ရေးတယ်၊ကွန်မန့်ရေးတယ် အမှတ်ကိုကြည့်ကိုမနေတာ အမှတ်ရဖို့မဟုတ်ပါဘူး ကိုယ်နေတဲ့ရွာကလူတွေနဲ့ ရွာထဲမှာတစ်ခါတရံစကားလက်ဆုံထိုင်ပြီး ရောက်တတ်ရာရာပြောကြ၊ ငြင်းကြနဲ့ ရန်ဖြစ်ပြန်ချစ်နဲ့ ချစ်ချစ်ခင်ခင် နေတတ်ကြတဲ့ဓလေ့အရသာလေးကို ဒီဂေဇတ်မှာရလို့ အဲဒီခံစားမှု့လေးကို နှစ်သက်လို့ပါ။ ဥပမာ-ရွာကစကားဝိုင်းနာကဖြတ်သွားရင်း ထမင်းစားပြီးကြပြီလား ဘဲပြောတဲ့သူကို စကားနည်းလို့မင်းမလာနဲ့လို့ပြောရင် သူဘယ်လိုခံစားရမလဲဟင် အဲဒီလိုတဖက်လူကို မခံစားစေချင်တာပါ။ ဂေဇက်ရွာကသူတွေလည်း အဲဒီလိုဘဲရှိမယ်ထင်ပါတယ်၊ ဒါကြောင့်လည်း ရခိုင်အလှုတော်မှာ ဝိုင်းလိုက်ကြတဲ့ရွာသားတွေ အားရစရာကသက်သေနော်။အခုခေတ်မှာ ပိုစ့်ရေးလို့ရတဲ့ ကျော်ကြားတဲ့ ဆိုဒ်တွေအများကြီးပါ Khin Kha ကတော့ ဒီဂေဇတ်ရွာမှာဘဲ နေသည်၊ရေးသည်။

    • nozomi

      July 11, 2012 at 12:36 pm

      အခုမှ ဝင်ဖတ်ရင်းနဲ့ ကိုခင်ခ မေးထားတာလေးတွေ့လို့
      ကိုပေ မန်းထားတာ ပြန်ဖတ်ကြည့်တော့
      ( ဘာမှမဟုတ်တဲ့ အကြောင်းအရာ ၅ကြောင်း ၆ကြောင်းလောက်နဲ့ ပိုစ့်တွေ ) လို့ ရေးထားတာ တွေ့တယ်

      သူဆိုလိုချင်တာက ဘယ်သူအတွက်မှ အကျိုးမရှိ သတင်းတန်ဘိုးလဲမရှိ အတွေ့အကြုံလဲ မဟုတ်တဲ့ ဘာမှ မဟုတ်တဲ့ ကိစ္စကိုပြောတာလို့ သဘောပေါက်ပါတယ် မီးလောင်တဲ့ ကိစ္စကို ချက်ချင်းသတင်းပေးချင်တာကတော့ တင်တာ ပြသာနာ မရှိလောက်ပါဘူး ဒီသတင်းမှာတောင်
      ဘယ်မှာလောင်တယ် ဘယ်လောက်တော့ ပါသွားပြီ မီးသတ်ကားဘယ်နှစ်စီး လာငြိမ်းတယ် ဆိုတာမျိုးလေးတွေ ထည့်ရေးလိုက်ရင် ရေးတဲ့ သူအတွက်ရော ဖတ်တဲ့သူအတွက်ရော ပိုပြည့်စုံသွားနိုင်တာပေါ့..

      မနှင်းဖြူလေး ရေ ကျွန်တော်တို့လဲ ဒီစိတ်မျိုး ခဏခဏ ဖြစ်မိပါတယ်
      အချိန်တန်တော့လဲ ရွာထဲ တဝဲလည်လည် ဖြစ်ရတာပါပဲ
      ကျုပ်တို့မိတ်ဆွေကြီးတစ်ယောက်ပြောသလို ..

      ရွာ နဲ့ အိမ်က မိန်းမ အတူတူပါပဲ ဗျာ
      အိမ်က မိန်းမကြီးနဲ့ စိတ်အခန့်မသင့်ဖြစ်လို့ ထွက်သွားမယ်လို့ တွေးလိုက်မိပေမဲ့
      အချိန်တန်တော့လဲ ဒီ မိန်းမကြီး ဘေး ပြန်ရောက်ရတာပဲတဲ့..
      ( သူ ဘယ်သူဆိုတာ ဖွင့်ပြောရင် မကောင်းလို့ မပြောတော့ပါဘူး
      အမည်မှာတော့ ..ချော ..ဆိုတဲ့ တစ်လုံးတော့ ပါတယ်)

      • မောင်ပေ

        July 11, 2012 at 12:49 pm

        ကိုခင်ခ
        မောင်ပေ ဆိုတာနဲ ့ကို လန် ့နေပြီထင်ပါရဲ ့
        အပေါ်မှာ ကိုနိုဇိုမီ ရှင်းထားသလိုပါဘဲ
        စာရေးတဲ့သူဟာ စာဖတ်တဲ့သူအပေါ် ဘယ်လို စေတနာထားသလဲ ဆိုတာ သူ ရေးတဲ့ စာထဲမှာ ပါပါတယ် ။
        ကိုခင်ခ ပြောခဲ့တဲ့ သတင်းထူးမျိုးကြတော့ ၊ တိုတိုရှည်ရှည် ၊ အားလုံးက သိချင်ကြမယ့် အကြောင်းမျိုးမို ့၊ တိုခဲ့ရင်လဲ တိုတဲ့အကြောင်း ဘယ်သူမှ ကန် ့ကွက်ပြောမှာ မဟုတ်ပါဘူး
        ကျုပ် လဲ ဂေဇက်မှာဘဲ ရေးပါတယ်
        မည်သည့်ဆိုက်တွင်မှ မရေးပါ

  • Ma Ei

    July 11, 2012 at 12:11 pm

    တစ်ရေးနိုးသော် အကြံပေါ်
    ပေါ်သောအကြံ ဆက်ရေးရန်…
    မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ…

  • နွယ်ပင်

    July 11, 2012 at 1:01 pm

    ဘယ်လိုပဲဖြစ်ဖြစ် အခုလိုရွာထဲမှာ ပြန်ဝင်ပြီး ပြန်လည်ရေးသားမယ်ဆိုတဲ့အတွက်
    ဝမ်းသားပါတယ် မမေဖလားဝါးရေ ….

  • ko khin kha

    July 11, 2012 at 2:44 pm

    ကိုနိုဇိုမီရော ကိုပေရော ရှင်းပြပေးတာ
    ကျေးဇူးပါ။
    မမေဖလားဝါးလည်း ဆက်ရေးလာမယ့်ပိုစ့်တွေကို
    အားပေးဖို့စောင်နေတယ်နော်။

Leave a Reply