သို့နှင့် ညနေချိန်သို့ နီးကပ်လာလေပီ ဖြစ်သဖြင့် ကျွန်ုပ်သည် ရေမိုးချိုးပြင်ဆင်ရတော့သည်…… ခုချိန်ဆို ကာလသားခေါင်း ကိုမက်မင်းမျှော်လှပေါ့ထင့်…….. မျက်လုံးထဲ ဦးကြီးမိုက်ထန်းတောကြီးနှင့် ကြွက်ကြော်၊ ကြောင်သားဟင်းတို့ကို မြင်ယောင်မိနေလေသည်………. ဦးလေးဖြစ်သူအားလဲ ခေါ်ရပေဦးမည်……ညီဖြစ်သူ ဗိုက်ကလေးအားလဲ မချန်……. သို့နှင့် ဦးဘလက်ချောနှင့် သားဖြစ်သူ ဗိုက်ကလေးအပါအ၀င် သုံးယောက်သား ဦးကြီးမိုက်ထန်းတောကြီးဆီသို့ ချီတက်ခဲ့လေသည်……. ထန်းတောသို့ ရောက်လေလျှင် အဖွဲ့သား စုံစုံလင်လင် တွေ့မြင်ရလေပီ……

ကိုသူရနောက်ကျသဗျို့….. ဟားဟား ဦးလေးနဲ့ ညီပါခေါ်လာပါလားဟေ့…..ဒီနေ့တော့ လူစုံစုံပဲဗျို့….ဟု ကိုမက်မင်းမှ ဆိုလေသည်…… လာဗျာ….. ဦးကြီးဘလက်ထိုင်၊ ညီလေး ဗိုက်ကလေးလဲထိုင်ကွာ…… ဦးကြီးမိုက်မှ နေရာပေးရင်း ၀ါးဆစ်ခွက်လေးများ ချပေးလေ၏……. ကျွန်တော်လဲ ၀ိုင်းတွင်းရောက်ရှိနေသော သူငယ်ချင်းများကို ဝေ့၀ိုက်ကြည့်လိုက်ရာ…… ကိုရွှေတိုက်၊ ကိုအာဂ၊ ဖက်တီးကပ်၊ ကိုရဲစည်၊  အီးတီ၊ ရွှေမင်းသား၊ ဖရဲ၊ ဦးကြီးဦးပေါက်၊ ကိုပေ၊ အင်ဇာဂီ၊ ကိုနိုဇိုမီ၊ အညာတမာ၊ အရင့်ရောင်၊ ကိုမက်မင်းတို့ ပါဝင်လေသည်…… ကဲ ကာလသားကြီးတို့ ကာလသားလေးတို့ရေ အမြည်းများလဲ စုံစုံလင်လင်နဲ့အတူ ရွာရဲ့အကောင်းဆုံးချက်အရက်၊ ထန်းပင်ကျရေတို့နဲ့ အတူ ကျွန်တော်တို့ရဲ့ ကွဲကွာနေတဲ့ ကာလလေးအတွက် ပျော်ပျော်ပါးပါး ပြန်လည် ဖြည့်တင်းကြပါစို့လားဗျာ…….. အားလုံး ဆော်ကြည်၊ ထီပေါက်၊ နိဗ္ဗာန်ရောက်ကြပါစေဟုဆိုကာ ၀ါးဆစ်ခွက်လေးများကို ဂွက်ကနဲမြည်အောင် တိုက်လိုက်ကြလေသည်…… သို့နှင့် တခွက်ပီးတစ်ခွက်၊ တခွက်ပီးတစ်ခွက်နှင့် အတော်တန်ခရီးပေါက်ကြလေသော် ကာလသားခေါင်းကြီး ကိုမက်မင်းမှ ကဲ ကို့လူတို့….. ကျုပ်တို့ရွာမှာက မြို့မှာလို အေတီဘီလား ကေတီဘီလားမသိဘူးဗျာ အဲဒါမရှိဘူး….. ဒီတာ့ကာ ကျုပ်ရဲ့ အဖိုးတန်လှတဲ့ မယ်ဒလင်ကြီးကို ပြန်ယူမဗျာ… ပီးရင် ကျုပ်တို့ထဲက ဘယ်သူ့ကောင်မလေးရှေ့မှာ တီးမယ်ဆိုတာ မဲချမယ်… အားလုံးသဘောတူကြပါရဲ့လားဗျာ…….သဘောတူရင် လက်ခုပ်တီးကြပါဟိုဆိုလေလျှင် အားလုံးမှာ တညီတညာတည်းလက်ခုပ်တီးလိုက်ကြလေသည်…… သို့ဆိုလျှင် ကျွန်ုပ်၏ ဦးကြီးတော်စပ်သူ ဦးဘလက်မှ အင်း ဒလိုဆို ကျုပ်ကလဲ ၀ါသနာကြီးလှသဗျ…… ကျုပ်ရဲ့ ဆီးနဲ့ဝါးလေးငှားမဗျာ..ဟိုဆိုလေသည်….. ဦးကြီးမိုက်ကြီးမှာလဲ ကုန်သွားသော ပုလင်းများကိုဖြည့်ရင်း သူလဲ ကစ်ရင်းဖြင့် ရေချိန်မှန်နေလေပီ…… သူ၏ သမီးဖြစ်သူအား “သမီးရေ အဖေ သူတို့အဖွဲ့နဲ့ နဲနဲလောက်လိုက်ကဲချင်သကွယ်၊ ဆိုင်ကို ကြည့်ထားနော်´´ဟုဆိုလေသည်……သို့နှင့် မယ်ဒလင်ပြန်ယူမည့် ကာလသားခေါင်း ကိုမက်မင်း အိမ်သို့ ပုဆိုးဂွင်းသိုင်း၊ ခွေးတစီစီနှင့် လေးကွက်သိုင်းနင်းပီး ပြန်လေသည်….. ဦးကြီးဦးဘလက်မှာလဲ သူ၏ ကာလအတန်ကြာသိမ်းဆည်းထားခဲ့သည့် ဆီးနဲ့ဝါးလေးအား ယူရန် ဒယိမ်းဒယိုင်ပြန်လေသည်…… ကျွန်တော်နှင့် အဖွဲ့သားများမှာ ဦးကြီးမိုက်ထန်းတောအတွင်း သောက်ရင်းစားရင်း စောင့်နေကြလေသည်…… ကိုရဲစည်မှာ အသောက်လဲမရပ်၊ အစားလဲသွက်လှပေသည်…. ကိုရွှေတိုက်မှာ သူ၏ချစ်သူစိမ်းမမစိမ်းအိမ်ရှေ့တွင် မဲကျစေရန် ဆုတောင်းရင်ခုန်ပီး သောက်နေလေသည်….. ကျွန်ုပ်၏ ညီဝမ်းကွဲတော်စပ်သူ ဗိုက်ကလေးမှာ ဖခင်ဖြစ်သူအလစ်တွင် ကစ်ချင်တိုင်းကစ်တော့လေသည်……… ယစ်ထုပ်ကြီး ဖက်တီးကပ်သည်လဲ ချွေးတလုံးလုံးဖြင့် တခွက်ပီးတခွက် ကစ်လေသည်….. ကျန်သူအသီးသီးတို့မှာလဲ လက်ရေတပြင်တည်း ကစ်ကြသည်….ကျွန်ုပ်သည်လဲ သူရကဇော်ဟု ဘွဲ့ပေးလောက်အောင်ပင် မြန်ဆန်စွာ ကစ်သည်….. အားလုံးလဲ တော်တော်မှန်နေလေပီ…… မယ်ဒလင်ပြန်ယူသူ ကိုမက်မင်းနှင့် စည်းနဲ့ဝါးပြန်ယူသူ ဦးကြီးဘလက်တို့ အသီးသီးပြန်ရောက်လာကြလေပီ…… ကဲ ဒီည ဘယ်သူ့အိမ်ရှေ့မှာ မယ်ဒလင်တီးမယ်ဆိုတာ မဲချမယ်…. မဲပေါက်တဲ့လူရဲ့ ချစ်သူအိမ်ရှေ့မှာ သီချင်းသွားတီးမယ်….. ဟု ယစ်ထုပ်ကြီး ဖက်တီးကပ်မှဆိုလေသည်…..ကဲအားလုံးသဘောတူရင် မဲချမယ်…… ဒီထဲက မဲလိပ်တွေထဲမှာ အမှန်ခြစ်ကျတဲ့သူက ကံကောင်းသူပဲဟေ့…. ကဲအားလုံးနှိုက်ကြ…… မဲလိပ်လေးများ အသီးသီးယူပီးသော်….ကဲကဲ အားလုံးပြိုင်တူဖွင့်ကြဟေ့…..ကိုအာဂ မပေါက်ပါ၊ ဖက်တီးကပ်လွဲလေသည်…. ကိုရဲစည် လွဲ၏  အီးတီ အလားတူပင် ရွှေမင်းသားမပေါက်၊ ဖရဲတွင်လဲမဟုတ် ဦးကြီးဦးပေါက်သူကမနှိုက်ပေ၊  ကိုပေလဲလွဲလေသည် အင်ဇာဂီလဲမပေါက်၊ ကိုနိုဇိုမီ၊ အညာတမာ၊ အရင့်ရောင်၊ ကိုမက်မင်းအားလုံးလွဲကြသည်…..သို့ဆိုလျှင် ကျွန်ုပ်သူရဇော်၊ ဗိုက်ကလေးနှင့် ကိုရွှေတိုက်တို့သာ ကျန်တော့သည်….မည်သူနည်း….. ကျွန်ုပ်လဲ မဲမနှိုက်သဖြင့် မဟုတ်၊ ဗိုက်ကလေးလော….. ကိုရွှေတိုက်လော….. ဝေးးးးးးးးးး အသံပိုင်ရှင်မှာ ကိုရွှေတိုက်ပင်ဖြစ်လေသည်…… သို့ဆိုလျှင် သူ၏ချစ်သူ စိမ်းမမစိမ်းအိမ်ရှေ့သို့ ချီတက်ကြရပေမည်…… သို့ပေမယ့် အားလုံးတစ်ပြိုင်တည်း စိုးရိမ်မိကြတာတစ်ခုရှိသည်….. အဆိုပါ စိမ်းမမစိမ်းဆိုသူ၏ အိမ်တည်ရှိရာနေရာနှင့် ၁၀ အိမ်အကွာတွင် သူကြီး၏အိမ်ရှိနေခြင်းဖြစ်၏…… သူကြီးမှာ ထစ်ကနဲဆိုလျှင် ထိပ်တုံးခပ်ရန်ကြံစည်နေသူ…..  ကာလသားများ သူ၏သမီးကို မကြိုက်သဖြင့် ကာလသားများအပေါ် ငြိုးမာန်ဖွဲ့နေဟန်တူသည်…… သို့ပေမယ့် မတက်နိုင်တော့….. ကံကောင်းသူကိုရွှေတိုက်နှင့် ကံဆိုးသူကျွန်ုပ်တို့အဖွဲ့သားများ…… စိမ်းမမစိမ်းအိမ်ရှိရာသို့ လေးကန်သော ခြေလှမ်းများဖြင့် လှမ်းနေမိကြလေတော့သည်……..

About Thuyazaw

has written 38 post in this Website..

121712 Contributor