အာဂ မြန် မာ့ XDA DEVELOPER တွေ (၁)

nigimi77July 10, 20121min40419

APK တွေ ရမယ်…….APK တွေ……..။

 

ပီကေတော့  မဟုတ်ပါဘူး …..  Android application package file (APK)  လို ့ ခေါ်တဲ့  ဟာတွေပါ ။

 

ပေါလိုက်တဲ့ APK တွေ ဆိုတာ  မိမိရဲ  ့  Android စနစ်သုံး Handset ကနေ Mobile Market Application တခုခုကနေပဲ ဖြစ်ဖြစ်

 

Google  Search မှာ ပဲ ဖြစ်ဖြစ် APK ဆိုတာနဲ ့ကို   များပြားလှတဲ့  APK တွေကို တွေ  ့ရပါလိမ့်မယ် ။

 

ပြောရမယ် ဆိုရင်ဖြင့်  99% လောက်ဟာ  Free Application တွေပါ ။  တော်တော်ကို ကောင်းမွန်နက်နဲ တဲ့  App တွေ လောက်သာ

 

တစ် ဒေါ်လှမျိုး  နှစ် ဒေါ်မျိုးနဲ ့  ရောင်းတာတွေရှိတယ် ။  ဆိုတော့……မိတ်ဆွေမှာ   Android စနစ်သုံး  Handset တလုံးရှိမယ် ၊

 

Wifi Access လုပ်လို ့ရနိုင်မယ် ၊ ဒါမှ မဟုတ်  13000 ပေးပြီး ဆက်သွယ်ရေး မှာ Mobile  Internet (EDGE) ကို လျှောက်ထားမယ်

 

ဆိုရင်တော့  အဲဒီ  အလကားမတ်တင်း ရနိုင်တဲ့  APK တွေဟာ  Install လုပ်မယ် ဆိုရင်ဖြင့်  32G SD Card နဲ ့လည်း မလောက်နိုင်ပါဘူး ။

 

SIM CARD တွေကလည်း  ၂သိန်း  ၂သိန်းခွဲလောက် ဖြစ်လာ ၊  (EDGE) ကလည်း သုံးလို ့ရလာ ဆိုတော့  Smart Phone တွေ သုံးရတဲ့

 

အရသာက ပိုမို ပီပြင်လာပါတယ် ။  Handset တွေကလည်း  အမျိုးမျိုး App တွေကလည်း အမျိုးမျိုးနဲ ့ ….လူတိုင်းလူတိုင်းရဲ  ့ လက်ထဲမှာ

 

Smart Phone ကိုယ်စီနဲ ့  လက်ဝါးပေါ်မှာ  ပရုတ်ဆီပွတ် သလိုမျိုးနဲ ့  အမျိုးကောင်းသား အမျိုးကောင်း သမီးတို ့  ပွတ်သဘင် ကျင်းပချိန်ပါပဲ ။

 

ပွတ်ရင်း ပွတ်ရင်းနဲ ့  ပိုသိလာ ၊ ပိုသိလာတော့ ပိုကလိလာ ၊  ပိုကလိလာတော့  ဟို ဗားရှင်းလေး မြှင့်ချင် ဒီဗားရှင်းလေး အမြစ်တူးချင် နဲ ့ပေါ့ ။

 

အမြစ်တူးတယ် ဆိုတာ ဘာလဲ ဆိုတော့  Root လုပ်တယ်လို ့  ဆိုပါတယ် ။   Smart Phone တလုံးကို ဆိုင်က ဝယ်ဝယ်လာချင်းမှာ

 

ပထမဆုံး လုပ်ချင်တဲ့  အလုပ်က  မြန်မာလိုဖတ် မြန်မာလိုရေးချင်ကြတာ  User အားလုံးရဲ  ့တူညီတဲ့ ဆန္ဒ ပဲပေါ့ ။

 

ဒီတော့ ဘယ်လို လုပ်ရမလဲ ….. ။  မွှေနှောက်လေ့လာ ဖတ်ရှု စမ်းသပ်နေတဲ့  သူတွေကတော့  တော်ရုံ Version လောက်ကတော့

 

ကိုယ့်ဘာသာကိုယ်  အင်တာနက်ကနေ အလကားရတဲ့ Root Application တွေ  Unlocker တွေ  Unlock Bootloader တွေသုံးပြီး

 

အမြစ်တူးပြီး သကာလ အလကားရတဲ့  zawgyi20071230.ttf ကို  သွင်းပြီး  မြန်မာ ဝဘ်ဆိုဒ်တွေ ဖတ် ၊ မြန်မာလို ချတ် ပြီး နှပ်နေလို ့ ရပေမဲ့

 

နိဂိမိလို   နလပိန်းတုံး  Android Phone ဆိုတာကို   ၂၀၁၁ ခုနှစ် ၃ လပိုင်း လောက်မှာ    Huawei က ထုတ်တဲ့  C8500 Series (For CDMA 800) ကို    ပုလဲ ကွန်ဒိုမှာ

 

ရှိတဲ့  Elite ကနေ ဝယ်ခဲ့တယ် ။  မြန်မာစာ သုံးချင်တော့  ကွန်ပျူတာနဲ ့ ဆက်သွယ်ပြီး   အသင့် Download လုပ်ထားတဲ့  Zawgyi Font ကို  Handset ထဲကို  ခပ်တည်တည်နဲ ့

 

သွင်းပါလေရော ။   ဘယ်လိုသွင်းသွင်း ဘယ်လိုလုပ်လုပ် မြန်မာဖောင့်က မရပါဘူး ။  အဲဒါနဲ ့ပဲ  Elite ကို နောက်တနေ ့နံနက်မှာ ချီတက်သွားပြီး

 

ကျွန်တော်မျိုး မြန်မာစာ သုံးချင်ကြောင်း မျက်နှာငယ်လေးနဲ ့ ပြောပြတော့  အဲဒီက  အလှ နတ်သမီးလေး  တစ်ယောက်က  မြန်မာလို သုံးချင်ရင်

 

လုပ်ပေးလို ့ရတယ်  ဖုန်းကို ထားခဲ့ရမယ် ၊ တရက်ကြာမယ် ၊ ငွေ တစ်သောင်းခွဲ ကျမယ် ဆိုလို ့ ထားခဲ့ပါတယ် ။  နောက်တနေ ့မနက်မှာတော့

 

နိဂိမိ ဖုန်းဟာ  မြန်မာစာ နဲ ့ရိုက်ပြီး  မြန်မာလို ချတ်လို ့ရသွားပါပြီ ။   ဒါကတော့  နိဂိမိ ရဲ   ့   Android  ဘဝ အစပေါ့ ။

 

19 comments

  • လတ်လတ်

    July 10, 2012 at 7:46 pm

    အန်းဒရိုက် တက်ဘလက်လေးတစ်လုံးလောက် ဝယ်ပွတ်မလို.ဂျို.။
    အကျံညန်လေး မစဂျဗာအုံး……။အမြစ်တူးတာ အဲ့လောက်တောင် ကုန်လား……။
    ပန်းသီးမှာ ထောင်ဖောက်ရင်ကော ဘယ်လောက် ကုံသဒဲ့ဒုံး…သိချင်မိပါအိ……။

    • Inz@ghi

      July 10, 2012 at 7:51 pm

      ၈ဝတန်ကနေ ၁၀၀ဝတန်လောက်ထိ ….အစုံရှိ. …စက်ရုပ်ပြောပါတယ်…
      ဘတ်ထ် ယူဝယ်လ်နဲဗား အုမ်န်း အန် အိုင် အိုအက်စ်..

      ခုခိခုခိ…
      😀

  • မောင်ပေ

    July 10, 2012 at 9:42 pm

    အလှနတ်သမီး
    ဘဝအတွက်ရွှီး
    အဖျားတက်ညည်း
    ကားတက်စီး

  • ရွာစားကျော်

    July 10, 2012 at 10:07 pm

    ကျနော့ ဟန်းဆက်က အင်တာနက် သုံးမရဘူး
    လိုင်းတော့ ဖွင့်ထားပြီ ဟန်းဆက်ပြောင်းဖို့စဉ်းစားနေတာ စခရင် သေးသေးလေးမှာလည်း မှုန်ဝါးဝါး မပွတ်ချင်ဘူး.. ပိုက်ပိုက်လည်း အများကြီး အကုန် မခံနိုင်ဘူး..
    သူများတွေ တပ်ဗလတ် ဆိုတော့လည်း လိုက် တပ်ဗလတ် ချင်ပြန်ရော
    တပ်ဗလတ်ကို ဆင်းမ်ကဒ် ထည့်လို့ရတဲ့ တပ်ဗလတ်ပဲ ဗျင်းလိုက်ရမလား စဉ်းစားတယ်
    ပန်းသီးတခြမ်းတို့ ဆမ်တစောင်းတို့ကလည်း ဈေးကြီးတာ ၄ ခုအောက်မဆင်းဘူး…
    ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင်သလိုဖြစ်လို့
    ဟင်း.. အဆင်ပြေတာလေးတော့ ရှိရမယ်..
    မရှိလည်း စောင့်လက်စနဲ့ အချိန်ထပ်စောင့်မယ်..ဟီ 😆

  • captainamerica

    July 11, 2012 at 3:59 am

    ကျုပ် ဟန်းဆက်တော့ မနေ.ကကားပေါ်မှာ ခါးပိုက်နှိုက်ခံလိုက်ရလို.ပါသာွးသဗျို.
    ကဒ်ပြန်လျှောက်တော့ လဂျီးမင်းဆိုင်မှာ စောင့်ရက် ၁ဝရက် ကျသင့်ငွေ ၄၀၀၀၀
    ပေးခဲ့ရ၏။ 😛

  • kai

    July 11, 2012 at 4:07 am

    APK ဆွဲတတ်..လုပ်တတ်တဲ့သူရှိရင်.. အလုပ်အပ်ချင်သား…
    တွေးထားတာလေးရှိလို့လေ… 🙂

    • အရီးခင်လတ်

      July 11, 2012 at 4:47 am

      အော်ပီကျယ် ကတော့ APK လို့ ဆိုင်းထိုးပြီး ကောင်းကောင်း ဆွဲတတ်တယ်။
      သူ့ ကို အပ်ကြည့်ပါလား။ 🙄

      😉

    • nigimi77

      July 11, 2012 at 12:47 pm

      ရှိတယ် ကိုခိုင် ရေ ။

      http://1stmm.net/

      အဲဒီကို သွားကြည့် ။

      Root လို ့ မရသေးတဲ့ Model တွေ အတွက်ကို မြန်မာ ဝဘ်ဆိုဒ်တွေကို မြန်မာဖောင့်

      မသွင်းပဲ မြန်မာလို ဖတ်လို ့ရအောင် လုပ်ပေးထားတာ ။ ကျုပ်လည်း အမြစ်တူးလို ့

      မရခင် အချိန်က မန်းဂေဇာတ်ကို ဒါနဲ ့ အားပေးခဲ့ရတယ် ။

  • surmi

    July 11, 2012 at 8:24 am

    ဒီလိုပွတ်စရာလေးကိုဘဲကျေးဇူးတင်နေရတာဗျို ့
    မဟုတ်ရင်ရွာထဲကိုညမှဘဲဝင်ရတော ့တယ်
    ဒါနဲ ့ ကိုရင်နိဂိမိ ပျောက်နေတာကြာပေါ ့ ရခိုင်မှာအလုပ်များနေတယ်ထင်ပါ ့။

  • ကြောင်လေး

    July 11, 2012 at 8:26 am

    ဒါကတော့ နိဂိမိ ရဲ ့ Android ဘဝ အစပေါ့ ။

    ဒါကအစဆိုတော့အဆုံးရှိဦးမယ်ထင်ပါ့။ ဗဟုသုတအလို့ငှာ စောင့်ဖတ်နေပါ့မယ်။
    ကိုရွာစားကျော်ရေ ဆင်းကတ်ထည့်လို့ရတဲ့တက်ဗလက်က တရုပ်ကဘလိုင်းဝင်တဲ့ဟာတွေပဲထင်တယ်။ ခုနစ်သောင်းခွဲလို့တော့ကြားတယ်။စကရင်က ခုနစ်လက်မ အင်တာနက်သုံးလို့တော့ကောင်းတယ် စာလုံးတွေရှင်းနေတာပဲ၊ သူများဟာငှားပွတ်ဖူးတယ်။ကျနော်လည်းခွေးတော့မွေးထားပြီးပြီ။ခြံမရှိသေးဘူးဗျ။ အဲသလိုမျိုးတက်ဗလက် ဘရန်းဒက် တွေ တွေ့ရင် သံချောင်းလေးခေါက်လိုက်ပါဗျို့။

  • ကြောင်လေး

    July 11, 2012 at 9:07 am

    ခုနစ်သောင်းခွဲနဲ့သိပ်မကွာဘူးနော်။ ပိုက်ရှံရှုလိုက်ဦးမယ်။ခွစ်ခွစ်

  • nigimi77

    July 20, 2012 at 1:36 pm

    နီရဲ နေတာပဲ ။

    ဖေတရာတွေ ဆေးခတ်သွားတယ် ။

    :mrgreen:

  • etone

    July 20, 2012 at 3:36 pm

    ဩ …မိပြီ မိပြီ ……. ဟိုလူဂျီး …… လက်စသတ်တော့ ဒင်းက … တသောင်းကျော် အကုန်ခပြီးမြန်မာစာ သွင်းထားလို့ ကျုပ်ကို …. မနာလို တိုရှည်ဖြစ်အောင် မြန်မာစာတွေ ရိုက်ပြနေတယ်ပေါ့လေ …. ။ 👿

    အခုဆို ဖရီးရတဲ့ဆိုဒ်တွေ ဒီကနေဖွင့်ရတာ သိသိသာသာကြီးကို အတော်လေးနေပြီ …. ။ လိုချင်လို့ အကုန်ဒေါင်းလော့ လုပ်ရင်း လုပ်ရင်း … မန်မိုရီကဒ်လည်း ခဏခဏပြည့်တယ် …. မလိုတာတွေ ဖျက်ရင်း ဖျက်ရင်းကလည်း ဘာမှ မကျန်တော့ဘူး .. … ။ ဒါတောင် စပေ့သိပ်မကျန်တော့ဘူး … ။
    ှဆိုင်မှာ မြန်မာစာသွင်းလျှင် သုံးထောင် နဲ့ငါးထောင်ပေးရတယ် .. ဒါကြောင့် ဘော်ဒါတွေနဲ့ ချိတ်ပြီး ကလိတာ .. မြန်မာစာက ကီးပတ်မှာပဲ ပေါ်ပြီး …. အန်းတားခေါက်ရင် လေးထောင့်လေးတွေ ပဲဖြစ်ဖြစ်နေတယ် …. ။ ပိုက်ဆံ မပေးချင်တာထက် ..ဖုန်းဆိုင်မရောက်ဖြစ်တာရယ် ၊ စိတ်မရှည်သေးတာရယ်ကြောင် ….. ကလိရင်းနဲ့ … မြန်မာစာ သုံးမရသေးဘူး … ။ 🙁

    နောက်တစ်ခုမကျေနပ်တာက …ကိုယ်တွေ အင်တာနက်ဖွင့်တုန်းက … တရားဝင် သုံးသောင်းပေးရပြီး ၊ ဆားဗစ်ကြေးဆိုပြီး တစ်သောင်း စုစုပေါင်း လေးသောင်းကုန်ခဲ့တာပဲ … ခွိးးးးးးးးးးးးးး တင်းတယ်ဟေ့ 🙁

    တချို့သော APK ဖိုင်တွေမှာ .. ဝိုင်ဖိုင် ဟက်တို … ဝိုင်ဖိုင်ခရက်ရှ်တို့ပါတယ် … သိလား … ဒါပေမယ့်လည်း …. သုံးမရဘူး .. အသုံးမတည့်ဘူး … အဲ့ဒါမျိုးဆို မဒေါင်းဖို့ … ကြို အသိပေးလိုက်ပါတယ် … ။ 🙄

  • nigimi77

    July 20, 2012 at 6:39 pm

    အီးတုန်းရေ ။

    ညည်းဟာက ဘယ်ရမလဲ ။ အမြစ်မှ မတူးရသေးတာ ။

    အမြစ် မတူးရသေးရင် Zawgyi Keypad ထည့်ထားလည်းပဲ

    မြန်မာစာရိုက်လို ့ မရဘူး ။

    Handset အမျိုးအစားနဲ ့ Model Number ကို ပြောပြရင်တော့

    အွန်လိုင်းကနေ Firmware ရေးတတ်ချင်ယောင်ဆောင်ပြီး Developer

    ဆရာကြီး လေသံနဲ ့ ကျုပ်က ညည်းရဲ ့ ဖုန်းကို အမြစ်တူးဖို ့ ကူညီပေးနိုင်ပါတယ် ။

    :mrgreen:

Leave a Reply