ထူးဆန်းသော

ထူးဆန်းသော ဇရပ်ကလေး

မြန်မာပြည်အလယ်ပိုင်း အညာဒေသရှိ ကျေးရွာ တစ်ရွာတွင် ဖြစ်လေသည်။ ထိုကျေးရွာ၏ အမည်မှာ တိုင်းတာကျေးရွာဟူ၍ ဖြစ်၏။ တိုင်းတာရွာ၏ အနောက်မြောက် ခပ်လှမ်းလှမ်း အရပ်တွင် ရွာဦးဘုန်းကြီးကျောင်း ရှိလေ၏။ ထိုဘုန်းကြီးကျောင်းတွင် ဥပုသ်နေ့ အခါသမယများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်သူများ နားနေနိုင်ရန်အတွက် ဆောက်လုပ်ထားသော ဇရပ်တစ်ဆောင် ရှိလေသည်။

ထိုဇရပ်ကလေးသည် လူ ၃ဝ ခန့် နားနေနိုင်သော အကျယ်အဝန်းရှိလေသည်။ ဥပုသ်နေ့များတွင် မည်သို့သော ထူးခြားမှုမျိုးကို မပြတတ်သော်လည်း ဥပုသ်နေ့ပြင်ပ အခြားသော နေ့များတွင် ထိုဇရပ်ပေါ်၌ အိပ်စက်သော သူများသည် ထူးဆန်းသော အိပ်မက်ကို မြင်မက်တတ်လေ၏။

ထိုအိပ်မက်ထဲတွင် သမီးရည်းစား ဖြစ်ဟန်ရှိသည့် လွန်စွာ ရုပ်ဆိုးသော ယောက်ျား တစ်ယောက်နှင့် လွန်စွာ လှပသော မိန်းကလေးတို့သည် တစ်ဦးနှင့်တစ်ဦး ဖက်တွယ်ထားသည့် အခိုက် ဓားလှံများ ကိုင်ဆောင်ထားသည့် လူများသည် ရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦး ကြိုးများဖြင့် တုပ်နှောင်ကာ ဖမ်းဆီး ခေါ်ဆောင် သွားလေသည်။ ယင်းနောက် ချောက်ကမ်းပါး တစ်ခု၏ ထိပ်တွင် ကြိုးဖြင့် တုတ်နှောင်ထားသော ယောက်ျားတစ်ယောက်အား ထိုချောက်ထဲသို့ တွန်းချလိုက်သည်ကို တွေ့ရလေ၏။ ယင်းနောက်တွင် ထိုယောက်ျားသားသည် အိပ်မက်နေသူ၏ ဘေးသို့ ရောက်လာသကဲ့သို့ရှိပြီး “ကျွန်ုပ်ကား သေခဲ့လေပြီ၊ သို့ရာတွင် ကျွန်ုပ် မသေသေး၊ ကျွန်ုပ်အား အသေသတ်၍ ကောင်းရာသို့ ပို့ပါလော့” ဟူ ပြောကြားကာ ပျောက်ကွယ်သွားတတ်လေ၏။

အထက်ပါ အိပ်မက်သည် ကွဲပြားခြင်း မရှိပေ။ ဥပုသ်နေ့ပြင်ပ နေ့ရက်များ၌ အဆိုပါ ဇရပ်ပေါ်၌ အိပ်စက်သောသူ အများစုသည် ထိုအိပ်မက်အား မြင်မက်တတ်လေသည်။ ထိုအိပ်မက်ကား တိုင်းတာရွာတွင် လူပြောများသော အိပ်မက်တစ်ခု ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ထိုအိပ်မက်အား အကြောင်းပြု၍ “အိပ်မက် မက်ချင်ရင် ဇရပ်ပေါ်သွားအိပ်” ဟူသော စကားသည် တိုင်းတာရွာလေး၌ ပေါ်ထွက်လာခဲ့လေတော့သတည်း။

x x x x x x x x x x

ထူးဆန်းသော လူကြီးတစ်ဦး

တစ်နေ့သ၌ အသက် (၄၀) အရွယ်ခန့်ရှိ လူကြီးတစ်ဦးသည် တိုင်းတာရွာလေး၏ ရွာဦးဘုန်းကြီးကျောင်းသို့ ဦးတည် လျောက်လှမ်းလာသည်ကို တွေ့ရလေသည်။ ထိုလူကြီး၏ မျက်နှာတွင် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများ ထူထပ်စွာ ပေါက်ရောက်နေလေသည်။ ထိုလူကြီးသည် သန်မာ ထွားကျိုင်းဟန်ရှိပြီး လွယ်အိတ်ကြီးတစ်လုံးကိုလည်း လွယ်ထားလေသည်။

ထိုလူကြီးသည် ကျောင်းဝင်းအတွင်းသို့ ဝင်လိုက်သည်တွင် ကျောင်း၌ မွေးမြူထားသော ခွေးများက ဝိုင်း၍ ဟောင်ကြလေသည်။ ကိုရင်လေးများ ရောက်လာပြီး ထိန်းလိုက်တော့မှပင် ခွေးများသည် ငြိမ်သွားကြလေသည်။ ထိုအခါ လူကြီးက ကိုရင်လေးများအား “ဆရာတော် ရှိသလား ဘုရား” ဟူ၍ မေးမြန်းလေ၏။ ကိုရင်လေးများက ဆရာတော် ကျောင်းပေါ်တွင် ရှိကြောင်း ပြောသောအခါ ထိုလူကြီးသည် ကျောင်းပေါ်ထပ်သို့ တက်သွားလေတော့သည်။

ထိုလူကြီးသည် ကျောင်းပေါ်ထပ်သို့ရောက်လျင် ကုလားထိုင်ပေါ်တွင် စာဖတ်နေသော ဆရာတော်အား ဦးချလေ၏။ ထိုအခါ ဆရာတော်က ထိုလူကြီးအား အထူးအဆန်းသဖွယ်ကြည့်ပြီး “ဒကာကြီးက ဘယ်သူတုံး” ဟူ၍ မေးမြန်းလေသည်။ ထိုလူကြီးက “တပည့်တော် မြစ်ကြီးနားဘက်က ဆင်းလာတဲ့သူပါ ဘုရား၊ ဒီရွာနားတစ်ဝိုက်မှာ တပည့်တော် အမျိုးတွေ ရှိတယ်ဆိုလို့ တပည့်တော် လာပြီး စုံစမ်းတာပါ ဘုရား” ဟူ၍ လျောက်ထားလေ၏။

ထိုအခါ ဆရာတော်က ထိုလူကြီးအား သေချာစွာကြည့်ကာ “ဒကာကြီးက အမျိုးတွေရှာရင်း ဒီကျောင်းမှာ တည်းချင်တယ် ဆိုပါတော့” ဟူ၍ ပြောလေရာ ထိုလူကြီးက “မှန်ပါဘုရား၊ တပည့်တော် ဒီကျောင်းမှာ ခေတ္တခဏ တည်းခိုချင်လို့ပါ ဘုရား” ဟူ၍ လျောက်ထားလေသည်။

“အေးကွယ် … တည်းဖို့ ခွင့်ပြုတာက အကြောင်းမဟုတ်ဘူးကွယ့်၊ ဒါပေမယ့် …” ဆရာတော်သည် စကားကို မဆက်သေးဘဲ ရှိနေစဉ် ထိုလူကြီးက “တပည့်တော် ပုံစံကို ကြည့်ပြီး ဆရာတော် အနေနဲ့ လူဆိုးလို့ ထင်ကောင်း ထင်နိုင်ပါတယ် ဘုရား၊ တပည့်တော် လူကောင်းပါ ဘုရား၊ တပည့်တော်မှာ အိမ်ထောင်စု ဇယားရော၊ မှတ်ပုံတင်ပါ ပါလာပါတယ် ဘုရား” ဟူ၍ ဆိုကာ ၎င်း၏ လွယ်အိတ်ကြီး အတွင်းမှ စာရွက်များအား ထုတ်ယူပြီး ဆရာတော်အား ကပ်လေ၏။

ဆရာတော်သည် စာရွက်များအား ကြည့်ရှုပြီးနောက် “အေးကွယ် .. ဒကာကြီး တည်းချင်တယ်ဆိုရင်လည်း ကျောင်းဝေယျာဝစ္စ လုပ်ရင်းနဲ့ နေပေါ့၊ သံဃာ့ပစ္စည်း အဆိပ်သီးတဲ့ကွယ့်” ဟူ၍ ပြောလေသည်။ လူကြီးသည် “မှန်ပါ့ဘုရား၊ ကျေးဇူးတင်ပါတယ် ဘုရား” ဟူ၍ ပြန်လည် လျောက်ထားလေ၏။

“ဒကာကြီး နေမယ်ဆိုရင် ဟောဟို ဇရပ်လေးပေါ်မှာ နေပေါ့ကွယ်” ဟူ၍ ဆရာတော်က ကျောင်း၏ ပြတင်းပေါက်မှနေ၍ ကျောင်း မြောက်ဘက်တွင်ရှိနေသော ဇရပ်လေးအား ညွှန်ပြလိုက်လေ၏။ ထိုအခါ လူကြီးသည် ဆရာတော်အား ဦးချပြီး ထသွားမည် အပြုတွင် ဆရာတော်က “ဒကာကြီး နာမည်က ဘယ်သူတုံးကွယ့်” ဟူ၍ မေးမြန်းရာ လူကြီးသည် မတ်တပ်ရပ်လျက် လက်အုပ်ချီရင်း “တပည့်တော် နာမည် အောင်မောင်းပါ ဘုရား” ဟူ၍ လျောက်ထားကာ ၎င်း နေထိုင်ရမည့် ထူးဆန်းသော ဇရပ်လေးဆီသို့ လျောက်လှမ်းလာခဲ့လေတော့သတည်း။

x x x x x x x x x x

ကြိုးစားလျှက် …
အံစာတုံး

23 comments

  • MAUNG

    July 10, 2012 at 7:07 pm

    အန်…. တန်းလန်း ကြီး ပါလား ကိုတောက် တဲ့ း)

  • ကိုရင်မောင်

    July 10, 2012 at 7:19 pm

    တန်းလန်းက ထုံးစံဖြစ်နေတော့
    စောင့်ဖတ်ရမှာပေါ့ ကိုတောက်တဲ့ရယ်…

  • MaMa

    July 10, 2012 at 7:28 pm

    စာဆုံးတဲ့အထိ တခါတည်း ဖတ်ဖြစ်သွားအောင် မောင်တောက်တဲ့စာက ဖမ်းစားသွားလိုက်နိုင်တယ်။ 🙂
    ခုမှ ဇာတ်က တည် တုန်း ဆိုတော့…….
    အင်းးးးးးးးး စောင့်ဖတ်ရတော့မှာပေ့ါလေ။

  • may flowers

    July 10, 2012 at 8:50 pm

    စိတ်ဝင်စားစရာမို့ စောင့်ဖတ်နေမယ်နော် ညန်ညန်လေး။

  • တောသားလေး

    July 10, 2012 at 8:52 pm

    အင်းးးးးးးးး စောင့်ဖတ်ရတော့မှာပေ့ါလေ။တန်းလန်းကြီးဖစ်နေတော့ း)

  • မောင်ပေ

    July 10, 2012 at 9:23 pm

    တစ်ရံရော တစ်ခါတွင် ဖြစ်အိ
    မြန်မာနိုင်ငံထဲက အလုပ်အကိုင်သိပ်မကောင်းသော မြို ့လေးတစ်မြို ့တွင်
    အသက်ငယ်ငယ် မျက်စိမမြင်ရရှာသော လူငယ်တစ်ယောက် ရှိလေသည်။
    သူ ့နာမည်မှာ ငပြူး ဖြစ်ရွေ ့၊ သူ ့အသက်မွေးဝမ်းကြောင်းမှာ ၊ သူ ့မြို ့ကလေးရှိ ဈေးနားတွင် တောင်းစားရရှာလေသည် ။ မျက်မမြင်တို ့၏ ထူးခြားသော စွမ်းရည်တစ်ခုမှာ သာမန်လူများထက် အကြားအာရုံ ပိုစူးစိုက်နိုင်သည် ။ သူ ့ကို ငပြူး ဟု ခေါ် လျှင် သူ သည် အသံအကျယ်ကြီး ဖြင့် ပြန်ပြန် ထူးတတ်သည် ။ ထူးပြီးသည်နှင့် တစ်ပြိုင်နက် ၊ အသံလာရာဘက်သို ့၊ သူ ့လက်များဖြင့် သူ ့အား ကရုဏာကြေးများပေးသွားလို ့ပေးငြား လိုက်စမ်းလေ့ရှိသည် ။
    အီသို ့ဖြင့် သူ၏ တစ်နေ ့တာ အလုပ်မှာ ထူးလိုက် စမ်း လိုက် နှင့် စကာ
    ထူးဆန်းသော ဟူရွေ ့ဖြစ်လာတော့လေသတည်း ။
    အီကား ကျွန်ုပ် မောင်ပေ အိ ကိုယ်တွေ ့ဖြစ်ရပ်တစ်ခု ကို မခြွင်းမချန် ပြန်လည် ဖော်ပြလိုက်ခြင်းပေတကား

    • htoosan

      July 10, 2012 at 10:02 pm

      နံမည် ဘယ်လိုပြောင်းရမလဲ အကြံပေးကြပါဦးဗျာ.. 🙄
      အထင်မှားတော့မယ် သိလို့ မေးမလို့ကြံတုန်း ကြောင်လေး ဦးသွားပြီ.. 😥
      😀

  • ကြောင်လေး

    July 10, 2012 at 9:53 pm

    ကိုပေ…….ရွာသားကိုထူးဆန်းတော့မဟုတ်လောက်ပါဘူးနော်……..

    ကိုအိမ်မြှောင် ဘိုးအေရေ ဆက်ရန်ရှိသေးရင်လည်းရှိသေးကြောင်းသံကြိုးလေးရိုက်သွားပါကွယ်။
    ဆက်ဖတ်ရန်မျှော်နေပါ့မယ်။

  • ကြည်ဆောင်း

    July 11, 2012 at 9:06 am

    ဒီဇရပ်လိပ်စာလေးများရှိရင် အိပ်မက် များ မမက်ဘူးပါဘူးဆိုတဲ့သူတွေကို လွှတ်ချင်သား….
    ဆက်ရန်ကိုစောင့်မျှော်နေပါတယ်…

  • ဘဲဥ

    July 11, 2012 at 10:51 am

    တောက်တဲ့မ ဒီမှာ လန်းတန်းဂျီးဖစ် အဲ့အဲ့ တန်းလန်းဂျီးဖစ်ကျန်ဂဲ့ဘီ
    ဘာဆက်ဖစ်မှာယဲဟင်
    လူဇိုးမ ကောင်းခန်းရောက်မှ မီးဖျက်ပလိုက်တယ် ဟွန်း

  • water-melon

    July 11, 2012 at 2:14 pm

    ထူးဆန်းသော တောက်တဲ့
    တလုပ်ပြည်ပို့ပြီး ကာမအားတိုးဆေးဖော်လိုက်လို့ကတော့
    ဟင်း ဟင်း
    တောက်တဲ့တော့ မျိုးပြုတ်တော့မယ်
    မူးနေရင်လဲအိပ်တော့

  • Thu Wai

    July 11, 2012 at 2:20 pm

    ထို အောင်မောင်း ဆိုသော လူကြီးသည် ဇရပ် ပေါ်သို့ ရောက်လျှင် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက်
    သူနားနေမည့် နေရာတဝိုက်အား ရှင်းလင်းလေသည်။ ပြီးနောက် ခရီးပန်းလာသည်ဖြစ်ရျ် တမှေးတမော
    အနားယူ အိပ်စက်လေ ရာ သူသည်လည်း အလားတူ ထိုအိပ်မက် ကိုပင် မက်လေဧ။်။ သို့သော် သူ့အားပြောသော စကားမှာမူ “ငါသည်ကား သေးခဲ့ လေပြီ။ သို့သော် ငါပြန်ကြီးချင်သလိုဖြစ်နေဧ။် ငါ့အား
    သေးအောင်လုပ်ရျ် export လုပ် ရောင်းစားလေတော့” ဟူရျ် အိမ်မက် မက်လေဧ။် ။
    ကျွန်တော်တတ်နိုင်သလောက် ဆက်ရျ် ရေးပေးထားခြင်းဖြစ်ပါသည်။

  • Khaing Khaing

    July 11, 2012 at 2:32 pm

    ကိုကြီးအံကလည်း သူများတွေပြောသလို တန်းလန်းကြီး …… အကျင့်ပုတ်တယ် …… မြန်မာရုပ်ရှင်ကားတွေ ဗီဒီယိုပြန်ထုတ်သလို လေးခွေတွဲလုပ်နေတယ် ……. စိတ်ဇိုးတယ် …….. မြန်မြန်လေးရေး မြန်မြန်လေးတင် ….

  • အရင့်ရောင်

    July 11, 2012 at 2:52 pm

    အောင်မောင်းတို့တော့
    ချောင်ကောင်းကောင်းမှာ စံရတော့မယ်ဟေ့…………
    အောင်မောင်း အရှောင်မကောင်းလို့ကတော့
    အိပ်မက်ထဲမှာ မိန်းမမချောလေးနဲ့ပဲတွေ့မလား
    ကိုတောက်တဲ့ လိုရုပ်ဆိုးတဲ့ လူနဲ့ပဲတွေ့မလား
    စောင့်မျှော် အားပေးနေပါတယ်
    ခင်တဲ့
    အရင့်ရောင်

  • kyeemite

    July 11, 2012 at 4:09 pm

    စာအရေးအသားတော်တော်ကောင်းပါလားအံဇာတုံးရဲ့
    ဆန့်တငံ့ငံ့ ဖြစ်အောင်ထားခဲ့နိုင်ပါပေတယ်..

  • kai

    July 11, 2012 at 4:22 pm

    ဂမ္ဘီရလိုလိုဘာလိုလိုနဲ့..
    ဆက်သာရေးဗျို့… 🙂

  • snow white

    July 11, 2012 at 4:24 pm

    ဆက်လက်စောင့်မျှော်ဖတ် ပါ့မယ် ဖတ်လို့ အရှိန်ကောင်းနေတုန်း မှာ မီးပျက်သွားသလိုဖြစ်နေပြီ ငယ်ငယ်ကဆို စာကျက်ခိုင်းရင် မီးလာမှ ကျက်မယ် မီးလာပြန်တော့ မျက်လုံးက အိပ်ချင်လာတယ် အဲ့တော့မီးပျက်ပါစေလို့ဆုတောင်းမိတယ် တကယ်လည်းဆုတောင်းပြည့်တယ် စာကျက်လို့ နာရီဝက်လောက်ဘဲ ရှိသေးတယ် မီးကပြန်ပျက်သွားပြန်ရောအဲ့လိုဘဲ ငို်က်လိုက် ပျက်လိုက် ဖြစ်နေတယ် မြန်မြန်လေးရေးပေးနော် စောင့်ဖတ်နေမယ် …

  • mamanoyar

    July 11, 2012 at 4:33 pm

    ဟောဗျာ မစ္စတာတောက်တဲ့ကလဲ
    ဆက်ရန်လို့လဲမပါ အပိုင်းတစ်လို့လဲမပါ
    မျှော်ရမှာလား ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးဘူးထင်တယ်
    လူထူးဆန်းကြီး ထသွားတဲ့ဇရပ်က အစောနားက အိပ်မက်မက်တဲ့ဇရပ်လားဟင်

  • မစ္စတာ တောက်တဲ့

    July 11, 2012 at 6:03 pm

    ယခုကဲ့သို့ ကျွန်ုပ်၏ မဖြစ်ညစ်ကျယ် စာများအား
    လာရောက် အားပေး ဖတ်ရှုတော်မူကြပါကုန်သော အရပ်ကတို့အား
    ကျွန်ုပ် မစ္စတာ တောက်တဲ့မှ အထူးကျေးဇူးတင်ရှိတော် မူပါကြောင်း
    ရှေးဦးစွာ ပြောကြားလိုပါ၏ ……။

    ယင်းနောက်တွင်ကား …
    ယနေ့အဖို့ “ထူးဆန်းသော အဆက်” ကို တင်လိုက်ပါကြောင်း …
    http://myanmargazette.net/137290/creative-writing
    ဆက်ရန် ဟု မရေးသည်မှာ ကျွန်ုပ်အဖို့ ဒီရွာကြီးကို ဆပ်ရန်
    အကြွေးပို့စ်များ ရှိနေပါသေးသောကြောင့် ဆက်ရန်ဟု မရေးရဲခြင်း ဖြစ်ပါကြောင်း … 😀

    အားလုံးကို ခင်တဲ့
    အံစာ .. အဲ .. မစ်ချတာ တောက်တဲ့

  • မစ္စတာ တောက်တဲ့

    July 11, 2012 at 6:05 pm

    ယခုကဲ့သို့ ကျွန်ုပ်၏ မဖြစ်ညစ်ကျယ် စာများအား
    လာရောက် အားပေး ဖတ်ရှုတော်မူကြပါကုန်သော အရပ်ကတို့အား
    ကျွန်ုပ် မစ္စတာ တောက်တဲ့မှ အထူးကျေးဇူးတင်ရှိတော် မူပါကြောင်း
    ရှေးဦးစွာ ပြောကြားလိုပါ၏ ……။

    ယင်းနောက်တွင်ကား …
    ယနေ့အဖို့ “ထူးဆန်းသော အဆက်” ကို တင်လိုက်ပါကြောင်း …
    ဆက်ရန် ဟု မရေးသည်မှာ ကျွန်ုပ်အဖို့ ဒီရွာကြီးကို ဆပ်ရန်
    အကြွေးပို့စ်များ ရှိနေပါသေးသောကြောင့် ဆက်ရန်ဟု မရေးရဲခြင်း ဖြစ်ပါကြောင်း … 😀

    အားလုံးကို ခင်တဲ့
    အံစာ .. အဲ .. မစ်ချတာ တောက်တဲ့

  • စိန်ဗိုက်ဗိုက်

    July 11, 2012 at 7:04 pm

    အူးလေးတောက်ဒဲ့ခည…
    ထူးဆန်းသော ပြီးရင် ဗိုက်ကလေးသော ရှိုပီး ရေးပေးဖို ့ လကွက်စ်ထ် လုပ်ပါတယ်ခင်ည

    • မစ္စတာ တောက်တဲ့

      July 11, 2012 at 7:13 pm

      ဝုတ်ကဲ့ပါ ခည ..
      အားပေး ဖတ်ချုတွားဒါ တေးဇူးတင်ပါလယ် ခည ..
      ဒါနဲ့ …
      ပျောက်နေဒလားလို့ ခည ..
      ဘီအီးနဲ့ မှောက်နေဒလား ခည … 😀

Leave a Reply