ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းများ – ခင်မမမျိုး (၁၀၊ ၇၊ ၂၀၁၂)

kaiJuly 10, 201230min37611

အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နှိမ်နင်းနိုင်ရေးအတွက် သတင်း အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ရေးဟာ အဓိက အကျဆုံးဖြစ်ပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုတွေ မဖြစ်ပွားမီက ကာကွယ် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေနဲ့ ဖြစ်ပွားပြီးနောက်ပိုင်းမှာ အကြမ်းဖက်သမားတွေကို စုံစမ်းဖော်ထုတ် နိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လဲ အကြမ်းဖက်မှုများ ထိရောက်စွာနှိမ်နင်းနိုင်ဖို့အတွက် Terrorist Intelligence Unit တွေကို သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ ဖွဲ့စည်းထားကြပါတယ်။ ဒီယူနစ်တွေက Terrorist Intelligence Process တွေကို အသုံးပြုပြီး သတင်းအချက်အလက်များ စုဆောင်းခြင်း၊ သတင်းရယူခြင်း၊ အကြမ်းဖက်သမားဟု သံသယဖြစ်နိုင်ချေ ရှိသူများနှင့် ထောက်ခံအားပေးနေသူများကို ဖော်ထုတ်ခြင်း၊ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်အဖွဲ့အစည်းများအား ဖော်ထုတ်ခြင်း၊ ပုဂ္ဂိုလ်ရေးဆက်နွယ်မှု၊ ဘဏ္ဍာရေး ဆက်နွယ်မှု၊ ဖြစ်စဉ်ဆက်နွယ်မှု စသည်များကို ဆက်စပ်လေ့လာဆန်းစစ်ခြင်း စတဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဆောင်ကြပါတယ်။

ဖြစ်ပွားပြီးခဲ့တဲ့ နိုင်ငံအသီးသီးမှ ပြည်တွင်းအကြမ်းဖက်မှုများနဲ့ နိုင်ငံတကာအကြမ်းဖက်မှုများကို လေ့လာဆန်းစစ်ချက်များအရ မည်သည့်အဖွဲ့အစည်းများနဲ့မှ ဆက်စပ်ခြင်းမရှိတဲ့ တကိုယ်တော် အကြမ်းဖက်မှု တွေက နည်းပါးပါတယ်။ အကြမ်းဖက်မှုများရဲ့ နောက်ကွယ်မှာ ကြိုးကိုင်ထားတဲ့ (သို့မဟုတ်) ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများနဲ့ အားပေးထောက်ခံသော အဖွဲ့အစည်းများကို ဖော်ထုတ်နိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါကြောင့်လဲ ထောက်လှမ်းရေးအဖွဲ့အစည်းများနဲ့ အကြမ်းဖက်မှုလေ့လာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လက်တွဲပြီး အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ချိတ်ဆက်အဖွဲ့အစည်းများကို Link Analysis များ ပြုလုပ်ပြီး ဖော်ထုတ်ထားကြပါတယ်။

ဖော်ထုတ်တွေ့ရှိထားကြတဲ့ အကြမ်းဖက်အဖွဲ့အစည်း အများစုဟာ တရားဥပဒေစိုးမိုးရေး (rule of law) ရဲ့ လက်တံနဲ့ အနည်းငယ် ဝေးကွာလေ့ရှိတဲ့ တောတောင်ထူထပ်သော ဒေသများ၊ သဘာဝအရံ အတားအဆီး များသောဒေသများနဲ့ နယ်စပ်ဒေသများမှာ ခိုအောင်းပြီး အခြေစိုက်စခန်း တည်ထောင်လေ့ရှိကြပါတယ်။ ဒီလိုတည်ထောင်မှုကနေ အိမ်နီးချင်းနိုင်ငံများအပေါ်မှာ spill-over effects များ သက်ရောက်လာလေ့ရှိသလို၊ အိမ်နီးချင်းနိုင်ငံမှ အခြားစစ်သွေးကြွအဖွဲ့အစည်းတွေနဲ့ ဆက်စပ်လာတာတွေလဲ ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုလေ့လာဆန်းစစ်ချက်ေတွမှာ မိမိတို့နိုင်ငံသာမက နယ်နိမတ်ချင်းထိစပ်နေတဲ့ နိုင်ငံများရဲ့ အကြမ်းဖက်အဖွဲ့အစည်းများ အကြောင်းကိုပါ လေ့လာထားဖို့လိုအပ်ပါတယ်။ အခုဒီဆောင်းပါးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် အကြမ်းဖက်အဖွဲ့အစည်းများအကြောင်းကို လေ့လာတင်ပြမှာ ဖြစ်ပါတယ်။

(၂၀၀၉) ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရကနေ စစ်သွေးကြွအကြမ်းဖက်အဖွဲ့အစည်း (၁၂) ခုရဲ့ အမည်ကို ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ ဒီအဖွဲ့အစည်းတွေထဲမှာ ပါဝင်တဲ့ Harkat-ul Jihad Islami (HuJI) Bangladesh, Jamaat-ul Mujahideen Bangladesh (JMB), Shahadat-e-al Haqima (SAH) စတဲ့ အဖွဲ့အစည်းတွေဟာ ယခင်အစိုးရများလက်ထက်ကတည်းက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ထုတ်ဖော် ကြေငြာခံထားရတဲ့ အဖွဲ့အစည်းများ ဖြစ်သလို၊ နိုင်ငံတကာလုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများရဲ့ လေ့လာဆန်းစစ်ချက် များမှာ အမည်စာရင်းထည့်သွင်းခံထားရတဲ့ အဖွဲ့အစည်းတွေလဲ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်အဖွဲ့အစည်းများအကြောင်းကို လေ့လာကြည့်ကြရအောင်ပါ။

Shahadat-e al Haqima: Shahadat-e al-Hikma (SAH)

ဒီအဖွဲ့အစည်းကို (၂၀၀၃) ခုနှစ်၊ ဖေဖော်ဝါရီလ () ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ရဲ့ခေါင်းဆောင်ကတော့ Kawsar Hossain Siddique ဆိုသူဖြစ်ပါတယ်။ ဒီအုပ်စုက အချက် ()ချက်ပါတဲ့ တောင်းဆိုချက်များကို တောင်းဆိုခဲ့ပြီး (၁၉၇၁) ခုနှစ် လွတ်မြောက်ရေးစစ်ပွဲကို အသက်ပြန်သွင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ အစိုးရအာဏာကို အကြမ်းဖက်နည်းလမ်းနဲ့ ရယူမယ့် ရည်ရွယ်ချက်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီအဖွဲ့အစည်း ပေါ်ပေါက်လာစမှာပဲ တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းေရးကို ခြိမ်းချောက်လာတာကြောင့် အဲဒီအချိန်က အစိုးရဖြစ်တဲ့ BNP- Jamaat government က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့ပါတယ်။

ထောက်လှမ်းရေး သတင်းအချက်အလက်များအရ ဒီအဖွဲ့မှာ ကွန်မင်ဒိုအင်အား တသောင်းခန့်ရှိပြီး၊ တိုင်းပြည်အနှံ့မှာ ဖြန့်ကျက်ထားတဲ့ တိုက်ခိုက်ရေးသမား နှစ်သောင်းခွဲရှိပါတယ်။ ကမာ္ဘကျော်အကြမ်းဖက် အဖွဲ့အစည်းကြီးဖြစ်တဲ့ Al Qaeda အဖွဲ့နဲ့ ဆက်စပ်မှုတွေ ရှိကြောင်း ထောက်လှမ်းရေးသတင်း အချက် အလက်များမှာ ဖော်ပြထားပါတယ်။

Harkat-ul Jihad al Islami Bangladesh (HuJI-B)

ဒီအဖွဲ့အစည်းကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသာကပဲ နိုင်ငံတကာ လုံခြုံရေးလောကမှာပါ နာမည်ကြီးတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒီအဖွဲ့ကို အာဖဂန်နစ္စတန်မှာ ဆိုဗီယက်တပ်တွေကို သွားတိုက်ပြီးပြန်လာခဲ့တဲ့ အာဖဂန်နစ္စတန်စစ်ပွဲပြန်များက စုဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ Osama Bin Laden’s International Islamic Force (IIF) ကို အားကျအတုယူမှုတွေ ရှိခဲ့ပါတယ်။ အဖွဲ့ရဲ့ ခေါင်းဆောင်အမည်ကတော့ Showkat Osman (ခေါ်) Sheikh Faridi ဆိုသူဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ ရည်မှန်းချက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာဘ်အုပ်ချုပ်ရေးကို အကောင်အထည် ဖော်ဖို့ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ ပစ်မှတ်များကတော့ secularism–liberal ပညာရှင်များ၊ ခေါင်းဆောင်များနဲ့ တိုင်းပြည်ရဲ့ secular image ကိုဖော်ဆောင်ပေးတဲ့ ပွဲလမ်းသဘင်များ (ဥပမာ– Bengali New Year ) စတာတွေ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းမှာ ကေဒါပေါင်းတသောင်းခွဲခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကနဦးအနေနဲ့ အဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးအသုံးစရိတ်များကို International Islamic Front (IIF) က တာဝန်ယူထောက်ပံ့ပေးခဲ့ပါတယ်။ အဖွဲ့အစည်းရဲ့ လှုပ်ရှားဒေသကတော့ စစ်တကောင်းကနေ Cox’s Bazaar ကိုဖြတ်ပြီး၊ မြန်မာနိုင်ငံအထိ ပင်လယ်ကမ်းရိုးတန်းဒေသများမှာ ဖြစ်ပါတယ်။ အိနိ္ဒယနိုင်ငံမှာလဲ ချိတ်ဆက်ကွန်ယက်ရှိပြီး၊ (၂၀၀၆) ခုနှစ် Sankat Mochan temple ဗုံးပေါက်ကွဲမှုနဲ့ (၂၀၀၇) ခုနှစ် Hyderabad ဗုံးပေါက်ကွဲမှုတွေမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဘင်လာဒင်ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စုအပေါ် စစ်ကြေငြာစဉ်တုန်းက လက်မှတ်ရေးထိုးပါဝင်ခဲ့တဲ့ အဖွဲ့အစည်းလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နီးစပ်နဲ့ စစ်တကောင်းဒေသ တောင်တန်းတွေမှာ ဖွင့်လှစ်ထားတဲ့ ပူးတွဲလွတ်မြောက်ရေးတပ်ဦး (United Liberation Front) စခန်းတွေကို ဒီအဖွဲ့အစည်းက ဦးစီးပြီး စီမံခန့်ခွဲတာဖြစ်ပါတယ်။

(၂၀၀၅) ခုနှစ်၊ အောက်တိုဘာလမှာ ဒီအဖွဲ့အစည်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက အကြမ်းဖက် အဖွဲ့အစည်းကြေငြာခဲ့ပြီး၊ (၂၀၀၇) ခုနှစ်မှာ အဖွဲ့ရဲ့ operational commander Mufti Hanan ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ (၂၀၀၂) ခုနှစ်၊ မေလ (၂၁) ရက်နေ့မှာ US State Department က ထုတ်ပြန်တဲ့ စတိတ်မင့်မှာ HuJI-Bကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါတယ်။

HUJI-B အဖွဲ့အစည်းဟာ Rohingya Solidarity Organization (RSO) နဲ့ ချိတ်ဆက်လှုပ်ရှားမှုတွေ ရှိပါတယ်။ RSO အဖွဲ့အစည်းဟာ (၁၉၉၄) ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မောင်းတောဒေသအတွင်းကို ထိုးဖောက်စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ဖူးတဲ့ အဖွဲ့ဖြစ်ပါတယ်။ (၂၀၀၂) ခုနှစ်၊ မေလ (၁၀) ရက်နဲ့ (၁၁)ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Ukhia South ဒေသအနီးက စခန်းတခုမှာ ပြုလုပ်ခဲ့တဲ့ Islamic Fundamentalist အဖွဲ့အစည်း () ခုရဲ့ တွေ့ဆုံပွဲမှာ ရိုဟင်ဂျာအဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး၊ အစည်းအဝေးကနေ The Bangladesh Islamic Manch ဆိုတဲ့ ညွန့်ပေါင်းအဖွဲ့အစည်းတခုကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဇွန်လမှာ အာဖဂန်စစ်ပြန်များက သင်တန်းနည်းပြများအဖြစ် ဆောင်ရွက်ပြီး၊ ညွန့်ပေါင်းအဖွဲ့အစည်း အဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ်တောင်းပိုင်ဒေသ၊ စခန်းနှစ်ခုမှာ စစ်သင်တန်းတွေ ပေးခဲ့ပါတယ်။

အာဖဂန်စစ်ပွဲတွေမှာ တာလီဘန်တွေဘက်ကနေ ဝင်ရောက်တိုက်ခိုက်ဖို့အတွက် ဒီအဖွဲ့အစည်းတွေကနေ စစ်ကူများ ပေးပို့ခဲ့ရာမှာ HUIJ-B နဲ့ မဟာမိတ်အဖွဲ့များပါဝင်ခဲ့ပါတယ်။ HUIJ-B အဖွဲ့ကို al-Qaeda’s South Asia arm အဖြစ် ကမ္ဘာ့လုံခြုံရေးလောကမှာ သတ်မှတ်ထားပါတယ်။ HUIJ-B အဖွဲ့ဟာ မဟာမိတ် ရိုဟင်ဂျာအဖွဲ့ဝင်များကို စုဆောင်းပြီး နီပေါကနေ ပါကစ္စတန်၊ ပါကစ္စတန်ကနေ အာဖဂန်နစ္စတန်ကို ပို့ဆောင်ပေးခဲ့ကြောင်း ထောက်လှမ်းရေးသတင်းများမှာ ဖော်ပြထားကြပါတယ်။ ဒါကြောင့် (၂၀၀၅) ခုနှစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်တကောင်းနယ်က အကြမ်းဖက်စခန်းများကို စီးနင်းအရေးယူမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

စစ်ဆင်ရေးတခုမှာတော့ RSO အဖွဲ့က ထိုင်းနယ်စပ်မှတဆင့် တင်သွင်းလာတဲ့ လက်နက်ခဲယမ်းမီးကျောက်များနဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းများထုတ်လုပ်တဲ့ ဓာတုဆေးရည်များကို သိမ်းဆည်းရမိခဲ့ပါတယ်။ (၂၀၀၉) ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့မှာ မှာ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ Countries Report on Terrorism- 2008 မှာ HUIJ-B အဖွဲ့အစည်းဟာ မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာ (Islamic minority group) ကို ကိုယ်စားပြုလှုပ်ရှားမယ့် operatives များအား သင်တန်းပေးခြင်းနဲ့ တာဝန်ပေးစေလွှတ်ခြင်းများ ပြုလုပ်ကြောင်း ပါရှိပြီး၊ အဖွဲ့ရဲ့ လှုပ်ရှားဒေသများကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ မြန်မာလို့ ဖော်ပြထားပါတယ်။

Jamaatul Mujahideen Bangladesh (JMB)

ဒီအဖွဲ့အစည်းကို (၁၉၉၈) ခုနှစ်မှာ ဖွဲ့စည်းခဲ့တယ်လို့ မှတ်တမ်းများမှာ တွေ့ရပေမယ့် စတင်ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး အတိအကျ ရက်တွေကို အငြင်းပွားမှုရှိပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းကို တိတိကျကျ ခြေရာခံမိလာတာကတော့ (၂၀၀၂) ခုနှစ်၊ မေလမှာ ကေဒါရှစ်ယောက်ကို ဖမ်းဆီးမိချိန်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းက လက်နက်ကိုင်တော်လှန်ရေးပြုလုပ်ြပီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစ္စလာမ်နိုင်ငံအဖြစ် တည်ထောင်ရန် ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဒီမိုကရေစီကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီဟာ အစ္စလာမ်ဘာသာကို ဆန့်ကျင်တယ်လို့ ယူဆထားကြပါတယ်။ ဒီအဖွဲ့အစည်းဟာ ယဉ်ကျေးမှုရေးရာများကိုလဲ ဆန့်ကျင်ပြီး၊ ရိုးရာယဉ်ကျေးမှု ပွဲလမ်းသဘင်များကို တိုက်ခိုက်လေ့ရှိပါတယ်။

ဒီအဖွဲ့အစည်းမှာ အချိန်ပြည့်အဖွဲ့ဝင် တသောင်းခန့်ရှိပြီး၊ အချိန်ပိုင်းအဖွဲ့ဝင် တသိန်းခန့်ရှိတယ်လို့ ထောက်လှမ်းရေးမှတ်တမ်းများမှာ ပါရှိပါတယ်။ အဖွဲ့အစည်းရဲ့ ကေဒါများကို ရွေးချယ်ရာမှာ တက္ကသိုလ်ဆရာများ၊ ဘာသာရေးကျောင်းမှ ကျောင်းသားများကို ဦးစားပေးရွေးလေ့ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းဒေသမှာ အခြေစိုက် လှုပ်ရှားလေ့ရှိပြီး၊ တနိုင်ငံလုံးအနှံ့ ကွန်ယက်များ ဖြန့်ကျက်ထားပါတယ်။ ထောက်လှမ်းရေးသတင်းများအရ မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ စစ်တကောင်းနယ်အပါအဝင် ဒေသကိုးခုမှာ operation divisions ကိုးခုခွဲပြီး လှုပ်ရှားပါတယ်။ (၂၀၀၅) ခုနှစ်၊ ဩဂုတ်လမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ခရိုင် (၆၄) ခုအနက် (၆၃) ခုမှာ ဗုံးအလုံး (၅၀၀) ကို တနာရီအတွင်းပေါက်ကွဲအောင် ချိန်ကိုက်ပြုလုပ်ခဲမှုမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေကို ကူဝိတ်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံများမှ တဦးချင်း အလှူရှင်များကတဆင့် လက်ခံရရှိပြီး၊ အန်ဂျီအိုအမည်ခံထားတဲ့ အဖွဲ့အစည်းများမှတဆင့်လဲ လက်ခံရရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြပါတယ်။ (၂၀၀၅) ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးထောက်လှမ်းေရးအဖွဲ့နဲ့ စစ်ထောက်လှမ်းရေးက တွဲဖက်ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ JMB ကို ထောက်ပံ့နေတဲ့ အန်ဂျီအိုအဖွဲ့အစည်း ဆယ်ခုရှိပြီး၊ ဘာသာရေးကျောင်းများတည်ဆောက်ရေး၊ လူသားချင်းစာနာမှုဖြင့် အကူအညီပေးရေး စတဲ့ အသွင်သဏ္ဍာန်များ ယူထားပါတယ်။ ဘင်္ဂလားဒေ့ရှ် (၂၀၀၉) ခုနှစ်မှာ ယူကေနိုင်ငံအခြေစိုက် အန်ဂျီအိုအဖွဲ့အစည်း Green Crescentကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လာရောက်ဖွင့်လှစ်ထားတဲ့ ဘာသာရေးကျောင်းကနေ လက်နက်ခဲယမ်းမီးကျောက်များကို ဘင်္ဂလားဒေ့ရှ်လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိ ခဲ့ပါတယ်။

JMB ကို စတင်တည်ထောင်ခဲ့သူက Shaykh Abdur Rahman ဆိုသူ ဖြစ်ပါတယ်။ (၁၉၉၅) ခုနှစ်မှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုကို သင်တန်းပေးဖို့ အာရပ်သင်တန်းဆရာနှစ်ယောက် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိခဲ့ပါတယ်။ Shaykh Abdur Rahman ရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို ခြေရာစခံမိကြတာကတော့ အဲဒီသင်တန်းဆရာနှစ်ယောက်နဲ့ ပတ်သက်ဆက်နွယ်မှုတွေမှာ ဖြစ်ပါတယ်။ ဒီသင်တန်းဆရာနှစ်ယောက်ကို ရိုဟင်ဂျာအဖွဲ့အစည်းများအား သင်တန်းပေးရန် ဖိတ်ကြားပေးခဲ့သူကတော့ Asadullah al-Galib ဆိုသူဖြစ်ပါတယ်။ Shaykh Abdur Rahman နဲ့ Asadullah al-Galib တို့ဟာ နောင်မှာ JMB အဖွဲ့ရဲ့ ဦးစီးခေါင်းဆောင်သုံးဦးမှာ ပါဝင်လာကြပါတယ်။

ဖမ်းဆီးခံရချိန်မှာ Asadullah al-Galib ရဲ့ ထွက်ဆိုခဲ့ချက်များအရ အဆိုပါသင်တန်းဆရာနှစ်ယောက်ဟာ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များကို ကနဦးသင်တန်းပေးခဲ့ပြီး၊ နောက်ပိုင်းမှာ ဒေသခံများကိုလဲ ခြောက်နှစ်ခန့်သင်တန်းဆက်ပေးခဲ့ပါတယ်။ ဒီလိုသင်တန်းပေးနေဆဲကာလမှာပဲ JMB အဖွဲ့ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ JMB အဖွဲ့ကို အဖွဲ့ဝင် ခုနစ်ဦးက ဦးဆောင်ခဲ့ပြီး၊ regional commanders (၁၆) ဦး ရှိပါတယ်။ (၂၀၀၅) ခုနှစ်၊ ဩဂုတ်လမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက JMB အကြမ်းဖက်အဖွဲ့ကို တရကြမ်းနှိမ်နင်း အရေးယူမှုတွေ စတင်ပြုလုပ်ခဲ့တာကြောင့် ခေါင်းဆောင်အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။

JMB အဖွဲ့အစည်းဟာ အခြားအဖွဲ့အစည်းများဖြစ်တဲ့ Harkat-ul Jihad al Islami Bangladesh (HUJI-B), Rohingya Solidarity Organization (RSO) တို့နဲ့ ဆက်နွယ်မှုများ ရှိပါတယ်။ (၂၀၀၉) ခုနှစ်၊ မေလ (၁၄) ရက်နေ့မှာ JMB ရဲ့ ဖောက်ခွဲရေးကျွမ်းကျင်တဦးဖြစ်တဲ့ Boma Mizan ဆိုသူကို ဘင်္ဂလားဒေ့ရှ် Rapid Action Battalion (Rab) က ဖမ်းဆီးရမိခဲ့ပါတယ်။ ရဲတပ်ဖွဲ့၊ Rab နဲ့ စီအိုင်ဒီမှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ရာမှာ JMB အဖွဲ့ရဲ့ ခေါင်းဆောင် Shaykh Abdur Rahman ဟာ HUJ-B နဲ့ RSO တို့နဲ့ ပူးပေါင်းချိတ်ဆက်မှုများ ပြုလုပ်ရာမှာ အဓိကတာဝန်ရှိသူဖြစ်ကြောင်း၊ Shaykh Abdur Rahman ရဲ့ တာဝန်ပေးချက်အရ Mizan နဲ့ JMB အဖွဲ့ဝင်များဟာ RSO က ပြုလုပ်တဲ့ လက်နက်ကိုင်သင်တန်းများကို (၂၀၀၂) ခုနှစ်အတွင်းမှာ တင်ရောက်ခဲ့ကြောင်း၊ သင်တန်းပြီးဆုံးချိန်တွင် ဆင်းပွားသင်တန်းများ ထပ်မံပေးခဲ့ကြောင်း၊ သင်တန်းနေရာက စစ်တကောင်းတောင်တန်းဒေသတခုမှာ ဖြစ်ပြီး၊ သင်တန်းကာလ (၁၀) ရက်ကြာခဲ့ကြောင်း၊ အပြန်အလှန်အားဖြင့် JMB က ရိုဟင်ဂျာများကို ဖောက်ခွဲရေး သင်တန်းများပေးရကြောင်း ထွက်ဆိုခဲ့ပါတယ်။

နိဂုံး

အကြမ်းဖက်မှုဆိုင်ရာ လေ့လာရေးပညာရပ်မှာ Thrasymachan Justification for Terrorism ဆိုတာ ရှိပါတယ်။ နိုင်ငံရေး၊ တော်လှန်ရေး၊ ဘာသာရေး အစွန်းရောက်နေသူတွေဟာ ဥပဒေကြောင်းအရ၊ ကိုယ်ကျင့်တရားအရ အကြမ်းဖက်မှုကို ကန့်ကွက်ဆန့်ကျင်တာတွေ၊ အကြမ်းဖက်အဖွဲ့အစည်းများကို ဖော်ထုတ်အရေးယူတာတွေကို လက်ခံစဉ်းစားလေ့ မရှိကြပါဘူး။ အကြမ်းဖက်မှုကြောင့် လူအများကြားမှာ climate of fear ပျံ့နှံ့လာပြီး နိုင်ငံရေး အကျပ်အတည်းတွေကို ဖောက်ထွက်နိုင်မယ့် political outrage ကို ဖန်တီးနိုင်မယ်လို့လဲ ယူဆထားလေ့ ရှိကြပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်တာဟာ ဒီလို political outrage ဖန်တီးနိုင်မယ့် အခွင့်အလမ်းတွေကို နှောင့်နှေးအောင် လုပ်တာလို့ ထင်မြင်စွပ်စွဲတတ်ကြပါတယ်။ ဒီလို တွေးခေါ်ယူဆချက်တွေ၊ ထင်မြင်စွပ်စွဲမှုတွေဟာ Thrasymachan Justification အပေါ်မှာ သက်ဝင်ယုံကြည်နေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုသက်ဝင်ယုံကြည်မှုကနေတဆင့် အကြမ်းဖက်အဖွဲ့အစည်းများကို မသိဘာသာ ထောက်ခံအားပေးသူတွေ ဖြစ်လာတတ်သလို၊ ကိုယ်တိုင်လဲ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အဖွဲ့အစည်း တည်ထောင်သူတွေ ဖြစ်လာတတ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်ပေါ်ထွက်လာခဲ့တဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ဒီလို Thrasymachan Justification for Terrorism ကနေ မြစ်ဖျားခံလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူ့အဖွဲ့အစည်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ အကြမ်းဖက် အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုများကို သတိနဲ့ စောင့်ကြည့်ရမှာဖြစ်သလို၊ မိမိတို့လူ့အဖွဲ့အစည်းအတွင်းမှာ Thrasymachan Justification for Terrorism သဘောတရားများ မပျံ့ပွားစေရေးကိုလဲ သတိပြုဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ခင်မမမျိုး (၁၀၊ ၇၊ ၂၀၁၂)

(စာရေးသူသည် ဗြိတိန်နိုင်ငံမှ နိုင်ငံရေးဘောဂဗေဒ အထူးပြု ဘောဂဗေဒ မဟာဝိဇ္ဇာဘွဲ့၊ စစ်မဟာဗျူဟာ လေ့လာရေး မဟာသိပ္ပံဘွဲ့၊ နိုင်ငံရေးသုတေသန မဟာသုတေသနဘွဲ့များ ရရှိထားသည့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူတဦးဖြစ်ပြီး၊ အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များ အစည်းအရုံးမှ အဖွဲ့ဝင်တဦး ဖြစ်ပါသည်)

11 comments

  • htoosan

    July 10, 2012 at 10:55 pm

    ကျေးဇူးပါ သူကြီးရေ ။ ခုလို သိခွင့်ရတာ။

    မိမိတို့လူ့အဖွဲ့အစည်းအတွင်းမှာ Thrasymachan Justification for Terrorism သဘောတရားများ မပျံ့ပွားစေရေးကိုလဲ သတိပြုဖို့ လိုအပ်လှပါကြောင်း

    ဘယ်လိုတားဆီး ကာကွယ်မလဲ သတိထားကြည့်ရမလဲပါ ဆက်ရေးပေးဖို့ မေတ္တာရပ်ခံပေးပါခင်ဗျာ။

  • ကိုရင်မောင်

    July 11, 2012 at 12:25 am

    ဒီဆောင်းပါတင်ပေတဲ့အတွက်
    ကျေးဇူးဘဲ သဂျီးရေ….
    ဘင်္ဂလာဒေ့နဲ့စစ်တကောင်းအနီးမှာ
    နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေ ရဲ့လုံခြုံရေးကို
    နိုင်ငံတော်အနေနဲ့အထူးကာကွယ်ပေးသင့်ပါတယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 11, 2012 at 12:54 am

    ကဲ
    ဘယ်ကောင်ဘာပြောခြင်သလဲကွ
    ဒါမှ
    ဒို့
    အန်တီမမအပျိုဂျီးကွ

  • မောင်ပေ

    July 11, 2012 at 12:58 am

    တစ်ကမ်ဘာလုံးမှာကြည့်လိုက်ရင်
    ဇစ်မြစ်က တစ်ခုထဲပဲ
    အဲဒါတွေအတွက် ခေတ်သစ် အိုက်ခမန်း လို လူ တောင်
    တောင့်တမိပါရဲ့

  • အရီးခင်လတ်

    July 11, 2012 at 3:08 am

    ကိုယ်နဲ့ ဝေးလွန်းတဲ့ အကြောင်းအရာ တွေ ကို ဖတ်မှတ် သွားပါတယ်။
    စာရေးသူ ရဲ့ အကြောင်း ကို သိရပြီး အားကျ ဂုဏ်ယူမိပါတယ်။
    မျှဝေပေးတဲ့ သူကြီး ကိုလဲ ကျေးဇူးတင်ပါတယ်။

  • captainamerica

    July 11, 2012 at 3:39 am

    အင်း ကလီး ကလီး ဗုဒ္ဒဘာသာခေါင်းဆောင်မြန်မာနဲ. ထိုင်းမှာတောင်ပြိုင်တူ
    ရည်ရွယ်ချက်ရှိရှိသောင်းကျန်းနေတယ်။ခုပြည်တွင်းက ခွေးမျိုးတစ်ချို.ကဘာဖြစ်
    လို.ဖင်ယားနေတာတုန်း??? ငါတို.တိုက်နေတာ ငါတို.နိုင်ငံနဲ.လူမျိုးကိုစော်ကားနေ
    တဲ့ နိုင်ငံမဲ့ ရိုဟင်ဂျာတွေကိုတိုက်နေတာ အစ္စလာမ်ဘာသာဝင်တွေကိုတိုက်နေတာမဟုတ်ဖူး
    ဒါ အာဖဂန်နစ္စတန်လည်းမဟုတ်ဖူး အီရန်လည်းမဟုတ်ဖူး မင်းတို.သိပ်လွန်ပီး သိပ်စော်ကား
    လွန်းလာရင် လူတွေ မင်းတို.ပဲအစွန်းရောက်တတ်တာ မဟုတ်ဖူး မင်းတို.ပဲဒုက္ခရောက်ကုန်ကြမှာ
    ရခိုင်ကိစ္စကို မင်းတို.ပညာတတ်ပါဆိုတဲ့လှုံဆော်ရေးသမားတွေကြည့်လိုက် နောက်ဆုံးဘယ်သူတွေ
    ပဲအထိနာလည်း???? ဒါမြန်မာနိုင်ငံနော် ကျေးဇူးတော့တင်တယ် ဒီလိုကိစ္စဖြစ်တာ မင်းတို.တွေရဲ.
    အန္တရာယ်ကို ကလေးကအစ ခွေးကအဆုံး အကုန်နားလည်ကုန်ကြလို. ရခိုင်တိုင်းရင်းသားတွေကတော့
    ရင်းနှီးလိုက်ရတယ် ခေတ်သစ်ဒီမိုကရေစီမြန်မာနိုင်ငံကြီးအတွက် 🙁

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 11, 2012 at 12:10 pm

      ကျုပ်အထင်ကတော့ ဒီလိုအခြေနေကို မြန်မာစစ်ခွေးအုပ်စုတွေက
      နားလည်ထားပုံရပြီး ဒါကို အသုံးချလိုက်ပုံရတယ်
      ခု ဒီဆိုဒ်ထဲမှာ ကလားတွေဖက်က တစ်မျိုး ကလားမဟုတ်တဲ့ကောင်တွေဖက်ကတစ်မျိုး
      ဖွနေတဲ့ကောင်တွေဟာ
      အနှီး မွတ်စလင်အဖွဲ့တွေမဟုတ်ဘူးလို့ ကျုပ်က ခိုင်ခိုင်မာမာယူဆတယ်
      သက်ဆိုင်ရာဒေသမှာဖြစ်တဲ့ ပြဿနာဆိုတာဟာလည်း
      ကြုံလို့ဟေးလေးဝါးလားဖြစ်တဲ့သဘောေလောက်ဘဲရှိမယ်ထင်တယ်
      သတင်းတွေစပြီးပျံ့တုံးကဆိုရင် မသိရင် လူသတ်ပွဲကြီးဘဲဖြစ်နေသလိုနဲ့
      သတင်းတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သေနှုံးက မပြောပလောက်ဘူးဆိုရမလားဘဲ
      ဒုသမ္မတက ဘာ့ကြောင့်ထွက်သွားပြီး ဘယ်သူက ဘယ်လိုပုံစံနဲ့
      ဝင်လာမလဲဆိုတာကို သုံးသပ်နိုင်မယ်ဆိုရင်
      အခြေနေတစ်ခုကို နားလည်နိုင်မယ်ထင်ဘာဂျောင်း

  • Gipsy

    July 11, 2012 at 9:33 am

    မီးမောင်းထိုးပြလိုက်သလိုပါပဲ….
    စဉ်းစားဆင်ခြင် နေထိုင်တတ်ကြဖို့လဲ အရေးကြီးနေပါပြီ….
    သူလဲသူ ကိုယ်လဲကိုယ် ခွဲခြားအသိစိတ်နဲ့ နေထိုင်တတ်ဖို့လဲ လိုပါတယ်…
    စိတ်ရော ကိုယ်ရော ဝင်ရောနှောမိတဲ့သူကတော့ သူတို့နဲ့ တန်းတူသတ်မှတ်ရမှာပါ…။

  • minnannawar

    July 11, 2012 at 9:34 am

    ဒီသတင်းအချက်အလက်တွေ မြန်မာထောက်လှမ်းရေးများကော မသိကြဘူးလား။ သိရင်လဲ စီမံကိန်းတစ်ရပ်အနေနဲ့ဖေါ်ဆောင်ပြီး ကာကွယ်တားဆီးဖို့မလုပ်ကြဘူးလား။ မြေမြိုလို့ လူမျိုးမပျောက်- လူမြိုမှ လူမျိုးပျောက်မယ်ဆိုတာ ဘာအတွက်လဲ။ တစ်ချိန်တစ်ခါက ငွေယူလာဘ်စားပြီး ဝင်ခွင့်ပေးခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများရဲ့အမှားကို လယ်လိုပြန်ပြီးကုစားကြမှာတုန်း။ နစက ဆိုပြီးလုပ်ခဲ့တာလဲ ရေထဲမျောသွားပြီမဟုတ်လား။ အမှားပြင်နေကြတာ ဘယ်တော့မှဆုံးမှာလဲ။ တာဝန်ရှိသူများကြည့်လုပ်ကြပါအုံး။

  • ကြည်ဆောင်း

    July 11, 2012 at 10:04 am

    အစွန်းရောက်အကြမ်းဖက်တဲ့ အယူဝါဒကို လက်ခံဖို့ ဆိုတာ ကိုးကွယ်တဲ့ဘာသာတရား နဲ့လည်းသက်ဆိုင်တယ်လို့ထင်မြင်မိပါတယ်။ မြန်မာနိုင်ငံမှာလဲ ဒီလိုအစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းတွေ ရှိနေနိုင်တာဘဲနော်။ ဘယ်လိုများ ပြည်သူား တစ်ယောက် အနေနဲ့ သိနိုင် ကာကွယ်နိုင်ပါ့ မလဲဆိုတာ စိုးရိမ်မိတယ်….ကြောက်မိတယ်…

Leave a Reply