17
ညကမိုးရွာတော့ နံနက်ခင်း တောင်သူလယ်သမားတွေ လယ်ထဲဆင်းနေတဲ့အချိန် ရိုက်ထားသောပုံလေးတွေပါ .. ရွာထဲက ဓာက်ပုံဆရာကြီးတွေကို အားကျလို့ပါ ..၀ါသနာရှင်လေးပါ ကင်မရာကောင်းကောင်း မသုံးတက်သေးပါဘူး …
တောင်ယာဆင်းချိန်
ညကမိုးရွာတော့ နံနက်ခင်း တောင်သူလယ်သမားတွေ လယ်ထဲဆင်းနေတဲ့အချိန် ရိုက်ထားသောပုံလေးတွေပါ .. ရွာထဲက ဓာက်ပုံဆရာကြီးတွေကို အားကျလို့ပါ ..၀ါသနာရှင်လေးပါ ကင်မရာကောင်းကောင်း မသုံးတက်သေးပါဘူး …
အရမ်းကို မိုက်တယ်
အထူးသဖြင့် ကျေးလက်သဘာဝပုံလေးမို့
ပိုပြီး သဘောကျတယ် ရွာကိုတောင် သတိရမိတယ်
Was this answer helpful?
LikeDislikeအိမ်ကိုတောင် လွမ်းလာပြီ ၊ ခုချိန်ဆို အိမ်ကစပါးခင်းတွေ မြကမ္ဗလာခင်းထားသလို စိမ်းနေရော့မယ်၊ ခုလိုပုံလေးတွေ ကြည့်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် …
Was this answer helpful?
LikeDislikeစိတ်ထင်လို့…..
ဒီအချိန် လယ်တောင်ထွန်ပြီးသေးရဲ့လား..
Was this answer helpful?
LikeDislikeအဲလိုသဘာဝပုံလေးတွေကိုညာကအရမ်းနှစ်သက်ပါတယ်
ခုလိုတင်ပေးတာကျေးဇူးတင်ပါတယ်နော်
ညာကိုယ်တိုင်လဲတောင်ယာအလုပ်ကိုလုပ်ကိုင်ဘူးပါတယ်
လူဆင်းရဲပေမဲ့ တကယ်စိတ်ချမ်းသာစေတဲ့အလုပ်ပါ……….
Was this answer helpful?
LikeDislikeကျေးလက်ဘဝ
အလှရှူခင်းပုံလေးတွေ မြင်ရတော့
မြို့ ပြမှာ
နေ့ စဉ် ရုံးကန်လှုပ်ရှားနေရတဲ့
အမော တွေ ပြေသွားသလိုပါဘဲ ။
ပုံလေးတွေ ပြန်ဝေမျှပေးတဲ့
ကိုသီဟရာဇာရေ
ကျေးဇူးပါဗျား
Was this answer helpful?
LikeDislikeမိုးဦးကျလို့
ပျိုးချချိန်ဆို
ထွန်ကိုင်းကိုကိုင်
နွားညီနောင်နှင့်
အပြိုင်းပြိုင်းနှင်
ခရီးတွင်အောင်
အားစိုက်ရသည့်
ကာယလုပ်သား
နွားညို၊နွားပြာ
အစာကျွေးလို့
လုပ်ငန်းခွင်ကို
စောစောဝင်ရန်
အားစိုက်ရသည့်
ဒို့တောင်သူများ………
ခင်တဲ့
အရင့်ရောင်
Was this answer helpful?
LikeDislikeစနိုးတကယ် ကိုအဲ့နေရာတွေ ကိုပုံကြည့်ရုံတင်မက ဘူး တကယ်ပါသွားချင်တယ် ဘယ်လိုမျိုး စိုက်လည်းဆိုတာလည်းစိတ်ဝင်စားတယ် သိချင်တယ်။။
Was this answer helpful?
LikeDislikeဒါကျောက်ဆည်နားကရှုခင်းတွေထင်ပါ့
ဆက်သွယ်ပါအုံး ကောက်ပင်စိမ်းစိမ်လေးတွေကိုဆော်ချင်နှက်ချင်လို့ပါ
Was this answer helpful?
LikeDislikeသာယာလိုက်တဲ့ပုံလေးတွေ ရွာကိုပြန်ရောက်သွားသလိုခံစားရတယ် ကျေးဇူးပါပဲခင်ဗျာ……
Was this answer helpful?
LikeDislikeကိုအရင့်ရောင်ရေ ကဗျာလေး ကြိုက်လို့ ကူထားလိုက်တယ်နော် …. ကျွန်တော်က ကျေးလက်သဘာဝ ကို ကြိုက်တယ်ဗျာ … လေးပေါက် ရေလာမယ်ဆိုရင် အချိန်ကောင်းပဲ နောက်တစ်ပက်ဆို ကွင်းပြင်တစ်ခုလုံး စိမ်းစိုနေတော့မှာ လေးပေါက်အားရင် လာသာနှက်လိုက်တော့ ….. လေးပေါက်ဆီက ပညာယူရတာပေါ့ ..ရွာထဲက ဓာက်ပုံဆရာကြီးတွေ ကျွန်တော်ပုံများကို ကြည့်ပြီး ဝေဖန်ပေးပါဦး … လိုအပ်သည်များကို လည်း ညွှန်ကြားပေးပါ …. ၀ါသနာပါလို့ သာ ရိုက်ထားတာ မလွယ်ဘူးဗျာ …..
Was this answer helpful?
LikeDislikeပညာရှင်ရွာသားကြီးများကို Comments By Post ထဲမှာကိုသွားပြီးဖိတ်ခေါ်လိုက်ပုံလေးကြိုက်သွားပြီဗျို့။
ဓါတ်ပုံလေးတွေအားလုံးမျက်စေ့အေးစရာ ရင်အေးစရာတွေပါပဲ။ကြည့်ရတာနဲနဲမှုန်နေတာပဲသိတယ်။ ကျန်တာတော့ဘာမှသိဝူး။
Was this answer helpful?
LikeDislikeရှုခင်းလေးတွေ လှပါတယ်…
ပဲခင်းထဲ ပြောင်းညှပ်စိုက်ထားတာလေးလဲ
လှနေတာဘဲနော်…
ဘယ်နေရာဘယ်ဒေသလဲ သိချင်မိတယ်…
Was this answer helpful?
LikeDislikeကျောက်ဆည်မြို့နယ် အရှေ့ဘက်က ဆင်မင်းဘိလပ်မြေစက်ရုံနားလေးမှာပါ …. ကိုယ်တိုင် မျက်စိနဲ့ ကြည့်ချင်မြင်ချင်သပ ဆိုရင်လည်း ဖိတ်ခေါ်ပါတယ် ကြိုဆိုပါတယ်ဗျာ …
Was this answer helpful?
LikeDislikeပိုစ့်လေးကို သဘောကျတယ်။
ပြောစရာလည်း မရှိတော့ လက်မထောင်ပြီး ထွက်မလို့….
လက်မထောင်လိုက်တာ 1 လို့ ပေါ်လာပြီး ပြန်ပျောက်သွားတယ်။
ဘာများ မှားနေတယ်မသိ :roll eyes:
Was this answer helpful?
LikeDislike၂ခါနှိပ်ရင် ပေါ်ပါတယ် အန်တီမမရေ။ ကျမလဲ အဲလိုခဏခဏ ဖြစ်လို့ ပြန်ပျောက်သွားတိုင်း နောက်တခါထပ်နှိပ်မှပေါ်ပါတယ်။
Was this answer helpful?
LikeDislikeကိုသီဟရေ ကျနော်ကိုဖုန်းဆက်ပေးပါအုံး။
09-680-5396
Was this answer helpful?
LikeDislikeဒီလို တောရွာဓလေ့ တောရွာမြင်ကွင်းလေးတွေ မမြင်ရတာ အတော်ကြာပြီ။ ခုလိုသဘာဝရှုခင်းတွေကို မြင်ရတဲ့အတွက်လည်း စိတ်ကိုကြည်နူးမိပါတယ်။
Was this answer helpful?
LikeDislike