တောင်ယာဆင်းချိန်

thihayarzarJuly 11, 20122min15517

ပဲခင်းနှင့်တောင်တန်း ရှုခင်း ( ၁ )
သံတော်မြတ်တောင်အရှေ့ဘက် ရှုခင်း ( ၂ )
ဝါစေ့ချနေသော လယ်တောသူ ( ၃ )
လယ်ကွင်းများနှင့် ရှုခင်း
လယ်စောင့်တဲလေး
လယ်ထွန်နေသော လယ်သမားကြီး
သံတော်မြတ်တောင် ကို ပဲခင်းကြားထဲကနေ ရိုက်ထားတာ
ရှုခင်း

ညကမိုးရွာတော့ နံနက်ခင်း တောင်သူလယ်သမားတွေ လယ်ထဲဆင်းနေတဲ့အချိန် ရိုက်ထားသောပုံလေးတွေပါ .. ရွာထဲက ဓာက်ပုံဆရာကြီးတွေကို အားကျလို့ပါ ..ဝါသနာရှင်လေးပါ ကင်မရာကောင်းကောင်း မသုံးတက်သေးပါဘူး …

17 comments

  • mamanoyar

    July 11, 2012 at 11:20 am

    အရမ်းကို မိုက်တယ်
    အထူးသဖြင့် ကျေးလက်သဘာဝပုံလေးမို့
    ပိုပြီး သဘောကျတယ် ရွာကိုတောင် သတိရမိတယ်

  • နှင်းဆီ ငုံ

    July 11, 2012 at 11:52 am

    အိမ်ကိုတောင် လွမ်းလာပြီ ၊ ခုချိန်ဆို အိမ်ကစပါးခင်းတွေ မြကမ္ဗလာခင်းထားသလို စိမ်းနေရော့မယ်၊ ခုလိုပုံလေးတွေ ကြည့်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် …

    • နွေဦး

      July 13, 2012 at 2:28 pm

      စိတ်ထင်လို့…..
      ဒီအချိန် လယ်တောင်ထွန်ပြီးသေးရဲ့လား..

  • မမ အညာသူ

    July 11, 2012 at 1:50 pm

    အဲလိုသဘာဝပုံလေးတွေကိုညာကအရမ်းနှစ်သက်ပါတယ်
    ခုလိုတင်ပေးတာကျေးဇူးတင်ပါတယ်နော်
    ညာကိုယ်တိုင်လဲတောင်ယာအလုပ်ကိုလုပ်ကိုင်ဘူးပါတယ်
    လူဆင်းရဲပေမဲ့ တကယ်စိတ်ချမ်းသာစေတဲ့အလုပ်ပါ……….

  • မောင်ပေ

    July 11, 2012 at 1:59 pm

    ကျေးလက်ဘဝ
    အလှရှူခင်းပုံလေးတွေ မြင်ရတော့
    မြို ့ပြမှာ
    နေ ့စဉ် ရုံးကန်လှုပ်ရှားနေရတဲ့
    အမော တွေ ပြေသွားသလိုပါဘဲ ။
    ပုံလေးတွေ ပြန်ဝေမျှပေးတဲ့
    ကိုသီဟရာဇာရေ
    ကျေးဇူးပါဗျား

  • အရင့်ရောင်

    July 11, 2012 at 2:07 pm

    မိုးဦးကျလို့
    ပျိုးချချိန်ဆို
    ထွန်ကိုင်းကိုကိုင်
    နွားညီနောင်နှင့်
    အပြိုင်းပြိုင်းနှင်
    ခရီးတွင်အောင်
    အားစိုက်ရသည့်
    ကာယလုပ်သား
    နွားညို၊နွားပြာ
    အစာကျွေးလို့
    လုပ်ငန်းခွင်ကို
    စောစောဝင်ရန်
    အားစိုက်ရသည့်
    ဒို့တောင်သူများ………
    ခင်တဲ့
    အရင့်ရောင်

  • snow white

    July 11, 2012 at 4:25 pm

    စနိုးတကယ် ကိုအဲ့နေရာတွေ ကိုပုံကြည့်ရုံတင်မက ဘူး တကယ်ပါသွားချင်တယ် ဘယ်လိုမျိုး စိုက်လည်းဆိုတာလည်းစိတ်ဝင်စားတယ် သိချင်တယ်။။

  • ဒါကျောက်ဆည်နားကရှုခင်းတွေထင်ပါ့
    ဆက်သွယ်ပါအုံး ကောက်ပင်စိမ်းစိ်မ်လေးတွေကိုဆော်ချင်နှက်ချင်လို့ပါ

  • တောသားလေး

    July 11, 2012 at 5:37 pm

    သာယာလိုက်တဲ့ပုံလေးတွေ ရွာကိုပြန်ရောက်သွားသလိုခံစားရတယ် ကျေးဇူးပါပဲခင်ဗျာ……

  • thihayarzar

    July 12, 2012 at 6:58 am

    ကိုအရင့်ရောင်ရေ ကဗျာလေး ကြိုက်လို့ ကူထားလိုက်တယ်နော် …. ကျွန်တော်က ကျေးလက်သဘာဝ ကို ကြိုက်တယ်ဗျာ … လေးပေါက် ရေလာမယ်ဆိုရင် အချိန်ကောင်းပဲ နောက်တစ်ပက်ဆို ကွင်းပြင်တစ်ခုလုံး စိမ်းစိုနေတော့မှာ လေးပေါက်အားရင် လာသာနှက်လိုက်တော့ ….. လေးပေါက်ဆီက ပညာယူရတာပေါ့ ..ရွာထဲက ဓာက်ပုံဆရာကြီးတွေ ကျွန်တော်ပုံများကို ကြည့်ပြီး ဝေဖန်ပေးပါဦး … လိုအပ်သည်များကို လည်း ညွှန်ကြားပေးပါ …. ဝါသနာပါလို့ သာ ရိုက်ထားတာ မလွယ်ဘူးဗျာ …..

  • ကြောင်လေး

    July 12, 2012 at 8:53 am

    ပညာရှင်ရွာသားကြီးများကို Comments By Post ထဲမှာကိုသွားပြီးဖိတ်ခေါ်လိုက်ပုံလေးကြိုက်သွားပြီဗျို့။

    ဓါတ်ပုံလေးတွေအားလုံးမျက်စေ့အေးစရာ ရင်အေးစရာတွေပါပဲ။ကြည့်ရတာနဲနဲမှုန်နေတာပဲသိတယ်။ ကျန်တာတော့ဘာမှသိဝူး။

  • Ma Ei

    July 12, 2012 at 10:03 am

    ရှုခင်းလေးတွေ လှပါတယ်…
    ပဲခင်းထဲ ပြောင်းညှပ်စိုက်ထားတာလေးလဲ
    လှနေတာဘဲနော်…
    ဘယ်နေရာဘယ်ဒေသလဲ သိချင်မိတယ်…

  • thihayarzar

    July 13, 2012 at 4:13 am

    ကျောက်ဆည်မြို့နယ် အရှေ့ဘက်က ဆင်မင်းဘိလပ်မြေစက်ရုံနားလေးမှာပါ …. ကိုယ်တိုင် မျက်စိနဲ့ ကြည့်ချင်မြင်ချင်သပ ဆိုရင်လည်း ဖိတ်ခေါ်ပါတယ် ကြိုဆိုပါတယ်ဗျာ …

  • MaMa

    July 13, 2012 at 11:05 am

    ပိုစ့်လေးကို သဘောကျတယ်။
    ပြောစရာလည်း မရှိတော့ လက်မထောင်ပြီး ထွက်မလို့….
    လက်မထောင်လိုက်တာ 1 လို့ ပေါ်လာပြီး ပြန်ပျောက်သွားတယ်။
    ဘာများ မှားနေတယ်မသိ :roll eyes:

    • Shwe Ei

      July 13, 2012 at 1:15 pm

      ၂ခါနှိပ်ရင် ပေါ်ပါတယ် အန်တီမမရေ။ ကျမလဲ အဲလိုခဏခဏ ဖြစ်လို့ ပြန်ပျောက်သွားတိုင်း နောက်တခါထပ်နှိပ်မှပေါ်ပါတယ်။

  • manawphyulay

    July 13, 2012 at 4:09 pm

    ဒီလို တောရွာဓလေ့ တောရွာမြင်ကွင်းလေးတွေ မမြင်ရတာ အတော်ကြာပြီ။ ခုလိုသဘာဝရှုခင်းတွေကို မြင်ရတဲ့အတွက်လည်း စိတ်ကိုကြည်နူးမိပါတယ်။

Leave a Reply