မီးမြေခွေးကိုအမြန်ကိုက်စေမဲ့နည်းလမ်းတဲ့

ကြောင်လေးJuly 11, 20122min17910
SPEED UP YOUR FIRE FOX ! (မော်ဇီလာမြန်နှုန်းမြင့်စေမည့်နည်လမ်းများ)

မြန်နှုန်းမြင့် INTERNET ဖြစ်ဖို့၊ WEB PAGE တွေ LOADING လုပ်တာမြန်စေဖို့၊ ပုံတွေပေါ်တာ မြန်စေဖို့ စိတ်ကူးရှိရင် သင့် BROWSERကို နည်းနည်း ချိန်ညှိပေးဖို့လိုလိမ့်မယ်။ ဒီ ဆောင်းပါးက BROWSER အနေနဲ့ FIRE FOX ကို သုံးထားတဲ့သူတွေ အတွက်ပါ။ မရှိလဲ DOWNLOAD ဆွဲပြီး သုံးနိုင်ပါတယ်။ FIRE FOX ကိုဖွင့်လိုက်ပါ။ ပြီးတော့ ADDRESS BAR မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ ပညာရှင်အဆင့် ချိန်ညှိမှု့တွေ လုပ်မယ့်နေရာကို သွားမှာ ဖြစ်လို့ သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ ဂရုစိုက်လုပ်ပါ့မယ် လို့အဓိပါယ်ရတဲ့ BUTTON ကို နှိပ်ပေးလိုက်ပါ။

network.http.pipelining ရှိတဲ့နေရာကိုကိုဆင်းသွားပါ။ သူ့ရဲ့Value Field မှာ FALSE ဖြစ်နေခဲ့ရင် DOUBLE CLICK နှိပ်ပြီး TRUEပြောင်းလိုက်ပါ။

network.http.pipelining.maxrequests ကိုသွားပါ။ DOUBLE CLICKနှိပ်ပြီး တန်ဖိုးကို 8 လို့ပြောင်းပါ။

network.http.proxy.pipelining ကိုသွားပါ။ DOUBLE CLICK နှိပ်ပြီးတန်ဖိုးကိုTRUE ပြောင်း လိုက်ပါ။

network.dns.disableIPv6 ကိုရှာပြီး တန်ဖိုးကို TRUEပြောင်းပေးပါဦး။

CONFIGURATION WINDOW ရဲ့ ညာဘက်က လွတ်နေတဲ့ ကြိုက်တဲ့ နေရာမှာ
RIGHT CLICK ထောက်လိုက် ပါ။ POP UP MENU လေးပေါ်လာပါလိမ့်မယ်။ MENU ထဲက
NEW ကိုရွေးပြီး BOOLEAN ကိုတဆင့် ရွေးပေးပါ။ ပေါ်လာတဲ့ New boolean
value pop-up window ထဲမှာ content.interrupt.parsingလို့ရိုက်ထည့်ပါ။ OK ရွေးပြီး New Boolean အတွက် VALUE ကို TRUEထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါ။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို2250000 လို့ထားလိုက်ပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE BOX မှာ750000 လို့ထားပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကBOOLEAN ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာcontent.notify.ontimer လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို TRUEထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာcontent.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 5လို့ထားပေးပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menuအတွင်းမှာcontent.switch.threshold လို့ရိုက်ထည့်ပါ။

OK ပေးပြီး VALUEကို 750000 လို့ထားပေးလိုက်ပါ။

နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ RIGHT CLICK ထောက်ပြီး NEW ထဲကINTEGER ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာnglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး VALUE ကို 0 ထားလိုက်ပါ။

အခုက စပြီး သင့် FIRE FOX ရဲ့ အမြန်နှုန်းဟာ မင်သက်လောက်စရာမြန်ဆန်နေခဲ့ပြီပေါ့။

PDF File အဖြစ်သိမ်းထာခြင်းတယ်ဆို အောက်ကလင့်မှာ ဒေါင်းလိုက်ပါဗျာ..
http://www.mediafire.com/view/?uni878i35ansf5n

အဆင်ပြေကြပါစေဗျာ …………
ဒီပိုစ့်ကို network ဒီပလိုမာ တစ်ယောက်ရေးထာတာပါ နာမည်မေ့နေတယ် သိတာနဲတင်ပေး ပါမယ်                                                             

Facebook မှ   ko Lin Thalarwadd  ထံမှကူးယူဖော်ပြပါသည်။

10 comments

  • ကြောင်လေး

    July 11, 2012 at 7:55 am

    အခုမှဖေ့ဘုတ်ကတွေ့လို့ ကူးတင်ပေးလိုက်တာပါ။ သိပြီးသားတင်ပြီးသားဆိုရင်တောင်းပန်ပါတယ်။ စမ်းကြည့်ပြီးသူများအကျိုးအကြောင်းလေးပြောပြပေးကြပါ။
    ကျနော်တော့ မလုပ်ရသေးဘူး။

  • Wow

    July 11, 2012 at 9:30 am

    မီးမြေခွေးကို အမြန်ကိုက်စေမဲ့နည်းလမ်းဆိုတော့ သဲထိပ်ရင်ဖိုတွေဖတ်ရတော့မယ်ထင်လို့ …
    တော်တော်နောက်တာပဲ ပူစီလေးက 😛

  • ဘဲဥ

    July 11, 2012 at 10:54 am

    စမ်းပီးပါဘီဗျာ
    ဒိုးလုံး သီချင်းလေးဆိုသွားပါတယ်
    မထူးခြား… ဘယ်လိုမှ ….အိုဟိုးအိုးဟိုးးးးးးဟို 😆

    • YingLamp

      July 11, 2012 at 1:29 pm

      ထူးးးးးအူးးးးအူးးးအု … မခြားးးးဟားးးးနားးးးးး …
      ညန်မာပီပီ အဲလို လုပ်ပါဟ .. 😀

  • ginny

    July 11, 2012 at 12:15 pm

    ကျေးဇူးအများကြီးတင်ပါတယ်…..

  • water-melon

    July 11, 2012 at 12:39 pm

    အမလေးမလုပ်ရဲပါဘူးတော်
    တော်ကြာတက်နေတဲ့ speed လေး ပြန်ပြုတ်ကျသွားရင်
    ကျုပ်ထိုင်ငိုရလိမ့်မယ်
    အဟီ
    ကူးတော့ထားတယ်

  • မောင်ပေ

    July 11, 2012 at 1:02 pm

    အိုခေ
    ကိုကြောင်လေး ရဲ ့စေတနာ လမ်းညွှန်ချက်အတိုင်း
    လိုက်ဒူးကြည့်ဦးမယ်
    ရှဲရှဲ

  • ဝေးလွင့်တိမ်

    July 11, 2012 at 7:09 pm

    ကျေးဇူးတင်ပါတယ်ဗျို့။ နောက်ထပ် အင်တာနက်မြန်နှုန်းမြင့်တဲ့နည်းလေးများရှိရင်လဲတင်ပေးပါဦး။

  • မစ္စတာ တောက်တဲ့

    July 11, 2012 at 7:19 pm

    နည်းလေးအတွက် ကျေးဇူးပါဗျာ ..
    အဲဒီနည်းကို ကျနော် စမ်းခဲ့ဖူးပါတယ် ..
    ထင်သလောက်တော့ မမြန်ပါဘူး ..
    အင်တာနက် မြန်ဖို့တော့ မသိဘူးဗျာ ..
    Browser မြန်ဖို့ဆိုရင်တော့ ..
    သူ့ရဲ့ Version နဲ့လည်း ဆိုင်ပါတယ် ..
    ဗားရှင်းက မြင့်ပြီး စက်က နိမ့်နေရင်လည်း မမြန်နိုင်ပါဘူး ..
    ဒါကြောင့် ကိုယ်သုံးတဲ့ စက်နဲ့ Browser ဗားရှင်းနဲ့ ညှိပြီးသုံးနိုင်မှ မြန်နိုင်ပါ ဖြစ်ပါကြောင်း ..
    ကိုယ်တွေ့အပေါ် အခြေခံ၍ ပြောလိုက်ရပါသည် ….

  • ကြောင်လေး

    July 11, 2012 at 8:43 pm

    ကျေးဇူးပါ ကိုအိမ်မြှောင်ဘိုးအေရေ။ကျနော်လည်း ဖရဲသီးပြောသလိုမလုပ်ရဲလို့ သများတွေ ဘာပြောမလဲစောင့်နားထောင်နေတာ။(တဆာခံရှာတာ) ဘဲဥပြောတာနဲ့ဆိုတော့တော်တော်လေးအားချိ သွားတယ်…….

    ကိုပေ မဒူးနဲ့တော့၊
    ကိုလေလွင့်တိမ် ရေ မမျှော်နဲ့တော့၊ကိုတောက်တဲ့ရှင်းပြတာလေးသာဖတ်ကြည့်။

    ဝေါင်း ရေ အဲဒီပွစိပွစိလုပ်နေတဲ့နှုပ်ခမ်းရဲရဲကြီး ကြည့်ပြီး အသဲတွေ ယားလာတယ်…..ကျလိ…ကျလိ၊

Leave a Reply