တာဝေးပစ် အမြောက်များ တရုပ်ထံမှ မြန်မာစစ်တပ် ထပ်ဝယ်

True FaithJune 30, 20101min914

Monday, 28 June 2010 20:03 သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်အတွက် တာဝေးပစ်ခတ်နိုင်သော ၁၅၅ မီလီမီတာ အမြောက်ကြီးများကို တရုတ်နိုင်ငံမှ မေလတတိယပတ် အတွင်းဝယ်ယူခဲ့ကြောင်း စစ်ဘက်သတင်း ရပ်ကွက်များ အဆိုအရ သိရသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ဂျွန်လ ၂ ရက်နေ့ မြန်မာပြည်ခရီးစဉ် မတိုင်မီ မြန်မာစစ်တပ်မှ လက်နက်ရေးရာ ကျွမ်းကျင်သည့် အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ကာ အကြီးစားတရုတ်လက်နက်ကုမ္ပဏီ တစ်ခုဖြစ်သည့် China North Industries Corporation ခေါ် (Norinco ) ကုမ္ပဏီထံမှ ၎င်းလက်နက်များ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာစစ်တပ်သို့ လက်နက်ရောင်းချခဲ့သည့် တရုတ် Norinco ကုမ္ပဏီသည် တရုတ်ဝန်ကြီးချုပ်နှင့်အတူ မြန်မာပြည်သို့ သွားရောက်ပြီး မုံရွာကြေးနီသတ္တုတွင်း စီမံကိန်း ဆောင်ရွက်ရေးကိစ္စ မြန်မာအာဏာပိုင်များနှင့် စာချုပ်ချုပ်ခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်က ဝယ်ယူခဲ့သည့် ၁၅၅ မီလီမီတာ အမြောက်ကြီး အမျိုးအစား (www.militarypictures)

ယခု ဝယ်ယူသည့် အမြောက်ကြီးများအား မြန်မာစစ်တပ် အမြောက်တပ်မများတွင် အသုံးပြုတပ်ဆင်သွားမည် ဖြစ်၏။ မြန်မာစစ်တပ်တွင် အိန္ဒိယနိုင်ငံလုပ် ၁၀၅ မမ အမြောက်များလည်း ဝယ်ယူတပ်ဆင်ထားကြောင်းလည်း သိရသည်။

မြန်မာစစ်တပ်က အမြောက်ကြီးစခန်းဋ္ဌာနချုပ်များ အပါအဝင် လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့များ ကို ၂၀၀၂ မှ စတင် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ လိုအပ်သည့် လက်နက်ခဲယမ်းများဖြည့်တင်းရန် နိုင်ငံခြားတိုင်းပြည်များမှ ဝယ်ယူနေခြင်းဖြစ်သည်။

၎င်းအပြင် ယခုနှစ်အတွင်း တရုတ်လုပ် K8 အမျိုးအစား လေ့ကျင့်ရေးတိုက်လေယာဉ်များ ဝယ်ယူခဲ့ပြီး လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၅၇ဝ တန်ဖိုးရှိသည့် ရုရှားနိူင်ငံမှ MIG-29 ဂျက်တိုက်လေယာဉ် အစီး ၂ဝ ဝယ်ယူခဲ့သေးသည်။

မြန်မာနိူင်ငံတွင် ဝင်ငွေ အများစုသည် ရေနံနှင့်သဘာဝ ဓါတ်ငွေတူးဖေါ်ခြင်းမှ ရရှိနေပြီး အဆိုပါဝင်ငွေ၏ ၆ဝ ရာခိုင်နှုန်း ခန့်ကို မြန်မာစစ်တပ် စစ်အသုံးစာရိတ်အတွက် အသုံးချနေကြောင်း နိုင်ငံတကာလေ့လာရေးအဖွဲ့များက ခန့်မှန်း ကြသည်။

4 comments

  • snow

    June 30, 2010 at 6:14 am

    ဒီလောက်ဝယ်နေတာဘာလုပ်ဖို ့လဲ
    တော်တော်စိတ်ပျက်ဖို ့ကောင်းတယ်
    ဘယ်သူမှဘာမှလာမလုပ်တာကိုဘာဖြစ်လို့ဒီလောက်ထိစိုးရိမ်ပူပန်နေတာလဲ
    ပြည်သူတွေဘက်ကိုလဲလည့်ကြည့်ပါအုံး
    ငတ်ပြတ်နေတဲ့သူတွေမနည်းဘူးလေ
    အရမ်းစိတ်ပျက်ဖို ့ကောင်းတယ်

  • cobra

    June 30, 2010 at 6:54 am

    လူဆိုရင်လူလိုနားလည်ဖို့ကောင်းတယ်။စစ်တပ်ကိုအင်အားဖြည့်နေပြီးဘာလုပ်ဖို့လဲ။အရှက်တရားကောရှိရဲ့လား။ပြည်သူတွေကိုတချက်လောက်ငဲ့ကြည့်ပါအုံးခွေးမသားတို့ရယ်……။

  • ghost

    June 30, 2010 at 8:06 am

    စစ်တပ်အတွင် ၆၀% ဆိုတော့ ကျန် ၄၀%က ဘယ်ရောက် ပြည်သူတွေက ကိုယ်အိပ်ထဲ ကဘဲစိုက်ပြီးစား ရမှာပါဘဲ။

  • zuugyi

    June 30, 2010 at 8:38 am

    ကိုယ်သေမှာတော့ တော်တော်ကြောက်ကြတယ်နော်… ဝယ်တာကနည်းနည်း… အဲ့ဒီကုမ္ပဏီက သတ္တုတွင်းက ကိုယ့်ဆီကပြန်မသွားမှာကများများ…
    ကြားထဲမှာ ပြည်သူတွေ ကြီးပွားဖို့ကတော့ လမ်းမမြင်…. ကိုယ့်ဖက်ကိုယက်နေကြတဲ့… ခွေးမျိုးတွေ….

Leave a Reply