အာဂ မြန်မာ့ XDA DEVELOPER တွေ (၂)

nigimi77July 11, 20121min2117

2012.03   ပိုင်းရောက်တော့   GSM  SIM  CARD  တွေ  ၂ သိန်းဆိုတော့  ဝယ်လိုက် (ငှားရမ်း သုံးစွဲ) လိုက်တယ် ။

 

သူက  MMS  (Multi Media Message ) ရတယ်လို ့ ဆိုပါတယ် ။  (EDGE) လို ့ ခေါ်တဲ့  မိုဘိုင်လ်း  အင်တာနက် စနစ်ကိုလည်း

 

သုံးလို ့ရမယ် ဆိုတော့  သွားရင်းလာရင်း  ဂေဇာတ်ကို ဖတ်ချင် Youtube ကြည့်ချင် Facebook ကြည့်ချင်တာကလည်း  ရွစိထိုးနေတော့

 

မစားရက် မသောက်ရက်နဲ ့   Samsung Galaxy SII ကို ဝယ်လိုက်ရော ။  ကိုယ်တော်ချောက  ကောင်းချင်ရက်နဲ ့  Battery က အလွန်ပူသကို း ။

 

တရက်တော့  ဝယ်စရာရှိတာနဲ ့  ဆိုင်မှာ  ဝင်ကြည့်တော့  ငယ်ချစ်ဟောင်းကြီး  Huawei  က  GSM  အတွက်   U8818  ကို ထုတ်ထားပါရောလား ။

 

ဈေးနှုံးကလည်း ၁၅၅၀၀ဝ ဆိုတော့  မဆိုးဘူး ဆိုရမယ် ။   CPU က   Snap Dragon  1.ghz ,  Internal Memory 4 g , Screen ထောင့်ဖြတ် 4″ ,

 

ပါးပါးကျစ်ကျစ်နဲ ့  မြင်လိုက်တာနဲ ့  ဝယ်ချင်စိတ်က တားမရတော့ဘူး ။  ဝယ်ပြီး  အိမ်ကိုရောက်တော့  ထုံးစံ အတိုင်း  အမြစ်ကို စတူးဖို ့ ကျိုးစားလေရော ။

 

ဒီ Handset ရဲ  ့ Series က  2012 ခုနှစ် ၅ လပိုင်းက ထုတ်တယ် (အထင်)  ဆိုတော့ အင်တာနက်မှာ ဘယ်လိုပဲ မွှေမွှေ  အမြစ်တူးဖို ့  Application က

 

မထွက်သေးဖူးလို ့ ဆိုပါတယ် ။  ဒီလိုနဲ ့  မွှေရင်း နှောက်ရင်း   http://www.myanmarmobileapp.com/ မှာ  အမြစ်တူးတဲ့  App ကို ရလိုက်တယ် ။

 

အမြစ်တူးတဲ့ အခါမှာ  Handset အပေါ် မူတည်ပြီး App တူတာတောင် နည်းလမ်းက မတူပြန်ဘူးဗျ ။  U8818 ရဲ  ့  အမြစ်တူးနည်း  ပထမ အဆင့်က

 

ပါဝါကို ပိတ် ၊  ၁ဝ စက္ကန် ့စောင့် ၊  Volume Down + Power ကို ဖွင့် Bootloader တက်လာရင်……………………  ။

 

ဒီလိုနဲ ့ပဲ  အရင်က  ကိုယ် မလုပ်တတ်လို ့  Elite က ကလေးမ ဆီမှာ  ၁၅၀၀ဝ ပေး  ၊ တရက်စောင့် ပြီး  အမြစ်တူး ၊ မြန်မာဖောင့် သွင်းခဲ့ရတဲ့ နိဂိမိဟာ

 

အောင်မြင်စွာနဲ ့ပဲ   ၃ မိနစ် အချိန် အတွင်းမှာ  အလကားရတဲ့  App တွေနဲ ့  အမြစ်တူးပြီး အလကားရတဲ့ ဇော်ဂျီဖောင့်ကို  အောင်မြင်စွာ သွင်းလိုက်နိုင်ပါတယ် ။

 

အော်…မေ့လို ့   …..   Handset ရဲ  ့  Android Version က   Gingerbread  2.3.6 ဗျ  ။

 

သိတဲ့ အတိုင်းပဲ  လူဆိုတာ    ရလေလိုလေ အို တစ္ဆေ မဟုတ်ပါလား ။

 

မြန်မာဖောင့် ရတော့  လောဘကလေးက အတောမသတ်နိုင်တော့  တခြား ဘာသာစကား ဖောင့်ကို သွင်းချင်ပြန်ရော ။

 

Galaxy SII မှာက  ကိုရီးယား လို ရိုက်လို ့ရပေမဲ့  U8818 မှာက  မရဘူး ။    ဒီတော့  Batang.ttf  ဆိုတဲ့  ကိုရီးယားဖောင့်ကို

 

Download လုပ်ပြီး သကာလ Superuser   ကို  Allow လုပ်ပြီး   Fontchanger ထဲမှာ  သွင်းပြီး   Reset ချလိုက်တဲ့ အခါမှာ  အဲဒီနေရာမှာတင်ပဲ

 

Hang သွားလိုက်တာ  အပြည့်သွင်းထားတဲ့  Battery အားကုန်သွားတဲ့ အထိပါပဲ  ။  ဒီလိုနဲ ့  အားပြန်သွင်းပြီး ပြန်ဖွင့်တော့  Bootloader Screen မှာပဲ  ရပ်နေပါတော့တယ် ။

 

ဘယ်လို လုပ်လုပ်မရတော့   Power + Volume Up  ကို နှိပ်တော့  Recovery Setup ထဲ ဝင်ပါလေရော ။

 

Cache တွေကို  Wipe တယ်  ၊  ထပ်ပြီး Reset ချတယ်  ၊  မရရေးချ  လုံးဝကို မရပါ ။

 

ဒါနဲ  ့   Facebook က နေသိတဲ့  မိတ်ဆွေ တစ်ယောက်က ပေးတဲ့  Link ကနေ  U8818   Firmware ကို ဒေါင်းတာ

 

ကော်နက်ရှင်က  ပိုးဆိုးပက်စက် စုတ်ပြတ်နေတော့   ဒေါင်းလို ့  မရခဲ့ဘူး ။   တပါတ်လုံးလုံးကို  ဘယ်လိုမှ လုပ်လို ့ မရတော့

 

ဝယ်လာခဲ့တဲ့ ဆိုင်မှာများ  ဒေါင်းထားတာလေး ရှိမလားဆိုပြီး သွားမေးကြည့်တော့   ဖုန်းသာရောင်းနေတယ်  Firmware ဆိုတာ

 

ဘာမှန်းတောင် မသိပါဘူးတဲ့  ………….။

 

ငါးမရတော့  ရေချိုးပြန်….. ကောင်တာ အထဲကို  ကြည့်လိုက်တော့  အလွန်ဆွဲဆောင်မှုရှိတဲ့  ဒီဇိုင်း နဲ   ့  Sony Ericsson (Xperia  Ray)

 

Camera 8.1 megapixel က  ခန် ့ခန် ့ကြီး  မြူဆွယ်နေတာနဲ ့   စိတ်မထိမ်း နိုင်တော့ပဲ  200,000 ပေးပြီး  ဝယ်လိုက်ပြန်ပါရော ။

 

 

 

//

7 comments

  • water-melon

    July 11, 2012 at 4:36 pm

    ဟော လောပန်ကြီးပါလား
    ပြင်မရင် အနော်ကိုပေးလေ
    အဟီ SuperOneClickv1.9.1- က root တော်တော်များများဖောက်လို့ရတယ်
    နောက်ပိုင်းဖုန်းတွေက update file ထည့် recovery mode ဝင်ပြီးဖောက်ရတာဗျ huawei ပြောတာ
    Unlock Root ကလည်း ရပါတယ် ဒါပေမဲ့အဆင်မပြေဘူး
    Samsung Galaxy S2 က အားတော်တော်စားတယ်
    Samsung Galaxy S3 ကတော့ အားမစားဘူး

  • Inz@ghi

    July 11, 2012 at 8:29 pm

    ဇဂါးမစပ် အူးလေးရေ …
    ကျုပ်တော့ …ဟိုဘက်အရင်မန့်ပီး သည်ဘက် နောက်မှ မန့်မိလို့ ဆောရီးပါဗျာ…
    ytalk မှာ ..ကွိုင်ပူနေတာလေး
    လက်တလော ကြားရလို့
    လက်တို့လိုက်ပါတယ်ဗျို့

    ခင်တဲ့
    ဂီ

  • Shwe Ei

    July 11, 2012 at 9:41 pm

    သများရဲ့ Huawei 8810 ကမြန်မာဖောင့်တွေ ပျောက်ကုန်လို့မရှာတတ်တော့ဘူး။ အကြံဉာဏ်လေးများ မပါ စပါအုံး အူးလေးရယ်။

  • မောင်ပေ

    July 11, 2012 at 9:49 pm

    နောက်ဆုံးတော့
    ဘာဟန်းဆက်ဝယ်ရမလဲ ဆိုတာကို
    သုံးဖူးသူများကို လိုက်လံမေးမြန်းပြီးသကာလ
    အိုင်ဖုန်းဟာ
    နည်းပညာအရကော
    စမတ်ကျတာကော
    ဟန်းဆက်နဲ ့ရှိုးပြတဲ့နေရာမှာကော
    အကောင်းဆုံး ဆိုပါကလား။

  • ကြောင်လေး

    July 11, 2012 at 10:49 pm

    ပိုက်ရှံတယ်ပေါသကိုး။ လုပ်စမ်းပါဦးဗျ နောက်ထပ် ဘာဖုန်းများထပ်တွေ့သေးလဲလို့။

  • ကြောင်ဝတုတ်

    July 12, 2012 at 6:27 am

    အဲဒီ အင်းသရိုက်ဖုန်း (၃)လုံးအစား
    ပန်းသီးတစ်လုံးဝယ်ပြီး စိတ်ချမ်းသာလက်ချမ်းသာ
    ထောင်ဖောက်လိုက်စမ်းပါဗျာ

Leave a Reply