လည်ဆွဲ

YingLampJuly 11, 20121min20514

၂၀၀၃ လောက်က ထင်တယ် ..
အိုဂျေတီဆင်းတုန်းက အိုင်စီတီထဲမယ် နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေလည်ပင်းမှာ “အတောင့်လေးတွေ” ကိုကြိုးနဲ့ချိတ်ပြီး မပေါ်ပေါ်အောင်ဆွဲထားကြတယ် ..
အဲ့တုန်းကတော့ အဲသလိုအတောင့်လေးတွေ ဆွဲထားရင် အကောင်ပေါ့ဗျာ .. အဲသဟာ ဘာတောင့်ပါလိမ့်ဆိုတာ တိုးတိုးတိတ်တိတ် လိုက်မေးရတာ မှတ်မိသေးတယ် ..
သူငယ်ချင်းတယောက်ဆီကသိရတာက အဲဒီအတောင့်လေးဆွဲထားရင် စီဒီပြားမလိုတော့ဘူးတဲ ့… 😀
ဘာတောင့်လဲဆိုတာလဲသိရော ပိုက်ဆံတွေစု အဲသဟာလေးတတောင့်လောက်တော့ ဝယ်ဆွဲဦးမဟဲ့ ပေါ့လေ .. ( ဝယ်တော့ ဝယ်ဖြစ်တယ် .. မဆွဲဖြစ်ခဲ့ပါ ) ..

၂၀၀၅ လောက်ကျပြန်တော့ ..
ရန်ကုန်မယ် နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေလည်ပင်းမှာ “ဟင်းဖုန်း”တွေကို ကြိုးနဲ့ချိတ်ပြီး မပေါ်ပေါ်အောင ်ဆွဲထားကြပြန်ရော .. “ဟင်းဖုန်း” ဆွဲထားလို ့ကတော့ အကောင်ပဲ ….
အချို ့တွေ ့ဖူးတယ် .. ကြိုးကနေ ဖုန်းကို ဖြုတ်လိုက် .. ဖုန်းပြောလိုက် .. ပြောပြီးတခါ ကြိုးမှာပြန်တပ်ထားလိုက် .. ကြိုးနဲ ့ဖုန်းနဲ ့ကို ပတ်နေတာ ..
အဲသလို ဟင်းဖုန်းဝယ်ဆွဲဖို ့တော့ စိတ်ကူးမရှိခဲ့ဘူး .. သိန်း ၃ဝ ဆိုတာကိုး .. အဲဒီခေတ်က ကိုယ်တွေ ပရိုဂရမ်မာလစာ တလမှ မြန်မာငွေ ၄ သောင်းရတာ ..

နောက်တော့ ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကစပြီး ..
နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်မ’တွေ လည်ပင်းမှာ လက်သီးလုံးသာသာအရွယ်ရှိတဲ့ “စိန်ဆွဲသီးကြီးတွေ” မပေါ်ပေါ်အောင် ဆွဲထားကြပြန်တယ်ဗျ ..
အဲသဟာကြီးတွေများ ကော့နေအောင်ဆွဲပြီး စူပါမားကတ်ဝင်လို ့ကတော့ တွေ ့သမျှလူခေါင်းငုံ ့ပေးသဗျ .. မျက်မြင်ပါပဲ ..
နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်ထီးတွေကတော့ အဲသဟာကြီးဆွဲထားတဲ့ပုဂ္ဂိုလ်မ’တွေလက်ကို ဆွဲထားကြတယ် .. 😀

၂၀၁၅ လောက်ဆိုရင်တော့ ..
နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေလည်ပင်းမှာ ဆွဲစရာတမျိုးတော့ ပေါ်လာကောင်းပါရဲ ့..
“သော့တံ” ဖြစ်မလား .. “သော့ဂလောက်” ဖြစ်မလား ပေါ့လေ .. အဲသလိုသာဆို ကိုယ်တောင် အလားအလာတွေရှိနေတယ် .. ငှဲ.. ငှဲ …
“သော့တံ” နဲ့ “သော့ဂလောက်” ဝယ်ဖို ့ပိုက်ဆံအထွေအထူးစုစရာမလိုဘူး ဆိုတော့ကာ ..
ကိုယ်လဲ နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်ဖြစ် .. ဘော်ဒါ ဘော်ကျွတ်တို ့လဲ နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေဖြစ် …
ဝယ်ပြီးဆွဲမလား .. အိမ်ကဟာတွေပဲ ယူပြီးဆွဲမလားပဲ ..

ဒါကြောင့် …
၂၀၁၅ အမှီ လူတိုင်းလူတိုင်း နဲနဲခပ်ကြီးကြီးပုဂ္ဂိုလ်တွေဖြစ်လာဖို ့ ..
“သော့တံ” “သော့ဂလောက်” နှစ်သက်ရာတခုခုကို စဆွဲကြပါစို ့ … ဒန် တန့်တန် ..

(ကြော်ငြာ … အိန္ဒိယမိတ် စတီးသော့တံ များနှင့် သော့ဂလောက်များ ကြိုက်နှစ်သက်ရာအရွယ်အစားအလိုက် အော်ဒါမှာနိုင်ပါပြီ …
၂၀၁၅ မတိုင်မီ မှာယူသောအော်ဒါများအတွက် သော့တံတခုလျှင် လည်ပင်းဆွဲရန် ကြိုးခပ်တုတ်တုတ်တချောင်းစီ အခမဲ့လက်ဆောင်ပေးသွားမည်။
ဦးရာလူစနစ်)

YingLamp
11072012

14 comments

  • water-melon

    July 11, 2012 at 12:44 pm

    “သော့တံ” “သော့ဂလောက်” နှစ်သက်ရာတခုခုကိုဆွဲတယ်ဆိုတာ
    ဝက်ရူးပြန်တဲ့သူတွေမှဆွဲတာမဟုတ်ဘူးလား
    နောက်ခါဆို ခွေးလည်ပတ်တွေတောင်ဆွဲမလားမသိဘူး
    အဟီ
    လူတွေလူတွေ

    • YingLamp

      July 11, 2012 at 1:12 pm

      သော့တံ သော့ဂလောက်ဆွဲတာ ဝက်ရူးအတွက်ပဲ ထားပါတော့ .. ကျုပ်က သော့တံ သော့ဂလောက်ဆွဲဖို ့လောက်ပြောတာနော် ..
      မင်းပြောသလို ခွေးလည်ပတ်ဆွဲလို ့ကတော့ ခွေးရူးတွေ ဖြစ်ကုန်မယ်ဟ … 😀

    • snow white

      July 11, 2012 at 6:06 pm

      ပြောတက်ပါပေတယ် water-melon ဟုတ်တယ် သော့တံတွေ သော့ဂလောက် တွေ ဝက်ရူးပြန်တဲ့သူတွေ မှ ဆွဲတာ ကြားဖူးတယ်…

  • laypai

    July 11, 2012 at 12:58 pm

    ၂၀၁၅ ဆို ဘာသော့ မှ ဆောင်စရာ မလို တော့ ဘူး။
    ခု တောင် ကျနော့ အိမ်က ခြံတံခါး မထား တော့ဘူး၊
    ည ည ဆို မခြောက်သေးတဲ့ အဝတ်တွေ မရုပ်ပဲ ထားတာ အေးဆေးပဲ။
    မေ့ ပြီး အိမ်တံခါး ကို ချက် မချ ပဲ အိပ်ခဲ့ မိတာ ၂ နှစ် အတွင်း အကြိမ် ၂ဝ မက တော့ ဘူး။
    တခါတရံ ခွေးလေ ခွေးလွင့် တွေ ခြံတံခါး မရှိလို့ ညည အီးဝင်ပါ သွားတာ ကလွဲ လို့
    ကျနော့် အိမ်လေး သော့ မရှိပေမဲ့ ညည အပူအပင် ကင်းစွာ အိပ်စက် နိုင်ပါကြောင်း။
    ချစ်စရာ ကောင်း သော ကျနော့ ရပ်ကွက် ကလေး ပါ။
    ငါလဲ ကြော်ငြာ ပြန်ဝင် ပစ် လိုက် တယ်။ ဟီဟိ…..။

  • မြတ်ကျော်သူ

    July 11, 2012 at 1:17 pm

    Satire ဆိုလို့….ဝမ်းသားသွားတယ်…
    အူရားဖားရား…အားတက်သရော…
    ပြူးပြူးပြဲပြဲ…ဝင်ကြည့်မိတယ်….
    ပြီးတော့ ခပ်တည်တည်ပဲ ပြန်ထွက်လိုက်ရတယ်….ကွယ်….

    • YingLamp

      July 11, 2012 at 1:44 pm

      ိုယ်တွေက စာရေးဆရာမှမဟုတ်သေးတဲ့ ငချွတ်လေးပါ .. ခုလို မလိမ္မာတာတွေ ့လဲ ကိုယ့်ဘော်ဒါဘော်ကျွတ်တယောက်လိုသဘောထားပြီး ဆုံးမနိုင်ပါတယ် ..
      ကျေးဇူးတင်လို ့.. ရော့ .. စတီးသော့တချောင်းလက်ဆောင် ပေးပါရစေ …. ယူပါ .. ယူပါ နော် .. လို ့ .. 😛

  • mamanoyar

    July 11, 2012 at 1:18 pm

    ဦးရာလူစနစ်ဆိုပါလား မြန်မြန်ပြေးမှ
    ဝယ်ဘူးကွာ
    ဟီးးးးးးးးးးးးးးး

  • အရင့်ရောင်

    July 11, 2012 at 1:56 pm

    ဦးရာလူစနစ်တဲ့ဟေ့
    နောက်ကျရင် အပေါက်ဝကနေလှည့်ပြန်ရမယ့်ကိန်းဆိုက်နေပြီ
    ရွာသူ/သားများတို့ရေ
    YingLamp အိမ်ကို စောစောသွားကြနော်
    ဟိဟိ

  • may flowers

    July 11, 2012 at 3:41 pm

    အော် လက်စသတ်တော့ သော့တံ သော့ဂလောက် ကြော်ငြာနေတာပါလား။

    အထူး ဈေးလားဟင်။

  • မဂွတ် ထော်

    July 11, 2012 at 3:51 pm

    အိမ်ကထကလက်တဲမှို့
    သော့မလိုပါ
    ဟီးးးးးးးးးးးးးးးးး

  • ခပ်မိုက်မိုက် ကောင်မလေး

    July 11, 2012 at 4:01 pm

    မနက်ဖြန်ဆိုရင် 2015…
    ရောက်တော့မယ်….
    ဒုက္ခပဲ ဦးရာယူစနစ်ဖြစ်နေတယ်…
    တော်ပါပြီရှင်….
    ယူတော့ပါဘူးနော်…..
    လာရာလမ်းအတိုင်း ပြန်သွားပါတယ်….:P

  • Shwe Ei

    July 11, 2012 at 9:14 pm

    ၂၀၁၅ မှာ အက်ပဲလ် ပရောဒပ်တွေ ကြိုးနဲ့သီပြီးဆွဲကြရင်ရော ဘယ်လိုဆက်လုပ်မယ် စိတ်ကူးတုန်း 😉

Leave a Reply