နေပြည်တော်ပျဉ်းမနားရှိ ရွှေဆိုင်မှ ရွှေ ၃ဝကျပ်သား လိမ်လည်မှုဖြစ်ပွား

klnJune 30, 20101min431

နေပြည်တော်ပျဉ်းမနားမြို့တွင် အလေးချိန် ၃ဝကျပ်သားရှိပြီး တန်ဖိုးငွေကျပ်သိန်း ၁၉ဝရှိသော ရွှေတုံးများဝယ်ယူမည်ဟု ပြောဆိုပြီး လိမ်လည်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးဦးပြားက ပြောပြခဲ့သည်။ အမှုဖြစ်စဉ်မှာ မေ ၈ရက်နံနက် ၁ဝနာရီခန့်တွင် နေပြည်တော်ပျဉ်းမနားမြို့ ချမ်းအေးရပ်ကွက် မောင်ခင်လမ်းနေ ဒေါ်ချောစုနွယ် ရွှေနန်းတော်ရွှေရောင်းဝယ်ရေးဆိုင်ရှင်သည် ၎င်းဆိုင်သို့ရောက်ရှိစဉ် သမီးဖြစ်သူ မသီရိရတနာမျိုးလွင်၏ ပြောပြချက်အရ ဒေါ်မြင့်မြင့်စိုး(စိစစ်ဆဲ)က ရွှေတုံးအား လာရောက်ရောင်းချရန်ပြောသဖြင့် ရွှေတုံး ၃တုံး အလေးချိန် ၃ဝကျပ်သား တန်ဖိုးကျပ်သိန်း ၁၉ဝအား ယူဆောင်၍ မိတ်ဆွေမလှလှသန်းနှင့်အတူ နေပြည်တော်မြို့မဈေးရှိ အင်ကြင်းစိမ်း စတိုးဆိုင်သို့ သွားရောက်ခဲ့သည်ဟုဆို၏။ ဒေါ်မြင့်မြင့်စိုးမှ ရွှေတုံးများအား ကြည့်ရှုပြီး ခဏဟုပြောကာ ငွေပေးချေခြင်းမရှိဘဲ အပြင်သို့ထွက်သွားရာမှ ပြန်လည်ရောက်ရှိလာမှုမရှိသဖြင့် လိမ်လည်ယူသွားကြောင်း သိရှိရ၍ ဒေါ်မြင့်မြင့်စိုးအပေါ် မေ ၉ရက်နေ့တွင် ဒေါ်ချောစုနွယ်က တရားလိုပြုလုပ်၍ နေပြည်တော်အမှတ်(၄) ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ နေပြည်တော်အမှတ်(၄)ရဲစခန်းမှ ရွှေတုံးများအား လိမ်လည်ယူသွားသူ ဒေါ်မြင့်မြင့်စိုးအား(ပ)၂၇/၂၀၁ဝ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။ ပြစ်မှုကျူးလွန်သူ ဒေါ်မြင့်မြင့်စိုးအား နယ်မြေရဲကင်းစခန်းများအတွင်း ကူညီဖမ်းဆီးပေးနိုင်ရန်အတွက် မေ ၂၉ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒေါ်မြင့်မြင့်စိုး၏ ပုံတူခဲပန်းချီနှင့် အတူပေးပို့ညွှန်ကြားထားကြောင်း၊ သူမ၏ပုံသဏ္ဍာန်မှာ အသက် ၄ဝခန့်၊ အရပ် ၅ပေ ၅လက်မ၊ ဆံပင်လှိုင်းတွန့်ဂုတ်ဝဲ၊ နဖူးကျယ်၊ မျက်နှာဝိုင်း၊ အဝေးကြည့်မျက်မှန်တပ်ဆင်ထားကြောင်း ပုံတူပန်းချီတွင် ဖော်ပြထားသည်။

One comment

  • etone

    June 30, 2010 at 9:31 am

    လုပ်သွားပုံကလည်း သိပ်တောင်ပညာသားမပါဘူး ။ရွေဆိုင်ပိုင်ရှင်သမီးကလည်း ထုံလိုက်တာမှလွန်ရော …ဒါတောင်ရွှေရေင်းစားတယ် ဟားဟား ။ ခဏဆိုတိုင်း ခဏလိုက်တာပဲ … ဟိုကလည်း ခဏရှောင်နေဦးမှာပဲ … ။

Leave a Reply