ထူးထူးခြားခြား လူခြောက်လေး သုံးကြိမ်မွေးခဲ့သူ-၂

may flowersJuly 11, 20121min1059

ကျွန်မအဒေါ်ရဲ့ ကျေးဇူးနဲ့လူခြောက်ဆိုတာလေးကို လေ့လာခွင့်ကြည့်ရှုခွင်ရခဲ့ပါတယ်။

အဲဒီလူခြောက်လေးဟာ ကျွန်မတို့သွားကြည့်တဲ့အချိန်က မွေးတာနှစ်ပါတ်လောက်ရှိနေ

ပြိီမို့ တော်တော်လေးခြောက်နေပါပြီ။ လူပုံသဏ္ဍန်နဲ့ လက်လေးတွေခြေထောက်လေး

တွေအပြည့်အစုံပါပါတယ်။ ဒူးနေရာလေးတွေဆို ဒူခေါင်းလုံးပုံသဏ္ဍန်လေးဖုနေပါတယ်။

အရှည်ကလက်တစ်ထွာလောက်သာရှိတဲ့လူခြောက်ယောက်ျားလေးပါ။ထိုလူခြောက်

လေးကို ကိုရာစနိုးဘူးတွေထဲ့တဲ့ စက္ကူဘူးဖုံးလေးပေါ်တင်ထားတာပါ။  မျက်နှာမှာလည်း

မျက်နှာဖုံးလို့ ပြောတဲ့အရေပြားစအခြောက်စတစ်ခုလိုလိုကပ်နေပါသေးတယ်။ ကိုင်

တော့မကြည့်ခဲ့ရပါဘူး။ ပိုင်ရှင် ၊ အိမ်ရှင်တွေက သိပ်လိုလိုလားလားမရှိလှတာကြောင့်

ခဏပဲကြည့်ပြီး ပြန်လာခဲ့ရပါတယ်။ ကျွန်မအဒေါ်ပြောတာကတော့ ခုခြောက်သွားလို့

တဲ့ အရင်မွေးခါစက တကယ့်ကလေးလေးတစ်ယောက်လိုပဲ အသားတွေပြည့်ပြည့်

ဖြိုးဖြိုးနဲ့ပါတဲ့။ယောက်ျားလေးအင်္ဂါတွေကအစအကုန်လုံး(လူသေးသေးလေးဖြစ်နေတာ

ကလွဲလို့) နားရွက်သေးသေးလေးတွေတောင်ပါသေးတယ်တဲ့။ ဒါပေမဲ့ ကျွန်မ

တို့ကြည့်ချိန်မှာတော့ သိပ်သဲသဲကွဲကွဲမရှိလှတော့ပါဘူး။ တော်တော်လေးခြောက်နေပါ

ပြီ။ ဒါနဲ့ ကျွန်မတို့သူငယ်ချင်းနှစ်ယောက်ကျောင်းကိုပြန်မယ်ဆိုပြီး နာရီကိုကြည့်လိုက်

တော့ ကျောင်းတက်ချိန်ကိုတောင်ကျော်နေပါပြီ။ ဒါကြောင့်အဒေါ်တွေအိမ်မှာခဏဝင်

ပြီး အချိန်ဖြုန်းကြပါတယ်။

အဲဒီမှာ အဒေါ်ကပြောပြပါတယ်။ ဒီလူခြောက်လေးရဲ့အမေဟာ ရိုးရိုးကလေးသုံးယောက်

ရဲ့မိခင်ပါ။ သူမခင်ပွန်းဟာ ထိုရွာနဲ့တော်တော်လှမ်းလှမ်းက ရွာတစ်ရွာကအလယ်တန်း

ကျောင်းက ကျောင်းဆရာတစ်ယောက်ပါတဲ့။ ဒီလူခြောက်လေးမမွေးခင်က လူခြောက်

လေးနှစ်ယောက်ကိုလည်း မွေးခဲ့ဘူးကြောင်းပြောပြပါတယ်။ ပထမကလေးသုံးယောက်

ကတော့ သူလိုကိုယ်လိုလူသားကလေးတွေပါပဲ။ ပထမဦးဆုံးလူခြောက်လေးကိုယ်ဝန်

ဆောင်တော့ လေးလလောက်အထိသာမန်ဗိုက်ကြီးသည်တွေလိုပါပဲတဲ့။ ဒါပေမဲ့ လေး

လကျော်လာတော့ ထူးဆန်းစွာပဲ ဗိုက်ကတဖြည်းဖြည်းပြန်ပိန်လာပါတယ်။ ဒါပေမဲ့

တော့သူတောင်သားတွေအဖို့ကတော့ ထိုကိစ္စကိုသိပ်ဂရုစိုက်ရမှန်းတောင်မသိပဲ အမှတ်

မှားတာဖြစ်မှာပါ (ကိုယ်ဝန်ဆောင်တာကို) လေဆိုပြီး

အေးအေးဆေးဆေးပဲနေလိုက်ပါတယ်။

နောင် ကိုးလလွန်လာတော့ ဘိုက်ထဲရစ်ရစ်နာလာတာကြောင့် အိမ်သာကိုအသွား ပထ

မ လူခြောက်လေးကို အိမ်သာအသွားလမ်းပေါ်မှာတင်ထွက်ကျလာပါတယ်တဲ့။ ထိုအခါ

လူခြောက်လေးမိခင်က သူများတွေက်ိုရှက်တာကြောင့်မပြောပြပဲ ထိုလူခြောက်လေးကို

အိမ်နောက်ဘက် ရေမြောင်းတွေနားမှာ တိတ်တဆိတ်မြုတ်ပစ်လိုက်ပါတယ်တဲ့။

အမြုပ်ခံလိုက်ရတဲ့ လူခြောက်လေးဟာ အဲဒီညမှာ သူ့အဖေကိုအိမ်မက်လာပေးပါတယ်။

အိမ်မက်ထဲမှာတော့ ချစ်စဖွယ်ကလေးလေးတစ်ယောက်ဟာ အိမ်ဝင်းအပြင်ဘက်ကနေ

ပြီး

“အဖေ…အဖေ”

လို့လှမ်းခေါ်ပါတယ်။ လူခြောက်လေးဖခင်ကလည်း မသိတဲ့ကလေးတစ်ယောက်ကမိမိ

ကို အဖေခေါ်နေတာကြောင့် အံ့ဩပြီးငေးကြည့်နေတော့

“အဖေ ..အံ့ဩနေတာလား…ကျွန်တော်အဖေ့သားပါအဖေ…ကျွန်တော့်ကို..ညနေက

မွေးတာ…အမေရက်စက်တယ်အဖေရယ်……ကျွန်တော့်ကိုအရှင်လတ်လတ်မြေမြုတ်

ပစ်လိုက်တယ်…ကျွန်တော်က..အဖေနဲ့နေချင်လို့ပါ…ကျွန်တော်နောက်တစ်ခါလာခဲ့ဦး

မယ်….အဖေ..အမေ့ကိုနောက်တစ်ခါအဲလိုမလုပ်ဖို့ပြောပေးပါနော်…အဖေနော်”

လို့သနားစဖွယ်ငိုပြီးပြောနေပါတယ်။ နောက်တော့ အိမ်ပေါ်ကိုဖြေးဖြေးလေးတက်လာ

ပြီး သူတို့လင်မယားနှစ်ယောက်ကြားမှာလာ အိပ်နေပါတယ်တဲ့။ လူခြောက်လေးရဲ့အဖေ

လည်း နောက်မနက်မိုးလင်းတော့သူ့မိန်းမကို မေးကြည့်တော့ လူခြောက်လေးမွေးတာ

ဖြစ်ကြောင်းနဲ့ မွေးမွေးချင်းမြေမြုတ်ပစ်လိုက်ပြီဖြစ်ကြောင်းပြောပါတယ်။ ကျောင်းဆရာ

လည်းသူ့ကိုမတိုင်ပင်ပဲလုပ်လိုက်တဲ့မိန်းမကိုဆူပါတယ်။အိမ်မက်ထဲမှာ လူခြောက်လေး

က နောက်လာခဲ့ဦးမယ်လို့ ပြောတာကိုတော့ သိပ်မယုံလှတာကြောင့်သူ့မိန်းမကို မပြော

ပြတော့ပဲ ကျောင်းကိုပဲထွက်သွားပါတယ်တဲ့။ ဒီလိုနဲ့ လမခြားပဲအဆိုပါလူခြောက်လေးမိ

ခင်ဟာ ထပ်ပြီးကိုယ်ဝန်ဆောင်ရပြန်ပါတယ်။ ထုံးစံအတိုင်း ပထမလေးလလောက်ထိ

ပုံမှန်ကိုယ်ဝန်တွေလိုပဲ ဝမ်းဘိုက်ဟာ ပူပူလာပေမဲ့ လေးလကျော်လာတော့ပြန်ပိန်ပိန်

သွားတာကြောင့် သူ့ကိုအိမ်မက်ပေးတဲ့ လူခြောက်လေးပဲဆိုတာ လူခြောက်လေးအဖေ

ကျောင်းဆရာက သိလိုက်ပါတယ်။ဒီတစ်ခါတော့ တကယ်လူခြောက်လေးမွေးလာရင်

တောင် မစွန့်ပစ်ဖို့၊ မိမိကို အသိပေးဖို့ သူ့မိန်းမကိုကြိုပြောထားပါတယ်။ ဒါနဲ့ပဲ ကိုးလ

လွန်တော့ တကယ်ပဲလူခြောက်လေးနောက်တစ်ယောက်ထပ်မွေးပါတယ်။ ယောက်ျား

လေးပါပဲတဲ့။ ဒီတစ်ခါတော့ မိန်းမလုပ်သူကမစွန့်ပစ်တော့ပေမဲ့ သိပ်ပြီးကြည်ကြည်သာ

သာလဲ မရှိလှတာကြောင့် မွေးပြီးပြီးချင်း (သူ့ယောက်ျားအလုပ်သွားချိန်) ဒီအတိုင်း

အိမ်နောက်ဖေး ကပြင်လေးပေါ်ကို အဝတ်စလေးပေါ်တင်ပြီး သူ့ယောက်ျားပြန်လာချိန်

မှာ ကြည့်ရအောင်ဆိုပြီး တင်ထားလိုက်ပါတယ်။ ဒါနဲ့ယောက်ျားပြန်လာတော့ ထိုလူ

ခြောက်လေးကိုပြမယ်ဆိုပြီး သွားအယူမှာ လူခြောက်လေးဟာပျောက်ဆုံးနေပြီး ရှာလို့

မတွေ့တော့ပါဘူးတဲ့။ အဲညဘက်ကြတော့ သူအဖေကိုထိုလူခြောက်လေးက

အိမ်မက်ထပ်ပေးပါတယ်။ သူ့ကို ကြက်တစ်ကောင်က အစာမှတ်ပြီး

ထိုးဆိတ်စားသောက်ခဲ့ကြောင်းနဲ့ သူတော်တော်လေးနာကျင်စွာခံစားခဲ့

ရကြောင်းအိမ်မက်ထဲမှာ သနားစဖွယ်ငိုပြီးပြောပြရှာတာပါတဲ့။

သူထပ်လာဦးမဲ့အကြောင်းနဲ့ အဖေတို့ကို သူအကျိုးပြုမှာပါ လာခွင့်ပေးပါလို့

တောင်းပန်ပါတယ်တဲ့။  ဒီတစ်ခါတော့ လင်မယားနှစ်ယောက် လူခြောက်လေးကိစ္စနဲ့

တော်တော်စကားများကြပါတယ်။ ဒါနဲ့ နောင်နှစ်နှစ်လောက်အကြာမှာ ဖခင်ဖြစ်သူကိုထပ်အိမ်မက်ပေးပြီး ထိုလူ ခြောက်လေး

ကိုတတိယအကြိမ်မြောက်အဖြစ်ထပ်မွေးလာတာပါ။ ဒီတစ်ခါတော့ သူ့မိန်းမက

ထပ်ပြီးမစွန့်ပစ်တော့ပဲ သိမ်းထားတာပါတဲ့။ ဒါပေမဲ့ အဲဒီလူခြောက်လေးမွေးလာတော့

ပထမမွေးပြီးပြီးချင်းသေသွားတဲ့ လူခြောက်လေးတွေလိုမဟုတ်ပဲ လူခြောက်လေးရဲ့မိခင်

ဟာ သာမန်ကလေးတစ်ယောက်ရှိနေသလို နို့ရည်တွေထွက်လာပါတယ်တဲ့။ အဆိုပါလူ

ခြောက်လေးဟာလည်း ပြောစရာရှိရင် မိခင်ကိုအိမ်မက်မပေးပဲ

ဖခင်ကိုသာအိမ်မက်တွေ ပေးတတ်ပါတယ်တဲ့။အဲဒီ

လူခြောက်လေးဟာကတိအတိုင်း ဖခင်ဖြစ်သူကိုတော့ တကယ်အကျိုးပြုခဲ့ပါတယ်။

 

အပိုင်း-၃ ကိုနောက်တစ်နေ့မှ ဆက်လက်ရေးသားဖော်ပြပေးပါ့မယ်။

 

9 comments

  • Shwe Tike Soe

    July 11, 2012 at 3:42 pm

    ဖတ်ရှုအားပေးသွားပါတယ်….စိတ်ဝင်စားစရာပါပဲ စောင့်နေမယ်နော်…

  • etone

    July 11, 2012 at 4:23 pm

    အဟီး တွေ့တယ်မို့လား …. တူညား အပိုင်းတစ်မှာ ကော့မန့် ရေးထားသလိုပဲလေ …… ။
    အပိုင်း သုံးကို စောင့်ဖတ်ပါဦးမယ် …. ။

  • lazy boy

    July 11, 2012 at 6:32 pm

    အားပေးရင်းနဲ ့မျော်နေပါတယ်…

  • ဝေးလွင့်တိမ်

    July 11, 2012 at 8:18 pm

    လူခြောက်မွေးတာနဲ့ အခြောက်မွေးတာ သိပ်မကွာဘူးထင်တယ်။

  • မောင်ပေ

    July 11, 2012 at 8:33 pm

    လူခြောက်ကလေး က သူ ့မိဘတွေ ကို ဘယ်လိုအကျိုးပြုတယ် ဆိုတာ နောက်အပိုင်းမှာ ဆက်ဖတ်ရတော့မယ် ။
    ကြားခဲ့ဖူးတဲ့ ဇါတ်လမ်းတွေထဲမှာတော့ ၊ ဘယ်နေ ့ဘယ်ရက်မှာ ဘယ်ထီဆိုင်က ဘယ်ထီလက်မှတ်ကို သွားထိုးတို ့၊ ဘယ်နားသွားတူးရင် ရွှေထုပ်တွေ ့တာတို ့မျိုး အိပ်မက်ပေးတာဆိုဘဲ ။
    မေဖလားဝါး ဇါတ်လမ်းကတော့ စိတ်ဝင်စားစွာနဲ ့မျှော်ရမှာပေါ့။

  • ster

    July 11, 2012 at 9:48 pm

    အပိုင်း(၃) ကို ဆက်မျှော်နေပါတယ်။

  • may flowers

    July 12, 2012 at 9:56 am

    ကိုShwe Tike Soe ရေ စိတ်ဝင်စားတယ်ပြောလို့ကျေးဇူးပါနော်။

    ဟုတ်ပါ့ etone ရယ် …ပညာရှိတွေပြောတဲ့စကားက ပြေးကြည့်တာထက်မှန်တယ်တဲ့။

    Mal Pyae နဲ့ lazy boy ရေ ခုလိုဖတ်ရှုအားပေးတဲ့ အတွက်ကျေးဇူးပါ။

    ကို ဝေးလွင့်တိမ်ရေ လူခြောက်လေးတွေစ မွေးမွေးခြင်းကခြောက်နေတာမဟုတ်ပါဘူး..မွေးစမှာ လုူပုံ

    သဏ္ဍာန်အပြည့်အစုံနဲ့ အသားအရည်တွေပါပါတယ်တဲ့ ( သေးနေတာကလွဲရင်) နောက်မှ ပုတ်သွားတာ

    မဟုတ်ပဲ တဖြည်းဖြည်း ခြောက်ခြောက်လိုက်လာတာပါ။

    ကိုပေ ရေလူခြောက်လေး သူ့မိဘတွေကို ဘယ်လိုအကျိုးပြုမယ်ဆိုတာ နောက်အပိုင်းမှာ ဆက်လက်ဖော်

    ပြပေးပါ့မယ်နော်…ခုလိုအားပေးတဲ့အတွက် ကျေးဇူးပါ။

    ဟုတ်လား………..ကိုနာဂရဲ့အဖွားကလည်း လူခြောက်လေးမွေးခဲ့ဘူးတာလား…ဒါဆိုကိုနာက လူခြောက်

    လေးတွေတကယ်ရှိတယ်ဆိုတာကို ယုံတဲ့လူတွေထဲမှာပါမှာပေါ့။

    ster ရေ ခုလိုအားပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါနော်။

Leave a Reply