~~~~~သိစေချင်တယ်~~~~~

ဟိုး…….
အဝေးတစ်နေရာကနေ…
နင့်ကို လွမ်းနေ သတိရနေတဲ့…
လူတစ်ယောက် ရှိနေတယ်ဆိုတာ…
နင် သိနိုင်ပါ့မလား….။

ဟင့်အင်း…..
နင် သိနိုင်မှာ မဟုတ်သလို…
နင် သတိထားမိမှာလည်း မဟုတ်ပါဘူး…
ဘာဖြစ်လို့လဲဆိုတော့…
ဟို….အရင်အချိန်တွေကတည်းက…
နင့်ကို သတိရ လွမ်းနေတဲ့…
လူတစ်ယောက်ကို…
နင်မေ့နေခဲ့တာ ကြာပြီပဲလေ…။

ငါလေ နင့်အတွက်…
ခံစားချက်များစွာနဲ့လဲ…
ကဗျာတစ်ကြောင်း ဖြစ်အောင်မစပ်တတ်ဘူး…။

ဒါပေမယ့်……..
နင့်အတွက်နဲ့….ငါ
စာတွေလည်း ရေးတတ်နေပြီ…
စကားလုံးများစွာက …
င့ါစိတ်ကူးထဲမှာ နင့်အတွက် အပြည့်အကြပ်…
သတိရ လွမ်းဆွတ်ခြင်းတွေက…
င့ါရင်ထဲမှာ နင့်အတွက် အပြည့်အနှက်…
ဒါတွေ ပေါင်းစပ်ပြီးတော့လည်း…
ကဗျာတစ်ပုဒ်ဖြစ်အောင်…
မစပ်တတ်ခဲ့ပြန်ဘူး…။

ဒါပေမယ့်လေ…
သိစေချင်လိုက်တာ…
နင့်ကို သတိရ လွမ်းနေတဲ့…..
လူတစ်ယောက်ရှိနေတယ်ဆိုတာကိုပေါ့…။ ။

ခင်မင်လျှက်….မိုက်လေး

13 comments

  • snow white

    July 11, 2012 at 4:31 pm

    ဒီလိုလေးတွေ ရေးရင် ဖတ်ရတဲ့စနိုးအဖြစ်ကိုပြစေချင်တယ် တကယ်ကိုငိုချင်တယ်” ဒါပေမယ့်လေ…
    သိစေချင်လိုက်တာ…
    နင့်ကို သတိရ လွမ်းနေတဲ့…..
    လူတစ်ယောက်ရှိနေတယ်ဆိုတာကိုပေါ့…။ ။” အဲ့ဒါလေးကရင်ကိုထိတဲ့စာလေးဘဲ …..

  • ခပ်မိုက်မိုက် ကောင်မလေး

    July 11, 2012 at 4:34 pm

    မိုက်လေး….လည်း
    မသိတော့ပါဘူး…..
    ရေးတတ်သလောက်ရေးလိုက်ပေမယ့်…
    အားမရဘူးဖြစ်နေတယ်…
    ဒါပေမယ့်…ခုလိုဖတ်ပေးတဲ့ စနိုးကို
    မိုက်လေး…ကျေးဇူးတင်ပါတယ်နော်…။

  • mamanoyar

    July 11, 2012 at 4:36 pm

    သိပါတယ်မိုက်မိုက်ရေ
    ဟဲဟဲ မိုက်မိုက် ဘယ်လိုခံစားနေရမယ်ဆိုတာကိုပေါ့

  • ကြောင်လေး

    July 11, 2012 at 10:00 pm

    ကဗျာတစ်ပုဒ်ဖြစ်အောင်မစပ်တတ်တဲ့သူရဲ့ ကဗျာလေးကိုဖတ်ရှုခံစားသွာပါတယ်။ခပ်ဆိုးဆိုးကောင်မလေးရေ။

  • Gipsy

    July 11, 2012 at 10:25 pm

    ရင်ခုန်ခြင်းတို့ဆိတ်ငြိမ်ပျောက်ကွယ်..
    အိမ်မက်ဟောင်းတို့အဝေးကိုလွင့်ပြယ်
    အချိန်မှန်မင်းမရှိတော့တဲ့နေ့နဲ့ညမှာ
    ရွက်လွှင့်နေဆဲ..
    မျှော်လင့်ခြင်းနဲ့အတိတ်ကိုတစ်ခေါက်ပြန်လည်
    ငါလေလမ်းဟောင်းတိုင်းလည်းရောက်ချင်တယ်
    ပုံဖေါ်ခဲ့တဲ့အချစ်ကအနားနားမရှိရင်အရာရာအလကားပဲ…
    ( အားနေပါ၍ အားပေးမိပါသည် )

  • ခပ်မိုက်မိုက် ကောင်မလေး

    July 12, 2012 at 9:20 am

    အားလုံးကို ကျေးဇူးတင်ပါတယ်နော်..။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 12, 2012 at 2:44 pm

    ဆုတောင်းပေးတဲ့….
    သားဦးမြေးဦး၊ ဝမ်းတွင်းရူး…
    ကိုလည်းကျေးဇူးပါရှင်…။

  • si tone

    September 4, 2012 at 8:32 pm

    အရမ်းကြိုက်တယ်……………………….

  • Naing Ngan Kyaw

    September 21, 2012 at 3:26 pm

    ဖတ်သွားပါတယ် ခပ်မိုက်မိုက်ကောင်မလေး
    ကဗျာတွေနဲ့ အပြင်လက်တွေ့မှာ တစ်ထပ်တည်း မကျပါစေနဲ့။။။။။။။။။။
    ဆုတောင်းပေးနေမယ်………

  • mayjuly

    September 21, 2012 at 4:40 pm

    သိဘူး..သိဘူး..
    လာထား ၁၅ ကျပ် … :kwi:

    အားမပေးဘူး မိုက်လေးရေ …( သူများကို လွမ်းတယ်ဆိုတာကိုကျောဒါ) 😀

    • mayjuly

      September 21, 2012 at 4:43 pm

      အဲ တမျိုး ဖြစ်သွားလားမသိဘူး..
      မိုက်လေး ကဗျာရေးတာကို အားပေးနေတယ်နော် ..
      လွမ်းတာကိုအားမပေးတာပြောတာပါ ညီမရေ …

  • ခပ်မိုက်မိုက် ကောင်မလေး

    September 28, 2012 at 8:59 am

    ကျေးဇူးတင်ပါတယ်ရှင်..။

Leave a Reply