ရခိုင် သွေးခြင်းများ အတွက် လက်ဆောင် ဂေဇက် အလှူ မန္တလေး အလင်း ဂျာနယ် တွင် သတင်းဖေါ်ပြ မည်

htet wayJuly 11, 20121min16616

မန္တလေး အလင်း ဂျာနယ်တွင် မန်းဂေဇက် က မန်ဘားမှာ၏ အလှူ သတင်းကို (၁၃.၇.၂၀၁၂) ရက်စွဲ ဖြင့် သောကြာနေ့ ထုတ်ဝေမည် ဖြစ်သော မန္တလေး အလင်းဂျာနယ်တွင် ဖေါ်ပြ ပါမည်။
အဆိုပါ သတင်းတွင် `မန်းဂေဇက်ရဲ့ ရခိုင် သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင် နှင့် သူတို့ အသံ´ ခေါင်းစဉ်ပေးထားပြီး ပန်းတနော် သီတဂူအလှူ အကြောင်း ထည့်သွင်းဖေါ်ပြ ခဲ့ပါသည်။ လက်ငင်း ရခိုင် သွေးချင်းများ လက်ဆောင်ကို လည်းရေးသားပြီး မန်ဘာထဲမှ တစ်ချို့ ၏ ကွန်းမန့်ကိုဖေါ်ပြ ခဲ့ပါသည်။
သတင်း အတွက် ဆရာ ဘလက်ချော ထံ ဓါတ်ပုံ သုံးစွဲ ခွင့် ကို လည်းကောင်း၊ဆရာမ (မမ) ထံ အကယ်၍ ဓါတ်ပုံပါလာပါက ခွင့်ပြု ပါရန် ၎င်း၊ဂေဇက် အသံအဖြစ် ဆရာရွှေတိုက်စိုး
ဆရာမ (မမ)၊ ဆရာမ ခိုင်ခိုင်၊ အဘဖေါ၊ကဗျာဆရာကမ်းဝေးတို့၏ အလှူ နှင့် ပတ်သက်သော မန့် ချက်အချို့ကို ထည့်သွင်း ရေးသားခဲ့ပါသည်။
ကျွန်တော် သည် ဂေဇက် ရွာသား တစ်ဦးဟု ခံယူ ထားသောကြေင့် ဤအလှူ အား ဂုဏ်ယူ စွာဖြင့် ရေးသား ခဲ့ပါကြောင်း ၊သက်ဆိုင်သူအားလုံး ထံ အသိပေး အပ်ပါသည်။

16 comments

  • water-melon

    July 11, 2012 at 4:29 pm

    ထိပ်ဆုံးကနေပြေးပြီဝယ်ဖတ်လိုက်မယ်
    ဆရာထက်ရေ ကျေးဇူးပါ

  • etone

    July 11, 2012 at 4:53 pm

    ကောင်းတယ် ဆရာထက်ရေ … ဂုဏ်ယူပါတယ် …
    လူမျိုးခြင်း ခွဲခြားတဲ့ စိတ်ဓါတ်မရှိပဲ .. နိုင်ငံသားအနေနဲ့ …. တတ်စွမ်းတဲ့ဘက်က အားပေးတာမို့ .. ကျေးဇူးလည်း တင်မိပါတယ် … ။

  • amatmin

    July 11, 2012 at 5:16 pm

    ဆရာထက်ရေ..
    ဆရာ့ရဲ့ ရွာအတွက်ကိုယ်တတ်စွမ်းသည့်ဘက်မှ
    စွမ်းဆောင်ပေးမှုများအား
    လေးစားနေပါ၏..။

  • htoosan

    July 11, 2012 at 5:30 pm

    ကျေးကျေးပါ ဆရာထက်ရေ..

  • MaMa

    July 11, 2012 at 5:38 pm

    ဆရာထက်တိုလို့ ပြင်ပစာစောင်တွေမှာ ရေးနေတဲ့ ပရိုရွာသားတစ်ယောက်က ကိုယ်လုပ်နိုင်တဲ့ ကဏ္ဍကနေ ရွာ့အကျိုးသယ်ပိုးတာ ကန့်ကွက်ရန်မရှိပါဘူး။
    ပြောရမယ်ဆိုရင် ကိုယ်မလုပ်နိုင်တာကို လုပ်ပေးတဲ့သူမို့ ကျေးဇူးတောင် တင်မိပါသေးတယ်။ 🙂

  • ဝေးလွင့်တိမ်

    July 11, 2012 at 8:01 pm

    ကောင်းပါ၏ ။ ဝမ်းသာပါ၏။

  • ဆရာထက်ရေ ကျနော်တို ့နယ်ဖက်ကနေဝယ်လို ့မရနိုင်တဲ့ ဂျာနယ်ဖြစ်နေပါလားဗျာ။
    ကြိုးစားပြီး ဝယ်ခိုင်းရမယ်ဗျာ။ဘယ်လိုဖြစ်ဖြစ်ပါ အလှုူအတွက်ရော ဆရာထက်ကိုပါ
    လေးစားဂုဏ်ယူပါ၏။

  • ကြောင်လေး

    July 11, 2012 at 9:10 pm

    ကောင်းလှောင့်တေး ဆရာထက်ရေ။

    ဂေဇက်ရဲ့ ဂုဏ်သရေ၊ မသွေတက်ဖို့အရေး
    ထက်ဆရာ အာရုံစိုက်လို့၊ဆောင်ရွက်ပါ မနှေး။ ။

  • Gipsy

    July 11, 2012 at 10:34 pm

    သင့်မြတ်ပါသည် … လျော်ကန်ပါသည် … ဂုဏ်ပြုပါသည်ခင်ဗျား….။

  • Foreign Resident

    July 12, 2012 at 12:12 am

    ကျေးဇူးပါ ဆရာထက်ရေ ။

  • ဦးဦးပါလေရာ

    July 12, 2012 at 6:52 am

    ကျေးဇူးလဲတင်တယ် ဝမ်းလဲသာတယ်..ဆရာထက်ရေ
    အဲဒီမန္တလေးအလင်းဂျာနယ်ကို ဝယ်လို့ရမယ့်လိပ်စာ(ဂျာနယ်တိုက်)ကိုပါ ဖေါ်ပြပေးရင်ကောင်းမယ်..။
    အပြင်ဆိုင်တွေမှာ ဝယ်လို့မရဘူးဗျာ

  • Ma Ei

    July 12, 2012 at 9:46 am

    ဂျာနယ်ဝယ်မရသူတွေလဲ ဖတ်ရ၊
    မှတ်တမ်းတင်ပြီးသားလဲဖြစ်အောင်
    ဂျာနယ်စာမျက်နှာလေးနဲ့ Post တစ်ခု
    ထပ်တင်ပေးပါနော် ဆရာထက်ရေ…

  • htet way

    July 12, 2012 at 9:57 am

    ဂျာနယ် လိပ်စာက
    အမှတ် ၁၇ဝ (ပ)ထပ် လမ်း ၄ဝ ရန်ကုန်ပါ
    လမ်း ၄ဝထိပ်မှာလည်း ရောင်းပါတယ်။
    ရခိုင်သွေးချင်း များ အတွက် လက်ဆောင် အလှူ မှာ ကျွန်တော် ရန်ကုန် မလာနိုင်ဘူး
    တော်တော်လေး ကိစ္စ အရေးတကြီးရှိနေပါတယ်။ ဒါကြောင့် တဖက်တလမ်းက က်ိုယ့်ရွာ အလှူကို မှတ်တမ်းတင်ပေးတာပါ
    နောက် ဒီလို မွန်မြတ်တဲ့ ကိစ္စကို လည်း အများ သူငှာ သိစေ ချင်တာလည်း ပါ တယ်လေ။
    တစ်ချို့ အသံကိုပဲ ထည့်လိုက်ရတာ တော့ ကျွန်တော့်ကို နားလည်ပေးကြပါ

  • ဆူး

    July 12, 2012 at 11:49 am

    မကောင်းတဲ့ ကွန်နက်ရှင် ကို အံတုပြီး လာပြီး ဝမ်းမြောက်ကြောင်း ပြောသွားပါတယ်။

Leave a Reply