“ ☻☻ပွဲတော်☻☻ ”

လှရွှေပြည် ရန်ကုန်မြို့မှာလ
ကိုကိုမောင် ဘတ်(စ်)ကားရယ်တဲ့
ဘီးလိမ့်လို့လာ ။
ချောင်ပါတယ် မောင့် စကားရယ်ကြောင့်
ယုံစားလို့တက်ခဲ့ပြန် ။
သရက်ချဉ် ၊ ငါးချဉ်နှယ် သိပ်ပါလို့
အကြွေးချန် ။
ပျိုပျိုမေဆင်းမယ်ဟြေတော့
ရက်လိုက်ဟ မြန်မြန် ။
လက်ကလေး ကိုဆွဲပါလို့
ရွရွလေးတွဲ ။
ယောက်ျားဆို အားမာန်ပျိုးလို့ရယ်
ဆွဲချတဲ့ …ပွဲ ………..။

21 comments

  • water-melon

    July 11, 2012 at 4:42 pm

    ပွဲတော် နွှဲပျော်
    မောင်မယ်နှစ်ဖော်
    တူစုံတွဲ
    အတူတူစား
    အတူတူသွားမဲ့
    ဒို့ပွဲတော်

  • mamanoyar

    July 11, 2012 at 4:48 pm

    ဟားးးးးးးးးးးးးးးးး
    ရန်ကုန်မြို့က ဘတ်စကား စီးရမှာတောင်
    ကြောက်ကြောက်

    • အရင့်ရောင်

      July 11, 2012 at 4:52 pm

      ဘတ်(စ်)ကားတွေ အဲလိုပါပဲ
      အရင့်ရောင် နှစ်ခါ သုံးခါရှိပီလေ
      အဲလိုပါပဲ…………..
      မိန်းမ ကလေးဆိုရင်တော့ဖြင့်
      အမရေ့………ဖြည်းဖြည်း
      ညီမလေးရေ့ဖြည်းဖြည်း နဲ့
      ဟြေကိုဟြေချင်ပါဘူးတော်………….

      • ဘဲဥ

        July 11, 2012 at 4:59 pm

        ဒီကြားထဲ ထောက်လှမ်းရေး ကိုကိုတွေကိုလည်းကြောက်ရသေးသဗျ

        • အရင့်ရောင်

          July 11, 2012 at 5:12 pm

          သူ့လို အတွေးက ဝင်လိုက်သေးသဗျ………
          ဟဟဟဟ
          နောက်ထာနော်
          ဂယ်ပေါတာ………
          ဟီးးးးးးးးးးးးးးးးးး

  • snow white

    July 11, 2012 at 4:58 pm

    လိုင်းကားစီးတာကိုလို့ taxi ငှားစီးပါလား လိုင်းကားစီးရင်တော့
    သရက်ချဉ် ၊ ငါးချဉ်နှယ် သိပ်ပါလို့ အဲ့ထက်တောင်စိုးသေးတယ် ။။

    • အရင့်ရောင်

      July 11, 2012 at 5:14 pm

      စနိုး ရေ
      တက်ကချီက ယောက်ခမကြီးက မမောင်ဘူးဗျ
      …………………………..
      ဟိဟိ

  • ဇောက် ထိုး

    July 11, 2012 at 7:15 pm

    မိန်းကလေးကို လက်ကလေးအသာဆွဲချခံရဖို့များ ဘာခက်တာမှတ်လို့….
    အဲဒီလိုဖြစ်အောင်လုပ်လိုက်ပေါ့….စတာနော်…………..ဟီးးးးးးးးးးးးးး

    • အရင့်ရောင်

      July 12, 2012 at 12:14 pm

      ကားရပ်ခြင်းကို ဆိုပါလိုပါ၏
      ရ ကောက်ပသပ် =ရပ် ဟု ပြင်ဆင်ဖတ်ရှုပေးကြပါကုန်လော့……
      ခင်တဲ့
      အရင့်ရောင်

    • mayjuly

      July 12, 2012 at 12:24 pm

      အော် ဒါလား… ရက်ပါ စကားလေဗျာ .. 😛

  • ကြောင်လေး

    July 11, 2012 at 9:03 pm

    စပယ်ယာကအပိုင်ပဲလို့တွေးပြီး ကိုယ့် နှုတ်ခမ်းကိုလျှာနဲ့ပြန် ရက်တာနေမှာ ပေါ့ကိုသော်ရဲ့။

  • မောင်ပေ

    July 11, 2012 at 9:12 pm

    ပွဲတော်
    ဘဲပျော်
    ဝဲကျော်
    အတွဲခေါ်
    နွှဲမနော်

  • အလင်းဆက်

    July 12, 2012 at 7:43 am

    အဲ… လှ….လှ ချည်လား….။

    ပွဲတော်မှာ ငါရှုံးခဲ့တယ်.
    .ငါကမှ………
    ဖွက်ထားတဲ့ လမင်းကို ထုတ်မပြခဲ့ပဲ…။

    တာရာမင်းဝေရဲ ့ ကဗျာ တစ်ပိုဒ်ကို သတိရသွားလို့ ပါ.။ အဟိ ။

  • မမ အညာသူ

    July 12, 2012 at 11:18 am

    အားပေးသွားပါတယ်ရှင်

  • shwe kyi

    July 12, 2012 at 11:42 am

    နောက်ကားပါလာလို့ကတော့ ပျိုပျိုရော အိုအိုရော ကိုကိုရော အားလုံးဆွဲချခံထိရော။

    • အရင့်ရောင်

      July 12, 2012 at 11:59 am

      ရွှေကြည်လေးရေ……….
      အဲဒါတွေခက်တယ်ဟြေတာပဲ………
      သူတို့က ဆွဲချင်တာပဲသိတာလေ
      ပျိုတာ အိုတာ ဘာမှ နားမလည်ဘူးနော်
      ရွှေကြည် လည်း အဲလိုကြုံဖူးပြီနဲ့တူတယ်
      ဟီဟိ

  • shwe kyi

    July 12, 2012 at 1:47 pm

    ကိုအရင့်ရေ ဆွဲချတာကတော်သေးတယ် ဆွဲတင်ရင်စိတ်ညစ်တယ်။

    • အရင့်ရောင်

      July 12, 2012 at 2:27 pm

      အဲ အကုန်ပေါ်တော့မှာပဲနော်
      အရင့်ရောင် ဟြေမှ ရွှေကြည် ရဲ့ ဇာတ်ရုပ်က ပေါ်လွင်လာတော့တယ်
      ဟဲဟဲ……

      • shwe kyi

        July 12, 2012 at 3:14 pm

        အဲ အဲ ရှုပ်ကုန်တော့မှာပဲ။ နားလည်မှုတွေလွဲကုန်မယ်နော် ကိုအရင့် 😀

        • အရင့်ရောင်

          July 12, 2012 at 3:25 pm

          ဟုတ်လား
          နားလည်မှုတွေ မလွဲပါဘူးတဲ့ ထည………
          ဟဟဟဟ

Leave a Reply