အာဂ မြန်မာ့ XDA DEVELOPER တွေ (၃)

nigimi77July 11, 20122min1887

Sony Ericsson (Xperia Ray)  ကို ဝယ်လာပြီး  သုံးတဲ့ အခါ  Camera ကတော့  သိပ်ကောင်းပါတယ် ။

 

Screen က သေးတော့  Huawei လောက် အား မရဘူးဗျ ။  စိတ်ကလည်း  မလျှော့သေးတော့  နေ ့တိုင်း  Firmware ကို ဒေါင်းကြည့်ပါတယ် ။

 

ဒီလိုနဲ ့ပဲ  တရက်ကျတော့  ရန်ကုန်ကို အလုပ် ကိစ္စနဲ ့ ပြန်စရာရှိလာတော့  …………………….

 

အတင်းအဖျင်း   Gossip  ဇာတ်လမ်းက  ဒီမှာ စပါပြီ ။

 

ပထမဆုံး  လှည်းတန်းက  Mobile Service  ဆိုင် တဆိုင်ကို  သွားပါတယ်  ။  ကျုပ်က ဖြစ်ကြောင်းကုန်စင်ကို  ပြောပြတယ် ။

 

အနှီ  Developer အမည်ခံ  ပညာရှိ က  ပြောတာကို လုံးဝ နားမထောင်ဘူး  ။  ဖြစ်ချင်တော့   Battery က အားမသွင်းထားတော့ ဖွင့်မရဘူး ။

 

စကားပြောခန်း……………

 

ပညာရှိ………….. ခင်ဗျား  Battery က ဂိန်း နေတယ် ဗျ ။  အသစ်ပြန်လဲ ရင် လဲ  ၊ ဒါမှ မဟုတ်  အထဲက Cell ကို  ချိန်းပစ်မှ ရမယ် ။

 

နိဂိမိ…………….. ဘယ်က ဂိန်းရမှာလည်း  ကျွန်တော် ဝယ်ထားတာ မကြာသေးဘူး ။ Battery အားကုန်သွားတာ ၊ ဂိန်းသွားတာ မဟုတ်ဘူး ။

 

ပညာရှိ…………..  ကျွန်တော် ဖုန်းဆိုင် ဖွင့်စားနေတာပါ  ။  ဟဲ့ ဟဲ့……Battery  ကို ရိုက်နှိုး ဖို ့   Pin Charger ယူလာခဲ့စမ်း ။

 

နိဂိမိ……………..  ဟာဗျာ ….တော်တော် ဂွကျတာပဲ  ။  ရိုက်နှိုးစရာ မလိုပါဘူး ။  အားကုန်နေတာ ။ အားပြန်သွင်းလိုက်ရင် ရတဲ့ ကိစ္စကို ။

ရော့…ရော့  ဒီမှာ  သူ ့  အော်ရီဂျင်နယ်လ် ချာဂျာ ။  ပြီးတော့  ကျွန်တော်  အခုလာတာကလည်း  Battery  ပျက်လို ့

လာတာ မဟုတ်ဘူး ။  Firmware ပျက်သွားလို ့ လာတာ ။   အဲဒါ ပြန်တင်ချင်လို ့   ဘယ်လောက်ကျမလည်း ။

 

ပညာရှိ…………..   နေဦး ……… ကွန်ပျူတာနဲ ့  ချိတ်ပြီး  Firmware ပျက်တာ ဟုတ်မဟုတ် စစ်ကြည့်ရဦးမယ် ။  ဟဲ့….ဟဲ့…. U8818 ရဲ  ့  Battery တလုံး ယူလာစမ်း ။

 

နိဂိမိ……………..  ခက်တော့နေပြန်ပြီ ……..။

 

ခဏကြာသော်…………………….

 

ပညာရှိ…………….   အိုခေ….သေချာတယ်  ….Firmware ပျက်သွားတာ …………..  ချက်ချင်းတော့ မရဘူးဗျ  ကျွန်တော်တို ့ဆိုင်က ည ၈ နာရီ ပိတ်တယ် ။

 

ရ ခွဲလောက် လာလိုက် ……..   အပြီးအစီး   ၂၅၀၀၀  ကျမယ် ။  ဒီ မော်ဒယ်က  သိပ်မလွယ်ဘူး ……. ကျွန်တော်က  Firmware ပြန်ရေးရမှာ….

 

နိဂိမိ……………..  (စိတ်ထဲမှ)…….တယ်လေ  …ငါ…..ရိုက်သတ်လိုက်ရ…….မသိရင်ခက်မယ် ….သောက်တလွဲ….Firmware ပြန်ရေးရမယ် ဆိုပဲ…..

 

နိဂိမိ…………….. ကောင်းပြီလေ ။  ငွေကတော့  ရမှပေး ပေးမယ်နော် ။

 

ည  ရ နာရီ  ၄၅ မိနစ် …………..

 

ပညာရှိ…………..  အေးဗျာ  ….ကျွန်တော်လည်း  တနေကုန်  Firmware တွေ ရေးပေးနေရတာနဲ  ့  ခင်ဗျားဟာကို  အခုထိ အပြီး မသတ်နိုင်သေးဘူး ။

 

ဒီလိုလုပ်ဗျာ…..။  မနက်ဖြန် ညနေ ၃ နာရီကို လာယူဗျာ……။

 

နိဂိမိ…………….   (………..ဂ(/%/ရ%ရ/ဂရ/ကျပ်%ဋ%ရ%ဂရ(ဂ)ဂ()ဂ)ဂ(ဂရဂ%ရကျပ်/ရ%/%ကျပ်%ကျပ်%ကျပ်%)………..ကောင်းပါပြီ…..

 

နောက်တနေ ့ ညနေ ၃ နာရီ………

 

ပညာရှိ………….. ဆောရီးပဲဗျာ……ခင်ဗျားဟာ အတွက်  Firmware ပြန်ရေးတဲ့ နေရာမှာ  သုံးရတဲ့  Application ကို  အင်တာနက် ကော်နက်ရှင်

 

ကျနေတာကြောင့် လုပ်လို ့ မရသေးဘူး ။    ထပ်စောင့်လို ့ မရဘူးလား ။

 

နိဂိမိ………………   ရတယ် …ရတယ်  … ကျွန်တော်  ပြန်ယူသွားတော့မယ်…….။

 

==============================================

ငါ့နှယ်  … ဆိုင် အရွေးမှား သကိုး…….ပါချီပါချက် ဆိုင် သွားပြင်တော့  ပါချီပါချက် ပဲ ဖြစ်ရော ။

 

ဒီလို နဲ ့  ……………လှည်းတန်းက  Bang Bang အထည်ဆိုင် နားက  အတော်ကို ကြီးတဲ့  ဆိုင်ကြီးထဲကို ဝင်လိုက်ပြီး

 

အဝ က  မမ ကို  မေးလိုက်တော့  ပြုပြင်မယ် ဆိုရင် ဟို အနောက်ဖက်က ကောင်တာကို သွားပါတဲ့…….။

 

ကောင်တာကို ရောက်တော့………  ၁၉  ကနေ   ၂၃ နှစ် အတွင်းလောက်သာ ရှိမည့်  ချာတိတ် ၂ ယောက်က ဆုံလည် ကုလားထိုင်မှာ

 

အနောက်ကို မှီ  ၊  ပေါင်ကို  ဖြဲကားထားတဲ့  အနေအထားနဲ ့ လက်ထဲမှာ  ပွတ်သဘင် တယောက်တလုံးစီနဲ ့  ပွတ်နေကြပြီး  လူကိုတောင် မော် မကြည့်ပဲ

 

“ဘာဖြစ်လို ့လည်း မသိဘူး” …တဲ့ ……။

 

နိဂိမိ လည်း  ထပ်ပြီး  ပါးစပ်က  အမြုတ်ထွက်အောင်  ရာဇဝင်ကို  ပြောပြတယ် ။

 

ပညာရှိ  …….   စမ်းကြည့်ရဦးမယ် ။

 

နိဂိမိ…………  အိုခေ….. ကိုယ် ဟိုဖက်မှာ  Bluetooth Headset သွားကြည့်လိုက်ဦးမယ် ။

 

တအောင့်ကြာသော်……..

 

ပညာရှိ…………….   ရတော့ ရမယ် ။  အကို ့ Handset  ကို   Firmware ပြန်ရေးရမှာ  …. အနည်းဆုံး တပါတ်လောက်ကြာမယ် ။

၃၀၀၀ဝ (သုံးသောင်း) ကျမယ် …………..။

 

နိဂိမိ………………. ကျေးဇူးပဲ ငါ့ညီ…..အကို ပြန်ယူသွားလိုက်တော့မယ် ။

 

 

သည်လိုနှင့်   နိဂိမိ  ကျောက်ဖြူမြို  ့ကို  ပြန်ရောက် လာခဲ့တယ် ။

 

စိတ်က မလျှော့သေးတော့  အိပ်ခါနီးမှာ   IDM  နဲ ့  အရင်က Link ကို  ထပ်ပြီး ဒေါင်းထားလိုက်တယ် ။

 

မနက် မိုးလင်းတော့  …. ကိုယ်တော်ချောက Download Complete ဖြစ်နေပါပြီ ။

 

အချိန်မဆိုင်းပဲ   Firmware ကို  SD Card ထဲ ထည့် ။    Power + Volume Up & Down  ကို နှိပ် လိုက်တော့

 

ပန်းရောင် မျက်နှာပြင်ပေါ်မှာ  Firmware က  စပြီး  ဖြည်ချနေပါပြီ  ။  ၂ မိနစ် ကျော် အတွင်းမှာပဲ  နဂို ဆိုင်က ဝယ်လာတဲ့ အတိုင်း

 

အသစ်စက်စက်  ပါက်ကင် လေး အတိုင်း  ပြန်ဖြစ်သွားပါတော့တယ် ။

 

ဟုတ်ကဲ့   ……   နိဂိမိ……. ဘာ   Firmware မှ  မရေးတတ်ပါ ခင်ဗျား ။

 

သို ့သော်လည်း   ၂ မိနစ် အတွင်းမှာ  တပြား တချပ် မှ မကုန်ကျပဲ  မညှစ်ရပဲ   အလကား ရတဲ့  ဟာတွေနဲ ့

 

ပျက်နေတဲ့  Firmware ကို  ပြန်တင်နိုင်ခဲ့ပါတယ်  ။    အဲဒါကို ပြန်တင်နိုင်ဖို ့ အတွက်ကို  လိုအပ်တဲ့  အလကားရတဲ့

 

Firmware နဲ ့     Power +  Volume  Up & Down  ကို နှိပ်ပေးဖို ့ပဲ  လိုအပ်ပါတယ်  ။

 

အခုဆိုရင်     နိဂိမိ ရဲ  ့    Huawei  U8818  ဟာ    ICS.4.0.3 (Ice Cream Sandwish)  Version အသစ်ကိုတောင် တင်ထားပါတယ် ။

 

…………………………………………………..

အလကား ရတဲ့   App တွေ  Firmware တွေကို အသုံးချပြီး   ၂ သောင်းခွဲ ၃ သောင်း တောင်းတဲ့  Developer အမည်ခံ  ဖုန်းဆိုင် / ပြင်ဆိုင်  ဆြာတို ့ရေ ။

 

အခုတလော  Facebook  မှာ    ဒီလို တွေ ့ရပါတယ် ။

 

“…………ဘာမှမကြောက်နဲ့ အမုန်းကလိလို ့ရတယ်…….”

 

ဆိုတဲ့  ခေါင်းစဉ်နဲ ့   အောက်က ပုံကို တွေ  ့ရပါတယ်  ။

 

 

 

အသာလည်း  လုပ်ကြပါကွယ်….. အာဂ မြန်မာ့   XDA  DEVELOPER  ဆြာတို ့ရယ်  ……………..။

 

:mrgreen:

 

ချစ်ခြင်းဖြင့်

 

နိဂိမိ

 

 

 

 

//

7 comments

  • စိန်ဗိုက်ဗိုက်

    July 11, 2012 at 7:26 pm

    အူးလေးက ရှရာ ဘောဇိပဲဗျ..
    ဟန်းဆက်တွေ တစ်လုံးပြီး တစ်လုံး ပြောင်းကိုင်တယ်..
    Firmware လဲ ကိုယ်တိုင်ရေးတတ်…အဲလေ..ကိုယ်တိုင် ဒေါင်းတတ်တယ်..
    အူးလေးလဲ အမျိုးမျိုးကလိတတ်..ကိုင်တတ်ပြီဆိုတော့ အူးလေးလဲ ဒပလိုပါ ဖြစ်ပီ..
    အဲတော့..
    ကျော့် လေဒီယို ဘီဘီစီ မမိတော့လို ့ Firmware ပြန်ရေး..အဲလေ..ဒေါင်းပေးပါဦး..

    နောက်ဒါနော့..
    ဒါ.
    ပညာပေးပဲဗျ..
    တစ်ခုခုဆို ကိုယ်တိုင် မစဉ်းစားပဲ ဆားဗစ်ပဲ အားကိုးနေတဲ့လူတွေအတွက် မဟာ့မဟာ မဟာပညာပေးပို ့စ်ကြီးပဲ..

    ဇဂါးမစပ်…
    Firmware ရှာနည်းလေး ပြောပြပေးပါဦး..

  • Inz@ghi

    July 11, 2012 at 8:08 pm

    အူးလေးရေ ..အူးလေးလုပ်လို့ သများလည်း ကီးမြင့်ပီး
    သများ 005SH လေးကို အမြစ်တူးလိုက်ပါဦးမယ်ဗျို့ ….

    ငါအပြားကြီးရှိပေမယ့်လဲ … ခုနောက်ပိုင်းတော့
    တချိန်က အချစ်ဟောင်းလေးကို …ပယ်ပယ်နယ်နယ်ကိုင်ဖို့ …
    အေပီကေလေးဒွေ .. ရှာဦးမှာ ဖြစ်ပါကြောင်း..

    ခင်တဲ့
    ဂီ

  • U8818က အတော့်ကို သုံးလို ့အဆင်ပြေတယ်ဗျာ။
    ကျနော့်သူငယ်ချင်းတွေကို မြှောက်ပေးပြီးဝယ်ခိုင်း
    လိုက်တာ။ကျနော့်ဘဝ ကCDMA ကမတက်ပါ။

  • Shwe Ei

    July 11, 2012 at 9:47 pm

    အဲဒိ ဗားရှင်းအသစ်ဆိုတာလေးလဲ တင်ချင်သေးတာဗျာ။ စေတနာရှိသေးရင် တက်ကနစ်လေးလမ်းညွှန်ပါအုံး။ 🙂

  • မောင်ပေ

    July 11, 2012 at 9:51 pm

    ပညာရှိ………….. အေးဗျာ ….ကျွန်တော်လည်း တနေကုန် Firmware တွေ ရေးပေးနေရတာနဲ ့ ခင်ဗျားဟာကို အခုထိ အပြီး မသတ်နိုင်သေးဘူး ။
    ဒီလိုလုပ်ဗျာ…..။ မနက်ဖြန် ညနေ ၃ နာရီကို လာယူဗျာ……။
    နိဂိမိ……………. (………..ဂ(/%/ရ%ရ/ဂရ/ကျပ်%ဋ%ရ%ဂရ(ဂ)ဂ()ဂ)ဂ(ဂရဂ%ရကျပ်/ရ%/%ကျပ်%ကျပ်%ကျပ်%)………..ကောင်းပါပြီ…..
    …….
    အဲဒီနေရာမှာ မရှင်းတာလေး ရှိလို ့
    “(………..ဂ(/%/ရ%ရ/ဂရ/ကျပ်%ဋ%ရ%ဂရ(ဂ)ဂ()ဂ)ဂ(ဂရဂ%ရကျပ်/ရ%/%ကျပ်%ကျပ်%ကျပ်%)”
    ဆိုတာ ဘာပြောထားတာလဲဟင် ။ သိချင်လို ့ပါဗျ
    ဟီဟိ

  • Mလုလင်

    July 12, 2012 at 1:17 am

    အဲ့လို မျိုး လူတွေကို လူလိမ် တွေလို့ ကျွန်တော် တံဆိပ်တပ် ချင်ပါတယ်။ အသိ အိမ်မှာ wifi ချိတ်ချင်တယ် ဆိုလို့ Receiver ဝယ် ပြီး သွားပေးတာ … အောင်မလေး ပြလိုက်တဲ့ ပညာ cmd ခေါ်ပြီး လှိမ့် ping နေတာ … ဒုက္ခ — ဒုက္ခ IP ထည့်ပေးရတာကို တစ်သောင်းခွဲ တောင်းသွားသေးတယ်။ ဂါးးးးးးးးးးးးး

  • အရီးခင်လတ်

    July 12, 2012 at 4:25 am

    { နိဂိမိ……………… ရတယ် …ရတယ် … ကျွန်တော် ပြန်ယူသွားတော့မယ်…….။}

    ဒီအတိုင်း ဘဲ ပြန်ခဲ့တယ်။ ဟုတ်လား။ 🙄
    နဲနဲ လေးမှတောင် စိတ်တိုစကား မပြောခဲ့တာလား။
    ဘုရားစူးတော်။
    ယုံရခက်ကြီး။
    သာဓုပါ။ 😛

    ဟေ့ …. မတွေ့တာကြာလို့ နောက်တာပါ။
    ချိတ်တို မတွားနဲ့ဦး။ 😉

    အနောက်ကမ်းမှာ စိတ် အေးအေးဆေးဆေး နဲ့ အားလုံး အဆင်ပြေပါစေ လို့ ဆုတောင်းပေးပါတယ်။
    Take Care!

Leave a Reply