မိစ္ဆာဒိဋ္ဌိ ၆၂=ပါး

ဦးစွာပြောလိုတာက မိစ္ဆာဒိဋ္ဌိ ၆၂-ပါးကို တင်ပြမှာပါ။
ကျွန်တော့်စာကို ကျွန်တော်ပင်ပြန်ဖတ်ရင်း မျက်စိလည်ရပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး ဖတ်ပေးပါ။ နောက်ဆုံးမှာတော့ အတိုးချုံးပြီး တင်ပြထားတာလဲ ပါပါတယ်။ ဗုဒ္ဓဘာသာစစ်စစ်ရဲ့ အယူအဆဟာ ဒီမိစ္ဆာဒိဋ္ဌိ ၆၂=ပါးက လွတ်မှ ဖြစ်မှာပါခင်ဗျာ။
မိစ္ဆာ=ဆိုတာက မှားတဲ့ပေါ့။ မမှန်ဘူးပေါ့။
ဒိဋ္ဌိ=ဆိုတာ အမြင်..အယူအဆ။
မိစ္ဆာဒိဋ္ဌိ= မှားတဲ့ အမြင်အယူအဆ။ မမှန်တဲ့ အယူအဆမှားကြီးပေါ့။

မိစ္ဆာဒိဋ္ဌိ..ကို ၆၂=ပါး ပြခဲ့ပါတယ်။၆၂ပါးကိုသီးသန့်ကြီး ပြတာလို့ တော့ မယူဆပါဘူး။ အဲဒီခေတ်က အခြားသော ဘုရားဆိုသူတွေရဲ့ အယူအဆအမှားတွေက ၆၂-မျိုးရှိနေလို့ ၆၂-ပါးဖြစ်တာလို့ယူဆပါတယ်။

အဲဒီ မိစ္ဆာဒိဋ္ဌိ ၆၂=ပါးက..
မမွေးခင် ဟိုအတိက်ဘဝက အယူတွေကို ကြံဆပြီး ယူတဲ့ အယူအဆမှား အကြံအဆမှား ၁၈-ခု။
သေပြီးနောင်မှာ ဖြစ်လာမယ့် အယူတွေကို ကြံဆပြီး ယူတဲ့ အကြံမှား အယူမှားက ၃၉=ခု။
နောက်… လက်တွေ့ဘဝထဲမှာ ကြံဆပြီးယူတဲ့ အယူအဆမှားက ၅=ခု။
ပေါင်းတော့ ၆၂-ခု။
မမွေးခင် အတိက်ဘဝက အနေ အထားကို ကြံဆတဲ့ အယူမှားအကြံမှား မိစ္ဆာဒိဋ္ဌိ ၁၈-ပါးကိုပြမယ်။

ငါတို့ အခုလဲဖြစ်နေတယ်။ ရှေးကလဲ ဖြစ်ခဲ့တယ်။ ဒါကြောင့် ဒီလောကရော ငါတို့ပါ မြဲနေတယ်။ ငါတို့ရဲ့ အသက်ဆိုတဲ့ “အတ္တ”လေးနဲ့ လောကြီးဟာ မြဲတယ်။ အဲဒီလိုမြဲလို့ သတ္တဝါတွေ တစ်ဘဝကနေ တစ်ဘဝ ကူးပြောင်းပြီးလည်နေရတာပဲ။
၁=အဲဒီလို လည်နေရတာကို တစ်ဘဝ..နှစ်ဘဝထိသိတယ်လို့ယူတဲ့အယူ။ အဲဒါ မိစ္ဆာဒိဋ္ဌိ။
၂- အဲဒီလိုကျင်လည်နေရတာကို တစ်ဘဝ နှစ်ဘဝတင်မကဘူး။ ကပ်ကမ္ဘာ ၁၀-ခုလောက်ထိ သိရတယ်။ သိနိုင်တယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၃-အဲဒီလိုဖြစ်တာကို ကပ်ကမ္ဘာ ၁၀-ခုလောက်မကပါဘူး။ ကပ်ကမ္ဘာ အများကြီးထိ သိနိုင်တယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၄-နောက် ကိုယ့်ရဲ့ကြံစည်စိတ်ကူးထင်မြင်ချက်သက်သက်နဲ့ ဟောဒီ အသက်ဆိုတဲ့ အတ္တလေးနဲ့ လောကကြီးဟာ မြဲတယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိပဲ။
အားလုံး ဒီလေးခုကို အတိုချုပ်လိုက်ရင်…မမွေးခင် ဟိုဘဝတွေက “အတ္တ”လေးက ကူးပြောင်းပြီး တစ်ဘဝနဲ့တဘဝ လည်နေတယ်ဆိုတဲ့ အယူတွေဟာ မိစ္ဆာဒိဋ္ဌိတွေပဲတဲ့။ အတ္တဆိုတဲ့ အရာကိုမြဲတယ်လို့ယူလို့ မြဲအယူ ၄=ပါးလို့ဆိုတယ်။

၅- ငါတို့ခုလိုဖြစ်လာရတာဟာ… ဗြဟ္မာကြီးက ဖန်ဆင်းလိုက်လို့ဖြစ်လာ တာ။ ဗြဟ္မာကြီး မဖန်ဆင်းခင်က မဖြစ်ဘူး။ ငါတို့ကို ဖန်ဆင်းလိုက်တဲ့ ဗြဟ္မာကြီးကတော့ မြဲတယ်။ ဖန်ဆင်းခံတဲ့ ငါတို့ကတော့ မမြဲဘူးလို့.. ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။(ဒါက ဖန်ဆင်းရှင်ဝါဒပေါ့)
၆- အပျော်ကြူးတဲ့ နတ်တွေက မမြဲဘူး။ အပျော်မကြူးတဲ့ နတ်တွေကတော့ မြဲတယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၇- ဒေါသကြီးတဲ့ နတ်တွေက မမြဲဘူး။ ဒေါသမကြီးတဲ့ နတ်တွေက မြဲတယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၈- လူမှာ မျက်စိ..နား.. နှာ.. လျှာ.. ကိုယ်..ဆိုတဲ့ ဒီအရာတွေကတော့ မမြဲဘူး။(သေရင် ဒီခန္ဓာကိုယ်ကြီးကတော့ မမြဲဘူး။) သေရင်ပျက်စီးသွားတယ်။ မနော..ဆိုတဲ့ အရာလေးကတော့ မပျက်စီးဘူး..မြဲတယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
ဒီလေးခုကိုတော့ ဖန်ဆင်းသူက မြဲတယ်။ ဖန်ဆင်းခံရတဲ့ ငါတို့က မမြဲဘူး။ ဒီခန္ဓာကိုယ်ကြီးက မမြဲဘူး။ မနောဆိုတဲ့ အရာလေးကတော့ မြဲတယ်လို့ ..တချို့ကိုမြဲတယ်ယူ။ တချို့ကိုတော့ မမြဲဘူးယူ လို့ “တချို့မြဲ.. တချို့မမြဲ အယူမှား မိစ္ဆာဒိဋ္ဌိ.. ၄=မျိုး” (ပေါင်း ဂ=မျိုးရှိပြီနော်)
(ဒီလေးမျိုးကို အနှစ်ချုပ်ကြည့်လိုက်ရင်.. ဖန်ဆင်းရှင်ဝါဒဟာ မိစ္ဆာဒိဋ္ဌိ။ ငါတို့ကို တစုံတခုက ဖန်ဆင်းထားတယ်လို့ယူဆတာဟာ မိစ္ဆာဒိဋ္ဌိလို့ဆိုတာပဲ

နောက်
၉- ဟောဒီလောက(လူ)ကြီးဟာ အဆုံးရှိတယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၁၀-ဟောဒီလောက(လူ)ကြီး အဆုံးမရှိဘူးလို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၁၁-အထက်အောက်တော့ အဆုံးရှိတယ်။ ကန့်လန့်ကတော့ အဆုံးမရှိဘူး လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။(အဲဒီခေတ်က အဲလိုလူတွေရှိလို့ပါ)
၁၂-လောကဟာ အဆုံးရှိတာလဲ မဟုတ်ဘူး။ အဆုံးမရှိတာလဲ မဟုတ်ဘူးလို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
ဒါကတော့ လောက(လူ)အဆုံးရှိ.. မရှိ အယူမှား ၄-ခုပဲ။ ဒီအယူတွေကလဲ မိစ္ဆာဒိဋ္ဌိတွေပဲ။
၁၃=ကိုယ်က ဘာမှမသိလို့ မသိပဲနဲ့ယူရင် မှားမှာစိုးလို့ ဟိုလိုလဲ မယူဘူး.. ဒီလိုလဲ မယူဘူးဆိုပြီး ဘာမှမယူတာလဲ မိစ္ဆာဒိဋ္ဌိ။
၁၄=ကိုယ်က ဘာမှမသိပဲနဲ့ဖြေရင် အဖြေမှားဥပါဒါန်စွဲကပ်ပြီး ပင်ပန်းမှာစိုးလို့ဆိုပြီး ဟိုလိုလဲ မယူဘူး.. ဒီလိုလဲ မယူဘူးဆိုပြီး ဘာမှမယူတာလဲ မိစ္ဆာဒိဋ္ဌိ။
၁၅=ကိုယ်က ဘာမှမသိပဲ ဖြေရင်.. သူများက ပြန်ဖိနှိပ်ခံရမှာစိုးလို့ ဟိုလိုလဲ မယူဘူး.. ဒီလိုလဲ မယူဘူးဆိုပြီး ဘာမှမယူတာလဲ မိစ္ဆာဒိဋ္ဌိ။
၁၆=တပါးသော လောကရှိမှရှိ။ သေပြီးနောက်ဖြစ်..မဖြစ်…။ ကံနဲ့ကံရဲ့အကျိုးစတာတွေမေးလာတဲ့အခါ.. ဟိုလိုလဲ မယူဘူး.. ဒီလိုလဲ မယူဘူးဆိုပြီး ဘာမှမယူတာလဲ မိစ္ဆာဒိဋ္ဌိ။ ဒီလေးမျိုးကိုတော့ စကားလွဲ မိစ္ဆာဒိဋ္ဌိ ၄=မျိုးလို့ဆိုတယ်။

၁၇=အရင်ဘဝဆိုတာ ရှိခဲ့တာမဟုတ်ဘူး။ ငါတို့အရင်ဘဝက ဖြစ်ခဲ့တာ အရင်ဘဝကနေ လာတာ မဟုတ်ဘူး။ ခုဒီဘဝဖြစ်လာတာဟာ အကြောင်းမဲ့ သူ့ဘာသာ ဖြစ်လာတာလို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၁၈=နောက်ကိုယ်စိတ်ကူးနဲ့ကို ငါတို့ခုလိုဖြစ်လာတာ အကြောင့်မဲ့သက်သက် ဖြစ်လာတာပဲလို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။ ဒါကတော့ အကြောင်းမဲ့ မိစ္ဆာဒိဋ္ဌိ ၂ပါးပဲ။

အားလုံးပေါင်းရင် (၁၈)ခုရှိသွားပြီ… ဒီ ၁၈=ခုဟာ အယူမှား မိစ္ဆာဒိဋ္ဌိတွေပဲ။
ဒီမိစ္ဆာဒိဋ္ဌိ ၁၈=ပါးကို အားလုံးအတိုချုပ်ကြည့်လိုက်ရင်…
အတ္တလေးဟာ တဘဝကနေ တဘဝကျင်လည်နေတယ်..အရင်ဘဝတွေရှိခဲ့ လို့ ခုဘဝဖြစ်နေတယ်လို့ယူဆရင် မိစ္ဆာဒိဋ္ဌိ။
ဖန်ဆင်းရှင်တစ်ဦးဦးက ဖန်းဆင်းလို့ဖြစ်လာတာလို့ယူရင်လဲ မိစ္ဆာဒိဋ္ဌိ။
လောက(လူ)ဟာ အဆုံးရှိတယ်။ မရှိဘူး ယူဆနေရင်လဲ မိစ္ဆာဒိဋ္ဌိ။
ဘာမှ မသိလို့ ဘာမှမယူရင်လဲ မိစ္ဆာဒိဋ္ဌိ။
အကြောင်းမဲ့ဖြစ်လာတာလို့ ယူရင်လဲ မိစ္ဆာဒိဋ္ဌိလို့ အတိုချုပ်ရပါတယ်။

ဒါတွေဟာ မိစ္ဆာဒိဋ္ဌိ ၆၂=ပါးထဲက မမွေးခင် ရှေးအတိတ်အကြောင်းအရာ တွေနဲ့ပတ်သက်ပြီး ယူဆတဲ့ အယူအဆမှား ၁၈-ခုပါပဲ။

နောက် ကျန်တဲ့ မိစ္ဆာဒိဋ္ဌိတွေကို ပြောပါမယ်။
ပထမဆုံးပြောမှာက သေပြီးနောင်မှာ ဒီလူ့ခန္ဓာကိုယ်ထဲကနေ အတ္တလေးထွက်သွားတယ်.. အသက်ဝိညာဉ်လေးထွက်သွားတယ်.. အဲဒီအသက်ဝိညာဉ်လို့ဆိုတဲ့ အတ္တလေးဟာ အမှတ်သညာ ရှိနေတယ် လို့ယူဆချက်အပေါ်မှာ အမြင်အမျိုးမျိုးကွဲသွားတဲ့ မိစ္ဆာဒိဋ္ဌိ ၁၆-မျိုးကို ပြောမယ်။

၁၉-အသက်ဝိညာဉ်ဆိုတဲ့ အတ္တလေးဟာ သေပြီးသွားပေမယ့် ပျက်စီးတော့ မသွားဘူး.. မြဲနေတယ်။ အမှတ်သညာလဲ ရှိနေသေးတယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၂၀- အဲဒီ အတ္တလေးဟာ ဖောက်ပြန်ပြောင်းလဲသွားတဲ့ ရုပ်သဘောတော့ ရှိတယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၂၁-ဖောက်ပြန်ပြောင်းလဲ သွားတဲ့ ရုပ်သဘောမရှိဘူးလို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၂၂-ဖောက်ပြန်ပြောင်းလဲသွားတဲ့ သဘောရှိတာလဲ ဟုတ်နိုင်တယ်။ ဖောက်ပြန်ပျောင်းလဲသွားတဲ့ သဘော မရှိတာလဲ ဟုတ်နိုင်တယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၂၃-ဖောက်ပြန်ပျောင်းလဲသွားတဲ့ သဘော ရှိတာလဲ မဟုတ်နိုင်ဘူး။ မရှိတာလဲ မဟုတ်နိုင်ဘူးလို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၂၄- အဲဒီ အတ္တလေးဟာ အဆုံးတော့ရှိတယ်လိုယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၂၅- အဲဒီ အတ္တလေးဟာ အဆုံးတော့ မရှိနိုင်ဘူးလို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၂၆-အဲဒီအတ္တလေးဟာ အဆုံးရှိတာလဲ ဟုတ်နိုင်တယ်။ အဆုံးမရှိတာလဲ ဟုတ်နိုင်တယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၂၇- အဲဒီအတ္တဟာ အမှတ်သညာတမျိုးတော့ရှိတယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၂၈- အမှတ်သညာတွေ အများအပြားရှိနိုင်တယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၂၉-အမှတ်သညာ ငယ်ငယ် နည်းနည်းလေးရှိတယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၃၀- အမှတ်သညာ အများကြီးရှိတယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၃၁- အဲဒီအတ္တလေးဟာ ဆင်းရဲချည်းဖြစ်တယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၃၂-အဲဒီအတ္တလေးဟာ ချမ်းသာချည်းဖြစ်တယ်လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၃၃-ဆင်းရဲရော..ချမ်းသာရော..ရှိတယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၃၄-ဆင်းရဲရော..ချမ်းသာရော..မရှိဘူးလို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။တဲ့။
ဒီ မိစ္ဆာဒိဋ္ဌိ ၁၆-ပါးကို အတိုချုပ်ပြောရရင်တော့
(လူသေလို့ပျက်စီးသွားပေမယ့် အသက်ဝိညာဉ်လိပ်ပြာလို့ဆိုတဲ့ အတ္တဆိုတဲ့အရာလေးက မပျက်စီးဘူး.. မြဲနေတယ်။ အဲဒီ မြဲနေတဲ့ အတ္တလေးက ဟိုလိုဖြစ်နိုင်တယ်။..ဒီလိုဖြစ်နိုင်တယ်..နဲ့ ဘယ်လိ်ုပဲ ယူယူ ယူဆမှု အားလုံးဟာ မိစ္ဆာဒိဋ္ဌိတွေချည်းပဲဆိုတာပဲ။)

နောက်ထပ်..
လူတော့ သေသွားတယ်…ဒါပေမယ့်အတ္တလေးက ပျက်စီးတော့ မသွားဘူး.. အဲဒီအတ္တလေးက အမှတ်သညာတော့ မရှိတော့ဘူးလို့ယူဆတဲ့အပေါ်မှာ အခြေခံပြီး မိစ္ဆာဒိဋ္ဌိ ၈=မျိုးရှိလာပြန်တယ်။
၃၅-လူသေသွားတယ်။ အသက်ဝိညာဉ်လို့ဆိုတဲ့ အတ္တလေးက ပျက်စီးမသွားဘူး။ အမှတ်သညာတော့ မရှိတော့ဘူး…ဖောက်ပြန်ပြောင်းလဲ သွားတဲ့ သဘောတော့ရှိတယ်။ အဲဒီလိုယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၃၆- ဖောက်ပြန်ပြောင်းသွားတဲ ရုပ်သဘော မရှိနိုင်ဘူးလို့ယူဆလဲ မိစ္ဆာဒိဋ္ဌိ။
၃၇-ဖောက်ပြန်ပြောင်းလဲသွားတဲ့ ရုပ်သဘောရှိတာလဲဟုတ်နိုင်တယ်။ မရှိတာလဲ ဟုတ်နိုင်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၃၈-ဖောက်ပြန်ပြောင်းလဲသွားတဲ့ ရုပ်သဘော ရှိတာလဲ မဟုတ်နိုင်ဘူး။ မရှိတာလဲ မဟုတ်နိုင်ဘူးလို့ ယူဆရင်လဲ မိစ္ဆာဒိဋ္ဌိ။
၃၉-အဲဒီအတ္တဟာ အဆုံးဆိုတာရှိတယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။ပဲ
၄၀-အဲဒီအတ္တဟာ အဆုံးဆိုတာ မရှိဘူးလို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၄၁-အဲဒီအတ္တဟာ အဆုံးရှိတာလဲ ဟုတ်တယ်။ မရှိတာလဲ ဟုတ်တယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၄၂-အဲဒီအတ္တဟာ အဆုံးရှိတာလဲ မဟုတ်ဘူး။ အဆုံးမရှိတာလဲ မဟုတ်ဘူးလို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိပဲ။တဲ့။

နောက်ထပ်ပြီး လူသေသွားရင် အတ္တဆိုတဲ့ အရာလေးက ပျက်စီးမသွားဘူး။ ဒါပေမယ့် သညာကတော့ ရှိတာလဲ ဟုတ်နိုင်တယ်။ မရှိတာလဲ ဟုတ်နိုင်တယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီး ၈-မျိုးကွဲပြန်တယ်။
၄၃-လူသေသွားတယ်။ အသက်ဝိညာဉ်လို့ဆိုတဲ့ အတ္တလေးက ပျက်စီးမသွားဘူး။ အမှတ်သညာတော့ ရှိတာလဲ မဟုတ်ဘူး။ မရှိတာလဲ မဟုတ်ဘူး …ဖောက်ပြန်ပြောင်းလဲ သွားတဲ့ သဘောတော့ရှိတယ်။ အဲဒီလိုယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၄၄- ဖောက်ပြန်ပြောင်းသွားတဲ ရုပ်သဘော မရှိနိုင်ဘူးလို့ယူဆလဲ မိစ္ဆာဒိဋ္ဌိ။
၄၅-ဖောက်ပြန်ပြောင်းလဲသွားတဲ့ ရုပ်သဘောရှိတာလဲဟုတ်နိုင်တယ်။ မရှိတာလဲ ဟုတ်နိုင်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၄၆-ဖောက်ပြန်ပြောင်းလဲသွားတဲ့ ရုပ်သဘော ရှိတာလဲ မဟုတ်နိုင်ဘူး။ မရှိတာလဲ မဟုတ်နိုင်ဘူးလို့ ယူဆရင်လဲ မိစ္ဆာဒိဋ္ဌိ။
၄၇-အဲဒီအတ္တဟာ အဆုံးဆိုတာရှိတယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။ပဲ
၄၈-အဲဒီအတ္တဟာ အဆုံးဆိုတာ မရှိဘူးလို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၄၉-အဲဒီအတ္တဟာ အဆုံးရှိတာလဲ ဟုတ်တယ်။ မရှိတာလဲ ဟုတ်တယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၅၀-အဲဒီအတ္တဟာ အဆုံးရှိတာလဲ မဟုတ်ဘူး။ အဆုံးမရှိတာလဲ မဟုတ်ဘူးလို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိပဲ။တဲ့။

အားလုံးပေါင်းရင် ၅၀-တော့ရှိသွားပြီး …နဲနဲလဲ မျက်စိလည်လောက်ပြီ။ ပြီးမှပေါင်းပြီးပြန်ရှင်းပြဦးမယ်။

နောက်ကျံနေတာလေးတွေကိုပြောဦးမယ်။
၅၁=သေရင် အသက်ဝိညာဉ်လို့ခေါ်တဲ့ အတ္တလေးဟာ ပြီးပြတ်သွားတယ်။ နောက်ထပ်မဖြစ်တော့ဘူး.လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။

၅၂=သေရုံနဲ့တော့ မပြီးပြတ်သေးဘူး.. နတ်ဖြစ်သွားပြီးမှ ပြီးပြတ်တယ် လို့ ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။
၅၃=ဒီအတ္တလေးဟာ နတ်ဖြစ်သွားရုံနဲ့လဲ မပြီးပြတ်သေးဘူး..ရူပဗြဟ္မာဖြစ်သွား ပြီးမှ ပြီးပြတ်တယ်လို့ယူဆတာလဲ မိစ္ဆာဒိဋ္ဌိ။ပဲ။
၅၄-ရူပဗြဟ္မာဖြစ်ရုံနဲ့လဲ မပြီးသေးဘူး..အာကာသာနဉ္စယတနဗြဟ္မာ။
၅၅=မဟုတ်ဘူး..ဝိညာနဉ္စ ယတန ဗြဟ္မာ။
၅၆=မဟုတ်ဘူး…အာကိဉ္စညာယတနဗြဟ္မာ။
၅၇=မဟုတ်ဘူး.. နေဝသညာနာသညာယတန ဗြဟ္မာ။
ဒီ ၇=မျိုးကတော့ သေသွားရင် အသက်ဝိညာဉ်လို့ခေါ်တဲ့ အတ္တလေးဟာ ပြီးသွား ပြတ်သွားတာပဲလို့ ယူဆတဲ့အချက်ပေါ်မှာ ကွဲပြားလာတဲ့ အချက် ၇=ချက်ပဲ။အဲဒါတွေလဲ မိစ္ဆာဒိဋ္ဌိတွေပဲ။

နောက် မိစ္ဆာဒိဋ္ဌိ ၅=ချက်ကျံသေးတယ်။ အဲဒါကတော့ လောကနိဗ္ဗာန်အယူ မိစ္ဆာဒိဋ္ဌိ ၅=မျိုးပဲ။
၅၈=ဒီအတ္တလေးဟာ.. လောကမှာ ကာမဂုဏ်တွေကို ဇိမ်ရှိရှိခံစားနေရတာ အဆုံးစွန် နိဗ္ဗာန်လို့ယူဆလိုက်တာလဲ မိစ္ဆာဒိဋ္ဌိ။
၅၉= အဲဒီကာမဂုဏ်ဇိမ်တွေကို တွန်းကန်ပြီး ပထမဈာန်ချမ်းသာလေးနဲ့နေပြီး အဲဒီချမ်းသာဟာ အတ္တရဲ့အဆင့်အမြင့်ဆုံး နိဗ္ဗာန်လို့ ယူဆလိုက်တာလဲ မိစ္ဆာဒိဋ္ဌိ။
၆၀=ပထမဈာန်ထက် အဆင့်မြင့်တဲ့ ဒုတိယဈာန်ချမ်းသာဟာ အတ္တရဲ့ အဆင့်မြင့်ဆုံး နိဗ္ဗာန်လို့ ယူဆလိုက်တာလဲ မိစ္ဆာဒိဋ္ဌိ။
၆၁=ဒုတိယဈာန်ထက် အဆင့်မြင့်တဲ့ တတိယ ဈာန်ချမ်းသာဟာ အတ္တရဲ့ အဆင့်အမြင့်ဆုံး နိဗ္ဗာန်လို့ ယူဆလိုက်တာလဲ မိစ္ဆာဒိဋ္ဌိ။
၆၂=တတိယဈာန်ထက် အဆင့်မြင့်တဲ့ စတုတ္ထ ဈာန်ချမ်းသာဟာ အတ္တရဲ့ အဆင့်အမြင့်ဆုံး နိဗ္ဗာန်လို့ ယူဆလိုက်တာလဲ မိစ္ဆာဒိဋ္ဌိ။
အားလုံးပေါင်းရင် (၆၂)မျိုးပြည့်သွားပြီ။
ဒီအယူအဆတွေကို ဘုရားက အယူမှားမိစ္ဆာဒိဋ္ဌိတွေလို့ သတ်မှတ်ပြီး ပြသွားတယ်။
ကိုယ်လက်ခံပြီး ယူဆထားတဲ့ အယူဟာ မိစ္ဆာဒိဋ္ဌိလား… သမ္မာဒိဋ္ဌိလားဆိုတာတော့ ကိုယ့်ဖာသာခွဲခြားကြဖို့ပါပဲ။
မြန်မာပြန်ကျမ်းစာကိုကြည့်ပြီး နားလည်အောင်ကြိုးစားရတာမို့ ကိုယ်ပိုင်အသိထိတော့လဲ မရောက်သေးသလိုခံစားရပါတယ်။
နောက် သိသလောက်ရဲရဲဝံ့ဝံ့ မတင်ပြရဲတာလဲ ပါပါတယ်။ ဒါဟာ ရိုးရိုးသားသား တင်ပြတာပါ။

အမှန်က ကျွန်တော်သိချင်နေတဲ့ ဒီမိစ္ဆာဒိဋ္ဌိတွေကို ပြတ်ပြတ်သားသားထိ သိချင် လို့ မေးမိတာပါ။ ဘယ်သူမှ မပြောလို့ ကျွန်တော်သိတာ မြင်တာလေးကို ချပြကြည့်တာပါပဲ။
တွေ့ရှိတဲ့ပုဂ္ဂိုလ်များအနေနဲ့ မှားတာများ… ရှိရင်..တည့်ပေးခဲ့ကြပါလို့ အနှုးအညွတ်တောင်းပန်ပါတယ်။ ကျွန်တော်ဟာ ပြောချင်နေတာထက် သိချင်နေသူ သာဖြစ်ပါတယ်။
ကျန်းညွှန်းပြရရင်တော့….သုတ်သီလက္ခန်မှာ မြန်မာပြန်ကို ကြည့်ကြပါ။

အထက်ပါ ၆၂=ပါးကို အတိုဆုံး ချုပ်ပြရရင်….
၁= အတ္တလေးဟာ တဘဝကနေ တဘဝကျင်လည်နေတယ်.. အရင်ဘဝ တွေရှိခဲ့ လို့ ခုဘဝဖြစ်နေတယ်လို့ယူဆတာ မိစ္ဆာဒိဋ္ဌိ။
၂=ဖန်ဆင်းရှင်တစ်ဦးဦးက ဖန်းဆင်းလို့ဖြစ်လာတာလို့ယူရင်လဲ မိစ္ဆာဒိဋ္ဌိ။
၃=လောက(လူ)ဟာ အဆုံးရှိတယ်။ မရှိဘူး ယူဆနေရင်လဲ မိစ္ဆာဒိဋ္ဌိ။
၄=ဘာမှ မသိလို့ ဘာမှမယူရင်လဲ မိစ္ဆာဒိဋ္ဌိ။
၅=အကြောင်းမဲ့ဖြစ်လာတာလို့ ယူရင်လဲ မိစ္ဆာဒိဋ္ဌိလို့ အတိုချုပ်ရပါတယ်။
၆=အသက်ဝိညာဉ်လို့ဆိုတဲ့ အတ္တလေးဟာ သေရင်ပျက်စီးမသွားဘူး။ မြဲနေတယ်။ လို့ယူဆရင်လဲ မိစ္ဆာဒိဋ္ဌိ။
၇=အသက်ဝိညာဉ်လို့ဆိုတဲ့ အတ္တလေးဟာ သေရင်ပြီးပြတ်သွားတာပဲ လို့ယူ ရင်လဲ မိစ္ဆာဒိဋ္ဌိ။
၈=အဲဒီအတ္တဆိုတဲ့ အရာလေးဟာ ကာမဂုဏ်တွေ..ခံစားနေတာအဆုံးစွန် နိဗ္ဗာန် လို့ယူဆတာ…ဈာန်တရားနေတွေနဲ့နေပြီးခံစားနေရတာ နိဗ္ဗာန်လို့ယူ ဆတာလဲ မိစ္ဆာဒိဋ္ဌိ ဆိုတာတွေပဲ။
ဒီ ၈=ချက်ကတော့ စာရေးသူ ကိုယ်တိုင် အတိုချုံးပြီး နားလည်အောင် စုစည်း ထားတာပါ။ အထက်ပါ ၆၂-ချက်ကို အတိုချုံးရင်လဲ ဒါပဲ ရတာပါပဲ။
ပထမ ကျွန်တော်က ဒါထက်ရှင်းတဲ့အမြင်ကိုသိချင်နေသေးလို့..ဂေဇက်ကနေ မေးမိတာပါ။
နောက်ကျွန်တော်ကိုပြန်မေးလို့ ကျွန်တော်သိသလောက်လေး ပြန်ပြောပြတာပါ။
ဒါထက် အမြင်ရှင်းအောင်..တင်ပြနိုင်သူများ ထပ်ဆင့်တင်ပြပေးဖို့ တောင်းပန် အပ်ပါသည်။.
ရှေ့နောက်စသည်…စကားလုံးမပြည့်စုံသည်များလဲ အနည်းငယ်လွဲနိုင်ပါသည်။ သို့သော်အဓိပ္ပါယ်ပြောင်းလွဲသွားလောက်အောင်ဖြင့် မှားနိုင်မည် မထင်ပါ ကြောင်း။

ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ဒီမိစ္ဆာဒိဋ္ဌိ..၆၂=ပါးဟာ မဖြစ်မနေသိသင့်ပါတယ်လို့…ထိုကြောင့် ကျွန်တော်လဲ အထူးသိချင်နေပါတယ်လို့တင်ပြရင်း………..

46 comments

  • စိန်ဗိုက်ဗိုက်

    July 11, 2012 at 7:19 pm

    အန်ခယ်အူးလေးအူးဘဇင်းဆြာ ကိုကိုဇောက်ရေ..
    အမှတ်တမဲ့ အပြေးအလွှားဖတ်ခဲ့ပုံအတိုင်းဆို….
    ကျော်ကိုယ်တိုင် မိစ္ဆာဒိဋ္ဌိ ဖြစ်မှန်းမသိ ဖြစ်နေခဲ့ပါပကောလားဗျာ..
    ဘိုလုပ်ရမရဲဟင်.. 🙄

    • မစ္စတာ တောက်တဲ့

      July 11, 2012 at 7:31 pm

      ဘို လုပ်ရမလဲဆိုတော့လေ
      အရင်ဆုံး ဘီအီး ဖြတ်ပါတဲ့ ..
      နောက်တော့မှ ကျန်တာတွေ
      ဆက်ပြောမယ်တဲ့ … 😀

      _________

      ဥုဇောက်ရေ …
      စုံစုံလင်လင် သိခွင့်ရလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ ..
      ကျနော်တို့ ဩကာသ ကန်တော့ချိုးထဲက ဆုတောင်းခန်းမှာ
      မိစ္ဆာဒိဌိ ခြောက်ဆယ့်နှစ်ပါးက ကင်းလွတ်ရပါစေလို့ ပါပေမယ့်
      ရမ်းပြီးသာ ဆုတောင်းခဲ့ရတာပါ …
      ခု ဥုဇောက် ကျေးဇူးကြောင့် မြင်မြင်ထင်ထင် တွေ့ခွင့်ရသွားပြီ ဖြစ်ပါကြောင်း ..
      ယခုပို့စ်အား ကူးယူသွားပါကြောင်း (သူများကို ဆရာကြီး ပြန်လုပ်ဖို့ .. 😀 )

      • စိန်ဗိုက်ဗိုက်

        July 11, 2012 at 7:35 pm

        အူးအူးဇောက်..အူးအူးဇောက်
        ဆရာကြီးပြန်လုပ်မယ်လို ့ပြောတာလဲ မိစ္ဆာဒိဋ္ဌိပဲ မဟုတ်လားဟင်
        ဟုတ်တယ်လို ့ပေါလိုက်..ဟုတ်တယ်လို ့ပေါလိုက်..
        ဂိန်..ဂိန်..

      • ဇောက် ထိုး

        July 11, 2012 at 7:54 pm

        ကျွန်တော် စာဖတ်သူတွေကိုပြောချင်တာက ဒီလောက်မကဘူး…ဒါထက်ပိုပြီးကို အားရှိပါးရှိပြောချင်တာ။
        ဒါပေမယ့် စာတွေက အဆက်တွေဖြစ်နေမှာတို့… မဝံ့မရဲဖြစ်တာတို့ကြောင့် မပြောနိုင်ခဲ့ဘူး။ အဲဒါအတွက် ကျွန်တော် စိတ်သိပ်မကောင်းသလိုပဲ….

        သူများကို ဆရာကြီးပြန်လုပ်တာထက်..သူများကိုမေးပြီး ဒါထက်ရှင်းအောင်ပြောတာရှိခဲ့ရင် ပြန်တင်ပြပေးပါခင်ဗျာ။

        • မစ္စတာ တောက်တဲ့

          July 11, 2012 at 8:01 pm

          အူးဘဇင်းဂ
          အနော်တို့ကိုများ အရေးတယူလုပ်လို့ဂျာ ..
          အနော်ဒို့ဂ ဂလိုမျိုး
          တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြတာပါဂျာ ..
          အနော်တို့ပြောတာ စာရေးသူကို မထိခိုက်ပါဘူး …
          အပျော်အပျက် သဘောမျိုးနဲ့ပဲ ပြောကြတာပါလို့ …
          ဤသို့ ဤနှယ် ပြောချင်ရာ ထပ်ပြောလိုက်ပါကြောင်း ……..

        • ဇောက် ထိုး

          July 11, 2012 at 8:47 pm

          ကိုတောက်တဲ့ နားလည်မှုလွဲတယ်ထင်ပါတယ်…ကျွန်တော်ပြောတာက ကိုတောက်တဲ့ပြောတဲ့စာကို အဓိကမပြောပါဘူး… ကိုတောက်တဲ့တို့ခုလိုအားပေးတာကိုကျေးဇူးတင်ပါတယ်။
          ဒါပေမယ့် ဒီအယူမှား 62=ပါးကို ကျွန်တော်ရေးရတာ အားမရလို့ ကိုယ့်ကိုယ်ကို ကျေနပ်မှု မခံစား လိုက်ရလို့ တောင်းပန်ပြောပြောတာပါ….
          ကျွန်တော်ဘာမှမဖြစ်ဘူးနော် ကိုတောက်တဲ့။

    • ဇောက် ထိုး

      July 11, 2012 at 7:50 pm

      တူတော်မောင်…တကာတော်….တပည့်..ဦးဗိုက်ရေ… နှစ်ရက်လောက်ပျောက်သွားတယ်ထင်တယ်။
      ကျွန်တော် ဦးဗိုက်ကိုချစ်လို့တော့ပြောချင်တယ်။ ကျွန်တော်ဆရာများ ပို့စ်ကိုဖတ်ဖြစ်စေချင်တယ်။
      ခုမိစ္ဆာဒိဋ္ဌိ ၆၂-ပါးလဲ ဦးဗိုက်ကိုအာမခံလိုက်မိသလိုဖြစ်လို့…ကြိုးစားရေးလိုက်ရတာပါ။

      အဲဒီမိစ္ဆာဒိဋ္ဌိတွေက လွတ်တာ တစ်ခုထဲပဲရှိတယ်ဗျ။ အဲဒါကတော့ ကမ္မဿကတာ သမ္မာဒိဋ္ဌိပဲ။ အကျယ်အတော်ရှင်းမှ သဘောပေါက်မှာ။ ကမ္မဿကတာ သမ္မာဒိဋ္ဌိဆိုတာ…ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်ခြင်းလို့ ဆိုကြတယ်။ အမှန်ကမဟုတ်ဘူး။ ကံနဲ့ကံရဲ့ အကျိုးကို သိမြင်ခြင်းလို့ အဓိပါယ်ထွက်တယ်။ ကျွန်တော် အဆင်ပြေတဲ့တနေ့မှာတော့ ဘုရားလက်ထက်က ဘုရားလို့ဝန်ခံတဲ့ မိစ္ဆာဒိဋ္ဌိဆရာကြီးတွေ အကြောင်းတင်ပြနိုင်ရင် ဒီမိစ္ဆာဒိဋ္ဌိတွေက ပိုပြီး ပေါ်လာပါတယ်။
      နောက် ကျွန်တော်တို့ဘုရားအစစ်အမှန်ကိုသိဖို့ဆိုရင်… ကျွန်တော်တို့ဘုရားမဟုတ်တဲ့ ဘုရားလို့လဲဝန်ခံတဲ့။ ဘုရားနဲ့လဲတပြိုင်ထဲလို ရှိခဲ့တဲ့ တိတ္ထိဆရာကြီး ၆=ဦးဆိုတာကို တင်ပြနိုင်ရင်တော့ ပိုပြီးထင်ရှားလိမ့်မယ်ထင်ပါတယ်။
      ဦးဗိုက်ကို မတွေ့လို့ရှာနေတာ ၂-၃ရက်ကိုရှိနေပြီး….

  • မောင်ပေ

    July 11, 2012 at 8:06 pm

    အူးဘဇင်းရေ
    အမှန်အတိုင်းပြောရရင်
    သည်ပို ့စ်ကိုဖတ်အပြီးမှာ စိတ်တော်တော်ရှုပ်သွားတယ်ဗျာ
    ဘာဘဲဖြစ်ဖြစ် အူးဘဇင်းရဲ ့စေတနာအမှန် ကိုတော့ အသိအမှတ်ပြုပါတယ်
    သာဓု သာဓု သာဓု
    အပေါ်က ပေါက်ဖော်ဆိုတဲ့လူကိုလဲ ကြည့်ဆုံးမလိုက်ပါအုန်း… ဟီဟိ

    • ဇောက် ထိုး

      July 11, 2012 at 8:36 pm

      ဟုတ်တာပေါ့ ဦးပေရေ…ကျွန်တော်တို့ ဗွီဒီယို မြန်မာကားတွေမှာ သရဲကားတို့..သေရင်ဝိညာဉ်လေးထွက်သွားတယ်လို့ဆိုတဲ့ မရိုက်ရဘူးမှတ်တယ်။ လူသေရင် ဝိညာဉ်လေးထွက်သွားတာမျိုးတွေကိုရိုက်တာက ကုလားကားတွေများပါတယ်။ အဲဒါ ဘာသာရေး ရဲ့ပင်ရင်းတွေဖြစ်ပါလိမ့်မယ်။
      ဒါပေမယ့်.. အဲဒီမိစ္ဆာဒိဋ္ဌိ 62=ပါးကိုတော့ သေချာလေ့လာထားသင့်တယ်။အဲဒီ အယူမှားတွေက လွတ်တဲ့အယူဆိုလို့ တစ်ခုထဲပဲရှိတယ်။ အဲဒါက ကမ္မဿကတာ သမ္မာဒိဋ္ဌိပဲ။ အဲဒီအမြင်တစ်ခုထဲပဲ ဒီ အယူမှား 62=ခုကလွတ်တယ်။
      ဦးပေရယ် ပြောတော့ပြောချင်သေးဗျာ… နားမလည်မှာ သိပ်စိုးနေလို့…

      • Oo Oo

        July 11, 2012 at 8:52 pm

        အူးဇင်းဇောက်ရေ…
        အဲဒီမိစ္ဆာဒိဋ္ဌိ ၆၂-ပါး က လွတ်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ ကိုလည်းအခွင့်သင့်ရင် နားလည်လွယ်အောင်
        မကျဉ်းမကျယ်လေး ရှင်းပြပေးပါလို့ တောင်းဆိုပါတယ်

        • ဇောက် ထိုး

          July 11, 2012 at 9:17 pm

          Oo Oo ရေ… အာမခံထားရင် အနေခက်တယ်ဗျာ….
          ကျွန်တော် ကျိုးစားတော့ နေပါမယ်…

        • Oo Oo

          July 11, 2012 at 9:29 pm

          ဟုတ်ကဲ့…ကျေးဇူးပါအူးဇင်းဇောက်

  • ဝေးလွင့်တိမ်

    July 11, 2012 at 8:25 pm

    ငါကတော့ မိစ္ဆာဒိဌိ အပါး ၆ဝ လောက်ဖြစ်နေမလားပဲ ဟီဟိ။ ဗဟုသုတရပါ၏။ ကျေးဇူးတင်ပါသည်။

    • ဇောက် ထိုး

      July 11, 2012 at 8:42 pm

      ကိုဝေးလွင့်တိမ်ရေ…ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ဖို့ဆိုရင် ဒီအယူတွေကလွတ်ရမယ်ဗျနော်…
      လူတော်တော်များက ကိုယ့်ရဲ့ယုံကြည်တဲ့ ဘာသာအတွက် အသက်ပေးလိုက်မယ်..တို့.. သေရဲတယ်လို့ ပြောတတ်ကြတယ်။ အဲဒီလို အသက်တာပေးရမှာ မကြောက်တာ…ကိုယ့်ဘာသာက ပေးတဲ့အသိ သူတို့မှာ တကယ်က ဘာမှမရှိကြရှာကြဘူး။

      ကျွန်တော် နားလည်တာတစ်ခုကတော့…. ဘာသာတရားက လူသားတွေအတွက်..လူသားတွေငြိမ်းချမ်းဖို့အတွက်ရှိနေရတာပဲ။
      လူသားတွေက ဘာသာတရားအတွက်ရှိနေရတာ မဟုတ်ဘူး။

      ဘာသာကောင်းစားဖို့ လူသားတွေက ထောက်ကူထားရမှာ မဟုတ်ဘူး။
      လူသားတွေကောင်းစားဖို့ ဘာသာက ထောက်ကူထားရမှာ..
      ကျေးဇူးတင်ပါတယ် ကိုဝေးလွင့်တိမ်ရေ….

    • ဇောက် ထိုး

      July 11, 2012 at 8:44 pm

      အချစ်ဦးနဲ့အနှစ်ဦးရေ…. လေ့လာရုံတင်မရပ်ပဲ… မှတ်သားတဲ့အဆင့်ထိရောက်ဖို့ ကျိုးစားနိုင်ပါစေဗျာ…

  • aye.kk

    July 11, 2012 at 10:26 pm

    ဇောက်ထိုးရေ..
    မိစာ္ဆဒိဋ္ဌိ (၆၂)ပါးရှင်းပြထားတာတွေအတွက်
    ကျေးဇူးတင်ပါတယ်..။
    အန်တီပြောပြချင်တဲ့အကြောင်းအရာလေးတခုရှိပါတယ်..
    လယ်တီဆရာတော်ဘုရားကြီးရေးသားစီရင်တော်မူခဲ့တဲ့
    အလင်းကျမ်းနှင့်ပဋိစ္စသမုပ္ပါဒ်အကျဉ်းကိုဖတ်ကြည့်စေချင်ပါတယ်။
    ၁၂၈ရခုနှစ်၊တန်ခူးလကမန္တလေးမြို့၊ရတနာပုံစာအုပ်တိုက်ပိုင်ရှင်
    မင်းကတော်ကြီး-မမညွန် ့တတီယရိုက်နှိပ်ခြင်း။
    ၈၄လမ်း၊ဓါးတန်း။ဂုဏဝတီစာပုံနှိပ်တိုက်။ထုတ်ဝေခဲ့တဲ့စာအုပ်လေးပါ ။
    ပိုပြီးရှင်းရှင်းလင်းလင်းသဘောပေါက်နိုင်စေလို ့ပါကွယ်။

    • pooch

      July 11, 2012 at 10:39 pm

      အန်တီအေး ပြောတဲ့ စာအုပ်လေးတွေ ရှာဖတ်ကြည့်အုန်းမယ်။
      ဒါပေမဲ့ အန်တီအေးရေ ပြောသာပြောရတယ်။ နားလည်အောင် မနည်းဖတ်ယူရမယ် ထင်ပါတယ်။

    • ဇောက် ထိုး

      July 12, 2012 at 6:43 am

      အန်တီအေးရေ…ကျေးဇူးပါဗျို့..ကျွန်တော် ကြိုစားပြီး ရှာဖတ်လိုက်ပါဦးမယ်…
      ခုလိုညွှန်ပြပေးတာ ကျေးဇူးတင်ပါတယ်။
      မြန်မာပြန်ကျမ်းစာတွေဖတ်ရတာက အတော်ကို နားလည်ဖို့ခက်ပါတယ်။

  • Pye Kun Zaw

    July 11, 2012 at 10:46 pm

    မိစာ္ဆဒိဋ္ဌိ ၆၂ ပါးကိုပြည့်ပြည့်စုံစုံသိခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်ကြားဖူးတာကတော့ အဲဒီဒိဋ္ဌိ ၆၂ ပါးဟာ ကျွန်တော်တို့ပုထုဇဉ်တွေမှာ တစ်ခုမဟုတ်တစ်ခုမလွတ်နိုင်ပါဘူးတဲ့။ အရိယာဖြစ်မှ ဒိဋ္ဌိပြုတ်တာလို့ဆိုပါတယ်။ ဒီ ၆၂ ပါးထဲက နိယတမိစ္ဆာဒိဋ္ဌိ(အကျိုုးနှင့်အကြောင်းကိုပယ်) ကတော့ ငရဲတန်းကျနိုင်ပါတယ်တဲ့။

    • ဇောက် ထိုး

      July 12, 2012 at 6:48 am

      Pye Kun Zaw ရေ….
      ပုထုဇဉ်မို့ မိစ္ဆာဒိဋ္ဌိ တစ်ပါးပါးကဖြစ်နေဦးမယ်….မိစ္ဆာဒိဋ္ဌိ တစ်ပါးပါးဖြစ်နေလို့ ပုထုဇဉ်ဖြစ်နေတယ်ဆိုပြီး လည်နေရင်တော့ မကောင်းဘူးပေါ့ှဗျာ။
      မိစ္ဆာဒိဋ္ဌိ 62=ပါးကို သိနေရင် ကျွန်တော်တို့ အဲဒီအယူတွေစွန့်ဖို့ပဲ မဟုတ်လား။
      ဘုရားက ဒီအယူကြီးက အယူမှားကြီးဆိုမှတော့..ဒါကြီးဆက်ယူနေဖို့သင့်ပါ့မလား….
      ဝင်ရောက်အားပေးသွားတဲ့အတွက် ကျွန်တော့်မှာ အားတွေရရှိခံစားရပါတယ်ခင်ဗျာ။

  • kai

    July 12, 2012 at 3:11 am

    တယောက်ထဲ.. သုံးကိုယ်မခွဲပါနှင့်..
    ( အရင်ဘဝက ကိုယ်ရယ်) (အခုဘဝက ကိုယ်ရယ်) (နောင်ဘဝက ကိုယ်ရယ်)

    မိစာ္ဆဒိဋ္ဌိ ၆၂ ပါးကို ခေတ်နဲ့ညှိပြီး.. တကြောင်းထဲ နားလည်ရအလွယ်ဆုံးဖြစ်အောင် ရေးလိုက်တာ… :mrgreen:

    • ဇောက် ထိုး

      July 12, 2012 at 7:24 am

      ဦးခိုင်ရေ…. ဦးခိုင်ရဲ့ အတိုဆုံးတင်ပြမှုဟာ အတော်ထိရောက်ပါတယ်။
      ဒါပေမယ့် မိစ္ဆာဒိဋ္ဌိ ၅၇-ပါးလောက်ကို သိမ်းကြုံးပြသွားတယ်လို့ခံစားရပါတယ်။
      ဒါပေမယ့် နောက်ဆုံး လောကနိဗ္ဗာန်အယူ ၅-ပါးကိုတော့ မသိမ်းကြုံးမိသေးပဲ ကျန်နေသေးသလိုပဲ။
      ကာမဂုဏ်တွေ အများကြီး ခံစားနေရတာ…..
      အဲဒီကာမဂုဏ်တွေကို တွန်းကန်နေပြီး ချမ်းသာတစ်ခုနဲ့နေနေတာ…အဲဒါတွေကို အတ္တရဲ့လောကနိဗ္ဗာန်လို့ ယူဆတာတွေဟာလဲ အယူမှားတွေပဲဆိုတာလေ..

      ပြီးခဲ့တဲ့ ပို့တွေမှာ ဦးခိုင် မှတ်ချက်ကိုမဖတ်လိုက်ရဘူး…
      ဦးခိုင်တစ်ခုခုပြောတာလေးကိုလဲ ကြားချင်တယ်နော်….

      • kai

        July 12, 2012 at 2:46 pm

        နောက် မိစ္ဆာဒိဋ္ဌိ ၅=ချက်ကျံသေးတယ်။ အဲဒါကတော့ လောကနိဗ္ဗာန်အယူ မိစ္ဆာဒိဋ္ဌိ ၅=မျိုးပဲ။
        ၅၈=ဒီအတ္တလေးဟာ.. လောကမှာ ကာမဂုဏ်တွေကို ဇိမ်ရှိရှိခံစားနေရတာ အဆုံးစွန် နိဗ္ဗာန်လို့ယူဆလိုက်တာလဲ မိစ္ဆာဒိဋ္ဌိ။
        ၅၉= အဲဒီကာမဂုဏ်ဇိမ်တွေကို တွန်းကန်ပြီး ပထမဈာန်ချမ်းသာလေးနဲ့နေပြီး အဲဒီချမ်းသာဟာ အတ္တရဲ့အဆင့်အမြင့်ဆုံး နိဗ္ဗာန်လို့ ယူဆလိုက်တာလဲ မိစ္ဆာဒိဋ္ဌိ။
        ၆၀=ပထမဈာန်ထက် အဆင့်မြင့်တဲ့ ဒုတိယဈာန်ချမ်းသာဟာ အတ္တရဲ့ အဆင့်မြင့်ဆုံး နိဗ္ဗာန်လို့ ယူဆလိုက်တာလဲ မိစ္ဆာဒိဋ္ဌိ။
        ၆၁=ဒုတိယဈာန်ထက် အဆင့်မြင့်တဲ့ တတိယ ဈာန်ချမ်းသာဟာ အတ္တရဲ့ အဆင့်အမြင့်ဆုံး နိဗ္ဗာန်လို့ ယူဆလိုက်တာလဲ မိစ္ဆာဒိဋ္ဌိ။
        ၆၂=တတိယဈာန်ထက် အဆင့်မြင့်တဲ့ စတုတ္ထ ဈာန်ချမ်းသာဟာ အတ္တရဲ့ အဆင့်အမြင့်ဆုံး နိဗ္ဗာန်လို့ ယူဆလိုက်တာလဲ မိစ္ဆာဒိဋ္ဌိ။

        အဲဒီအပေါ်က ၅ပါးပေါ့နော…
        ကျေးဇူးတင်ပါတယ်ခင်ဗျား…
        နောက်ပိုင်းဆယ်စုနှစ်တွေမှာ.. ကွန်ပျူတာတွေ အံ့မခန်းတိုးတက်ကောင်းမွန်လာတာနဲ့အမျှ.. တကယ်မရှိတဲ့လောကကို.. (ဂိမ်းတွေထဲကလို) တည်ဆောက်ပြီး.. လူ့ဦးနှောက်ထဲမှာ virtual world ဖန်တီးတည်ဆောက်ရင်း.. စိတ်ခံစားမှုတွေကို.. ဖြစ်ပျက်ဖေါ်ဆောင်နိုင်မယ် ထင်မိတယ်..
        အဲဒီထဲ ခံစား..စံစားရတာတွေထဲ.. ကောင်းတာတွေစုထားရင်ကို.. နိဗ္ဗာန်လို့များ ယူလို့ရချင်ရမှာပေါ့…
        အဲဒီအတွက်..မိစ္ဆာဒိဋ္ဌိ တပါးတိုးလိုက်ရမလားဟင်င်င်…. :mrgreen:

        • ဇောက် ထိုး

          July 12, 2012 at 6:51 pm

          ဟဲဟဲ…မိစ္ဆာဒိဋ္ဌိ တပါးထပ်တိုးလို့မရပါဘူးခင်ဗျာ…ရေ့ဘဝ နောင်ဘဝ အမြင်တွေအသစ်ဖြစ်ရင်တော့ တိုးချင် တိုးနိုင်ပါလိမ့်မယ်။
          လောကနိဗ္ဗာန်နဲ့ပတ်သက်ပြီးရင်တော့ ထပ်တိုးလို့ရနိုင်မယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဘုရားက တော်တော်ခြုံပြီးပြောခဲ့လို့ပါ။
          အဲဒီ လူ့ဦးနှောက်ထဲမှာ တည်ဆောက်ပြီးခံစားတာဟာ…ကာမဂုဏ်ခံစားမှုစာရင်းထဲဝင်သွားနိုင်ပါတယ်။ ဒါကြောင့်
          ဘုရားက…ဘာခံစားမှုဖြစ်ဖြစ် အရက်ခံစားမှုဖြစ်ဖြစ်…ဘိန်းခံစားမှုဖြစ်ဖြစ်..ဒါတွေကို ကာမဂုဏ်ခံစားမှုလို့ သိမ်းကြုံးပြီးသားဖြစ်နေလို့ပါ…
          အဲဒီကာမဂုဏ်ခံစားမှုကို နိဗ္ဗာန်ပဲလို့ယူဆရင် မိစ္ဆာဒိဋ္ဌိ။
          အဲဒီကာမဂုဏ်ခံစားမှုတွေကို တွန်းကန်အပြစ်ရှုပွားပြီး ယနေ့အနီးစပ်ဆုံးပြောရရင်..ဈာန်ရအောင်ကျင့်ကြံပြီးခံစားနေတဲ့ လောကီဈာန်ချမ်းသာမျိုးကိုလဲ မိစ္ဆာဒိဋ္ဌိထဲ ပါလို့ပါ။
          လူမှာ လောဘ ဒေါသ မောဟ စတဲ့ကိလေသာကင်းတဲ့လူ့လုပ်ရှားမှုလေးနဲ့ငြိမ်းချမ်းခြင်းမှတပါး…
          လူ့အဆင့်အမြင့်ဆုံးဟာ ရဟန္တာ။
          ရဟန္တာဆိုတာ…လူမှာကိလေသာလုံးဝမရှိတာ…ဟဲဟဲ….ပန်းသီးပင်ကတဲက မကျေနပ်တာနော်ဟင်းးးးးးးးးးးးးး

  • ဦးဦးပါလေရာ

    July 12, 2012 at 7:08 am

    ကိုဇောက်ထိုးရေ
    အင်မတန်မှ လေးနက်တဲ့ အကြောင်းအရာကို ချရေးလိုက်တာပဲ
    အဲဒီအကြောင်းကို စာရိုက်ပြီးဆွေးနွေးလို့တော့ စုံစုံလင်လင် ဆွေးနွေးနိုင်ဘို့ သိပ်မလွယ်ဘူးလို့ပဲ ထင်မိပါတယ်။

    (ဗုဒ္ဓဘာသာစစ်စစ်ရဲ့ အယူအဆဟာ ဒီမိစ္ဆာဒိဋ္ဌိ ၆၂=ပါးက လွတ်မှ ဖြစ်မှာပါခင်ဗျာ။)
    အဲဒီအဆိုအတိုင်းဆိုရင်တော့
    သောတာပန်ဖြစ်မှ ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ရတော့မှာပဲ
    ဘာကြောင့်လဲဆိုတော့
    အယူဆိုတာကတော့ ကြိုက်သလို ယူ ထားလို့ရပါတယ်။
    အမြင် ကတော့ တရားကိုတကယ်မြင်ပြီးမှ
    အမြင် စင်ကြယ်(အမှန်အတိုင်းမြင်) နိုင်တာ မို့ပါပဲ..။

    အချိန်နဲနေလို့ အားရပါးရ မဆွေးနွေးနိုင်တာ
    ပိုစ့်ကို တူတူတန်တန် မတုန့်ပြန်နိုင်တာ ခွင့်လွှတ်ပါဗျာ..

    • ဇောက် ထိုး

      July 12, 2012 at 7:31 am

      ဦးပါ ခုလို ဝင်ပြီးဆွေးနွေးတဲ့အတွက် အတိုင်းမသိဝမ်းသာရပါတယ်ဗျာ..
      ဦးပါပြောတာ သိပ်မှန်ပါတယ်။

      ဒီမိစ္ဆာဒိဋ္ဌိတွေက လွတ်ဖို့ရာဆိုတာ သောတာပန်ဖြစ်မှ ဖြစ်ပါလိမ့်မယ်။
      ဒီနေရာမှာ ကျွန်တော်ထင်မိတာကတော့ သောတာပန်ဆိုတာ သိပ်အဝေးကြီးလို့လူတွေထင်နေကြတယ်။ တကယ်တော့ တရားကိုသဘောပေါက်ပြီးနားလယ်သွားရင်.. ဒီအယူတွေက သူ့အလိုအော်တော်မစ်တစ်ကို ပြုတ်သွားမှာပါ။ ယူစမ်းပါဦးဆိုလို့ကို မယူတော့ပါဘူး။ အဲဒီလိုကိုဖြစ်သွားမယ်လို့ မြင်မိပါတယ်။
      သောတာပန်ဖြစ်ခြင်းအကြောင်း ၄-ချက်ကိုကြည့်ရင်လဲ သိနိုင်ပါတယ်…
      ကျွန်တော်ကြားဖူးတဲ့ မြန်မာပြန်လေးကို ပြောဦးမယ်။
      သောတာပန်..ဆိုတာ..သောတ..အာပန္န တဲ့။
      သောတ…ဆိုတာက..နား။ အာပန္န.ဆိုတာက…ရောက်တာ…..သောတာပန္န..ဆိုတာ.. နားနားရောက်တာ…နားနားရောက်တာဆိုတာ..နားလည်သွားတာ..ဗုဒ္ဓရဲ့တရားတွေကို နားလည်သွားတာကို သောတာပန်လို့ဆိုပါတယ်။

      နောက်သောတာပန်ရဲ့ အရည်အချင်းနှစ်ခုကလဲ…. ဒီ ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာ… အယူမှားနဲ့ သံသယ ကင်းသွားတာကို သောတာပန်လို့ခေါ်တာမဟုတ်လား…
      ဦးပါ မှားရင်လဲ ပြင်ပါဗျာ…အတိုင်းမသိဝမ်းသာမိပါတယ်လို့..

  • Ko out of...

    July 12, 2012 at 7:10 am

    – ကိုခိုင်ရဲ့ တယောက်ထဲ.. သုံးကိုယ်မခွဲပါနှင့်..
    ( အရင်ဘဝက ကိုယ်ရယ်) (အခုဘဝက ကိုယ်ရယ်) (နောင်ဘဝက ကိုယ်ရယ်)
    မိစာ္ဆဒိဋ္ဌိ ၆၂ ပါးကို ခေတ်နဲ့ညှိပြီး.. တကြောင်းထဲ နားလည်ရအလွယ်ဆုံးဖြစ်အောင် ရေးလိုက်တာ…
    ကိုခိုင်ပြောတာကို စဉ်းစားရခက်ရင် စဉ်းစားလို့ရအောင်
    အောက်ပါ အတိုင်း ထပ့်ဖြည့်ပေးလိုက်တယ်…

    သူတို့ကတော့ စာလိုပေလို နောက်ဘဝကို သတိ္တနဲ့ ကူးတယ်လို့ ကတ်သိကတ်သတ်ယူပြန်ကြတယ်..

    ဒါကို သူတို့က မိစာ္ဆဒိဋ္ဌိ ၆၂ ပါးကလွတ်တယ်လို့ထင်နေတာ..ဆားငံတယ်ဆိုတာ ဆားမရှိဘဲ ငံတယ်ဆိုတာ

    ဘယ်လိုလုပ်ပြောမလဲ? ငံတယ်ဆိုတာ ဆားရှိတဲ့ အချိန်ဘဲ ပြောလို့ရတယ်..

    • ဦးဦးပါလေရာ

      July 12, 2012 at 8:19 am

      (သူတို့ကတော့ စာလိုပေလို နောက်ဘဝကို သတိ္တနဲ့ ကူးတယ်လို့ ကတ်သိကတ်သတ်ယူပြန်ကြတယ်..
      ဒါကို သူတို့က မိစာ္ဆဒိဋ္ဌိ ၆၂ ပါးကလွတ်တယ်လို့ထင်နေတာ..ဆားငံတယ်ဆိုတာ ဆားမရှိဘဲ ငံတယ်ဆိုတာ
      ဘယ်လိုလုပ်ပြောမလဲ? ငံတယ်ဆိုတာ ဆားရှိတဲ့ အချိန်ဘဲ ပြောလို့ရတယ်..)

      အဲဒါလေး ဘယ်သူပြောတယ် ဆိုတာ ကုတ် လုပ်လေ ကိုအောက်အောဖ့်ရဲ့…

      ကျုပ်က အဲသလို ထိုးဖေါက်ပြီးမြင်တဲ့အမြင်မျိုးကို
      တလေးတစားသဘောကျတာ
      (သဘောမတူကကသတ်သတ်၊ အတွေးအခေါ်ပုံစံကိုသဘောကျတာကသတ်သတ်)

      • ဇောက် ထိုး

        July 12, 2012 at 11:03 am

        ဦးဦးပါလေရာရဲ့ အမြင်သဘောထားနဲ့ စိတ်ဓာတ်ကို လေးစားသွားပြီဗျာ။
        ကျွန်တော်တို့ စဉ်းစားစရာတွေ တွေ့လာတဲ့အခါ ဘာကြောင့်မစဉ်းစားရဲကြတာလဲ…
        နောက်ကျွန်တော်တို့အသိကို ဘာကြောင့် နိမ့်ကျတယ်လို့ထင်နေကြတာလဲ…
        ဟိုနှစ်ပေါင်းနှစ်ထောင်ကျော်တုန်းက လှည်းဘီးတောင် ဒေါက်မလုပ်သေးပဲ အသားဘီးကြီးတွေကိုဝိုင်းပြီး စီးခဲ့ရတဲ့ ခေတ်.. လူသတ်ပြီး ယဇ်နတ်ပူဇော်တဲ့ခေတ်အချိန်က လူတွေလောက်မှ ဒီနေ့ကျွန်တော်တို့ အသိညာဏ်က မမှီနိုင်ဘူးလို့ ဘာကြောင့်ယူဆကြတာလဲ…
        ကျွန်တော်တို့ရဲရဲစဉ်းစားကြရမယ်။

        ခု..ကျွန်တော်တို့ကို ဘုရားက မိစ္ဆာဒိဋ္ဌိ..အယူမှား ၆၂=မျိုးထုတ်ပြခဲ့တယ်။ အဲဒီအယူမှားတွေကို ကျွန်တော်တို့ စွန့်လွတ်ကြရမယ်။ ဒါပေမယ့် ဘုရားကမမှန်ဘူးဆိုလို့ စွတ်လွတ်တာမျိုးတောင် မဖြစ်သင့်ဘူး။ ကိုယ်တိုင်လဲ လေ့လာကြည့်သုံးသပ်ကြည့်ပါ။ အဲဒီအယူတွေဟာ လူတွေကို ဘယ်လိုကောင်းကျိုးတွေပြုလို့လဲ…လူကိုကောင်းကျိုးမပြုတဲ့အယူတွေမို့စွတ်လွတ်တာမျိုးထိဖြစ်သင့်တယ်လို့ ကျွန်တော်တော့ ယူဆတယ်။
        နောက်ကျွန်တော်သိသလောက်ကလဲ ဘုရားပြောတဲ့စကားများကို မှားတယ်လို့တော့ တစုံတခုမှ မခံစားဖူးသေးဘူး။
        ဦးပါရေ ဦးပါရဲ့ သဘောထားကိုတော့ ကျွန်တော်နှစ်သက်မိတယ်ဆိုတာ ထပ်ပြောခဲ့ပါတယ်။

      • Ko out of...

        July 12, 2012 at 11:29 am

        ဦးပါလေရာ ခင်ဗျာ…

        ဘယ်သူပြောတယ် ဆိုတာ ကုတ် လုပ်လေ ကိုအောက်အောဖ့်ရဲ့…ဆိုတာ ဆေးဝါးသောက်တိုင်း

        ဆေးဝါး ကိုရှာဖွေတွေ့ရှိတဲ့ လူရဲ့နာမည်ကို မရွှတ်ဆိုဘဲ ဆေးဝါးသောက်ရင်လည်း ရောဂါပျောက်နိုင်ပါတယ်..

        ဘယ်ဆေးဆရာကမှ ငါ့နာမည် ဆိုပြီးမှ ငါ့ဆေးဝါးကို သောက်ရမယ်လို့ မမှာခဲ့ပါဘူး..

        ဆေးဝါးရဲ့ အနိသင်ကို သိမှဆေးသောက်မှာလား?

        ဒီဆေးဝါးကို ရှာဖွေတွေ့ရှိတဲ့ လူရဲ့နာမည်ကို သိပြီးမှ ဆေးသောက်မလား?..

        ” ရင်ဝလှံဆူး ထိပ်ဦး မီးလောင်တာကို မြန်မြန် မငြိမ်းသတ်ဘဲ…ဒီလှံနဲ့ မီးရှို့တဲ့ လူရဲ့နာမည်ကို

        လေ့လာစုံစမ်ပြီး ဘယ်သူဘယ်ဝါ ဆိုတာသိမှာ မီးငြိမ်းသတ်မယ်ဆိုရင် အသက်သေဖို့ဘဲ

        ရှိပါတယ်…

        အခုလူတွေရောဂါ ကုနေကြတာဘဲ..ဒီလူနာတွေဆေးဝါးကို ရှာဖွေတွေ့ရှိတဲ့ သိပံပညာရှင်

        တွေရဲ့ နာမည်ကို မသိကြပါဘူး…

        စာဝါကျတကြောင်းကို ဖတ်တဲ့အခါ ဘယ်သူရေးတယ်ဆိုတာ ထက် ဒီစာကြောင်းဝါကျရဲ့ တန်ဖိုး

        ရှိမှုက အဓိကပါ..ဘယ်စာရေး ဆရာကမှ ကြွားဖို့ သူ့နာမည်ကို သိဖို့ အဓိကမရည်ရွှယ်ပါဘူး..

  • ဇောက် ထိုး

    July 12, 2012 at 7:34 am

    ကိုအောက်ရဲ့ မန့်လေးကလဲ ကျွန်တော်အတွက် ဗဟုသုတ တိုးစေပါတယ်ခင်ဗျာ….
    ခုလိုဝင်ရောက်ဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ်လို့…

  • အလင်းဆက်

    July 12, 2012 at 7:39 am

    လေးစားစွာ..မှတ်သားသင့်တဲ ့အချက်တွေပါပဲ.။
    ဇော်ဇောက်ရေ…ကျေးကျေးပါ..။.။

    • ဇောက် ထိုး

      July 12, 2012 at 11:07 am

      အလင်းဆက်ရေ….ကျွန်တော်လျှောက်လှမ်းနေတဲ့လမ်းမှာ… အမြဲတမ်းအလင်းရောင်လေးဆက်ပေးနေတဲ့အတွက် ကျေးဇူးတင်သတိရနေတယ်လို့ပြောချင်တယ်နော်။
      ဒါရင်ထဲက တကယ့်ဆန္ဒပါ။

  • mggwa

    July 12, 2012 at 9:23 am

    ဟ ဦးဇောက်ရ တစ်နိုင်ငံလုံး လွတ်မှ လွတ်ပါ့မလား။
    (ကျန်တဲ့နိုင်ငံတွေ မရောက်ဖူးလို့ မပြောလို)

  • မမ အညာသူ

    July 12, 2012 at 11:08 am

    အန်ကယ်ဇောက်ရယ်
    တကယ်ကိုနားမလည်တော့ဘူးသိလား
    ဒီလိုတွေးလဲ မိစ္ဆာဒိဋ္ဌိ
    ဟိုလိုတွေးလဲ မိစ္ဆာဒိဋ္ဌိ
    ဘယ်လိုမှမတွေးပဲနေလဲ မိစ္ဆာဒိဋ္ဌိ
    ဟူးးးးးးးးးးးးးးးးးးး
    ညာထင်တာကတော့ အရင်ဘဝဘဝတွေက ကိလေသာ အမိုက်အမှောင်တွေကို မပယ်ဖြောက်နိုင်လို.
    ယ္ခုဘဝဆိုတာရှိလာတယ် ယ္ခုဘဝမှာလဲ ကိလေသာ တွေကိုမပယ်ဖြောက်နိုင်သေးဘူးဆိုရင်
    နောက်နောင်ဘဝဘဝတွေဆိုတာရှိနေအုံးမှာပဲလို. ညာထင်တယ်

    • ဇောက် ထိုး

      July 12, 2012 at 11:23 am

      ညာထင်တာကတော့ အရင်ဘဝဘဝတွေက ကိလေသာ အမိုက်အမှောင်တွေကို မပယ်ဖြောက်နိုင်လို.
      ယ္ခုဘဝဆိုတာရှိလာတယ် ယ္ခုဘဝမှာလဲ ကိလေသာ တွေကိုမပယ်ဖြောက်နိုင်သေးဘူးဆိုရင်
      နောက်နောင်ဘဝဘဝတွေဆိုတာရှိနေအုံးမှာပဲလို. ညာထင်တယ် …..
      အဲဒါ အဲဒါ…..အဲဒါ……မိစ္ဆာဒိဋ္ဌိ..ပါ။

      ညာကိုအန်ကယ်ဇောက်ပြောချင်တယ်။.. ကိုယ့်ရဲ့ယူဆနေတာတွေဟာ မိစ္ဆာဒိဋ္ဌိတွေလို့ သိပြီဆိုရင် အန်ကယ်ဇောက် ရေးရကျိုးနပ်ပြီ။ အန်ကယ်ဇောက်ပြောတာတွေကို မယုံရင်..ကိုယ်နဲ့ရင်နှီးကျွမ်းဝင်တဲ့ ဆရာတော်တွေကိုလျှောက်…အန်ကယ်ဇောက်ပြောထားတဲ့ ၆၂=ပါးကိုတော့ မပြောနဲ့ဦးပေါ့…
      ဆရာတော်တွေပြောတဲ့ ၆၂=ပါးတိုက်ကြည့်….

      ကိုယ်မှားတာကို မှားမှန်းသိရင်..တော်လာဖို့ လမ်းစပဲတဲ့ ညာရေ… နေကောင်းတယ်နော်…
      ဝါဆိုဝါခေါင် လေတွေအရမ်းတိုက်တယ်။ အဲဒီလေတွေက လူနဲ့မတည့်ဘူးတဲ့။ ဂရုစိုက်။
      ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဆရာကီးလုပ်တာ။

  • ဇောက် ထိုး

    July 12, 2012 at 11:15 am

    ကိုယ်လွတ်အောင်တော့ ကျိုးစားကြရမယ်လေ…ကိုဂွရဲ့။
    ဒါပေမယ့် ဘုရားရဲ့ဝါဒက မရှုပ်ပါဘူး.. ကိုယ်မလွတ်ရင်. ကိုပဲမလွတ်တဲ့သူဖြစ်ပြီး မလွတ်မလပ်ကြီးဖြစ်နေမှာ…
    ဘယ်သူ့ရဲ့လုပ်ဆောင်ချက်ကိုမှ ဘယ်သူကဝင်ခံလို့ရမှာမှမဟုတ်တာ။

    တချို့က ဒီနေ့ကျွန်တော်ပြောတာတွေကို ဖတ်ပြီးခေါင်းတွေလေးသွားကြတယ်လို့ဆိုကြတယ်။ တကယ်တော့ဗျာ..
    ကျွန်တော်ရေးတာတွေက ဖတ်သူကိုယ်တိုင်သိစေနိုင်…နားလည်စေနိုင်တဲ့.. မြင်သာထင်သာရှိတဲ့ သာမန်လေးတွေပါ။ ကျွန်တော့်စာကတော့ မလေးစေပါဘူး။ လေးတယ်ဆိုတာက ကိုယ်မသိနိုင်တာတွေကို ကိုယ်စဉ်းစားလို့ညာဏ်မမှီနိုင်တာတွေကို ဇွတ်ကြီးစဉ်းစားရတာမှ လေးမှာလို့ထင်ပါတယ်။
    ခုကျွန်တော်ပြောတာ ဟုတ်…မဟုတ်ဆိုတာလေးပဲ စဉ်းစားကြည့်ကြပါဦးဗျာ။

  • မမ အညာသူ

    July 12, 2012 at 11:28 am

    ဒါဆို
    အန်ကယ်ဇောက်ပြောချင်တာလဲဘာလဲ
    ညာနာမလည်ဘူး
    အရင်ဘဝဆိုတာလဲမရှိခဲ့ဘူးလား
    နောင်ဘဝဆိုတာရောရှိမလာနိုင်တော့ဘူးတဲ့လား
    ဒါဆိုကုသိုလ်အကုသိုလ်ကရော ဘယ်လိုများတက်ရောက်မှု့ရှိတော့မှာလဲ
    ရှင်းပြပါအုံး
    တကယ်ပဲအုံးစားတယ်

    • ဇောက် ထိုး

      July 12, 2012 at 1:36 pm

      ဟဲ့ မိညာရဲ့… လွယ်လွယ်နဲ့စပါယ်ပွင့်ချင်လို့တော့ ဘယ်ရမှာလဲ…
      မိညာက အရင်ဘဝဆိုတာ မရှိခဲ့ဘူးလားလို့ မေးတော့….အန်ကယ်ဇောက်က “အေးမရှိခဲ့ဘူး”လို့ဖြေရင် အန်ကယ်ဇောက်လဲ “မိစ္ဆာဒိဋ္ဌိ”ဖြစ်မှာပေါ့။
      နောင်ဘဝဆိုတာရော ရှိမလာနိုင်ဘူးလားလို့မေးတာကိုလဲ အန်ကယ်ဇောက်က “အေး နောင်ဘဝဆိုတာလဲ မရှိဘူး”လို့ ဖြေလိုက်ရင် အန်ကယ်ဇောက် “မိစ္ဆာဒိဋ္ဌိ” ဖြစ်မှာပေါ့..မိညာရဲ့။

      မိညာမေးသလို…ဘုရားလက်ထက်က ဘုရားကိုမေးတဲ့သူတွေ အများကြီးပဲ… ဘုန်းကြီးတွေကလဲ အဲလိုပဲ မေးခဲ့တယ်။
      “ဘုရား…နောင်ဘဝဆိုတာ ရှိလား… နောင်ဘဝဆိုတာ မရှိဘူးလား…ရှိချင်သူရှိပြီး မရှိချင်သူအတွက် မရှိဘူးလား…အဲဒါမျိုးမွေးခွန်းတွေ ၁၀-မျိုးထိမေးခဲ့ကြတယ်။
      တချို့ဘုန်းကြီးတွေက ဘုရားကိုအကြပ်တောင်ကိုင်ကြသေးတယ်။ အဲဒါဖြေရင်ဖြေ…မဖြေရင် လူထွက်မှာတဲ့။ နောက်ပြီး မသိရင်လဲ ရိုးရိုးလေး မသိဘူးပြောတဲ့။ အဲဒီလောက်ထိကို ဘုရားကိုမေးခဲ့တာဟေ့။

      ဒီတော့ ဘုရားက မင်းတို့ကို ငါနောင်ဘဝရှိတယ်…မရှိဘူး..ပြောမယ် ရဟန်းဝတ်လှဲ့ကြလို့ ငါပြောခဲ့သလားတဲ့။
      နောက်…မင်းတို့ တရားရဖို့ တရားကျင့်ဖို့ရာအတွက်…နောင်ဘဝရှိတယ်..မရှိဘူးသိမှ တရားကကျင့်လို့ရမှာလာ……တရားရဖို့က အရေးကြီးသလား….နောင်ဘဝရှိတယ်မရှိဘူး သိဖို့က အရေးကြီးသလား…
      အဲပြောတာတွေ အများကြီးပဲ…
      နောက်ဆုံးတော့ ဘုရားက ဘယ်လိုဖြေလိုက်တယ်မှတ်လဲ…..“ နောင်ဘဝရှိတယ်..မရှိဘူး..ငါမယူဘူးတဲ့”

      ဘုရားဖြေလိုက်တာက မသိဘူးလို့လဲ မဟုတ်ဘူးနော်…. ရှိတယ်လဲမဟုတ်ဘူးနော်…မရှိဘူးလဲ မဟုတ်ဘူးနော်…. “ငါမယူဘူး”တဲ့…
      မသိဘူးလို့ဖြေလိုက်ရင်..ဘာကြောင့် မသိတာလဲ..မေးခံရဦးမယ်။
      ရှိတယ်..ဖြေလိုက်ရင်လဲ…ဘယ်လိုရှိတာလဲ မေးခံရဦးမယ်။
      မရှိဘူးဖြေလဲ…မရှိတာ ဘယ်လိုသိလဲ အမေးခံရဦးမယ်။
      ခုဘုရားဖြေလိုက်တာက….“ငါ မယူဘူးတဲ့” မယူဘူးဆိုတော့ ဘယ်သူဘာမေးဦးမှာလဲ။
      အဲဒါကို ပိဋကတ်မှာ ဘုရားမဖြေတဲ့ အဗျာကထန စကားကြီး ၁၀=ခွန်းဆိုပြီး အထင်အရှားရှိတယ်။
      မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီးရဲ့ ဟောစဉ်တရားစာအုပ်မှာလဲရှိတယ်။ ပဏ္ဏာသကျမ်းမြန်မာပြန်တွေ မှာလဲ ရှိတယ်။
      အဲဒီလို နောင်ဘဝရှိလား…မရှိဘူးလား..ဘုရားကိုမေးခဲ့တဲ့သူတွေကလဲ တစ်ဦး နှစ်ဦးမကဘူး..အများကြီးပဲ။
      ဘုရားကတော့လဲ ဘယ်သူကမေးမေး…ဘုန်းကြီးကမေးမေး…လူကမေးမေး…မေးတဲ့သူတိုင်းကို ငါမယူဘူးတဲ့။ ဒါက ဘုရားပြောတာတွေကို အန်ကယ်က ပြန်ပြောပြတာပါ…
      ဒီစကားတွေကို အန်ကယ်ပြောတာ တစ်လုံးမှ မပါသေးဘူးနော်.

      မိညာကို အန်ကယ်တစ်ခုမေးမယ်…အခုဝါဆိုလမှာ ရဟန်းတစ်ပါးကို ဝါဆိုသင်္ကန်းတစ်ထည်လှူမယ်ဆိုပါစို့…
      အဲဒီရဟန်းသင်္ကန်းပြည့်စုံအောင်…သင်္ကန်းအတွက် မဆင်းရဲအောင်လှူတာလား…
      မိညာ နောင်မှာ ကောင်းစားချင်လို့လှူတာလား….

      ဘုရားက ပုညဖလ ကာမတာယ ပဝတ္တိတံ မဇျိမံတဲ့….ကုသိုလ်ကရမယ့်အကျိုးကိုမျှော်လို့လှူတာဆိုရင် မချီးမွမ်းသင့်ဘူးတဲ့…
      တော်တော့ မိညာ ခေါင်းတွေအများကြီးမစားနဲ့..
      ဖြေးဖြေးဖြေးဖြေးသင်ယူရတယ်။ နောက် အန်ကယ်ဇောက်ပြောတာကို လက်ခံဖို့ထက် စဉ်းစားဖို့ကို ဦးစားပေးပါ။

  • Thu Wai

    July 12, 2012 at 12:36 pm

    မမ အညာသူရေ နားမလည် လို့ရှိရင် တရားစခန်းဝင်ပါ ကျွန်တော်ကတော့ သင်္ကြန်တွင်းတိုင်း မိုးကုတ်ဝိပသနာ အဖွဲ့ခွဲ ၂၇၆ ဆပ်သွားဖူးကျောင်းမှာရှိပါတယ်။ အပေါ်မှာ ဆရာ့ ဆရာကြီးတွေ ရေးထားတာလဲ ပြည့်စုံသလောက်ရှိနေပြီမို့ ထပ်မရှင်းပြတော့ပါဘူး

  • Phaung Phaung

    July 12, 2012 at 1:36 pm

    ဒိဋ္ဌိ ၆၂ ပါးကလွတ်အောင်
    ကံကိုယုံကြည်ပြီး လက်ရှိဘဝမှာတင် “ငါ”စွဲဖြုတ်ပြီး သောတာပန်ဖြစ်နိုင်အောင်ကြိုးစားရမယ်ပေါ့နော်…
    အတော်လေးကို ကြိုးစားရမှာပါပဲပေါ့ …
    ဟုတ်လား …ဦးဇောက်
    ဒါပေမယ့် အခုတော့ ပဋိစသမုပ်ဒ်ရဲ့ ဝိညာဏ်၊နာမ်ရုပ်၊သလာယထဌာ၊ဖဿ အကွက်ထဲမှာပဲရှိနေသေးပါတယ်..
    ထွက်လမ်းကိုရောက်ဖို့ မလွယ်သေးပါဘူး ….

    • ဇောက် ထိုး

      July 12, 2012 at 2:00 pm

      phanng phaung..ရေ…. ကမ္မဿကတာ သမ္မာဒိဋ္ဌိ..ကို မြန်မာလိုအရင်ပြောမယ်နော်…
      ကမ္မဿတာ..ကံနဲ့ကံရဲ့အကျိုးကို….သမ္မာ.ဆိုတာက..မှန်မှန်ကန်ကန်…ဒိဋ္ဌိ..ဆိုတာက သိမြင်တာ။
      ကံနဲ့ကံရဲ့အကျိုးကို သိမြင်တာကို ကမ္မဿကတာ သမ္မာဒိဋ္ဌိလို့ဆိုတာ။
      “ယုံကြည်တာ”မဟုတ်ဘူး။ ယုံကြည်မှုနဲ့သိမြင်မှု ဘယ်ဟာက အဆင့်မြင့်မလဲ။

      ပဋိစ္စ သမုပ္ပွါဒ်ကို စက်ရဟတ်လည်ခြင်းလို့ ဆိုကြတယ်မှတ်ပါတယ်။
      အဲဒီလည်ပတ်မှုကို ရှင်းရရင်လဲ အတော်ရှည်နိုင်ပါတယ်။
      အတိုဆုံးလေးပြောခဲ့ရရင်…
      လူကောင်ကြီးလည်တာလား….
      လူ့ရဲ့စိတ်လည်တာလား…လူ့စိတ်ရဲ့ဖြစ်စဉ်လား….အမျိုးမျိုးရှင်းရမှာပါ။
      အဝိဇာ….မသိလို့..အသိမရှိလို့….သင်္ခါရ..ခိုးမှုကိုလုပ်လိုက်တယ်။ ဝိညာဏ..ခိုးလိုက်တဲ့အတွက် လူမှာ သူခိုးမျက်စိ…သူခိုးနား..တွေဖြစ်ပြီး အရာရာတိုင်းကို သူခိုးမျက်စိနဲ့ကြည့်ကြည့်လာတယ်။ သူခိုးစကားပဲ ပြောတတ်လာတယ်။ စသည်ဖြင့်ပေါ့ဗျာ…
      အဲဒီပဋိစ္စသမုပ္ပါဒ်မှာက ဝဋ်သုံးပါးလည်တယ်ဆိုတာ ရှိတယ်ဗျ။ အဲဒီဝဋ်သုံးက မပြတ်လည်ရတာ။
      အကြားမရှိရဘူး…အခုသေပြီးနောင်ကြမှဖြစ်ဆိုတာမျိုးနဲ့ကြတော့ အကြားတွေရှိနေသလိုပဲ…
      ဆောရီးဗျာ…ကျွန်တော် အစအဆုံးလည်အောင်ရှင်းမပြနိုင်ရင် အန္တရာယ်ဖြစ်မှာစိုးတယ်။ ဒါကြောင့် နောင်ကြမှပဲ ကြုံရင် ပို့တင်ပါမယ်နော်….
      တရားက ဆေးလိုပဲလို့ထင်ပါတယ်။ ဆေးဖော်တဲ့အခါမှာလဲ ဆေးမစုံရင် ကောင်းကျိုးမရပဲ အဆင်မသင့်ရင် ဆိုးကျိုးပါရနိုင်ပါတယ်။
      တရားစကားတစ်ခွန်းပြောလိုက်တယ်ဆိုတာလဲ… ဘယ်နေရာ..ဘယ်ရှုဒေါင့်က ကြည့်ကြည့်ကိုက်နေမှ အဆင်ပြေပါတယ်။
      ကျေးဇူးပါနော်………မှားတာရှိလဲ မေတ္တာရှေ့ထားပြီး ပြင်ပေးပါခင်ဗျာ။

  • ဇောက် ထိုး

    July 12, 2012 at 1:38 pm

    Thu wai ရေ….ခုလိုဝင်ရောက် အားပေးသွားတာကျေးဇူးတင်ပါတယ်နော်

  • aye.kk

    July 12, 2012 at 6:33 pm

    ဇောက်ထိုးရေ…
    လယ်တီဆရာတော်ဘုရားကြီးရေးသားစီရင်တော်မူခဲ့ပြီး
    ၁၂၈ရခုနှစ်မှာထုတ်ဝေခဲ့တဲ့….
    အလင်းကျမ်း-စာမျက်နှာ(၁၇-၁၈-၁၉-၂၀)မှာပါရှိတဲ့အကြောင်းရာလေး..
    ပြောပြချင်ပါတယ်..။

    (က-၃) ပစ္စယသမ္မောဟအမိုက်ကြီးနှင့်
    (ခ-၃) ပစ္စယဝ ဝထ္ထာနဉာဏ်အလင်းကြီးနှစ်ပါးကိုတွဲစပ်၍ပြအပ်၏။

    (က-၃) ထိုနှစ်ပါးတို ့တွင်။ပစ္စယသမ္မောဟအမိုက်ကြီးဆိုသည်ကား။
    ရုပ်တရားနာမ်တရားတို ့၏ဖြစ်ပွားရန်အကြောင်းတရားတို ့ကိုမသိခြင်းတည်း။
    အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ။
    သင်္ခါရ ပစ္စရာ ဝိညာဏံ။
    ဝိညာဏ ပစ္စယာ နာမရူပံ။
    လ။
    ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိဟုူ၍ ဟောတော်မူသော။
    ပဋိစ္စသမုပ္ပါဒ်အင်္ဂါအကြောင်းအရာတို ့ကိုမသိခြင်းတည်း။
    ထိုပစ္စယသမ္မောဟအမိုက်ကြီးမှ။
    ကာရကဒိဋ္ဌိကြီးသည်ဖြစ်ပွား၏။
    ကာရကဒိဋ္ဌိကြီးဆိုသည်ကား။
    ထိုရုပ်တရားနာမ်တရားတို ့သည်ပြုလုပ်သူရှိမှဖြစ်နိုင်ကုန်သည်ဟုစွဲလမ်းခြင်းတည်း။

    (ခ-၃) ပစ္စယ ဝ ဝထ္ထာနဉာဏ်အလင်းကြီးဆိုသည်ကား။
    ရုပ်တရားနာမ်တရားတို ့၏ဖြစ်ပွါးရန်အကြောင်းတရားတို ့ကိုသိခြင်းတည်း။
    အဝိဇ္ဇာပစ္စယာသင်္ခါရာ။
    သင်္ခါရပစ္စယာဝိညာဏံ။
    ဝိညာဏပစ္စယာနာမရူပံ။
    လ။
    ဒုက္ခက္ခန္ဓဿသမုဒယော-ယောတိဟု။ဟောတော်မူသော။
    ပဋိစ္စသမုပ္ပါဒ်အင်္ဂါအကြောင်းအရာတို ့ကိုသိခြင်းတည်း။
    ဤပစ္စယသမ္မောဟအမိုက်ကြီးမှ။
    အဟေတုကဒိဋ္ဌိ၊ဝိသမဟေတုဒိဋ္ဌိ၊ပုဗ္ဗေကတဟေတုဒိဋ္ဌိဟူသော။
    ဤဒိဋ္ဌိမျိုးသုံးပါးတို ့ဖြစ်ပွားကုန်၏။
    အဟေတုကဒိဋ္ဌိဆိုသည်ကား။ရုပ်တရားနာမ်တရားတို ့သည်ဖြစ်ပေါ်ရန် အကြောင်းတရားဟူ၍လည်းမရှိကြကုန်။
    တည်နေရန်အကြောင်းတရားလည်းမရှိကြကုန်။
    အကြောင်းတရားနှင့်ကင်း၍။မိမိတို ့အလိုအလျှောက်သာလျှင်ဖြစ်ပေါ်ကြကုန်၏။
    တည်နေကြကုန်၏ဟူသောအယူသည်။အဟေတိကဒိဋ္ဌိမည်၏။
    ဝိသမဟေတုဒိဋ္ဌိဆိုသည်ကား။ထိုရုပ်တရားနာမ်တရားတို ့သည်။
    အကြောင်းကင်း၍မိမိတို ့အလိုအလျှောက်ဖြစ်ပေါ်နိုင်ကြသည်လည်းမဟုတ်ကုန်။
    တည်နိုင်ကြသည်လည်းမဟုတ်ကုန်။
    အကြောင်းတရားကြောင့်သာလျှင်ဖြစ်ပေါ်နိုင်ကြကုန်၏။
    တည်နေနိုင်ကြကုန်၏။
    အကြောင်းတရားဆိုသည်ကား။
    ထာဝရဘုရားသည် အလုံးစုံသော သတ္တဝါဟူသမျှ။ သင်္ခါရဟူသမျှ။
    ရုပ်တရားနာမ်တရားဟူသမျှတို ့သည်။ထာဝရ ဘုရား၏တန်ခိုးတော်ဖြင့်သာလျှင်ဖြစ်ပေါ်နိုင်ကြကုန်၏။
    တည်နေနိုင်ကြကုန်၏။ ဟူ၍ အကြောင်းမဟုတ်သည်ကိုအကြောင်းပြုလုပ်၍ယူခြင်းသည်။
    ဝိသမဟေတုဒိဋ္ဌိမည်ကုန်၏။
    ပုဗ္ဗေကတဟေတုဒိဋ္ဌိဆိုသည်ကား။ရုပ်တရားနာမ်တရားတို ့သည်
    အကြောင်းတရားကင်း၍ဖြစ်သည်လည်းမဟုတ်ကုန်။
    ထာဝရဘုရား၏တန်ခိုးတော်အားဖြင့်ဖြစ်သည်လည်းမဟုတ်ကုန်။
    စင်စစ်မူကား။ရှေးရှေးဘဝတို ့နှိုက်ပြုခဲ့ကြသောကုသိုလ်ကံ၊အကုသိုလ်ကံတို ့
    ကြောင့်သာလျှင်ဖြစ်ကြကုန်၏။တည်နေကြကုန်၏ဟူ၍
    ရှေးကံဟောင်းအကြောင်းတခုတည်းကိုသာခိုင်မြဲစွာယူခြင်းသည်။
    ပုဗ္ဗေကတဟေတုဒိဋ္ဌိမည်၏။
    ဤဒိဋ္ဌိသုံးပါးတို ့တွင်။
    အဟေတုကဒိဋ္ဌိသည်။ အမှားကြီးမှားသောဒိဋ္ဌိတည်း။
    ဝိသမဟေတုဒိဋ္ဌိသည်။ အမှားကြီးမှားသောဒိဋ္ဌိတည်း။
    ပုဗ္ဗေကတဟေတုဒိဋ္ဌိသည်။တစိတ်တဒေသအားဖြင့်မှန်သည်ဖြစ်၍။
    ထိုဒိဋ္ဌိနှစ်ပါးတို ့ထက်မှားမှုသက်သာ၏။
    အဘယ်သို ့တစိတ်တဒေသအားဖြင့်မှန်သနည်းဟူမူကား။
    ရုပ်တရားနာမ်တရားတို ့သည်ရှေးကံဟောင်းကြောင့်ဖြစ်သည်လည်းရှိကုန်၏။
    ယခုပစ္စုပ္ပန်စိတ်ကြောင့်ဖြစ်သည်လည်းရှိကုန်၏။
    ယခုပစ္စုပ္ပန်ဥတုကြောင့်ဖြစ်သည်လည်းရှိကုန်၏။
    ယခုပစ္စုပ္ပန်အာဟာရကြောင့်ဖြစ်သည်လည်းရှိကုန်၏။
    ထိုတွင်ရှေးကံဟောင်းကြောင့်ဖြစ်သောရုပ်နာမ်စုအတွက်။
    တစိတ်တဒေသအားဖြင့်ထိုအယူမှန်၏။
    စိတ်၊ဥတု၊အာဟာရတို ့ကြောင့်ဖြစ်သောရုပ်နာမ်စုအတွက်။ထိုအယူမှား၏။
    ပဋိစ္စသမုပ္ပါဒ်အားဖြင့်ဝေဘန်သည်ရှိသော်။
    ပဋိစ္စသမုပ္ပါဒ်အင်္ဂါ-၁၂-ပါးတို ့တွင်။ရှေးကံဟောင်းကြောင့်ဖြစ်သောအင်္ဂါစုအတွက်ထိုအယူမှန်၏။
    ပစ္စုပ္ပန်အကြောင်းကြောင့်ဖြစ်သောအဝိဇ္ဇာ။သင်္ခါရ။တဏှာ။ဥပါဒန်။ကမ္မဘဝတို ့အတွက်ထိုအယူမှား၏။
    ပဋ္ဌာန်းနည်းနှင့်ဝေဖန်သည်ရှိသော်။ထိုအယူသည်နာနက္ခဏိကကမ္မပစ္စည်းတခုကိုသာအမှန်ပြု၍။
    သဟဇာတကမ္မပစ္စည်းနှင့်တကွ။ကြွင်းသော-၂၃ပစ္စည်းတို ့ကိုပယ်ဖျက်၏။
    ဤသို ့လျှင်ဤပုဗ္ဗေကတဟေတုဒိဋ္ဌိသည်တစိတ်တဒေသအဘို ့အားဖြင့်မှန်၏။
    ယေဘုယျအဘို ့အားဖြင့်မှား၏။
    ပစ္စယသမ္မောဟအမိုက်ကြီးမှ၊ဤဒိဋ္ဌိမျိုး-၃ပါးတို ့နှင့်။ထိုထိုဒိဋ္ဌိဝိစိကိစာ္ဆတရားတို ့သည်ဖြစ်ပွားကုန်၏။

    ပဋိစ္စသမုပါဒ်ဉာဏ်အမြင်ပေါက်ရောက်ခြင်းဟူသော၊ ပစ္စယ ဝ ဝထ္ထာနဉာဏ်အလင်းကြီးသည်။
    ထိုဒိဋ္ဌိမျိုး-၃-ပါးတို ့ကိုပယ်ရှားနိုင်၏။အကြောင်းမရှိဟုယူသော။အဟေတုကဒိဋ္ဌိကိုလည်းပယ်ရှားနိုင်၏။
    အကြောင်းမဟုတ်သည်ကိုအကြောင်းပြုလုပ်၍ယူသောဝိသမဟေတုဒိဋ္ဌိကိုလည်းပယ်ရှားနိုင်၏။
    ရှေးကံဟောင်းအကြောင်းတခုတည်းသာရှိသည်ဟူသော။ပုဗ္ဗေကတဟေတုဒိဋ္ဌိကိုလည်းပယ်ရှားနိုင်၏။
    ဤပစ္စယ ဝ ဝထ္ထာနဉာဏ်။ဒုတီယအလင်းကြီးကိုပေါက်ရောက်သောသူသည်။
    စူဠသောတာပန်အဖြစ်သို ့ရောက်၏ဟူ၍။အဋ္ဌကထာကြီးတို ့နှိုက်ဆို၏။။

  • ဇောက် ထိုး

    July 12, 2012 at 7:07 pm

    အန်တီအေး ခုလိုရေးသားတင်ပြမှုအတွက် ဝမ်းသာပါတယ်ခင်ဗျာ…
    စာဖတ်သူတွေအားလုံးလဲ ရှုဒေါင့်ပေါင်းစုံနဲ့ အမြင်အမျိုးမျိုးဆိုတော့ လိုချင်သူတွေအတွက် ကိုယ်ပိုင်စဉ်းစားနိုင်တာပေါ့။
    ကျွန်တော် တင်ပြတဲ့ မိစ္ဆာဒိဋ္ဌိ ကတော့ ပိဋကတ်မြန်မာကို နာလည်အောင် အထူးကြိုးစားပြီးတင်ပြလိုက်တာပါ။

    ကျွန်တော်အမြင်မှာတော့ မိစ္ဆာဒိဋ္ဌိဆိုတာ အမြင်မှားမှုပါပဲ။ နည်းနည်းအမြင်မှားမှား များများမှားမှား အမြင်မှားတာကတော့ အမြင်မှားတာပဲလို့ယူဆပါတယ်။

    တချို့က ပြောကြပါသေးတယ်။ လောဘတော့ လောဘပဲ။ ဒါပေမယ့် ဒီလောဘက ကောင်းတဲ့လောဘဆိုတာမျိုး…အဲဒါကိုပဲ ဆန္ဒလိုလို လုပ်ကြပါတယ်။ ဒါတွေကိုတော့ ကျွန်တော်က အမြင်မရှင်းကြလို့ ဖြစ်သလိုပြောကြတာပဲလို့ယူဆပါတယ်။ လောဘ မှန်ရင်..ကောင်းတဲ့လောဘတို့ ဆိုတာမရှိသင့်ပါဘူး။
    ပြည့်ပြည့်စုံစုံရှင်းပြနိုင်တဲ့တနေ့တော့ ကျွန်တော်တင်ပြပါဦးမယ်။

    ပဋိစ္စ သမုပ္ပါဒ်ကိုလဲ နည်းနှစ်မျိုးနဲ့ ရှင်းချင်တဲ့စိတ်…ဒီနေ့မှာ ပေါ်မိပြန်ပါတယ်။
    အန်တီအေး ကျန်းမာပါစေနော်….

Leave a Reply