နှစ်ခုထက်ပိုသော ဂျီမေးလ်အကောင့် ၊တစ်ပြိုင်နက်ဝင်နိုင် ။

ဂ်စ္စူJuly 11, 20121min28622

ခုပေါ..မှာဂဒေါ့…. Browser တစ်ခုထဲမှာ ဂျီမေးလ် အကောင့် နှစ်ခုကျော် ဝင်လို ့ရတဲ့ နည်းဖြစ်ပါတယ်။

သိတဲလူလဲသိ၊ မသိတဲ့လူလဲ မသိ ဖြစ်နေလောက်မယ်ထင်လို ့ သုံးဆယ်ဖိုး ရေးပေးပါ့မယ်။

အရင်က Browser တစ်ခုထဲမှာ ဂျီမေးလ် နှစ်ခုဝင်လို ့မရခဲ့ဘူးလေ။

တစ်ခုဝင်ချင်ရင် အရင်အကောင့်ကို Sign out လုပ်ပြီးမှ ဝင်လို ့ရတယ်ဟုတ် ? ။

နောက်တော့ Account Settings ထဲဝင်ပြီး Multiple Sign In ဆိုတာကို On လုပ်ပြီး ဝင်လို ့ရတဲ့နည်းရှိခဲ့တယ်ဟုတ် ? ။

အခု….

အရင်ကလို တစ်ခုဝင်ချင်ရင် တစ်ခုအောက်ထားစရာမလိုတော့..။

ဟိုထဲဒီထဲ ဝင်ပြီး Setting တွေ ပြောင်းစရာမလိုတော့။

 

Web Browser တစ်ခုထဲမှာပဲ ဂျီမေးလ် ကို နှစ်ခုထက်ကျော်ပြီး တစ်ပြိုင်ထဲ ဝင်လို ့ရတာလေး တွေ ့မိတယ်။

ကဲ..

တစ်ပြိုင်ထဲ ရှိသမျှအကောင့် အကုန်ဝင်လို ့ရပြီဗျိုး..။

ကျေးဇူးပါ…ကျောင်းဒဂါ..ဆရာချောခင်ဗျား..။

1.

အောက်ပုံမှာ ပြထားတဲ့ ယူစာနိမ်း@gmail.com ဆိုတဲ့ဘေးက တြိဂံလေးကို နှိပ်လိုက်ရင်

မင်နီနဲ ့ ဝိုင်းပြထားတဲ့ Add Account ဆိုတာလေး ကျလာမယ်။

Step-1
Step-1

 

2.

အဲဒီ Add account ဆိုတာကို နှိပ်လိုက်ရင် New tab နဲ ့ ဂျီမေးလ် ဝင်တဲ့ Log in အကွက်လေး

ပေါ်လာပါပြီ..

ဝင်ချင်တဲ့ အကောင့်ကို ထပ်ဝင်လိုက်ပါ..။

Step-2

 

တခြား ကျန်ရှိသော ဂျီမေးလ် အကောင့်များကိုလဲ အပေါ်က အဆင့် တစ်နဲ ့ နှစ် အတိုင်း အလွယ်တကူ ဝင်လို ့ရပါကြောင်း။

*************************** The End***************************

 

 

 

22 comments

  • ဇောက် ထိုး

    July 11, 2012 at 8:51 pm

    ဦးဗိုက်လက်ရာ ဖတ်သွားတယ်နော်…

  • ကြောင်လေး

    July 11, 2012 at 8:59 pm

    တကယ်အလုပ်ဖြစ်မယ့် အကြောင်းလေးတင်ပေးတာကျေးဇူးပါ ဥဗိုက်ရေ ။ ရှိတဲ့အကောင့် ငါးခုလုံးတပြိုင်တည်းဝင်ကြည့်လိုက်ဦးမယ်။

    • shwe kyi

      July 12, 2012 at 4:44 pm

      ဘုရားရေ ငါးခုတောင်ရှိသလား အရီးရဲ့petition မှာအားဖြည့်ပေးပါဦး။ ဖြည့်ပြီးသားလားတော့မသိ။

  • မောင်ပေ

    July 11, 2012 at 9:54 pm

    သုံးဆယ်ဖိုးရေးထားပေးတော့လဲ
    ၁၅ယူပြီး
    အားပေးရတာပေါ့
    သောက်ဖော်သောက်ဖက်အချင်းချင်းဘဲဟာ

      • စိန်ဗိုက်ဗိုက်

        July 12, 2012 at 1:00 pm

        ကျေးဇူးပါတော်..
        အုပေနဲ ့တင် လေးကျပ် ခိုင်သွားပီ
        ဘီအီးသွားသောက်တော့မယ်..
        ဂိန်..ဂိန်..

        • မစ္စတာ တောက်တဲ့

          July 12, 2012 at 9:04 pm

          ငါ့ဆိုင်တော့
          အရင်အကြွေး မဆပ်သေးဘဲနဲ့
          မလာနဲ့ .. ဒါဗြဲ … 😀

          အထက်က နည်းလေးအတွက်တော့
          ကျေးဇူးပါ မစ်ချတာ ဆိုလ ရေ့ …
          ဂေ့ .. (လေချဉ်တက်သံ)
          ဒီနည်းက အကောင့်တွေ တစ်ခုထက် ပိုရှိသူတွေအတွက် အဆင်ပြေမှာပါ
          ပရိုင်မာရီ အကောင့်ကို အောက်စရာမလိုဘဲနဲ့ လွယ်လင့်တကူပဲ
          အခြား အကောင့်တွေကို မေးလ်စစ်လို့ ရတာပေါ့နော့ …

  • Mon Kit

    July 12, 2012 at 8:54 am

    ဟုတ်တယ် ဥူးဗိုက်ရေ…
    မွန်ကစ်လဲ အဲလို သုံးနေဒယ်…
    အဆင်ပြေတာပေါ့နော်…

  • မွန်မွန်

    July 12, 2012 at 9:29 am

    ကျေးဇူးတင်လိုက်တာ တွတ်ပီယောက်ဖရယ်… ရုံးအကောင့်နဲ့ personal အကောင့်ကို တစ်နေ့တစ်နေ့ အကြိမ်တစ်ရာလောက် ပြောင်းဖွင့်နေရတာ… ခုတော့ ရှဲ့ရှဲ့.. 🙂

  • mamanoyar

    July 12, 2012 at 10:05 am

    ကျေးကျေးးးးးးးးးးးးးးးးးးးးးးးး
    ဗိုက်ဗိုက်ရေ
    တကယ်အကျိုးရှိတယ်

  • snow white

    July 12, 2012 at 1:23 pm

    တကယ်ကိုမှတ်သားသွားတယ် ခုစာလေးဖတ်ရင်းတော့ကို လုပ်ကြည့်လိုက်ပါတယ် အဆင်ပြေပါတယ် ကျေးဇူးတင်တယ်နော် ဦးဦးဗိုက်

  • kyeemite

    July 12, 2012 at 2:01 pm

    သိုင်းခရူးပဲ ဗိုက်ကလေးရေ..
    နင့်အညွှန်းအတိုင်းစမ်းကြည့်လိုက်အုံးမယ်..

  • Khaing Khaing

    July 12, 2012 at 3:50 pm

    ကျေးဇူးတင်ပါတယ်ချင့် …… သများချစ်ချစ်က ယောက်ျားလေးတွေသများအကောင့်မှာချိနေတာ မကြိုက်တော့ ….. သူ့အတွက်အကောင့်တစ်ခုဖွင့်ပေးထားပီး သများကတော့ နောက်တခုမှာ သူငယ်ချင်းတွေထားပီး အီလို့ရတဲ့နည်းလေးရသွားပါပီချင့် …….

  • ko win

    July 12, 2012 at 5:58 pm

    ကျေးကျူး၊ ကျေးကျူး။……..။

  • Nyein Nyein

    July 12, 2012 at 6:57 pm

    ဦးဗိုက်ရေ…………….. ကျေးကျေးပါနော်……………….. ခုလိုအသုံးဝင်တဲ့နည်းလမ်းလေးကို ဖော်ထုတ်ပေးတဲ့အတွက်……..

  • Shwe Ei

    July 12, 2012 at 7:13 pm

    အဆင်ပြေလိုက်တာ မိစိန်ဗိုက်ရယ် ကျေးကျေးပါအေ 😛

  • padonmar

    July 12, 2012 at 7:29 pm

    ကျေးဇူးပါ ဗိုက်ဗိုက်ရေ၊နောင်လည်း ဒီလို နည်းလမ်းလေးတွေ ရှယ်ပေးပါအုံး။

  • AKKO

    July 12, 2012 at 8:15 pm

    တစ်ခုသတိထားရမှာက ၊ အကောင့်တစ်ခုကို ဆိုင်းအောက်လုပ်လိုက်လျှင် ကျန်တာတွေပါ အော်တိုဆိုင်းအောက်လိုက်ဖြစ်တယ်ဆိုတာလေးပါ ။ ကိုယ်သုံးနေကြ လက်တော့ပ်လိုမျိုး၊ ကွန်ပျူတာလိုမျိုးတွေမှာ သုံးနေရင်တော့ ပိုအဆင်ပြေတဲ့နည်းပါ ။

  • နွေဦး

    July 12, 2012 at 9:29 pm

    ကျေးဇူးပါ သုံးရတာ အဆင်ပြေသွားပါပြီ
    အဖေ့ဘွတ်ကော အဲလို ၂ခု ၃ခု ဖွင့်လို့ရတဲ့နယ်းလေးရှိရင် ပြောပေးပါနော် ။

  • ရှင်းသန့် နွယ်

    July 13, 2012 at 12:09 pm

    ကျေးဇူးပါအန်ကယ်ဗိုက်ရေ…
    တကယ်ကိုအသုံးဝင်ပါတယ်…

Leave a Reply