၂၀၀၉​​ ခု​နှစ်​အ​တွင်း​ Facebook​ ​ဝင်​ငွေ​ ​ဒေါ်​လာ​သန်း​ ၈၀ဝ ​ရ​ရှိ…

lu ta loneJune 30, 20101min592

http://scrapetv.com/News/News%20Pages/Business/images-2/do-you-have-facebook.jpg

Facebook ​ သည် (၂၀၀၉)​ ခုနှစ်အတွင်း စုစုပေါင်းဝင်ငွေ ဒေါ်လာသန်း​ (၈၀၀) ရရှိခဲ့ကြောင်း သိရသည်။

ကမာ္ဘ့ကျော် Social Networking​ ဝက်ဆိုက်ကြီးသည် နိုင်ငံတကာမှ ဝင်ရောက်သုံးစွဲသူ အရေအတွက်တိုးပွားလာခြင်း ​ နှင့်အတူ ငွေကြေးအရ အောင်မြင်မှုများပါ ရရှိ​ လာခြင်း​ ဖြစ်ကြောင်း သိရသည်။ Facebook​ နှင့် နီးစပ်သော အဖွဲ့အစည်း နှစ်ခုက Facebook​ ၏ တစ်နှစ်အတွင်း ဝင်ငွေ​ ပမာဏကို ယခုလို အတည်ပြု ထုတ်ပြန်​ ပေးလိုက်ခြင်း​ ဖြစ်သည်။

(၆)​ နှစ်မျှ သက်တမ်း​ ကြာလာ​ ခဲ့ပြီးနောက် ကယ်လီဖိုးနီးယား အခြေစိုက် Facebook​ သည် ကမာ္ဘ့ပေါ်တွင် အကြီးမားဆုံး Social Networking​ ဝက်ဆိုက် ဖြစ်လာ​ ခဲ့သလို ဝင်ငွေများလည်း တစထက်တစ တိုးပွား​ လာခြင်းဖြစ်သည်။ Facebook​ ၏ ဘုတ်အဖွဲ့ဝင် မက်အန်ဒါဆန်က ယမန်နှစ်​ အတွင်း နှစ်ပတ်လည် ဝင်ငွေသည် ဒေါ်လာသန်း​ (၅၀၀)​ ထိ ရှိခဲ့ကြောင်း Reuters​ သို့ ပြောကြားခဲ့ဖူးသေးသည်။ Facebook​ နှင့် နီးစပ်သော အမည်မဖော်လိုသည့် သတင်းရင်းမြစ် နှစ်ခုက ဝက်ဆိုက်၏ တစ်နှစ်​ ဝင်ငွေသည် အနည်းဆုံး ဒေါ်လာသန်း​ (၇၅၀)​ အထက် ရှိလာကြောင်း ဖော်ပြခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး Facebook​ က မှတ်ချက်တစုံတရာ မပေးသေးပေ။

Facebook ​ သည် သုံးစွဲသူများကြား တစထက်တစ လူကြိုက်များလာအောင် စွမ်းဆောင်​ နိုင်ခြင်းကြောင့် အမေရိကန်တွင် ဈေးကွက်​ ပြိုင်ဖက်များ​ ဖြစ်သည့် Google၊ Yahoo​ တို့နှင့် တစထက်တစ ယှဉ်ပြိုင်လာနိုင်ခဲ့သည်။ ယခုလို ငွေကြေးအရ အောင်မြင်မှုများ ရရှိ​ နေပြီ​ ဖြစ်သော်လည်း Facebook​ အား ထူထောင်ခဲ့သည့် မတ်ဇူကလာက ၎င်းတို့သည် ဝက်ဆိုက်အား ငွေကြေး​ အကျိုးအမြတ်ကို ရည်ရွယ်သည့် မူဝါဒမျိုး ပြောင်းလဲမည် မဟုတ်ကြောင်း ပြောကြား​ ခဲ့သေးသည်။

2 comments

  • etone

    June 30, 2010 at 6:54 am

    facebook ကိုမကြိုက်ဘူး Q တဲ့လူတွေအသုံးများလို့ ။

  • nyo me

    July 17, 2010 at 8:49 am

    Facebook ဒီလောက်သုံးလို့ကောင်းတာကို

Leave a Reply