၄ဝ ကျော် ကျွန်မရဲ့ အသည်းကွဲတမ်းချင်း

ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာတဲ့။ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေတွေနဲ့ လမ်းခွဲခဲ့ရတိုင်း ကွဲချင်ချင် ဖြစ်နေခဲ့တဲ့ ကျွန်မအသည်းက ခုများတော့ ဟက်တက်ကွဲသွားခဲ့ပြီလား မသိ။ လူမှန်းသိတတ်စကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့ ဒီအနံ့ဒီအရသာတွေကို အရိုးသားဆုံး တွယ်တာခဲ့ရပါတယ်ဆိုရင် လောကကြီးက ကျွန်မ အမှားလို့ပြောမယ်မထင်ဘူး။

နောက်ဆုံးပိတ် အသည်းဟက်တက်ကွဲသွားခဲ့တာ တစ်ပတ်လောက်ပဲရှိဦးမယ်လေ။ ဖြစ်ပုံက မန်းဂေဇက်ကို ဝင်ဖတ်နေရင်း နာမည်ခေါ်ရခက်တဲ့သူတစ်ယောက်က ငပိငံပြာရည်အကြောင်း တင်လာတယ်။ သူ့ရဲ့ပို့စ်အရ ငပိကို ပုလဲဓာတ်မြေဩဇာနဲ့ ငါးမြန်မြန်ပုပ်အောင်လုပ်ကြောင်း၊ ပြီးတော့ ငံပြာရည်ချက်ပုံအကြောင်း တင်လာတယ်။ ငံပြာရည်ချက်ပုံကတော့ ကျွန်မသိပြီးသားကိစ္စမို့ မထူးဆန်းပေမယ့် ငယ်ကျွမ်းဆွေ ငပိအကြောင်းကိုတော့ မယုံချင်ဘူး။ ဒါနဲ့ အဲဒါကို ပရင့်ထုတ်ပြီး နောက်တစ်နေ့မနက်မှာ ကျွန်မရဲ့အိမ်ဦးနတ်ကြီးကို စာရွက် ပေးပြီး ဈေးထဲကငပိဆိုင်တွေကို သွားမေးခိုင်းလိုက်တယ်လေ။ သူကပြောတယ် ”ဟုတ်ရင်တောင် ဘယ်သူက ဝန်ခံမှာလဲ” တဲ့။ ကျွန်မလည်း ဒီလိုပဲထင်ပေမယ့် မဟုတ်ပါဘူးလို့ အငြင်းခံရတာလေးကို လိုချင်နေမိတယ်။ မဟုတ်ပါဘူး ဆိုတဲ့စကားက အလိမ်အညာဖြစ်နေရင်တောင် အားရပါးရယုံပစ်လိုက်ဖို့အသင့်။

အိမ်ဦးနတ်ကြီး ပြန်လာတော့ မထင်တဲ့ကိစ္စ သိရတော့တာပါပဲ။ အားလုံးက ရယ်ကျဲကျဲနဲ့ဝန်ခံလိုက်ကြတယ် တဲ့။ ပုံမှန်အတိုင်း ငပိလုပ်ရင် ငပိနပ်ဖို့ နှစ်လနီးပါးစောင့်ရတော့ လက်တွေ့မှာ ဘယ်သူမှဒါမျိုး မလုပ်နိုင်ဘူး။ ဓာတ်မြေဩဇာထည့်လိုက်ရင်တော့ တစ်ပတ်ပဲကြာသတဲ့။ အဲဒီတော့မှ သတိထားမိတယ်။ ကျွန်မဝယ်စားနေတဲ့ ငပိတွေက ပေါ့လွန်းလို့ ဆားထည့်ပြီးကျိုနေရတာကိုလေ။ ဆားပါတော့ပါတယ်။ ဒါပေမယ့် ပါသင့်သလောက် တော့မဟုတ်ဘူး။ ဒီလိုနဲ့ ကိုယ်တိုင်လည်း ငပိမလုပ်တတ်တော့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရပါပြီ။ တစ်သက်လုံး စားလာတဲ့ ငပိကို ဘယ်သူခွဲခွဲဒို့မကွဲလို့ ခေါင်းမာစွာဖက်တွယ်ထားချင်ပေမယ့် ခုတော့လည်း အသည်းကွဲဇာတ် လမ်းလေးကိုပဲ နွှဲဖို့ဖြစ်လာခဲ့ပြီ။

လမ်းပေါ်ကို ငပိနံ့မွှေးမွှေးလေး ဝေ့လာတတ်တဲ့အခါ ကျွန်မအူတကြုတ်ကြုတ် ဖြစ်လာတတ်တယ်။ အဲဒီငပိရည်နံ့လေးကို လိုက်ပြီးရှုနေမိတယ်။ အချိုမှုန့်မသုံးစွဲရေးအကြောင်း ဟိုတုန်းက တော်တော်လေးပွက်ထခဲ့ဖူးတာ ပြန်အမှတ်ရမိသေးတော့တယ်။ ဟင်းချက်တာ အချိုမှုန့်သုံးမှဖြစ်မှာလား၊ ဒါဆို ဘိုးဘွားတွေခေတ်တုန်းက ဘယ်လိုသုံးခဲ့လဲ၊ ငပိငံပြာရည်နဲ့ပဲ သန်မာထွားကျိုင်းခဲ့ကြတာ မဟုတ်လားလို့ ဖတ်ခဲ့ရဖူးတာတွေ၊ ကြားခဲ့ရဖူးတာတွေ၊ ကိုယ်တိုင်ကလည်း ဒီအချက်ကို အပြည့်အဝထောက်ခံခဲ့ပြီး ကိုယ်တိုင်ကျင့်သုံးခဲ့တာတွေ။ ခုများမှာ အချိုမှုန့်ကိုပဲ မချစ်သော်လည်း အောင့်ကာနမ်းရတော့မလား။ ဟင်းခွက်တိုင်းအတွက် အဆင်မပြေလှတဲ့ အသားမှုန့်ကိုပဲ စိတ်တိုင်းမကျစွာ သုံးစွဲရတော့မလား။ ငပိရည်ကြိုခပ်ထားတဲ့ ငါးသလောက်ဆီပြန်ဟင်းလေးကို တစ်သက်စာခွဲခွာရတော့မလား။

အသည်းကွဲဒဏ်ရာတွေအကြောင်း အစီအစဉ်ချပြလိုက်ချင်တယ်။ မျှစ်အကြောင်း ဂဃဏန သိလိုက်ရတဲ့အချိန်မှာပေါ့။ အစောတုန်းကတော့ မျှစ်ဝါမျှစ်နီတွေဟာ ဆေးဆိုးထားမှန်းသိတော့ မစားခဲ့ဘူး။ နောက်တော့ ဆိုးဆေးကိစ္စ အသံကျယ်လာပြီး ခုဆိုရင် မျှစ်တွေဟာ အရင်ကလိုနီရဲ၊ ဝါထိန်မနေတော့ဘူး။ ဝါဖျော့ဖျော့လေးပဲ ကျန်တော့တာလေ။ ဒါနဲ့ မျှစ်ကို ပုဇွန်လေးနဲ့ကြော်စားလိုက်၊ ချဉ်ပေါင်ဟင်းလေးချက်စားလိုက်နဲ့ နတ်သုဒ္ဓါပေါ့ရှင်။ ဈေးထဲကမျှစ်ရောင်းတဲ့ ကောင်မလေးက အိမ်မှာအဝင်အထွက်ရှိလာတယ်။ စကားစပ်ပြီးမေးကြည့်တော့မှ သိရတာက မျှစ်ရဲ့ပင်ကိုအရောင်က အဖြူရောင်တစ်မျိုးပဲဖြစ်ပြီး ဘယ်နည်းနဲ့မဆို ဆေးဆိုးရတဲ့အကြောင်း၊ ဆေးမဆိုးရင် မည်းသွားတတ်လို့ ရောင်းတဲ့လူ အရှုံးပေါ်မှာဖြစ်တဲ့အကြောင်း၊ မျှစ်ချဉ်ကိုတောင် အဖြူရောင်ဆေးဆိုးထား ရကြောင်း၊ ဝါဖျော့ဖျော့မျှစ်တွေဟာလည်း ဆေးလျှော့ပြီးဆိုးထားတာဖြစ်ပေမယ့် သုံးတဲ့ဆေးကတော့ စားသုံးကုန်အတွက် သုံးရတဲ့ဆိုးဆေးမဟုတ်ဘဲ အဝတ်အထည်ဆိုးဆေးသာဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။

နောက်ထပ် အသည်းကွဲဖြစ်ရပ်လေးကတော့ ပဲနီလေး ပဲဝါလေး ကိစ္စမှာပါ။ ဟိုအရင်က ပဲဝါလေးတွေဟာ ဝါ ရော်ရော်လေးရယ်။ ပဲနီလေးနဲ့ ဈေးကခေါက်ချိုးလောက်ကွာတယ်။ ပဲနီလေးတွေဟာ ရေစိမ်လိုက်ရင် ရေတွေ နီရဲသွားတော့ ဆေးဆိုးထားမှန်း တန်းသိတယ်လေ။ ဆိုးဆေးကိစ္စညံလာပြီးနောက်ပိုင်းမှာ ပဲနီလေးနဲ့ ပဲဝါလေး ဈေးအတူတူဖြစ်သွားတယ်။ ဒါပေမယ့် ပဲဝါလေးကိုရေစိမ်လိုက်တဲ့အခါ ဟိုအရင်ကတော့ ဘာမှမဖြစ်ဘဲ အခုမှ ရေတွေဝါထိန်သွားပါလေရော။ ရေမစိမ်ဘဲ ဒီအတိုင်းကြည့်ရင်တောင် ပဲဝါလေးတွေဟာ ဝါပြောင်နေတယ်။ ပဲနီလေးနဲ့ ပဲဝါလေးဟာ ပဲတစ်မျိုးတည်းလား။ အပင်တူသလား မတူဘူးလား သေချာမသိပေမယ့် နှစ်မျိုးလုံးဟာ ဆေးဆိုးထားတယ်လို့ ကျွန်မထင်ပါတယ်။ အကြိုက်ဆုံးဟင်းအတွဲတစ်မျိုးဖြစ်တဲ့ ပဲနီလေးဟင်းချိုနဲ့ ငရံ့ခြောက် ဖုတ်ဆီစမ်းကိုလည်း ဒီတင်ဒီမျှ လမ်းခွဲလိုက်ရပြန်ပါပြီ။

စားချင့်စရာ နီနီရဲရဲ ငရံ့ခြောက်ကြီးတွေဟာ ယမ်းစိမ်းအားကိုးနဲ့လုပ်ထားတာဖြစ်ကြောင်း အားလုံးအသိပါပဲရှင်။ ဒီ့ထက်ဆိုးတာက ယင်သတ်ဆေးပါဖြန်းထားတယ်လို့ သိရပါတယ်။ တစိမ့်စိမ့်စွဲမက်ခဲ့ရတဲ့ ပဲပြားလေးဇာတ်လမ်း ကတော့ ကြာခဲ့ပါပြီ။ အရင်တုန်းက ပဲပြားဆိုတာ အခုဝယ်အခုချက်ချင်းကြော်စားရတာ။ နောက်တစ်နေ့ ထား လို့မရဘူး။ ပျော့ပြီးကြေသွားတယ်လေ။ အခုပဲပြားတွေက ပိုကြာကြာခံတယ်။ ဒါဟာ ဖော်မယ်ဒီဟိုက်ဆေး ထည့်ထားတယ်လို့သတင်းကြားတော့ ပဲပြားရောင်းတဲ့ကောင်မလေးကို ကျွန်မစေ့စေ့ကြည့်ပြီး မေးချလိုက်တယ်။ ဆေးပါသလားလို့။ ကောင်မလေး မျက်နှာပျက်သွားတယ်။ သူမသိဘူးတဲ့။ ကျွန်မသိလိုက်ပါပြီ။ ဈေးသည်တွေ အားလုံးဟာ မသိလို့လုပ်ကြတာ မဟုတ်ဘူး။ သိသိနဲ့ကို လုပ်နေကြတာပါပဲ။

ပြီးတော့ တို့စရာချဉ်ဖတ်။ ကတက်ချဉ်၊ တမာချဉ်၊ မုံလာချဉ်၊ သရက်ချဉ် စတာတွေကို ဆိုးဆေးထည့်စရာ မလိုဘဲ ဘာဖြစ်လို့ ဆိုးဆေးထည့်ကြသလဲ။ မလိုအပ်ဘဲ အရောင်အသွေးလှဖို့၊ ကြာကြာခံဖို့အတွက်နဲ့ ဒီလိုလုပ်တာ စားသုံးသူတွေဘက်က ပေးဆပ်ရမယ့်အတိုင်းအတာကို မသိလို့ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဈေးသည်တွေ အကုန်သိတယ်။ ဘာဖြစ်လို့ဒီလိုလုပ်သလဲဆိုတော့ လုပ်လို့ရလို့လုပ်တယ်။ ဒီတော့လည်း တစ်ကိုယ်တော်ပဲ ဖြစ်ပစေဦး၊ ကျွန်မကတော့ လမ်းခွဲပါတယ်။

အထက်ကပြောခဲ့တဲ့ အချစ်တော်လေးတွေ မပါဘဲ ထမင်းစားလို့မရဘူးလားဆိုတော့ ရပါတယ်လို့ပဲဖြေရမယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့် သိပ်နည်းသွားပြီ။ ကြီးကြီးကျယ်ကျယ်ပြောရရင် လူ့အခွင့်အရေး ဆုံးရှုံးတယ်လို့ ပြောလည်းရပါတယ်။ ဆိုခဲ့သလိုပဲ မြန်မာပြည်မှာ လူလာဖြစ်လို့ ဒီလိုအစာတွေနဲ့ ငယ်ကျွမ်းဆွေဖြစ်ခဲ့ရတာ၊ ရိုးရာအစားအသောက်တွေအပေါ် မက်မက်စက်စက်ဖြစ်လာခဲ့တာ လောကကြီးက ကျွန်မကို မှားတယ်လို့ပြောမှာမဟုတ်ပါဘူး။ နေ့လည်နေ့ခင်း အဆာပြေအကြော်ကလေးတောင် ဝယ်မစားရဲတော့တဲ့ဘဝ ရောက်နေတာ ဆီဒယ်အိုးထဲကို ရေသန့်ဘူးထည့်လိုက်တာ ကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့ရလို့ပါရှင်။ ခေတ်ပေါ်အစား အစာတွေ များမြောင်လှပေမယ့် ရေရှည်မှာ လျှာကမတောင်းဆိုဘူး။ ငပိရည်ကြိုလေးကို ငြုပ်သီးလှော်မှုန့်လေး ခပ်ပြီး တို့စရာအစုံအလင်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်စားရတဲ့ မြန်မာထမင်းပွဲကိုပဲ လျှာရင်းမြက်မြက်လွေးလိုက်ချင်တယ်။

ကျွန်မ ဈေးသွားရင် ဈေးထဲမှာတလည်လည်နဲ့ သင်္ဘောမာလိန်မှူးကြီးက သင်္ဘောကိုကျောက်ဆောင်တွေနဲ့ လွတ်အောင်ပဲ့ကိုင်သွားသလို ကျွန်မလည်း လူသတ်သမားပေါများလှတဲ့ ဈေးသည်တွေအကြား သူတို့ရဲ့ အန္တရာယ် မကင်းတဲ့ ဆွဲဆောင်မှုတွေကို ကျော်လွှားနိုင်အောင်၊ ရသာတဏှာကိုဖြတ်ပြီး ဘေးကင်းတဲ့ဟင်းချက်စရာ ဝယ် နိုင်အောင် ကြိုးစားရတယ်။ ဈေးအပြန်ဆိုရင် ဖျာပုံက အဖွားအိမ်ကြီးရဲ့ စားဖိုဆောင်ကို မျက်စိထဲမြင်ယောင် လာတယ်။ မီးဖိုခန်းနဲ့ကပ်လျက် စားဖိုဆောင်ရဲ့နံရံပေါ်မှာ ပြောင်တောက်နေတဲ့ စဉ့်အိုးတွေ အကြီးအသေး စီစီရီရီရှိနေခဲ့တဲ့မြင်ကွင်း။ အဲဒီအိုးတွေထဲမှာ ငပိအမျိုးမျိုး၊ ကြံမဆိုင်ကအစ ချဉ်ဖတ်အမျိုးမျိုး၊ ငါးခြောက်တွေ။ ခေတ်လူနေမှုစနစ်ပြောင်းလာတော့ ဒါတွေကို ကျွန်မတို့ ကိုယ်တိုင်ကိုယ်ကျမလုပ်နိုင်တော့ဘူး။ လုပ်လေ့လည်း မရှိကြသလို အချိန်ရယ် နေရာရယ် မပေးနိုင်ကြတော့ဘူး။ ဝင်ငွေနည်းမိသားစုတွေက များတာကြောင့် ငါ့ဝမ်းပူဆာ မနေသာဘဲ ရှိတဲ့ငွေလေးနဲ့ ရတာလေးကိုဝယ်ကြရသလို ကျန်းမာရေးအသိနည်းကြတာလည်း ပါပါတယ်။ ဒီလိုနဲ့ ဈေးထဲမှာ လူသတ်သမားများလာတယ်။ သက်ဆိုင်ရာက ဘာမှမလုပ်တော့ဘူးလားလို့ မမေးပါနဲ့။ အသက်ဆိုင်ဆုံးက ဈေးဝယ်နေတဲ့သူတွေပဲလေ။ ဝယ်တဲ့လူရှိရင် ရောင်းတဲ့လူလည်းရှိနေမယ်လို့ ကျွန်မလူပြိန်း တွေးပဲတွေးတတ်ပါတယ်။

ဈေးအပြန်မှာဆိုရင် မူလတန်းကျောင်းကို ဖြတ်လာခဲ့ရတယ်။ ကျောင်းဝင်းထဲ ပျားပန်းခတ်နေတဲ့ ကလေးတွေ၊ ကလေးအမေတွေ။ ထမင်းစားချိန်အမီ ကလေးအမေတွေ အိမ်ပြန်ပြီး အူရားဖားရားချက်ကြပြုတ်ကြရတော့မယ်။ သူတို့ကော ဘာတွေများချက်မှာပါလိမ့်။ မူလတန်းကျောင်းကိုကျော်လာရင်တော့ အိမ်ရောက်အောင် ဖြတ်လမ်းက နေလာခဲ့တယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဘုန်းကြီးကျောင်းဝင်းကြီးထဲကနေ ဖြတ်ပြီးပြန်လာတဲ့အခါမှာ ဘုရား ရိပ်တရားရိပ်ကြောင့်လားမသိ၊ ငြိမ်းအေးသလိုရှိနေတယ်။ လုပ်နိုင်ကိုင်နိုင်အရွယ်ကောင်း ကိုရင်လေး ကိုရင်ကြီး တွေ ကျောင်းကြီးထဲမှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို အာရုံစူးစိုက်ထားကြတယ်။ လက်အုပ်ချီမထားတော့ ဘုရားဝတ်ပြုနေတာ မဖြစ်နိုင်ဘူး။ ဒါဆို တရားနာနေတာများလား။ ကျောင်းကြီးအတွင်းကို မြင်ရအောင် အသာကဲပြီးကြည့်လိုက်တော့ ဪ … တီဗွီကြည့်နေကြတာကိုး။ ဒီလိုနဲ့ပဲ ကြွပ်ကြွပ်အိတ်လေးဆွဲပြီး ကျောင်းဝင်းကြီးကိုဖြတ်လို့ တနေ့နေ့တော့ ငပိကိုယ်တိုင်သိပ်မယ်၊ ချဉ်ဖတ်ကိုယ်တိုင်လုပ်မယ်လို့ အားခဲရင်း ဈေးကနေ ကျွန်မ ပြန်လာခဲ့ရတဲ့ အသည်းကွဲနေ့တွေ ဘယ်လောက်တောင်များခဲ့ပြီလဲဆိုတာ … ။

113 comments

  • အလင်းဆက်

    February 15, 2013 at 8:00 am

    ဝိုးးးးးးးးးးးးးးးးး
    ဂုဏ်ယူပါတယ်…မမပြူး….
    အဲ..ပြုံးးးး

    :kwi:

  • ဝင့်ပြုံးမြင့်

    February 15, 2013 at 11:34 pm

    အခုလို ချီးမြှင့်တာ ကျေးဇူးတင်ပါတယ် သကြီးရေ။
    မြို့မှာက လျှပ်စစ်မီးက အလှည့်ကျစနစ်ဖြစ်နေတယ်လေ။ တစ်ခါပေးရင် ၄နာရီမို့ မီးလာတုန်း အဝတ်လျှော် မီးပူတိုက် အဲဒါတွေကို အပူတပြင်းလုပ်နေရတာနဲ့ ရွာထဲ မဝင်နိုင်ဖြစ်နေတာပါ။ မီးကိစ္စ အဆင်ပြေတာနဲ့ ရွာထဲ ပြန်ဝင်ချင်နေတာပါ သကြီးရေ။

  • MaMa

    February 16, 2013 at 7:36 am

    ဝမ်းသာဂုဏ်ယူပါတယ် မပြုံးရေ။
    ကိုယ့်ရွာသူားအချင်းချင်းဆိုတော့ ပြီးခဲ့တဲ့အပတ်က အပြင်ထွက်ရင်းနဲ့ မပြုံးရဲ့ စာအုပ်ကို တွေ့လိုက်တာ စိတ်ထဲက ရင်းနှီးနေသလိုပဲ။
    :hee:

  • lady mobile

    April 29, 2013 at 8:30 am

    ဂုဏ်ယူပါတယ်မမ
    အခုလို ဗဟုသုတရဖွယ်စာတွေ
    တင်းပေးတဲ့အတွက် ကျေးဇူးပဲနော်…

  • ဆရာမ ခင်ဗျာ …။

    “၄ဝ ကျော် ကျွန်မရဲ့ အသည်းကွဲတမ်းချင်း ”

    ဒီပို့စ်လေး ဇူလိုင် ၂၀၁၂ က ဆုရခဲ့တဲ့ ပို့စ်ပေါ့နော် ….။

    အခု .. လာမည့် ဆုံဆည်းပွဲမှာ ဒီလို ဆုရပို့စ်တွေကို စုစည်းလို့
    မဂရင်းရို့စ် ကနေပြီး စာအုပ်လေးလုပ်ဖို့ အစီအစဉ် ရှိနေပါတယ် ခင်ဗျ ။
    အဲ့ဒီ စာအုပ်ထဲမှာ ပို့စ်ချည်း အနေနဲ့ ထည့်ထာထက်စာရင်
    ပိုပြီး ဝေဝေဆာဆာလေး ဖြစ်သွားအောင် ပို့စ်နဲ့ လိုက်ဖက်မယ့် ကွန်မန့်(တွေ)ကိုပါ ထည့်သွင်း ချင်ပါတယ်တဲ ့ခင်ဗျာ။

    ဒါကြောင့် …
    ဆရာမ အနေနဲ့ အခု ပို့စ်နဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ်ထင်တဲ့ (ပေါ့နော်)
    ကွန်မန့် တစ်ခု (များ) ကို Best Comment အဖြစ် ရွေးချယ်ပေးစေလိုပါတယ် ခင်ဗျ။

    ခင်မင် လေးစားစွာဖြင့်
    မောင်အံ

  • kai

    June 27, 2013 at 2:51 pm

    ဆရာမစာမူခလည်း လူကြုံနဲ့ပို့လိုက်ပါပြီခင်ဗျ..
    အလင်းဆက်အတွက် ကဗျာစာမူခ ၁ဝလည်း ပါပါတယ်.. :kwi:

  • Myat Pearl Phyu

    January 8, 2015 at 3:07 pm

    ဆုရပိုစ့်စာရင်းကလာခ့်တွေနှိပ်ပြီး ဗဟုသုတလိုက်ယူနေတာဗျ။
    အသဲကွဲတယ်လို့ တင်စားချက်လေး လှတယ်လို့…။

  • ခင်ဇော်

    June 6, 2015 at 6:52 am

    Credit to Maung Maung Win
    ——-
    ပု ဇွန် ခြောက် / င ရံ ့ ခြောက် / ငါး ပိ /
    မျှင် င ပိ ( စိမ်း စား ငါး ပိ ) / ငံ ပြာ ရည် အ စစ် နှင့်
    ဓာ တု ဗေ ဒ ငံ ပြာ ရည် အ တု လုပ် နည်း ရှင်း တမ်း ။
    = =
    ကိုယ် တိုင် မျက် မြင် သိ ချင် မြင် ချင် ရင်
    ဧ ရာ ဝ တီ တိုင်း က ဘို က လေး / လ ပွ တ္တာ /
    ဟိုင်း ကြီး ကျွန်း သွား ကြည် ့ ပါ ။
    = =
    ပု ဇွန် ခြောက် ဆို သည် မှာ
    ရောင်း မ ကုန် သော ပု ဇွန် အ စို တွေ
    ပုတ် ကုန် မှာ စိုး ရိမ် ပြီး … … …
    နေ ပူ ရင် နေ လှမ်း သော ကြောင့်
    နေ လှမ်း ခြောက် ဟု ခေါ် သည် ။
    မိုး အုံ ့ ၍ နေ မ ပူ ရင်
    မီး နဲ ့ ကြပ် တိုက် အ ပူ ပေး ရ သော ကြောင့်
    ကြပ် တိုက် ခြောက် ခေါ် သည် ။
    ပု ဇွန် ခြောက် အ ရောင် လှ အောင်
    လူ ကို ကင် ဆာ ဖြစ် စေ သော
    ယမ်း စိမ်း သုတ် လိမ်း ပေး ရ ၏ ။
    ယမ်း စိမ်း မ သုတ် ပါ က
    ပဲ ကြီး ရေ စိမ် ကဲ ့ သို ့ ဖြူ ဖပ် ဖြူ ယော် ဖြစ် ပြီး
    စား သုံး သူ မ ကြိုက် ယုံ မ က
    ဈေး ကောင်း လည်း မ ရ နိုင် ပါ ။
    ပု ဇွန် ခြောက် ကို မှို မ တက် ပိုး မ ထိုး
    ကြာ ကြာ အ ထား ခံ အောင်
    အ ပျော ့ စား ဆို လျှင်
    ဖော် မ လင် ဟု ခေါ် သော မ ပုတ် သိုး ဆေး ဖြင့်
    စ ပ ရေး ဖြန်း ပေး ရ ပါ တယ် ။
    ဖေါ် မ လင် က မ ပုတ် သိုး ယုံ သာ မ က
    မှို လည်း မ ကပ် ပါ ဘူး
    အ ပြင်း စား ဆို လျှင်
    ဆန် အိတ် တွင် ဆန် ပိုး မ ထိုး အောင် ထည် ့ သော
    ခွေး လေ ခွေး လွှင့် သတ် ဖြတ် ရာ တွင် သုံး သော
    အင် ဒ ရင်း ပိုး သတ် ဆေး မှုန် ့ ကို
    အယ် ကို ဟော အ ရက် ပျံ ဖြင့် ရော ပြီး
    စ ပ ရေး ဖျန်း ပေး ရ ပါ တယ် ။
    အဲ ဒါ မျိုး ကို ယင် မ နား ဆေး
    ပ ရွှတ် ဆိတ် မ အုံ ဆေး လို ့ လည်း ခေါ် တယ် ။
    ဒါ မျိုး နဲ ့ လုပ် ထား တာ သွား စား မိ လို ့
    အ ခန် ့ မ သင့် ရင်
    အူ မ ကြီး ကင် ဆာ ဖြစ် မယ် ။ ။
    = =
    = =
    ငါး ရံ ့ ခြောက် ဆို သည် မှာ
    ရောင်း မ ကုန် သော ငါး ရံ ့ အ စို တွေ
    ပုတ် ကုန် မှာ စိုး ၍
    ငါး ခြောက် ခွဲ ပါ တယ် ။
    နေ လှမ်း ခြောက် နှင့် ကြပ် တိုက် ခြောက် ဆို ပြီး
    နှစ် မျိုး ရှိ သည် ။
    ထုပ် လုပ် နည်း စဉ် က တော ့
    ပု ဇွန် ခြောက် ထပ် တူ ထပ် မျှ ၉ဝ %
    ဆင် တူ နေ လို ့ မ ရေး ပြ တော ့ ပါ ဘူး ။
    – – – –
    ဒါ ပေ မဲ ့ ငါး ရံ ့ ခြောက် နေ လှမ်း တာ
    ပု ဇွန် ခြောက် နေ လှမ်း တာ ထက်
    အ ဆင့် တစ် ဆင့် ပို ပါ တယ် ။
    ဒီ အ တိုင်း ယမ်း စိမ်း သုတ် ယုံ သုတ် ထား ရင်
    အ ရောင် သာ လှ ရင် လှ မယ်
    ငါး ခြောက် က နေ အ ပူ ရှိန် ကြောင့်
    တွန် ့ လိမ် ကွေး ကောက် သွား ပြန် ၍
    လူ မ ကြိုက် ပြန် ဘူး ။
    ဒါ ကို ရှောင် ကွင်း သွား ဖို ့ အ တွက်
    မ ခြောက် တ ခြောက် အ နေ အ ထား မှာ
    ဇ ဝက် သာ ပျစ် ပျစ် က လေး
    ထပ် ဆွတ် ပေး ရ ပြန် တယ် ။
    ဒါ ကြောင့် သ မား တော် ကြီး များ က
    ကင် ဆာ ပွါး နှုန်း မြင့် တယ် လို ့
    ပြော တာ ဖြစ် မယ် ထင် တာ ပဲ ။
    ငါး ရံ ့ ခြောက် မှာ ဖြူ ဖပ် ဖပ် တွေ
    ကပ် နေ တာ မြင် ရ မှာ ပေါ ့
    အဲ ဒါ ဆို ဒီ ယမ် က လို ရိုဒ် မ ဟုတ် ဘူး
    အ မိုး နီး ယမ် က လို ရိုဒ် အ ဖပ် တွေ ။
    လူ တွေ က ငါး ခြောက် ကို
    ဆား ပေါ ့ မှ သွေး မ တိုး ဘူး ထင် နေ တာ
    အဲ ဒီ ဆ ပေါ ့ ခြောက် က ဆ ငံ ခြောက် ထက်
    စား ပြီး ကျန်း မာ ရေး ပို ဆိုး သေး ။
    စား လိုက် ရင် ဂိ ယုံ ဂိ ရင် တော် သေး တယ်
    ဂိန် သွား ရင် အိမ် သား တွေ ငို လိမ် ့ မယ် ။
    ဆား ပေါ ့ တဲ ့ ငါး ရံ ့ ခြောက် မှ
    လူ တွေ က လု ဝယ် နေ ကြ တာ ကိုး ။ ။
    = =
    = =
    လူ လည် လူ ပါး နပ် တွေ လုပ် တဲ ့ ပု ဇွန် ခြောက်
    ဆို သည် မှာ … … …
    ရောင်း မ ကုန် တဲ ့ ပု ဇွန် အ စို ကို
    ဒန် အိုး ထဲ ရေ နွေး ပူ ဖြင့်
    ပွတ် ပွတ် ဆူ အောင် ပြုတ် လိုက် ပါ တယ် ။
    ပု ဇွန် ပြုတ် ရေ ကို
    မုန် ့ ဟင်း ခါး ( မုန် ့ ဟင်း ရည် ) ပြု လုပ်
    ရောင်း သ ဖြင့် နှစ် သီး စား ဝင် ငွေ ရ ပါ သည် ။
    ပု ဇွန် ပြုတ် ဖပ် ကို ဒန် အိုး ထဲ က ဆယ် ပြီး
    အ ရောင် လှ အောင် ယမ်း စိမ်း သုတ်
    နေ လှမ်း ကာ ပု ဇွန် ခြောက် လုပ် ပါ တယ် ။
    ဤ ပု ဇွန် ခြောက် မျိုး မှာ
    သစ် ခေါက် ကြီး ဝါး စား နေ ရ သ ကဲ ့ သို ့
    အ ရောင် လှ ပြီး အ ရ သာ မ ရှိ ပါ ။
    = =
    = =
    ရောင်း မ ကုန် သော ငါး ကို
    နုတ် သီး ဖြတ် ဗိုက် ခွဲ အူ ထုတ် ပြီး
    တွံ တေး ရာ ဝင် စ ဉ် ့ အိုး မြေ အိုး ကြီး တွေ ထဲ
    ဆား ထပ် ကာ အ ပေါ် အိုး ပေါက် ဝ ကို
    အင် တုံ နဲ ့ ပိတ် ဖို ့ အ တွက်
    အင် တွဲ ပွဲ ည ှက် သုံး ပြီး
    အိုး အ ဝ ကို ရက် ပေါင်း ၆ဝ ခန် ့
    အ သေ ပိတ် ထား သော်
    အ ဆင့် မြင့် င ပိ ရ သည် ။
    ငါး ပိ အိုး ကို ဖွင့် လိုက် ပိတ် လိုက် မ လုပ် ရ ပါ ။
    ဒီ လို လုပ် ရင် ငါး ပိ အူ သွား ရင်
    င ပိ စား မ ကောင်း တော ့ ပါ ။
    မ လွှဲ သာ မ ရှောင် သာ
    ဖွင့် လိုက် ပိတ် လိုက် င ပိ နှိုက် ယူ သော်
    ဆား တစ် ပိသာ ထပ် ခင်း ပြီး
    ရော ့ နည်း သွား သော င ပိ နေ ရာ တွင်
    အ ပေါ် က မ ကျည်း သား
    စဉ် ့ နီ တုံး အ ဟောင်း တွေ ကို
    အ စား ထိုး ၍ ခပ် ကျပ် ကျပ်
    ဖိ အား ပေး ဖိ သိပ် ခု ပေး မှ
    စား ကောင်း သော င ပိ ရ နိုင် သော
    ကျွန် တော ့ အ မေ ( မိ ခင် ) ၏
    အ ကောင် လိုက် လပ် ဆပ် သော
    ငါး ပိ လုပ် နည်း
    လျှိ ့ ဝှက် ချက် ဖြစ် ၏ ။
    ငါး ခူ နဲ ့ လုပ် ရင် ငါး ခူ ကောင် ငါး ပိ
    ဟု ခေါ် သည် ။
    ငါး မြင်း နဲ ့ လုပ် တဲ ့ ငါး မြင်း ငါး ပိ
    ကြ ပြန် တော ့ ငါး ဗိုက် ထဲ
    ထ မင်း စိ ခပ် မာ မာ ထည် ့ ပေး ရ တယ် ။
    အဲ ဒီ ငါး မြင်း ငါး ပိ ကို
    ငါး မြင်း ချဉ် ဟု ခေါ် သည် ။
    အ မေ က သူ ကိုယ် တိုင် အိုး သွပ် ထား တဲ ့
    ငါး ပိ မျိုး စုံ က ရောင်း ဖို ့ မ ဟုတ် ဘူး
    အိမ် သား တွေ စား ဖို ့ နဲ ့
    အိမ် လာ တည်း တဲ ့ ဧည် ့ သည် တွေ ကို
    အိမ် ပြန် လက် ဆောင် ပေး ဖို ့ ပါ ပဲ ။
    အ ဖွား ကြီး က ဈေး ထဲ က
    သူ များ လုပ် ရောင်း တဲ ့
    ငါး ပိ ဆို ရင် ရွှံ လို ့
    ဝယ် စား လေ ့ စား ထ မ ရှိ ဘူး နော် ။
    = =
    ==
    မျှင် ငါး ပိ / စိမ်း စား ငါး ပိ ဆို သည် မှာ
    ငါး ဖမ်း ရာ တွင် င မှုံ င မွှား ငါး သေး သေး က လေး များ ကို
    ဒီ ဇယ် အင် ဂျင် နဲ ့ တွဲ ထား သော
    င ပိ အ မှုန် ့ ကြိတ် စက် Crusher ထဲ ထည် ့ ပြီး
    ညက် နေ အောင် ကြိတ် ရ သည် ။
    ကြိတ် ပြီး သား အ ဖတ် တွေ ကို
    ငါး ပိ ဂို ဒေါင် ကွန် က ရစ် သံ ပန် တ လင်း ပေါ် တွင်
    လူ အား ဖြင့် အ ချို မှုန် ့ နှင့် ရော နယ် ပြီး နောက်
    အိတ် သွပ် ရ သည် ။
    ဆား ထည် ့ လျှင် ငံ တယ် ဆို ပြီး ဈေး မ ရ သ ဖြင့်
    ဆား အ နည်း ငယ် ပါ တယ် ဆို ယုံ လေး ထည် ့ ပြီး
    အ ချို ့ မှုန် ့ များ များ ထည် ့ နိုင် မှ
    ဈေး ကောင်း ရ လူ ကြိုက် များ သော
    စိမ်း စား ငါး ပိ ဖြစ် လာ တယ် ။
    လပ် ဆပ် သော ငါး ကို ညက် နေ အောင် ကြိတ် ပြီး
    လေ လုံ ပြီး ( လေ အ ဝင် အ ထွက် မ ရှိ သော )
    သော င ပိ ဂို ဒေါင် တွင် အိတ် များ ကို
    စံ နစ် တ ကျ ထပ် စီ ထား ရ သည် ။
    ဂို ဒေါင် ဖွင့် လိုက် ပိတ် လိုက်
    အ ကြိမ် များ များ လုပ် ပါ က
    မျှင် င ပိ အ ရည် အ သွေး ကျ သည် ။
    တစ် ခါ ဂို ဒေါင် ဖွင့် တာ နဲ ့ အ ဆင့် မြင့် မျှင် ငါး ပိ ကို
    လေ လုံ ကော် ဘူး များ ဖြင့် ပြောင်း ထည် ့ ကာ
    ဈေး ကွက် သို ့ ပို ့ နိုင် မှ သင့် တော် သည် ။
    ငါး ပိ နယ် တုန်း အ ချိန် က ဖေါ် မ လင် ထည် ့ လျှင်
    အ ရာ မ ရောက် အ စွမ်း မ ထက် ရုံ သာ မ က
    စိမ်း စား င ပိ အ ရည် အ သွေး ကျ သွား မည် ။
    ကော် ဘူး သွတ် တော ့ မှ ဖေါ် မ လင် ထည် ့ ရ သည် ။
    = =
    = =
    အ ဆင့် နိမ် ့ မျှင် ငါး ပိ ဆို သည် မှာ
    ရောင်း မ ကုန် သော အ န္တ ရယ် ရှိ
    ဆား နယ် စဉ် ့ အိုး သွတ် ပြီး သား နှစ် ချို ့ အ ကျန်
    ငါး ပိ ကောင် အ ပုတ် အ သိုး တွေ ကို
    င ပိ ကြိတ် စက် ဖြင့် ကြိတ် ပြီး
    အိတ် သွတ် ထား ခြင်း ဖြစ် သည် ။
    = =
    = =
    ငံ ပြာ ရည် အ စစ် ဆို သည် မှာ
    အိတ် သွတ် ငါး အ ကောင် လိုက် ငါး ပိ နှင့်
    စက် ကြိတ် မျှင် ငါး ပိ များ ကို
    င ပိ ဂို ဒေါင် ထဲ တွင် အိတ် များ စီ တန်း
    ထပ် ထား စဉ် စီး ကျ လာ သော
    အ သေ ကောင် အ ပုတ် ရည် များ ကို
    ကွန် က ရစ် မြောင်း များ ဖြင့်
    တွယ် တန်း ခံ ယူ ရ ရှိ ထား သော အ ရည် ကို
    ငံ ပြာ ရည် အ စစ် ဟု ခေါ် သည် ။
    = =
    = =
    ငံ ပြာ ရည် အ တု ဆို သည် မှာ
    (1) အိမ် နီး ခြင်း ပြည် ပ နိုင် ငံ က လာ သော
    အ သား အ ည ှုီ အ ဟောက် အ နံ ့ မှုန် ့
    (2) အ ချို ့ မှုန် ့
    (3) အ ရောင် ဆိုး ဆေး
    (4) ဖေါ် မ လင်
    (5) ပွတ် ပွတ် ဆူ နေ သော ရေ နွေး ပူ
    လို အပ် သည် ။
    အေး သွား မှ ဖေါ် မ လင် ထည် ့ ပါ ။
    ငံ ပြာ ရည် အ ပျစ် ခ ရု ဆီ လုပ် လို သော်
    ပြစ် ချွဲ ဆေး ထပ် ပေါင်း ထည် ့ ပြီး
    အ သား အ ည ှုီ အ ဟောက် မှုန် ့
    % ထပ် တိုး ပေး ပါ ။
    = =
    = =
    မြစ် ဝ ကျွန်း ပေါ် နဲ ့ ပင် လယ် ဘက် က
    ငါး ပိ ဂို ဒေါင် တွေ ကို မြို ့ ပေါ် က
    ကုန် သည် တွေ လာ ချုပ် ဝယ် ကြ တယ် ။
    A အ ဖွဲ ့ က လာ ဝယ် ရင် A တံ ဆိပ် ။
    B အ ဖွဲ ့ က လာ ဝယ် ရင် B တံ ဆိပ် ဖြစ် သွား ရော ။
    သ ဘာ ဝ ငံ ပြာ ရည် အ စစ် ဆို တာ
    ဖေါ် စပ် စ ရာ လုံး ဝ မ လို ဘူး ။
    ငါး ပိ အိပ် တွေ ထဲ က စီး ကျ တဲ ့ အ ရည် ကို
    မြောင်း နဲ ့ ခံ ယူ ထား တာ ကို
    ငံ ပြာ ရည် ခေါ် ပါ တယ် ။ ။
    = =
    = =
    အ န္တ ရယ် ကင်း သော ငါး ရံ ့ ခြောက် ဆို သည် မှာ
    ယမ်း စိမ်း / ဇ ဝက် သာ မ သုံး သ ဖြင့်
    အ ရောင် က ငါး ရံ ့ အ စို အ သား ရောင် ထက်
    အ နည်း ငယ် ရင့် သွား ဖြူ ဖပ် ဖြူ ရော် အ ရောင် ရှိ သည်
    နေ လှမ်း ထား သော ကြောင့် ငါး ခြောက် အ ကောင်
    မ လှ မ ပ ဖြစ် ကာ တွန် ့ လိမ် ကောက် ကွေး နေ သည် ။
    သ ဘာ ဝ အိမ် သုံး ဆား ဆို ဒီ ယမ် က လို ရိုဒ် ပါ ၍
    ငါး ခြောက် အ သား ငံ ၏ ။
    ပိုး သတ် ဆေး မျိုး စုံ နှင့် ဖေါ် မ လင်
    မ သုတ် ထား သော ကြောင့်
    ရေ ငွေ ့ လေး နည်း နည်း ရိုက် မိ တာ နဲ ့
    မှို ကပ် သည် ။
    လေ သ လပ် ထဲ ထား လိုက် တာ နဲ ့
    ယင် ကောင် ပ ရွှတ် ဆိတ် ဝိုင်း အုံ လာ တယ်
    ည ဆို ရင် ပိုး ဟတ် အ ရမ်း ကိုက် တယ်
    ဒီ လို ငါး ခြောက် မျိုး ရန် ကုန် မ န္တ လေး က
    ငါး ခြောက် ကုန် သည် တွေ က သိ သည် ။
    သူ တို ့ အိမ် စား ဖို ့ လောက် ပဲ သီး သန် ့
    တ ကူး တ က အော် ဒါ မှာ ယူ စား တယ် ။
    သူ တို ့ ဆိုင် မှာ ကြ တော ့ အ ရောင် အ သွေး
    စို ပြေ ပြီး ပိုး မ ထိုး နိုင် တဲ ့ Danger ငါး ခြောက် မျိုး
    ပြန် ရောင်း စား ကြ တယ် ။
    လူ တွေ က အ န္တ ရယ် ရှိ အ သား ခြောက် တွေ စား ပြီး
    ကင် ဆာ ဖြစ် ကုန် ကြ တယ် ။
    = =
    = =
    ငါး ရံ ့ ခြောက် ခွဲ ရာ တွင်
    ဆား အ လွန် နည်း ပါ က ငါး ခြောက် အ သား အူ သွား ၍
    ပြန် ရောင်း လျင် စား မ ကောင်း သော ကြောင့်
    ဈေး သည် နာ မည် ပျက် ၏
    အူ သည် ဆို သည် မှာ ပုတ် ပွ နေ သော အ သား ကို
    နေ ပြန် လှမ်း ထား သည် ဟု သ ဘော ပေါက် နိုင် တယ်
    ဒါ ကြောင့် အိမ် သုံး ဆား အစား ထိုး ဇ ဝက် သာ
    များ များ ဆွတ် နယ် ပေး ပြီး နေ လှမ်း မှ
    ဆား ပေါ ့ သွား ပြီး ဆ ပေါ ့ ခြောက် ရ တယ် ။
    အ ရောင် လှ အောင် အ ရောင် စို ရွှဲ ရဲ နေ အောင်
    ယမ်း စိမ်း များ များ ပွတ် ပြီး နေ လှမ်း / ကြပ် တင် ရ သည် ။
    အ ရောင် လည်း လှ ဆား လည်း ပေါ ့
    အ ကောင် လည်း ကြီး တွန် ့ လိမ် ကောက် ကွေး ခြင်း မ ရှိ ပဲ
    ခပ် ပြန် ့ ပြန် ့ အ ကောင် လှ ပါ မှ ရောင်း ပန်း လှ ကာ
    ဈေး ကောင်း ရ အ မြတ် ကြီး မယ် ။ ။
    = =
    = =
    ရောင်း ပန်း ငါး ခြောက် နဲ ့ ပု ဇွန် ခြောက် ဆို တာ
    မှို သတ် ဆေး / ပိုး သတ် ဆေး ပါ မှ သာ
    ဈေး ဆိုင် ထဲ မှာ ကြာ ကြာ အ ထား ခံ တယ် ။ ။
    = =
    = =
    ဆန် အိတ် တွေ ဆို ရင် လည်း ဆန် ဂို ဒေါင် မှာ
    စ အိပ် သွတ် ဂို ဒေါင် စ သွင်း က တည်း က
    အင် ဒ ရင်း အ ဖြူ မှုန် ့
    ခွေး လေ ခွေး လွှင့် သတ် ဆေး တွေ
    နည်း နည်း ထည် ့ မွှေ ပေး မှ
    ဆန် အိတ် ပိုး မ ထိုး မှာ ။
    အဲ ဒီ လို မ လုပ် ရင် ဆန် ပိုး ထိုး လို ့
    ဆန် ကုန် သည် တွေ အ ရင်း ပြုတ် ရော ဗျာ
    ဆန် ဆေး ရည် သောက် ဖို ့ မ ကြိုး စား ပါ နဲ ့ ။
    ဆန် ကို ရေ သုံး လေး ထပ် ဆေး ပြီး မှ
    ထ မင်း အိုး တည် ပါ ။ ချက် ပြုပ် ပါ ။ ။
    = =
    = =
    ” ” ပု ဇွန် ချဉ် ” ”
    ဦး လေး တို ့ ဇာ တိ ဒေ သ ထွက်
    ” ” ငါး ရံ ့ ခြောက် နဲ ့ ပု ဇွန် ချဉ် ” ”
    က အ ရမ်း နာ မည် ကြီး တယ် ။
    ခေတ် အ ဆက် ဆက် က လူ ကြီး တွေ
    ဦး လေး တို ့ ဒေ သ ထွက် ပု ဇွန် ချဉ် တွေ စား ပြီး
    ကင် ဆာ ဖြစ် ပြီး အ သု ဘ လိုက် ပို ့ ရ တာ မ နည်း ဘူး ။
    ဗိုလ် ချုပ် ကြီး တွေ လည်း ဒါ တွေ စား ပြီး
    မာ လ ကီး ယား ကုန် ခဲ ့ တယ် ။
    ပု ဇွန် ချဉ် ကောင်း ကောင်း စား ချင် ရင် နည်း လမ်း ပေး လိုက် မယ်
    လတ် ဆပ် တဲ ့ ပု ဇွန် ကို အ ခွံ ခွါ ပြီး
    ရှောက် ရည် သို ့ မ ဟုတ် သံ ပု ရာ ရည် ခပ် များ များ ဖြင့်
    နယ် ဖတ် ပြီး ၃ဝ မိ နစ် ခန် ့ အ ဖုံး ဖုံး ပြီး နှပ် ထား ပါ ။
    အဲ ဒါ အ န္တ ရယ် ကင်း တဲ ့ ပု ဇွန် ချဉ် လုပ် နည်း ပဲ ကွဲ ့ ။ ။
    = =
    = =
    စိုက် ပျိုး ရေး မွေး မြူ ရေး လုပ် ငန်း တွေ က ထွက် တဲ ့
    ပြည် တွင်း စား သောက် ကုန် ( တ ချို ့ တ လေ ) တွေ မှာ
    ဓာ တု ဗေ ဒ နှင့် ပိုး သတ် ဆေး
    ဓါတ် / ဓါတ် ကြွင်း တွေ ပါ နေ တယ် ဆို တာ
    1970 ခု နှစ် က တည်း က စ ရှိ ခဲ ့ ပါ တယ် ။
    ကျွန် တော် က ကျေး လက် ဒေ သ မှာ မွေး ပြီး
    ကိုယ် ့ မျက် စေ ့ အောက် မှာ လုပ် နေ ကိုင် နေ တာ တွေ ကို
    မြင် နေ တွေ ့ နေ ရ လို ့
    အ ခု လို သိ ရ တာ ပါ ။
    ကျွန် တော ့ လို သိ တဲ ့ တော သား တွေ
    ကျေး လက် မှာ တ ပုံ တ ခေါင်း ကြီး ရှိ ပါ တယ် ။
    သူ တို ့ က လူ အ များ နား လည် အောင်
    ပြန် မ ပြော ပြ တတ် မ ရှင်း ပြ တတ် တာ လဲ ပါ မယ် ။
    ဟို တုန်း က သ တင်း နဲ ့ မီ ဒီ ယာ မ ထွန်း ကား တော ့
    လက် ဆင့် ကမ်း ဖို ့ ခက် တယ် ။ ။
    = =
    = =
    ကျွန် တော် ဧ ရာ ဝ တီ တိုင်း သား ပါ ။
    ကျေး ဇူး တင် ပါ သည် ။
    = =
    = =
    = = = = = =
    . .

    • kai

      June 6, 2015 at 9:31 am

      အောင်မြလေး.. သေဘီဆြာ..။
      ယူအက်စ်မှာရောင်းတဲ့.. သူများနိုင်ငံက..ပုဇွန်ခြောက်တွေကို.. ဗမာပြည်ကဟာတွေလောက် အရသာမရှိဘူးဆိုတဲ့.. အိမ်ကလေဒီကိုပြရမယ်…

      • Ma Ma

        June 6, 2015 at 11:21 am

        မစားပဲ နေနိုင်ရင်တော့ ကောင်းသားပဲ။ 🙁

        သူတို့ပြောတာတွေက အဆိုးမြင်လွန်းတယ်လို့ ပြောချင်တယ်။

        ငါးပုစွန် အပုပ်အညံ့နဲ့လုပ်ရင် အခြောက်မှာ အမြင်ဘယ်လောက်လှလှ အနံ့မကောင်းတတ်ဘူး။
        အနံ့က ညာလို့မရဘူး။

        ငါးခြောက် ပုစွန်ခြောက် သဘာဝအတိုင်းကောင်းတာကို ခွဲခြားတတ်အောင် နားလည်ဖို့တော့ လိုတာပေ့ါ။

        စားသောက်ကုန် အဝတ်အထည် အသုံးအဆောင်ပစ္စည်း ဘယ်နေရာမှာမဆို နားမလည်ရင် အလိမ်အညာအတု မိမှာပဲ။

        • kai

          June 6, 2015 at 11:51 am

          အမတော်ပြောတာလွှတ်ယုံသဗျို့..
          လက်ဆောင်ပေးလိုက်တဲ့..အစားအသောက်တွေကစားကောင်းတာနဲ့.. ။
          စားပြီးလည်း ဘာမှမဖြစ်..။ :k:

  • kai

    January 9, 2016 at 6:23 pm

    လမ်းနံဘေးရောင်းချသည့် တုတ်ထိုးဆိုင်များ၌ အသုံးပြုသော ငရုတ်သီးအချဉ်ရည်များတွင် အူရောင်ငန်းဖျားရောဂါ အပါအဝင် သွေးဝမ်းသွားခြင်းကို ဖြစ်စေသည့် ဆယ်မိုနဲလားပိုး တွေ့ရှိဟုဆို

    လမ်းနံဘေးတွင် ရောင်းချသည့် တုတ်ထိုးဆိုင်များနှင့် အခြားအစားအစာဆိုင်များတွင် အသုံးပြုသော ရောစပ်ထားသည့် ငရုတ်သီးအချဉ်ရည်များတွင် အူရောင်ငန်းဖျား၊ သွေးဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်ခန္ဓာ နာကျင်ခြင်းများကို ဖြစ်စေသည့် ဆယ်မိုနဲလားပိုး (Salmonella) ပါဝင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆေးသုတေသဦးစီးဌာန၊ ဇီဝအဆိပ်ဗေဒသုတေသနဌာနခွဲမှ သုတေသီများမှ စမ်းသပ် စစ်ဆေးထားမှုများအရ သိရသည်။
    leven Media Group
    January 7 at 5:00pm ·

    ဗက်တီးရီးယားပိုးများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဆယ်မိုနဲလားပိုးသည် ဂရမ်ဆိုးဆေးအရောင် ပန်းရောင်ရှိပြီး စပိုးပုံစံဖြင့် မတွေ့ရဘဲ ရွေ့လျားနိုင်သည့် အချောင်းပုံစံဖြင့် အောက်ဆီဂျင်မရှိသော နေရာများတွင် ပေါက်ပွားနိုင်စွမ်းရှိကြောင်း၊ ယင်းပိုးသည် Enterobacteriaceae အုပ်စုတွင် ပါဝင်ကာ အများအားဖြင့် တိရစ္ဆာန်များတွင် တွေ့ရှိရကြောင်းနှင့် အဆိုပါပိုးအများဆုံးတွေ့ရှိရသည့် အစားအစာများမှာ ဥနှင့် ဥဖြင့် ပြုလုပ်ထားသော အစားအစာများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားစိမ်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆိုးဆေးသုံးထားသည့် အစားအစာများနှင့် အရောင်ရှိသည့် အအစားအစာများတွင် ပါဝင်နိုင်ကြောင်း သိရသည်။

    • ဝင့်ပြုံးမြင့်

      January 10, 2016 at 5:49 pm

      .သဂျီးရေ ကျမသားလည်း ထူးထူးဆန်းဆန်း ရောဂါဖြစ်တယ်။ အဖျားမတက်ဘဲ တနေကုန်ဝမ်းသွားပြီး တညလုံးအန်တာ။ အဲဒါ ရောဂါပိုးအသစ်တဲ့။ ဆေးရုံမှာ တစ်ပြုံကြီးတဲ့။ ဒါတောင် ကျမက အပြင်စာ လုံးဝမစားတာ။ ခလေးကိုလည်း ဒူးမက် နို့မှုန့် တစ်မျိုးထဲ အဓိက ကျွေးတာ။ အဲဒါ ကျမလည်း အခု ဘီပိုးတွေ့ပြီ။ ဘယ်က ဘယ်လိုကူးလဲ မစဉ်းစားတတ်ဘူး။ အပြင်စာ လုံးဝမစားဘဲ ဘယ်လိုကူးသွားလဲ မသိဘူး။

      • kai

        January 10, 2016 at 5:57 pm

        ဘီပိုးက.. အစားအသောက်ကကူးတာထက်.. ထိရှနာတို့ဆီကကူးတာများပါတယ်..။
        သေချာပိုးမသတ်ထားတဲ့..သွားဆေးခန်းသွားတာကနေ.. တော်တော်ကူးကြမယ်ထင်တာပဲ..။

        အစားအသောက်ကနေကူးတာက.. အေပိုးထင်တယ်..။
        ခုလောလောဆယ်တော့.. စီပိုးကို သတ်လို့ရသွားပြီ..။ ပျောက်ဆေးပေါ်ပြီ..။
        ဘီက.. ကာကွယ်ဆေးရှိတယ်..။ မထိုးထားလို့ကူးရင်တော့.. ခံပေလေဦး..။
        သိပ်မကြာခင်တော့.. ပျောက်ဆေးတွေ့မှာပါ..။

        Possible cure for hepatitis B that is 100% successful being …
        http://www.ibtimes.co.uk › Science › Health
        International Business Times
        Apr 21, 2015 – A potential cure for hepatitis B has been discovered by scientists in Australia, with the treatment proving to be 100% successful at eliminating …

  • ဝင့်ပြုံးမြင့်

    January 10, 2016 at 11:49 pm

    .တော်ပါသေးရဲ့နော်။ သတင်းလေးကြားရတာ စိတ်ချမ်းသာစရာ။ ၁၀၀% တဲ့။

Leave a Reply