သုံးလကို ရွှေအောင်စ ငါးသောင်းထုတ်ရမယ်။

phone_kyawJuly 12, 20121min14210

သုံးလကို ရွှေအောင်စ ငါးသောင်းထုတ်ရမယ်။

တစ်အောင်စပေါက်ဈေးက ဒေါ်လာ ၁၆ဝဝ နီးပါးရှိတယ်။

ကုန်ကျစရိတ်က တစ်အောင်စကို ရှစ်ရာလောက်ကျတယ်။ ဆိုတော့ အမြတ်က ရှစ်ရာရတယ်။ ရွှေအောင်စ ငါးသောင်းကို ရှစ်ရာနဲ ့မျှောက်ကြည့်ပါ။

ငါးသောင်းထက်ကျော်ရင် ဘိုးနပ်စ်ရမယ်။ နည်းရင် မရဘူး။ အရင်သုံးလကလည်း မရဘူး။ ဒီလလည်း မရဘူး။ သတ်မှတ်ထားတဲ့ ငါးသောင်းထက် ပိုနည်းလို ့ပါ။ မြေအောက်မှာ လူသုံးယောက်ဒါဏ်ရာရတယ်။ ရွှေကျိူတဲ့ ဌာနက လူတစ်ယောက် ဘီဒိုပိတာ ခြေထောက်ကျိူးတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတော့ ဒီသုံးလအတွင်းမရှိဘူး။

အပြောင်းအလဲလုပ်စရာရှိတယ်။ ဝန်ထမ်းတွေထွက်တာများတယ်။ ဒါတွေကို ပြန်ပြီစီမံခန် ့ခွဲရမယ်။

ဒီသုံးလအတွင်းမှာ ရွှေထွက်နည်းလို ့တောင်အာဖရိကမှာနေတဲ့စီအီးအိုက ဘာ့ကြောင့်လဲဆိုပြီးမေးတယ်။ ရွှေထွက်နည်းတာ ခြောက်လတောင်ရှိပြီ။ ကုန်ဈေးနည်းနဲ ့ရွှေပါဝင်နှုံးကြောင့်  နည်းနည်းတော်သေးတယ်။ နောက်သုံးလအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်။

ဒါကတော့ ယနေ ့အစည်းအဝေးမှာ မိုင်းမန်နေဂျာပြောတဲ့  စကားပါ။

စကားမစပ်…..မြန်မာအစိုးရက လိမ်လည်စားတဲ့လူတွေကြတော့ ဗီဇာပေးတယ်။ ကျနော့်လို ကိုယ့်ထမင်းကိုယ်ရှာစားတဲ့လူတွေကျတော့ တွန် ့တိုနေတယ်။ ငါ-ိုးမသားအစိုးရ။

10 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 12, 2012 at 9:39 am

    ကိုယ်တူးတဲ့နေရာမှာ ရွှေမှမရှိတာကိုရွှေဘဲအတင်းထွက်ခိုင်းနေတယ်
    တော်တော်ဟုတ်တဲ့လူတွေ စစ်အစိုးရလိုဘဲ
    ဘယ့်နှယ်ကြောင့် ကျုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ကို ဆဲရေးတိုင်းထွားနေရတာလည်း
    ဩစတေးလျှနိုင်ငံသားတစ်ယောက်က ကျုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရကို ဆဲရေးတိုင်းထွာတာကို
    ပြည်ထောင်စုမြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ကျုပ်က ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ် 👿

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 12, 2012 at 9:41 am

      ဒါနဲ့စကားမစပ် အဲ့သည်အာဖရိကမှနေတဲ့ စီအီးအို ဆိုတာ
      လူလား ဘာလား ကျားလား မလား
      အဲ့ဒါကြီးကို မြှောက်ပေးကြည့်ပါလား
      ဗမာပြည်မှာလာတူးလို့

  • မောင်ပေ

    July 12, 2012 at 9:44 am

    ခေတ်ကောင်းလို့ယောင်တောင်ပေါင်တောင်နဲ့ ပြန်လာရင်
    လေဆိပ်ကအထွက် ကားပြာတန်းစီးရမှာ သေချာပါတယ်

  • Phaung Phaung

    July 12, 2012 at 10:35 am

    အမ်… ဘာဖြစ်လို့ဆဲတာလဲ.. မသိလို့ပါ… ကိုဖုန်းကျော်ကြီးကမြန်မာပြည်ကို ပြန်လာချင်တာလား…
    ဘာကြောင့် ဗီဇာမပေးတာလည်းဆိုတာ ရှင်းပါဦး … နားမလည်လို့

  • laypai

    July 12, 2012 at 11:09 am

    လူတွေ တန်ဖိုးထားသည့်
    ရွှေကို ငါသိ၊
    အိမ်မှာ လာ ကြည့်
    မူးလို့ ရှူစရာ မရှိ။

  • kai

    July 12, 2012 at 11:37 am

    …ခုလက်ရှိအစိုးရနဲ့.. အေဘီနဲ့ညှိပြီးမှ… အေဘီတပ်မတော်သားဟောင်း/လက်ရှိတွေ ပြည်တော်ပြန်ကိစ္စ.. စဉ်းစားမယ်လို့ထင်တယ်.

    ကိုရင့်ကိစ္စက… ပါစင်နယ်ဟုတ်ဟန်မတူပါ..။
    ခုလည်း.. ညှိနေကြတယ်သတင်းတွေထဲတွေ့တာပဲ..။
    ဘယ်အဆင့်ရောက်နေကြသလည်းတော့မသိ..

    လောလောဆယ်တော့.. သမ္မတအကြံပေးထဲ.. ကျောင်းသားတပ်မတော်သားဟောင်းတယောက်.. ပါနေတာတွေ့တယ်..
    ဒီကိစ္စတွေအတွက်.. သူ့မှာ တာဝန်ရှိပါတယ်..။

    ပြောရရင်.. အေဘီတပ်မတော်ထဲကသူတွေကို.. ယူအက်စ်ကလည်း.. နိုင်ငံသား/အစိမ်းကဒ်မပေးပဲ.. အကြာကြီး. ပိတ်ထားဖူးတယ်လေ…
    အဲဒါမျိုး…

  • etone

    July 12, 2012 at 11:50 am

    ကိုဘုန်းကျော်ရယ် …
    ကြားရတာနဲ့တင် သွားရေကျစရာကြီး …. ရွှေအောင်စ ငါးသောင်းဆိုလို့ပါ ….. ။
    သဘာဝက ရတဲ့ အဖိုးတန် ပစ္စည်းတွေက တားဂတ်ထားပြီး ဘယ်လောက်ထုတ်ပါ ၊ ဘယ်လောက်ထွက်ရမယ်လို့ လုပ်လို့ ရရိုးလားတော် … ။

    ဗီဆာလိုချင်လျှင် … အထုတ်လိုက် အထည်လိုက် လှူမယ်လို့ အော်ပြီးသာ ဝင်လာလိုက် … ၊ ဟို အဖွဲ့စည်းအချို့လိုပေါ့ … အဟိဟိ … 😆

  • Wow

    July 12, 2012 at 11:51 am

    ဒဂျီးက ဘုန်းကျော်ကို ဖြောင်းဖြဖို့ Never give up! ပဲနော်…. ဟီး….
    ဒဂျီးနဲ့ ဘုန်းကျော်က ဝုတ်ထုရေးဖို့ဆို Character တအားမှန်တဲ့ ဇတ်ကောင်တွေလိုပဲ။ ပေးရေးမှာလား… ခွင့်တောင်းတယ်နော်… လူဂျီးဒွေ….

  • P chogyi

    July 12, 2012 at 1:14 pm

    အကောင်းပြော(ရေး)နေရင်းက
    ဘယ်လိုဖြစ်ပြီး ချက်ချင်းထပေါက်ကွဲသွားတာလဲ
    တား တား ကြောက်သွားပြီ

  • လူ ဟား

    July 12, 2012 at 1:51 pm

    ပြန်လာချင်တာလား…. အလွယ်လေး… ထွက်သွားတုန်းက ဘယ်ကနေ ထွက်လဲ.. အဲဒီကနေ ပြန်ဝင်..မှတ်ပုံတင် အသစ်ပြန်လုပ်…နှုတ်ကို စောင့်စည်း… အေးဆေး ကလေးမွေးပေါ့…

Leave a Reply