MG မှာပိုစ့်တွေရေးသားနေကြသော ရွာသူရွာသားအပေါင်းတို့ မိမိရေးသားတင်နေကြတဲ့ ပိုစ့်အားလုံး အတွက် စာဖတ်ပရိတ်သတ်အမြဲရှိနေတယ်ဆိုတာ ကျွန်တော်ယုံကြည်စွာပြောရဲပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်စာဘဲရေးရေး  မြင်နိုင်တဲ့နေရာ၊ ဖတ်လို့ရတဲ့နေရာမှာ ထားထားလိုက်ပြီ ဆိုတာနဲ့စာဖတ်ပရိတ်သတ်ဆိုတာ ရှိကိုရှိပါတယ်။ ဖတ်ရှုသွားတဲ့ စာဖတ်ပရိတ်သတ်အနည်း အများသာကွာခြားပေမယ့် စာဖတ်ပရိတ်သတ် တစ်ယောက်ဘဲ ရှိတယ်ဆိုရင်တောင် အဲဒီတစ်ယောက်ကို အလေးထားပြီးရေး ရပါလိမ့်မယ်။

ဥပမာ – တစ်ယောက်ထဲရှိတဲ့ စာဖတ်ပရိတ်သတ်မျိုးစဉ်းစားရအောင် – ကောင်လေးတစ်ယောက်က သူကြိုက်နှစ်သက် နေတဲ့ ကောင်မလေး တစ်ယောက်ကို ချစ်ကြောင်းကြိုက်ကြောင်း ဖွဲ့နွဲ့ထားတဲ့ ရည်းစားစာရေး ပြီးပေးမယ်ဆိုပါဆို့၊ အဲဒီကောင်ကလေးရဲ့ရည်းစားစာကိုဖတ်စေမယ့် ကောင်မလေးကို အလေးထားတဲ့အသုံးအနှုန်းလေး တွေနဲ့ရေးမလား စော်စော်ကားကား ရေးမလား စဉ်စားကြည့်ပါ ဘယ်လို ရေးသင့်လည်းဆိုတာကို။

ရေးသားထားတဲ့စာတိုင်းမှာ စာဖတ်ပရိတ်သတ်ဆိုတာရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်စာကိုဖတ်မယ့် ပရိတ်သတ်ကို ဘယ်လိုခံစားမှု့တွေ သုတ၊ရသတွေ ဖြစ်စေချင်တာလ၊ဲ ကိုယ့်စာကိုဖတ်ပြီး ဘယ်လိုတုန့်ပြန် စေချင်တာလဲ ဒါရေးသားမတင်ပြခင်စဉ်စားရမယ့် အချက်ပါဘဲ။ ကိုယ့်စာကိုဖတ်ပြီး တဖက်လူ ငြိမ်းချမ်းရမယ်လို့မဆိုလိုပါဘူး၊ ခံစားမှု့ဆိုတာအမျိုးဖြစ်စေနိုင်ပါတယ် စာဖတ်ပရိတ် သတ်အနေနဲ့ ဘယ်လိုမျိုးခံစာစေချင်တာလဲ ပေါ်ဘဲမူတည်မှာပါ။ စာဖတ်ပရိတ်သတ်ကို လွမ်းသွား စေချင်တာလား၊ ရယ်မောစေချင်တာလား ဒေါသဖြစ်သွားစေချင်တာလား သနားသွားစေချင်တာ အသိပေးတဲ့သတင်း သဘောမျိုးဘဲ အသိပေးစေချင်တာလား ကိုယ်ခံစားမှု့ကိုမျှဝေစေချင်တာလား ဆိုလိုတာက သနားစေချင်အောင်ရေးရမယ့်နေရာမှာ ဒေါသဖြစ်အောင်အမြင်ကပ်အောင်ရေးမိရင် ဘယ်လို ဖြစ်မလဲ ဒီလိုမျိုးတွေးပြီးရေးကြစေချင်တာပါ။

ဥပမာ – ပိုက်ဆံတောင်းတဲ့သူတောင်းစား တယောက်က စကားမပြောတတ်တော့ စာရေးပြီး သူရဲ့ရှေ့မှာ ပိုက်ဆံထဲ့ဖို့ခွက်တစ်လုံးချတယ်၊ အဲဒီခွက်တစ်လုံးရှေ့မှာ စာရေးထားတဲ့ ကဒ်ထူလေး ထောင်ပြီး လူအသွားလာများတဲ့နေရာမှာ ပိုက်ဆံ တောင်းတယ်ဆိုပါဆို့။ သူရေးထားတာ အကိုကြီးတို့၊အမကြီးတို့ရယ် ကျွန်တော် စကားမပြောနိုင်လို့ဆွံအနေတဲ့ ဒုက္ခိတမို့ ပိုက်ဆံလေး သနားခဲ့ကြပါခင်ဗျာ။ သူစာကိုဖတ်ဖြစ်တဲ့စာဖတ်တဲ့သူတွေ ဘယ်လိုဖြစ်မလဲ သနားတဲ့ သူတွေက ပိုက်ဆံလှုသွားကြမှာမဟုတ်လား၊ အဲဒီနေရာမှာ ဒီလိုပြောင်းရေးပြီး ပိုက်ဆံတောင်းမယ် ဆိုရင်ကော- ဟေ့လူတွေ ဒီမှာဒုက္ခိတတစ်ယောက်ထိုင်နေတာ ပိုက်ဆံထဲ့သွားလေဗျာ။ ဒီလိုဆိုရင် စာဖတ်ပရိတ်သတ်ရေ ပိုက်ဆံလှုဖို့နေနေတာတာ စိတ်ထဲက သူတောင်းစားကများ—–။ဖြစ်နိုင်ချေ မရှိနိုင်ဘူးလား။

နောက်ဥပမာတစ်ခုက – ၀န်ထမ်းအလုပ်ခေါ်စာတွေ သတင်းစာထဲမှာထဲ့ကြတာဖတ်ဖူးမှာပါ။ အဲဒီခေါ်စာမှာ ၀န်ထမ်းအလိုရှိသည် အသက်အရွယ်ကဘယ်လောက် ပညာအရည်အချင်းကဘယ်လို ဘာလုပ်တတ်ရမယ် ဘာတွေကျွမ်းကျင်ရမယ် စသည်ဖြင့်ရေးပြီး စိတ်ဝင်စားသူက ဘယ်လိပ်စာကို ဆက်သွယ်ရမယ်ပေါ့။ အလုပ်ရှာနေတဲ့ စာဖတ်ပရိတ်သတ်က ဖတ်ပြီးလို့ စိတ်ဝင်စားရင်အဲဒီလိပ်စာ အတိုင်းသွားမှာပေါ့။အဲလိုမဟုတ်ဘဲ ဒီလိုရေးပြီးဝန်ထမ်းခေါ်ကြည့်မယ်ဆိုရင် စာဖတ်ပရိတ်သတ် ဘယ်လိုတုန့်ပြန်မယ်ထင်လဲ ဖတ်ကြည့်ရအောင် – အလုပ်လုပ်ဖို့လူအလိုရှိသည် အသက် ၂၀ မှ ၃၀ ကြား၊ ဘွဲ့ရပြီး အတွေ့အကြုံရှိရမည်၊ စိတ်ဝင်စားတဲ့ လူ ငါ့ရုံးကိုဆက်သွယ်ပါ။ ရုံးလိပ်စာက——-။ ဒါမျိုးကြော်ငြာခဲ့ရင် အဲဒီအလုပ်ရှင် ၀န်ထမ်းကောင်းရနိုင်သလားစဉ်းစာကြည့်ပါ။

တစ်ခါကကျွန်တော် စာတစ်ပုဒ်ရေးဖြစ်တယ် အဲဒီစာရေးတုံးကတော့ ကျွန်တော်အနေနဲ့ အပျော်အပြက် သဘောမျိုးရေးလိုက်တာ ဒါပေမယ့်စာဖတ်တဲ့သူထဲက ကျွန်တော်ကိုအဲလို နောက်တောက်တောက် စာတွေရေးရမလားဆိုပြီး ဝေဖန်လာတာသိရတော့ ကျွန်တော်အားနာ သွားမိတယ်စာဖတ်ပရိတ် အပေါ်အလေးမထားဘဲရေးလိုက်မိပါလားဆိုပြီးတော့ စိတ်ထဲက အဲဒီစာဖတ်ပရိတ်သတ်ကို တောင်းပန်မိသွားတယ်။ ကွယ်လွန်သွားတဲ့ စာရေးဆရာဦးသုမောင်နဲ့ လ္ဘက်ရည်ဆိုင်မှာတခါထိုင်ဖြစ်တုန်းက စကားစမည်ပြောရင်းနဲ့ စာဖတ်ပရိတ်သတ်နဲ့ပါက်သက်ပြီး သူပြောတာလေးကိုသတိရမိတယ် ကိုယ်စာတစ်ခုရေးပြီးတိုင်း စာဖတ်ပရိတ်သတ်ရှိတယ်တဲ့၊ ကိုယ့်လူစဉ်းစားကြည့်လေ ကိုယ်စာရေးပြီးရင် ဘယ်သူဖတ်လဲ ကိုယ်ဖာသာပြန်မဖတ်ဘူးလား၊ ဒါဆိုအဲဒီစာအတွက် စာဖတ်ပရိတ်သတ် ရှိသွားပြီပေါ့တဲ့။ အဲဒီမှာ ကိုယ့်ရေးတဲ့စာက စာဖတ်သူကို မလေးမစားရေးထားရင် ကိုယ့်ကို ကိုယ်လည်း မလေးစားတဲ့သဘောတဲ့။ အဲဒီတုံးကတော့ ဒီလိုဘဲစကားဝိုင်းမှာနားထောင်လိုက်တာ အခုမှသူပြောတာတန်ဖိုးရှိတဲ့စကားပါလားလို့ သိလာတာပါ။

ဒါကြောင့် ပိုစ့်တွေ၊ ကွန့်မန့်တွေရေးကြမယ်ဆိုရင် ဖတ်ရှုကြမယ့် စာဖိတ်ပရိတ်သတ်ဆိုတာရှိနေမှာ ဖြစ်ပြီး စာဖတ်ပရိတ်သတ်ကို အလေးထားပြီးရေးကြမယ်ဆိုရင်ဖြင့်————။

ဖတ်ရှုသူအပေါင်းကျေးဇူးပါ။

 

 

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..