နတ်သမီးအတွက်

 

မိုင်တွေ……..မိုင်တွေ

ငါတို့ကြားမှာ

မိုင်တွေ..ဝေးကြရပေါ့ ခ လေးရေ…….။

ထိမ်းထိမ်းသိမ်းသိမ်းလေး………

ငါ့မှာကြေကွဲနေရ

သိုသိုသိပ်သိပ်လေး………..

ငါ့မှာနာကျင်နေရ

ငါတို့တွေခြားနားခဲ့ကြရတယ်…။

အချစ်ဆိုတာ လိုက်ရင် ပြေးတယ်

အချစ်ဆိုတာ ပြေးရင် လိုက်တယ်

ငါ့  ကိုမချစ်လို့များ

ထွက်ပြေးနေရော့……….

လွမ်းနေတာတွေရေးချလိုက်ဖို့

ဒီကဗျာကို စတင်ခဲ့တယ်။

မင်း  မဖတ်ပေမယ့်

ဒီကဗျာကို ငါ ရေးစပ်တယ်…….

စောင့်မျှော်ခြင်းတွေသာ

မီးကျွမ်းလု……။

လည်ပင်းထိအောင် ဝါးမျိုထားတဲ့

ငါ့ ရဲ့ အလွမ်းနဲ့

အအိပ်ပျပ်ပြီး ကျွံကျနေတဲ့

ငါ့ ရဲ့ မျက်တွင်းတစ်စုံဟာ

ဆိုက်ရောက်မလာတဲ့

မီးရထားတစ်စင်းကို

ရပ်ပြီးစောင့်နေမိတဲ့

သူရူးတစ်ယောက်လို

နာရီတွေ အတိုင်းသား

ငေးမောကြည့်နေရ

ဟောဒီ သတင်းခေတ်ကြီးထဲမှာ

ငါ တို့ ဝေးနေကြရတာ အံ့ဩစရာ

ငါတို့နှစ်ယောက်ကြားမှာမှ

ကမ ္ဘာကြီးက  လာခြားနား

အရပ်ရှစ်မျက်နှာ

ဆက်သွယ်ရေးကွန်ယက်တွေကြား

ငါ့ရဲ့အလွမ်းကို

ဆိုမြည် တမ်းတလိုက်ဖို့

ဖုန်းနံပါတ်ကလေး

တစ်ခုတစ်လေ

ဘာကြောင့်များ

မရှိခဲ့ရတာလဲနော်………….

 အရမ်းလွမ်းနေပါတယ်…….ဆိုတာ သူ သိစေချင်လိုက်ပါဘိ ……….

ခင်တဲ့  

အရင့်ရောင်

 

14 comments

  • မမ အညာသူ

    July 12, 2012 at 11:47 am

    အချစ်ဆိုတာပြေးရင်လိုက်တယ်
    လိုက်ရင်ပြေးတယ်
    အချစ်ရဲ့နောက်ကိုပြေးလိုက်မနေပါနှင့်ရပ်စောင့်နေလိုက်ပါ
    အချစ်တွေသင့်ဆီကိုတစ်နေ့ပြန်ရောက်လာမှာပေါ့

  • အရင့်ရောင်

    July 12, 2012 at 11:51 am

    မမအညာသူ ဟြေသိုပဲ ရပ်ပြီးစောင့်နေတော့မယ်နော်
    သန့်ကျူး…….နော်

  • မောင်ပေ

    July 12, 2012 at 1:03 pm

    နတ်သမီးအတွက်
    အထက်ခရီးဆက်
    ဝက်အမြီးဖြတ်
    ငါးဘက်ကြီးချက်

    • Wow

      July 12, 2012 at 1:55 pm

      အော် ငါးဘတ် … ငါးဘတ်… အဲလေ…. နတ်သမီး… နတ်သမီး… 😀

  • snow white

    July 12, 2012 at 1:08 pm

    ဖုန်းနံပတ်လေး တစ်ခုတော့ ရှိမှာပါ သူအလုပ်ဖုန်းနံပတ်လေးတောင်းထားလိုက်ပေါ့
    ကဗျာလေး ကဖတ်ရတာ လွမ်း သလိုခံစားရတယ် ဖတ်ပြီးတော့ သူကိုတောင်သတိရလာပြီ။။။

    • အရင့်ရောင်

      July 12, 2012 at 2:35 pm

      မိစနိုး သူ့ဘာသူ သတိရတာ ဟြေချင်တိုင်း
      ဟွန်းးးးးးးးးးးးး
      သိတယ်နော်
      ဟီဟိ

  • ခပ်မိုက်မိုက် ကောင်မလေး

    July 12, 2012 at 1:11 pm

    တစ်နေ ့နေ ့တော့…
    ရောက်လာမှာပါ…
    ချစ်ပါလို့ပြောတိုင်းလည်း မရသလို…
    မချစ်ပါနဲ ့လို့ ပြောတိုင်းလည်း တားဆီးလို့မရပါဘူး…
    ကိုယ့်ကို မချစ်လို့ ထွက်ပြေးနေသူကို တမ်းတမ်းတတ နဲ့မချစ်ပါနဲ့…
    အချစ်က ပေးတိုင်းလည်း မရ…
    ယူချင်တိုင်းလည်း ပေးလို့မရဘူးလေ…
    နားလည်ရခက်တဲ့ အချစ်ပုစ္ဆာတွေ ရေတွက်မနေပါနဲ့…
    သင့်အတွက် အကောင်းဆုံးဆိုတာ ရောက်လာဦးမှာပါ…။

  • မြတ်ကျော်သူ

    July 12, 2012 at 1:40 pm

    ခင်တဲ့ အရင့်ရောင်….တဲ့…
    တစ်ယောက်ယောက်ကိုများ ရင်ဖွင့်ထားသလားကွယ်…..

  • shwe kyi

    July 12, 2012 at 2:14 pm

    မင်း မဖတ်ပေမယ့်
    ဒီကဗျာကို ငါ ရေးစပ်တယ်…….။
    ဂွတ်လိုက်လေ ကိုအရင့်ရယ်။ ကောင်းလေစွ ကောင်းလေစွ။
    ကိုအရင့်ဘယ်သူ့ကိုဖတ်ခိုင်းပေးရမလဲ။ ပရင့်ထုတ်ပြီးသွားပို့ပေးမယ်။ ကိုယ့်ရွာသားတစ်ယောက်ဒီလိုဖြစ်နေတာဝိုင်းကူရမှာပေါ့။

    • အရင့်ရောင်

      July 12, 2012 at 2:42 pm

      အင်း အဲဒီလို ပို့ပေးမယ် ဆိုတော့လည်း
      အရင့်ရောင်က နှလုံးသားတစ်ခုလုံး သီကုံးလိုက်မယ်နော်
      ပို့ပေးမှာသေချာတယ်နော်………ဟိဟိ

  • PEACEMAKER

    July 12, 2012 at 3:45 pm

    ဘလော့ဂါမမကြီးတစ်ယောက်အတွက် ရေးထားတာလို့လုံးဝထင်ပါတယ်။

  • ဘဲဥ

    July 13, 2012 at 12:06 pm

    အရပ်ရှစ်မျက်နှာ

    ဆက်သွယ်ရေးကွန်ယက်တွေကြား

    ငါ့ရဲ့အလွမ်းကို

    ဆိုမြည် တမ်းတလိုက်ဖို့

    ဖုန်းနံပါတ်ကလေး

    တစ်ခုတစ်လေ

    ဘာကြောင့်များ

    မရှိခဲ့ရတာလဲနော်………….

    ဆက်သွယ်ရေးကို စုံစမ်းနိုင်ပါသည် :mrgreen:

  • နွေဦး

    July 13, 2012 at 12:21 pm

    “ငါ့ရဲ့အလွမ်းကို
    ဆိုမြည် တမ်းတလိုက်ဖို့
    ဖုန်းနံပါတ်ကလေး
    တစ်ခုတစ်လေ
    ဘာကြောင့်များ
    မရှိခဲ့ရတာလဲနော်………….”
    ဖုန်း မဝယ်နိုင်သေးလို့ပါတဲ့ ။
    ငါးထောင်တန် ဖုန်းထွက်တော့မှ ဝယ်ပြီး ဖုန်းနံပါတ်ပေးတော့မယ်တဲ့ ။

Leave a Reply