အင်း ဒီ ပို့စ်က တော့ ကျွန်ုပ်  ဂန္ဒာရီဆြာအုပ်၏ ဒုတိယမျောက် ဖြစ်တော့သကိုးဗျ.. ပထမ ပို့စ်မှာဆြာဖြစ်သင်တန်းပို့ချပြီးသကာလ အက်ဗန့် ထက်မံ သင်ယူလိုသူများကိုတော့ သီးသန့် သင်တန်းများရှိပါဂျောင်း.. ဆြာမလေးတွေဆိုပါက အထူးသင်ရှယ်. ထူးထူးရှယ်. .ရေရေလည်လည်ရှယ်.. စသည်ဖြင့် အနီးကပ်စနစ် အမျိုးမျိုးဖြင့် မတတ်မချင်း သင်ကြားပေးမှာ ဖြစ်တဲ့အကြောင်း.. အိမ်ထောင်မရှိသူ ၂၅ နှစ်အောက် ..ရုပ်ရည် ချောမောလှပသူ ဖြစ်ပါက သင်တန်းကြေး ကင်းလွတ်ခွင့်ရမည် ဖြစ်ကြောင်း….  ဆြာလေးများ ဖြစ်ပါက အဝေးသင် ကိုယ်ဟာကိုယ်ကျင့်စနစ်ဖြင့် အထူး အမြန် သင်ကြားပေးမှာ ဖြစ်ကြောင်း.. ကြေငြာ အပ်ပါသည်..

အဲ ..ပြန်ဆက်တာပေါ့

ခု ဒုတိယ ပို့စ်မှာတော့ ဆြာကိုယ်တိုင် သွားရောက်ခဲ့သော ဂန္ဒာရီခရီးစဉ်များမှ ဓာတ်သေ များကို ဖော်ပြပေးပါမယ်..   ဘယ်တုံးက ဓာတ်သေ တွေကို စပြီးပြရမလဲဆိုတော့ … အင်း..??? !!!@@@

“ ရေပေါ်မှာ အိမ်လေးတွေဆောက်မယ်.. ရေပေါ်မှာ အိမ်လေးတွေဆောက်မယ်..တောင်ပိုင်းရဲ့ရှမ်းပြည်နယ် …”  သီချင်းလေးရဲ့ ဌာနီ အင်းလေးက နေစလိုက်ကြတာပေါ့နော်..

အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ မိုင်မှာတည်ရှိဒယ်ဒဲ့။ အင်းလေးကန်ဟာ တောင်ပေါ်အင်းအိုင်ကြီး တစ်ခုဖြစ်ပါ ဒယ်ဒဲ့။  အဒီ ၁၀၄၄ က ပုဂံတွင် မြန်မာ့နန်းရိုးစခဲ့သော ပထမမြို့တည်နန်းတည်ဘုရင် အနော်ရထာ၏ မြစ်တော်ကြီး ဘုရင်အလောင်းစည်သူဟာ တိုင်းပြည်တနံတလျား ခရီးသွားခဲ့ရာမှာထားဝယ် သားတို့လည်း နောက်တော်ပါးကပါကြဒယ်ဒဲ့။ အင်းလေးကန်ရောက်တော့  ထားဝယ်သားတို့ကို  အခြေချနေထိုင်ကြဖို့ အရပ်တစ်ခု သတ်မှတ်ပြုပေးတော်မူခဲ့ဒယ်ဒဲ့ ။ အနေအထားက ထားဝယ်သားတို့ နေထိုင်ကြီးပြင်းခဲ့တဲ့ (တင်္နသာရီ) ကမ်းရိုးတန်းအရပ်နှင့် ရေမြေအနေအထားများစွာတူလို့ပါဒဲ့။ အင်းသားတို့ကိုယ်၌က ဘုံပြောပုံဆိုပုံအသံအမူမှအစ ထားဝယ်သားတို့နဲ့ တူကြပါဒယ်ဒဲ့။

အရင်က မိုင်(၁၀၀)လောက် ရှည်လျားပေမယ့် ခုအခါ တောင်မြောက်အလျား (၉)မိုင် အကျယ် (၃.၅)မိုင်ခန့်သာ ရှိပါတော့ ဒယ်ဒဲ့။  အင်းလေးလို့ ခေါ်ဆိုရာမှာ အင်း (၄) ရွာကို အတိုကောက် ခေါ်ခြင်း ဖြစ်ပါ ဒယ်ဒဲ့။  နမ့်ပန်ရွာ၊ ၀မ်လုံ (ခေါ်) ရွာကြီးဗန်းပုံ၊ နောင်တော (ခေါ်) နောင်တောင်း၊ ဟိုင်းယ(ခေါ်) ဟဲယာရွာမ စတဲ့ ကျေးရွာအုပ်စု (၄) ခုကို စုပေါင်း ခေါ်ဆိုထားခြင်း ဖြစ်ပါ ဒယ်ဒဲ့။ အဲဒီရွာကြီး (၄) ရွာကစပြီး တခြားရွာတွေ တစ်စတစ်စ တိုးပွားလာ ပါဒယ်ဒဲ့။ ဒယ်ဒဲ့…ဒယ်ဒဲ့…ဒယ်ဒဲ့။

ဒါကတော့ အင်းလေးအကြောင်း သိသမျှကူးချထားတာပေါ့ဂျာ.. အင်းလေး ဖောင်တော်ဦးဘုရားပွဲတော်ချိန် သွားတာ မို့လို့ ပွဲတော်ကပုံတွေ တင်လိုက်ပါ ဒယ်ဒဲ့

ဆရာ့ ဆရာ များ ဝေဖန်မှုကို ကြိုဆိုပါတယ်.. ကျွနှ်ပ်ကတော့ ၃ မိနစ်စာပဲ နားလည်တာကြောင့် အားပေး ဝေဖန်မှုကို  စောင့်မျှော်နေပါကြောင်း…

 

အင်းလေးဖောင်တော်ဦးဘုရားပွဲ

 

 

အင်းလေးရိုးရာလှေပြိုင်ပွဲ

 

အင်း သားအမိ

 

 

အင်းတိန်ဘုရား စောင်းတန်း

အင်းတိန်လမ်းပေါ်က အလန်းလေး ၂ ယောက်

ှနှပ်ကလေးတွဲလောင်း

 

ဟဲယာရွာမက ပန်းဒေါင်မကြီး

ပန်းဒေါင်မရေးးးး

အင်းသားတို့ရဲ့ ယာ

ခန္ဒီစ သည်းခံ ခြင်းတရား ဖြင့် ကွန်နက်ရှင်အား  အစုတ်ပျက်သုံးပြီးသကာလ….တော်တော်တင်လိုက်ရတယ်.. မနက်၂း၄၅ တောင်ရှိသွားပါ ပကော..

ဤသို့ပြုရ ကုသလအား ရွားသူရွာသားများအား အမျှပေးဝေပါ၏ ကျွန်ုပ်နှင့်အတူ ထပ်တူထပ်မျှ ရကြပါစေ..

အမျှ..အမျှ

 

 

 

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)