ကလော၊ အောင်ပန်းမှ ဘာသာရေးဖိနှိပ်မှု

ကိုပါႀကီးJuly 12, 20121min1678

“ထေရဝါဒသာသနာတော်သန့်ရှင်းတည်တံ့ခိုင်မြဲရေး” ဆိုတဲ့ သစ်ထူးလွင်ဆိုက်တွင် ဖော်ပြထားသော

” . . .မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်
သာသနာရေးဦးစီးမှူးတို့မှ မိုးပြာဝါဒ၊ ပစ္စုပ္ပန်ကမ္မဝါဒီ၊ တို့၏ အဓမ္မဝါဒကို ယုံကြည်ကိုးကွယ်သည်ဟုယူဆရသော အောင်ပန်း ကလောရှိ လူပုဂ္ဂိုလ်(၃၀)
ဦးကို အဓမ္မဝါဒကို ယူ/မယူ၊ စွန့်လွှတ်/မလွှတ် စစ်ဆေးမေးမြန်းပြီး လက်မှတ်ရေးထိုးဆောင်ရွက်အရေးယူသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြပါသည်။ “

အထက်ပါ ထေရဝါဒအဖွဲ့အစည်း၏ လုပ်ဆောင်ချက်သည်
ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတိုင်းလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဖောက်ဖျက်ကျူးလွန်ရာရောက်နေပါသည်။

ထေရဝါဒအဖွဲ့အစည်းသည် မိမိအယူဝါဒသာ မှန်ကြောင်းနှင့် အခြားအယူများ လွဲနေကြောင်းကို တရားဓမ္မရေးရာနဲ့ လူတွေ လိုက်နာလက်ခံနိုင်အောင် ဖြေရှင်းခြင်းမပြုပဲ
အခုလို အာဏာရှင်ဆန်ဆန်မျိုးနဲ့ အယူဝါဒစွန့်လွှတ်ဖို့ လက်မှတ်ထိုးခိုင်နေကြခြင်းသည် စစ်မှန်သော ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်ဂုဏ်ရည်တွေကို ထိခိုက်နေပါသည်။

ကိုယ့်တရားနဲ့ နိုင်နင်းအောင်မဖြေရှင်းနိုင်ပဲ အုပ်ချုပ်သူအစိုးရအားကိုးနဲ့ အတင်းအဓမ္မဝါဒစွန့်ဖို့လက်မှတ်ထိုးခိုင်းသည့် အလုပ်ကိုက တရားတဲ့အလုပ်လား၊ မတရားတဲ့ အလုပ်လားဆိုတာ စဉ်းစားဖို့ကောင်းနေပါသည်။

ဒီအတိုင်းသာ အယူဝါဒ မတူသူများအပေါ် အတင်းအဓမ္မနှိပ်ကွပ်နေပါက ဖွဲ့စည်းပုံပါ မြန်မာနိုင်ငံသားတို့၏ လွပ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ဥပဒေသည် အချီးအနှီးဖြစ်နေသလို ကျန်တဲ့ထေရဝါဒနဲ့ ကိုးကွယ်မှု မတူသူများရဲ့ ဘဝများဟာလည်း လုံခြုံမှုမရှိနိုင်တော့ပါ။

ထိုကဲ့သို့ ဘာသာရေးဖိနှိပ်မှုများကြောင့် လူမျိုးအတွင်းမှာ ဆူပူမှုများဖြစ်ပွားလာပါက အုပ်ချုပ်သူများတွင်သာ တာဝန်ရှိပေသည်။
ထိုကြောင့် သက်ဆိုင်အုပ်ချုပ်ရေးမှူးများနှင့် သာသနာရေးဦးစီးများသည် တိုင်းသူပြည်သားတို့၏ ကိုးကွယ်ယုံကြည်မှုအပေါ်မှာ ဘက်လိုက်မှုမပါပဲ သမာသမတ်ကျကျ ငြိမ်းအေးအောင် ဆောင်ရွက်ပေးတတ်ဖို့လိုပေသည်။

အတင်းအဓမ္မဖိနှိပ်ခြင်းတို့သည် ငြိမ်းအေးမှုတို့ကို မဖြစ်စေပဲ၊ မငြိမ်းချမ်းမှုတို့သာတိုးပွားလာမှာဖြစ်ပါတယ်။

စစ်မှန်သောဗုဒ္ဓဘာသာသည် တခြားအယူဝါဒများကို စွန့်လွှတ်ဖို့လက်မှတ်ထိုးခိုင်းပြီး ကိုယ့်အယူဝါဒကိုယူဖို့အတင်းလျှော့ဈေးနဲ့ လုပ်နေရသော ဘာသာမဟုတ်ပါ။
ထို့ကြောင့် ထေရဝါဒသည် ဗုဒ္ဓတရားစစ်မှန်သည်ဟု ယုံကြည်ပါက တခြားအယူဝါဒများကို စွန့်လွှတ်ဖို့လက်မှတ်အတင်းထိုးခိုင်းပြီး ကိုယ့်အယူဝါဒကိုယူဖို့ အတင်းလျှော့ဈေးနဲ့ လုပ်ဆောင်နေမှုများအား အမြင်မတော် ကြားသိနေရလို့ ပြန်လည်စိစစ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါသည်။

8 comments

  • ဇောက် ထိုး

    July 13, 2012 at 3:37 pm

    မှတ်ချက်တွေ မဖတ်ရပါလား….

  • realman

    July 13, 2012 at 6:26 pm

    ဒီကိစ္စတွေကို ဒီမိုကရေစီလိုလားသူတိုင်း ကန့်ကွက်သင့်ပါသည်။
    မိမိအယူမှ အမှန်ထင်ပြီး ကျန်တဲ့ အယူမတူသူများ ဖြစ်ကြတဲ့ ဘာသာခြားများနှင့် ရိုးရာနတ်ကိုးကွယ်သူများအတွက်ပါ အန္တရာယ်ရှိနေပါသည်။

    အစွန်းရောက်ထေရဝါဒီတွေက ဟို အရင် ကြံခိုင်ရေးအသင်းလို လူတိုင်းကို သူ့ပါတီဝင်ဖြစ်ဖို့ပဲ လုပ်နေသလို အခုလည်း ထေရဝါဒပါတီဝင် ဖြစ်ဖို့ အတင်း အဓမ္မ လက်မှတ်ထိုးခိုင်နေသလို ဖြစ်နေသည်။

    လူတိုင်း ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်ရဖို့လိုပါတယ်။
    ထေရဝါဒီတွေကလည်း ထေရဝါဒကို ကိုးကွယ်စေလိုရင် တရားဓမ္မကို လူတွေ လက်ခံယုံကြည်အောင် လုပ်ဖို့ပဲလိုပါသည်။
    အခုလို အနိုင်ကျင့် အဓမ္မပြုနေခြင်းသည် လုံးဝမသင့်တော်ပါ။

  • မိုးတိမ်

    July 13, 2012 at 7:12 pm

    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    7. ဘာသာရေးနှင့် သက်ဆိုင်သော စာများအား ပွိုင့်မပေးပါ။

    • mggwa

      July 13, 2012 at 10:55 pm

      လူမျိုးရေး၊ဘာသာရေးခွဲခြားနှိမ်ဆက်ဆံသော တယူသန်ထေရဝါဒီတို့ရဲ့ လုပ်ရပ်များကို ဖော်ပြခြင်းသည် စစ်မှန်သော ဗုဒ္ဓတရားပေါ်ထွန်းဖို့အတွက်ဖြစ်ပါတယ်လို့ နားလည်လော့ မိုးတိမ် . . ။

    • ကိုပါကြီး

      July 14, 2012 at 10:40 am

      လူမျိုးရေး၊ဘာသာရေးခွဲခြားမှု မဖြစ်စေလိုပါ။
      ယနေ့အယူသန် ထေရဝါဒီတချို့ရဲ့
      ကိုယ့်အယူဝါဒကိုယူဖို့ အတင်းလျှော့ဈေးနဲ့ လုပ်ဆောင်နေမှုများသည်
      ဗုဒ္ဓသာသာနာကို ထိခိုက်စေခြင်းကြောင့် အချိန်မှီပြုပြင်နိုင်ရန်အတွက်ဖြစ်ပါတယ်။

  • Ko out of...

    July 13, 2012 at 8:36 pm

    အထက်ပါကိုပါကြီ ပိုစ့်သည်…

    လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာမဟုတ်ပါ…အမှန်တရား နှင့်ငြိမ်း

    ချမ်းမှု တရား ရှင်သန်ရေး အတွက်ရေးသော ပိုစ့်ဖြစ်ပါသည်…

    ဒီလိုမတရား သဖြင့် အုပ်စုလိုက် အနိုင်ကျင့်တာ…အင်အားသုံးပြီးဖြေရှင်းတာ မိမိလည်း သဘောမတူပါကြောင်း…

  • ကိုငြိမ်းအေး

    July 14, 2012 at 10:51 pm

    မြို့နယ် တာဝန်ရှိ အုပ်ချုပ်သူများသည် မိမိတာဝန်ကျရာမြို့နယ်ရှိ ပြည်သူတို့ရဲ့ ယုံကြည်ကိုးကွယ်မှုများအပေါ်တွင် ဘက်လိုက်မှုမရှိပဲ မျှတစွာစီမံဆောင်ရွက်ပေးမှသာလျှင် ပြဿနာ ငြိမ်းအေးမှာဖြစ်ပါတယ်။

    အင်အားနည်းသူကို ဖိနှိပ်ခြင်းနှင့် အင်အားများသူကို ဘက်လိုက်ခြင်းစသည့် အဂတိတရားများကင်းပြီး စီမံဆောင်ရွက်မှသာ နှစ်ဦးနှစ်ဖက်ကျေနပ်သော ဖြေရှင်းမှုဖြစ်မှာဖြစ်ပါတယ်။

    ဘာသာရေးယုံကြည်ချက်ဖိနှိပ်ခံရမှု ပေါက်ကွဲပြင်းထန်လာပါက မြို့နယ်အုပ်ချုပ်ရေးမှူးတို့၏ တာဝန်သာဖြစ်ပြီး ယခုအချိန်အခါတွင် ဘာသာရေးကိစ္စများနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ အကဲခတ် စောင့်ကြည့်နေသောအချိန်ဖြစ်ပါတယ်။

    ရခိုင်ကိစ္စမငြိမ်းသေးတဲ့ အခုအချိန်မှာ အောင်ပန်းတွင် ဘာသာရေးဆူပူမှုဖြစ်အောင် တမင်ဖန်တီးနေသလားဟု သုံးသပ်ရမလို ဖြစ်နေပေသည်။

Leave a Reply