ဖတ်ပြီးရင် ကိုယ်ဘယ်အမျိုး အစားထဲမှာပါလဲ ဆိုတာ ကို ပြောပြသွားကြပါခင်ဗျာ။

၁.(ခွေးမူး)       မူးလာသည်နှင့်အခြားသူများကိုရန်ရှာသူ။

၂.(ဆိတ်မူး)    တွေ့သမျှအမြည်းများကို ဒိုင်ခံအားပေးသူ။

၃.(ကြက်မူး)   မူးလာသည်နှင့် မိန်းမကိစ စိတ်ဝင်စားသူ။

၄.(ဖွတ်မူး)      အမူးပြေသွားလျှင် မူးစဉ်က လုပ်ခဲ့သမျှမမှတ်မိဟုပြောတတ်သူ။

၅.(မြွေမူး)       မည်မျှပင် မူးမူး တွင်းဝင်ဖြောင့်သူ မှတ်ချက်-လုပ်စရာရှိသမျှကို  မမှားပဲလုပ်နိုင်သူဟုဆိုလိုသည်။

၆.(သာလိကာမူး)  မူးလာသည်နှင့် အဆက်မပြတ် တော်ကီလွှတ်သူ။

၇.(တောက်တဲ့မူး) မူးလာသည်နှင့် ခွာမရအောင်ကပ်ရစ်တိုင်ပတ်သူ။

၈.(နွားမူး)             မူးလာသည်နှင့်ချည်တိုင်ကိုသတိရပြီး ပြန်ရန်ပြင်တတ်သူ။

၉.(မျောက်မူး)      မူးလာသည်နှင့် ခုန်ချင်ပေါက်ချင် က ချင် ဆွဲချင် လွှဲချင် လာသူ။

၁၀(ဝက်မူး)          မူးလာသည်နှင့် တွေ့ရာနေရာထိုးအိပ်တတ်သူ။

၁၁.(ကြက်တူရွေးမူး)   ၂ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီ ငါမူးနေပြီ ဟူသောစကားကို နုတ်တိုက်သင်ထားသလို တတွတ်တွတ်ပြောတတ်သူ။

ကဲ ကျွန်တော်ကတော့ နံပါတ် ၉ အမျိုးအစားထဲ မှာပါပါတယ် ကိုယ့်ဆရာ တို့ကောဘယ်အမျိုးအစားထဲမှာပါလဲပြောကြပါအုံး။

About ဦးသု

ဦး သု has written 58 post in this Website..

ယောင် 60 ဒါပေမယ့် တစ်ခါတစ်လေ 6 ကဇောက်ထိုးဖြစ်သွားတယ်