အမူးသမား (၁၁)ပါး

ဦးသုJuly 12, 20121min1049

ဖတ်ပြီးရင် ကိုယ်ဘယ်အမျိုး အစားထဲမှာပါလဲ ဆိုတာ ကို ပြောပြသွားကြပါခင်ဗျာ။

၁.(ခွေးမူး)       မူးလာသည်နှင့်အခြားသူများကိုရန်ရှာသူ။

၂.(ဆိတ်မူး)    တွေ့သမျှအမြည်းများကို ဒိုင်ခံအားပေးသူ။

၃.(ကြက်မူး)   မူးလာသည်နှင့် မိန်းမကိစ စိတ်ဝင်စားသူ။

၄.(ဖွတ်မူး)      အမူးပြေသွားလျှင် မူးစဉ်က လုပ်ခဲ့သမျှမမှတ်မိဟုပြောတတ်သူ။

၅.(မြွေမူး)       မည်မျှပင် မူးမူး တွင်းဝင်ဖြောင့်သူ မှတ်ချက်-လုပ်စရာရှိသမျှကို  မမှားပဲလုပ်နိုင်သူဟုဆိုလိုသည်။

၆.(သာလိကာမူး)  မူးလာသည်နှင့် အဆက်မပြတ် တော်ကီလွှတ်သူ။

၇.(တောက်တဲ့မူး) မူးလာသည်နှင့် ခွာမရအောင်ကပ်ရစ်တိုင်ပတ်သူ။

၈.(နွားမူး)             မူးလာသည်နှင့်ချည်တိုင်ကိုသတိရပြီး ပြန်ရန်ပြင်တတ်သူ။

၉.(မျောက်မူး)      မူးလာသည်နှင့် ခုန်ချင်ပေါက်ချင် က ချင် ဆွဲချင် လွှဲချင် လာသူ။

၁၀(ဝက်မူး)          မူးလာသည်နှင့် တွေ့ရာနေရာထိုးအိပ်တတ်သူ။

၁၁.(ကြက်တူရွေးမူး)   ၂ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီ ငါမူးနေပြီ ဟူသောစကားကို နုတ်တိုက်သင်ထားသလို တတွတ်တွတ်ပြောတတ်သူ။

ကဲ ကျွန်တော်ကတော့ နံပါတ် ၉ အမျိုးအစားထဲ မှာပါပါတယ် ကိုယ့်ဆရာ တို့ကောဘယ်အမျိုးအစားထဲမှာပါလဲပြောကြပါအုံး။

9 comments

  • Thu Wai

    July 12, 2012 at 1:19 pm

    အပေါ်မှာ လောပြီးတော့ရေးလိုက်မိတာ ၉ နဲ့ ၈ မှားသွားတယ်
    ကျွန်တော်က နံပါတ် ၈ အမျိုးအစား ပါခင်ဗျာ။

  • မောင်ပေ

    July 12, 2012 at 1:22 pm

    တစ်ခုမှ မပါဘူး
    လူလိုသောက်တယ်
    လူလိုမူးတယ်
    ဒါဘဲ…
    ပေး၁၅
    ရော့၂
    🙂

    • snow white

      July 12, 2012 at 3:57 pm

      ဟုတ်သားဘဲတို့ ဦးပေပါစရာလား သူကသတ္တဝါမူးတွေ ရေးထားတာကို နော် လူမူးလို့တစ်ပါးထည့် လိုက်ပါအုံးဒါမှ တို့ ဦးပေ ပါသွားမှာ ဟုတ်တယ်နော်ဦးပေ ဟုတ်တယ် စနိုး ကဲ တွေ့လားမေးသူကမေးတယ် ပြန်ဖြေသူကလည်း ဖြေ ကိုသုဝေ စနိုးဦးလေးဦးပေအတွက် တစ်ပါးထပ်ထည့်လိုက်ပါ လူမူးလို့ …

      • ko win

        July 12, 2012 at 6:22 pm

        အားလုံးပေါင်းလျှင် လူမူးဖြစ်ပါတယ်။

  • သကြားလုုံးကြော်

    July 12, 2012 at 1:55 pm

    တစ်ခုုလိုုနေတယ်။
    ၁၂. မူးလာသည်နှင့် ဗိုုက်ထဲရှိသမျှ အကုုန်ပြန် အန်ထုုတ်သုူ

    • ကြောင်လတ်

      July 12, 2012 at 10:36 pm

      သကြားလုံးကြော် အဲဒီအမူးကို ဘာမူးလို့နာမည်ပေးမလဲ၊
      ကျနော်ကတော့ဒီလိုပေးချင်တယ်……..ဗိုက်ကြီးသယ်မူး……..
      ဒါပေမဲ့အပေါ်က အားလုံးက တိရိစ ္ဆာန်တွေပဲဆိုတော့

      • Pye Kun Zaw

        July 17, 2012 at 7:48 pm

        ဆန်ပြုတ်သည်အမူးလို့လည်း ပြောလို့ရတာဘဲနော်

  • ဇောက် ထိုး

    July 12, 2012 at 2:34 pm

    မှတ်သားလောက်ပါတယ်ခင်ဗျ….မှတ်သားလောက်ပါတယ်..
    အားပေးသွားတယ်နော်

  • super man

    July 17, 2012 at 6:03 pm

    ကျွန်တော့်မသောက်ပေမဲ့ မှတ်ထားပါ့မယ်…
    ဒီလိုသိခဲတဲ့အကြောင်းအရာတွေကို ပြောပြတဲ့အတွက် ကျေးဇူးပါ…

Leave a Reply