ဖြစ်ခဲတဲ့အမှားမျိုး

snow whiteJuly 12, 20121min17415

တစ်ခါ ကပေါ့ကွယ်  ပုံပြင်လေးတစ်ပုဒ် လိုဖတ်ကြည့်ကျမယ်နော်  ရွာသူရွာသားအပေါင်းတို့

တစ်ခါက ရွာတစ်ရွာမှာတစ်အားချမ်းသာတဲ့ မိသားစုတစ်စုက အလှူတစ်ခုပြုလုပ် မလို့တဲ့ကွယ်   သူတို့ က ရွာမှာလည်းအရမ်း
ချမ်းသာတယ်တဲ့ကွယ်     ရွာ မှာက အလှူဆိုရင်   ဝိုင်းလုပ်ပေးမယ့်သူကလည်းများတယ်လေ ဒါပေမယ့် အလှူမှာ    အမျိုးတွေလည်း
လာကျတယ်    အလှူရှင်မှာ ညီအစ်ကိုမောင်နှမ    ၆ယောက်တောင်ရှိသတဲ့ကွယ်       အလှူရှင်ကတော့  တောသားလေးနဲ့လက်ထက်ပြီးတော့
တောမှာ အတိုးပေးစား လယ်တွေ ယာတွေနဲ့ဆိုတော့လည်း   တောသူဌေးဖြစ်နေတာပေါ့ကွယ်
အလှူရှင် နာမည်က သန္တာအေးတဲ့ ရွာမှာ တော့ဒေါ်သန္တာဆိုလူတိုင်းသိတယ်      သူယောကျင်္ားနာမည်ကလည်း ကျော်မိုးအောင်  တဲ့ ကွယ်ဦးကျော်မိုးအောင်ဆို
ရင် တစ်ရွာလုံးသိရုံတင်မကဘူး   နီးစပ်ရွာများကလည်းသူတိုု့မိသားစုဆိုသိတယ်    အလှူပွဲတစ်ခုဖြစ်မြောက်ဖို့ကလည်း
လူအင်အားငွေအင်အား  တက်နို်င်သမျှ စည်းလုံးမှုလည်းလိုတယ်လေ
ဒေါ်သန္တာရဲ့  အစ်မ ကရန်ကုန် ကလေ  အဲ့တော့သူညီမလေးအလှူကို  ရန်ကုန်ကသူအစ်မကလည်းလာတယ်လေ
သူ့အစ်မက ရန်ကုန်ကနေ သူတို့မိသားစုအပြင်   အိမ်နားကကောင်မလေးတစ်ယောက်ကိုလည်း ခေါ်လာလေသတဲ့ကွယ်
ခေါ်လာတဲ့ကောင်မလေးကလည်း ချစ်ဖို့တော်တော်လေးကောင်းသတဲ့ကွယ် မျက်နှာလေး ကလည်းချစ်ဖို့ကောင်းသလို
စကားကလည်းအပြောတယ်ကောင်းဘဲ      သူပြောလိုက်တဲ့စကားက အများကိုပြုံးစေတယ်   သူအစ်မကိုဒေါ်သန္တာကပြောလေရဲ့ အစ်မ  အစ်မ
ခေါ်လာတဲ့ကောင်မလေးကအေးလည်း  အေးတယ်နော် စကားပြောလည်း   အရမ်းကောင်းတယ်    မမရယ် အဲ့လိုလူမျိုးခေါ်လာတော့ ညီမတို့လည်း
စိတ်အေးရတာ ပေါ့ ရန်ကုန်သူသာဆိုတယ် အေးလိုက်တာနော်
ညီမနှစ်ယောက် သားပြောလိုက်ရယ်လိုက်    မပြောဖြစ်ခဲ့တဲ့စကားတွေ ကရင်မှာအပြည့်ဆိုတော့  အချိန်ဘယ်လိုကုန်လို့ကုန်သွားမှန်းမသိကျဘူးပေ့ါကွယ်
အလှူရောက်ဖို့   ၃ရက်အလိုလောက်မှာ   ဒေါ်သန္တာအမျိုးတွေကလည်းစုံ      ဦးကျော်မိုးအမျိုးတွေကလည်းစုံ    အမျိုးနဲ့တင်တစ်ရွာတည်လို့ရတယ် တဲ့လေ
အပျိုအရွယ်တွေကိုတော့ ဒေါ်သန္တာက  အခန်းကျယ်ကြီးတစ်ခန်းပေးထားတယ်  အဲ့ခန်းနားကို ကာလသားတွေကိုဘယ်သူကိုမှ အကပ်မခံဘူး
အလှူရဲ့ ကွမ်းတောင်ကိုင်ပန်းတောင် ကိုင် တွေကိုလည်း အကျီဆင်တူနဲ့ လက်ဝက်ရတနာ တွေကို အကုန် ဒေါ်သန္တာကစီစဉ်ထားတယ်တဲ့လေ
အကုန်အဆင်သင့်ဖြစ်နေလေပြီပေါ့ကွယ်  အဲ့ချိန် မှာ ရန်ကုန်ကပါလာတဲ့သူ့အစ်မခေါ်လာတဲ့ကောင်မလေးကို   လည်းဒေါ်သန္တာက အဝတ်စားကအစ  လက်ဝက်ရတနာအဆုံးထိစီစဉ်ပေးလေတယ်
သူအစ်မခေါ်လာတဲ့ကောင်မလေးနာမည်  ကေသွယ် တဲ့      ကေသွယ်ကရန်ကုန်ကလာထဲကသူလက်ဝက်ရတနာလေး ပါလာသေးတယ်   ဒေါ်သန္တာက အဲ့လက်ဝက်ရတနာတွေ ကေသွယ်သမီးဝတ်ထားလိုက်နော်
အလှူနေ့ရောက်မှ အန်တီဆီမှာ ရှိတဲ့လက်ဝတ်ရတနာ ဝတ်ပေါ့ ဟုတ်ပြီလား   ကျန်တဲ့အပျိုတွေ ကိုတော့ဒေါ်သန္တာ ကသူရဲ့လက်ဝက်ရတနာအစစ်တွေကို ဝတ်ပေးလေရဲ့  ။
အဲ့လိုနဲ့ပေါ့ ကွယ် လက်ဝက်ရတနာကိုယ်စီ ဝတ်ထားတဲ့အပျိုတွေနဲ့ကေသွယ်ကလည်းရင်းနှီးနေပြီကို      ၅ရက်လောက်နေလာပြီးပြီဆိုတော့ အကုန် လုံးနီးပါးနဲ့ ကေသွယ်လည်းခင်နေလေ
ကေသွယ်ကရွာသူကြီးနဲ့လည်းခင်နေပါပြီ   ကေသွယ်ကစကားပြောလည်းကောင်းတော့ အကုန်လုံးနီးပါးခင်နေကျပါတယ်       အဲ့လိုနဲ့ ညမိုးချုပ်တော့ အိပ်ချိန်ရောက်တော့ ဒေါ်သန္တာအပျိုတော်တွေကို စောစောစီးစီးအိပ်ကျ
မျက်နှာပြည့်မှ ပြင်ရတာ လှမယ် ကဲမနက်ဆိုအလှူရောက်ပြီ စောစောအိပ်ကျအိပ်ကျလို့ပြောတော့ အပျိုတော်တွေလည်းအိပ်ကျတယ်တဲ့ကွယ်
မနက်မိုးလင်းတော့ ဒေါ်သန္တာရဲ့တူမ အပျိုတော် အဖွဲ့ထဲက စန္ဒာဆိုတဲ့ ကောင်မလေးက ဒေါ်ဒေါ်ရေ    သမီး ဆွဲကြိုးမရှိတော့ဘူး
အဲ့ဒိအခါ ကေသွယ်ကလည်းသူဆွဲကြိုးကောလက်စွပ်ကော  ပျောက်နေလေရဲ့လို့ပြောပါလေ ရော  ဒီအခါ ဒေါ်သန္တာက      သူခိုးများဝင်ခိုးသွားသလားမသိဘူးလို့
သူအထင်ပေါ့နော်     ဒေါ်သန္တာအစ်မကလည်း   လန့်ဖြတ်သွားတာပေါ့ ကဲဘယ်လိုလုပ်ကျမလဲ ရှာကျစမ်းရှာကျစမ်း   တစ်ရွာလုံးလည်း    ဆူညံနေတာဘဲ
အလှူချိန်ကျဖို့ကလည်း      ၄နာရီလောက်ဘဲလိုတော့တာ    ဒါပေမယ့်လေ  ဒေါ်သန္တာကပိုက်ဆံသာရှိတာ  အဲ့လိုပျောက်ရှလို့ ကုန်သွားတာကိုသူက    အရမ်းနှမြောတာ
ပျောက်သွားတာကလည်းတစ်ကျပ်နှစ်ကျပ်တန် မဟုတ်ဘူးလေ   သိန်းနဲ့ ချီတယ်တဲ့လေ
ခုချိန်ပေါက်ဈေးနဲ့ဆို    ၄သိန်းလောက်တန်တယ် တဲ့လေ သူတူမလေးမို့လို့  တန်းဖိုးကြီး ပစ္စည်းကို ဆင်ထားတာလေ
ဒေါ်သန္တာကရွာသူကြီးကိုခေါ်ခိုင်းလိုက်လေတယ်    ရွာသူကြီးလည်းရောက်လာတော့   စန္ဒာ   ကိုအရင်မေးတယ်  ဘယ်ချိန်လောက်မှ
သိတာလည်းပျောက်တာကို သမီးမနက်အိပ်ယာနိုးမှ သိတာပါလို့ ပြောတယ် ဒီချိန်မှာကေသွယ် ကို တစ်နေရာမှာထားထားတယ်
တစ်ယောက်တစ်နေရာစီ   မေးတယ်ဆိုပါတော့ကွယ်
စန္ဒာကိုမေးတဲ့ချိန် မှာစန္ဒာကမနက်မိုးလင်းမှ သိတယ်လို့ ဖြေတယ်   ကေသွယ်ကိုမေးတဲ့အချိန်မှာကေသွယ်ဖြေတာက မနက် ၄နာရီလောက်ထဲကသိတယ်  အဲ့ချိန်မှာလည်းစန္ဒာလည်ပင်းမှာဆွဲကြိုးမရှိတော့ကို
သူတွေ့တယ်လို့ပြောတယ်  အဲ့တော့သူကြီးကပြန်မေးတယ်   အဲ့ချိန်ထဲကသိတာကိုဘာလို့မအော်တာလည်း  တစ်ယောက်တစ်ယောက်ကိုတော့ ပြောပြသင့်တယ်
ဒါမှမဟုတ်  သမီးမအော်ရဲဘူးဆိုလည်း သမီးဘေးမှာအိပ်နေတဲ့ သူငယ်ချင်းအပျိုတော်အဖွဲ့ထဲကတစ်ယောက်ကိုတစ်ယောက်ကိုသမီးနိုးသင့်တယ်   ဘာကြောင့်မနိုးတာလည်း
သမီးကိုသတ်မှာစိုးလို့တဲ့ သမီးဖြေတာတစ်ခုတစ်ခုတော့လွဲနေသလိုဘဲနော်         သူခိုးကိုလည်းမြင်တာမဟုတ်ဘူး
ဘာကြောင့်လန့်နေတာလည်း ဘယ်သူကသတ်မှာကိုကြောက်နေတာလည်း
ကဲပါ သမီးလည်းပစ္စည်းပျောက်တော့စိတ်ညစ်နေမယ်    လန့်လည်းလန့်နေလိမ့်မယ်     အိမ်ပြန်လို့ ပစ္စည်းပြန်ပါမသွားရင်လည်း
သမီးဆူခံနေရမယ်   ခဏနားလိုက်အုံး
သူကြီးနဲ့ဒေါ်သန္တာတို့တိုင်ပင်လိုက်တယ်       ကေသွယ်ခိုးတယ်ဆိုတာ ရိပ်မိနေတယ်   ဘာကြောင့်လည်းဆိုတော့ ဆွဲကြိုးကိုကျကျ နနဖြုတ်နေတာကို အပျိုတော်တစ်ယောက်ကမြင်လို့ပါဘဲ
အဲ့အပျိုတော်လေးကမအော်ဘဲသူခိုးတာကို  ငြိမ်ပြီးအိပ်ချင်ယောင်ဆေင်ကြည့်နေခဲ့လို့ပါဘဲ    သူကြီးက နာရီဝက်လောက်လည်းနားပြီးရော ကေသွယ်ကိုပြန်မေးလေသတဲ့ကွယ်
သမီးအမှန်တိုင်းဖြေပေးနော်     အဖြေ ဒီမှာတင်မပေါ်ရင် မြို့တက်ပြီးတော့ ရဲခေါ်ခိုင်းလိုက်တော့မယ်    ရဲလက်အပ်လိုက်မယ် ကေသွယ်ကကြောက်နေပါပြီ လက်ဖျားတွေလည်းတုန်နေတယ်
ချွေးလုံးကြီးတွေကလည်းကျနေတယ်  လန့်နေပြီ ရဲခေါ်မယ်ဆိုတော့
ဒီအခါ သူကိုခေါ်လာတဲ့ ဒေါ်သန္တာရဲ့အစ်မ  ညည်းအမှန်တိုင်းဖြေလို်က်တော့
နင်လုပ်ရပ်တွေကို မြင်တဲ့သူကမြင်တယ်  ဒီအခါကေသွယ် ကိုဒေါ်သန္တာအစ်မ   ဒေါ်အေးမာကို   ပြောတော့မှ အန်တီရယ်သမီးမှားပါတယ်
နောက်တစ်ခါမလုပ်တော့ပါဘူး  သမီးယူထားတာအမှန်ပါ
ကဲပါ နောက်မယူတာယူတာမသိချင်ဘူး  ဘယ်မှာလည်း  ပစ္စည်းတွေလို့မေးတော့    ဒေါ်သန္တာ   တို့သုံးတဲ့    အုတ်ကန်  ထဲမှာနစ်ထားတယ်လို့
ပြောတော့ ချက်ချင်းသွားဆယ်ကျတယ်    အဲ့ခါမှာကေသွယ် ရွှေတွေက  အတုတွေ ဖြစ်နေတယ်  ကေသွယ် ရွှေတွေက မဲလို့ ရေထဲကလည်း ဆယ်လိုက်ရော
ဒီအခါမှာ အန်တီအေးမာကညည်းလုပ်ရက်တယ်အေ   ငါ့ကတော့ ညည်းရန်ကုန် မှာဘယ်လောက်ဘဲနေဖူးနေဖူးပါအေ     ရွာရဲ့အလှူကိုပြစေချင်တာငါ့စေတနာ
ညည်းအမေကိုတော့ ပြောပြရလိမ့်မယ်  ဒီလိုခိုးတာကောင်းရဲ့လားအေ ညည်းကြောင့် ကျုပ်ညီမလေးအလှူပျက်ရတော့မယ်       သူကြီးက ဒေါ်သန္တာတို့တို့အေးမာတို့
မြို့တက်ပြီးအမှုဖွင့်မလား ဒီကောင်မလေးကို     ထောင်ထဲထည့်မလားလို့ မေးတော့ ညီအစ်မနှစ်ယောက်လုံးဒီကစ္စ ဒီမှာတင်ပြီးပါစေ  မတိုင်တော့ပါဘူး မိန်းကလေး
တစ်ယောက်ထောင်ထဲရောက်သွားတာလွယ်တယ်
ထောင်ကပြန်ထွက်လာရင်   မိန်းကလေးတစ်ယောက်ရဲ့နာမည် ပျက်သွားရော
ညည်းလည်းနောက်ဘယ်တော့မှ ဒီလိုအမှားမျိုးထပ်မလုပ်မိပါစေနဲ့အေ    နောက်ညည်းထပ်လုပ်လို့ထပ်မိရင် တော့ ညည်းကံပေါ့   သမီးနောက်ဘယ်တော့မှ မလုပ်တော့ပါဘူး
အန်တီတို့ကိုတကယ်ကိုကတိပေးပါတယ်
အန်တီအေးမာလည်းသူညီမလေးအလှူကိုအေးချမ်း  စွာနဲ့   အလှူတစ်ခုပြီးမြောက်ခဲ့လေတယ်    အန်တီအေးမာတစ်ယောက်နောင်တ ရမိတာက ကိုယ့်အမျိုးအသိုင်းဝိုင်း ထဲကို
တစိမ်းတစ်ယောက်ခေါ်တော့မယ် ဆို အဲ့လူရဲ့ အကျင့်စာရိတ္တ မသိဘဲ အဲ့လူရဲ့တာဝန် မယူတာအကောင်းဆုံးပါဘဲ

15 comments

  • Khaing Khaing

    July 12, 2012 at 3:24 pm

    လူလိမ်တွေက လူတွေကို ပေါင်းသင်းဆက်ဆံရာမှာ အလွန်ပါးနပ်တယ် …… နောက်တစ်ခုက လူတွေက စကားများတဲ့သူကို အထင်သေးတတ်ကြတယ် အေးတဲ့စကားနည်းတဲ့သူကမှ ကောင်းတယ်လို့ထင်တတ်ကြ တယ် ….. ဘာပဲဖြစ်ဖြစ် လူအကြောင်းဆိုတာ ပေါင်းကြည့်မှသိတာပါ ……

  • မွန်မွန်

    July 12, 2012 at 4:07 pm

    လူတစ်ယောက်မှာ စာရိတ္တ က အရေးကြီးဆုံးပါပဲ။
    ရုပ်မချောလို့ရတယ်၊ ငွေမရှိလို့ရတယ်၊ အတန်းပညာတွေ မတတ်လို့ရတယ်။ စာရိတ္တ သာကောင်းရင် လောကမှာ နေရာကောင်းရပါတယ်။

  • manawphyulay

    July 12, 2012 at 4:09 pm

    လူတွေနဲ့ များများဆက်ဆံရလေ။ လူတွေအကြောင်းကို များများပိုသိလေပဲ ညီမလေးရဲ့။ ခုလောလောဆယ်တော့ ပုဒ်မလေးတွေ ချလိုက်ဦးနော်။ နောက် လူတစ်ယောက်အကြောင်းကို သိချင်ရင် သူနဲ့ အချိန်အတော်ကြာ ပေါင်းကြည့်ပါ။ စိတ်ဓာတ်လေးတွေ သိလာရပါမယ်။

  • ko khin kha

    July 12, 2012 at 4:56 pm

    လူတွေနဲ့ဆက်ဆံရတဲ့ လောကထဲမှာ ပထမဆုံးအလိုအပ်ဆုံးအရာက ရိုးသားမှု့ပါဘဲ။
    တကယ်ရိုးသားစွာတာအလုပ်လုပ်ကြည့် အဲဒီနောက်ရရှိလာမယ့်ရလာဒ်က ယုံကြည်မှု့တစ်ခု။
    လောကမှာယုံကြည်မှု့ကြောင့် လုပ်ငန်းတွေ၊အလုပ်တွေရပြီး ကောင်းစားသွားကြတာတွေရှိကြပါတယ်။

  • မွန်မွန်

    July 12, 2012 at 5:22 pm

    စနိုးရေ..”သူစိမ်း” ပါနော်… 🙂
    မွန်မွန်လည်း တစ်ခါမှားဖူးထားလို့…

    • snow white

      July 12, 2012 at 5:59 pm

      ချစ်မမ ချစ်ညီမလေးမှားတာ ကိုပြောချင်တယ်မဟုတ်လား ဒီလိုလေးသွယ်ဝိုက်ပြီးပြောသွားတယ်ပေ့ါလေ ကျေးကျေးပါ မမရယ် တစ်ိမ်း လို့ချစ်ညီမလေးရေးမိလိုက်တယ်လေ အမှားပြင်အမှန်ဖြစ် ကျေးဇူးနော်။။။

  • မောင်ပေ

    July 12, 2012 at 5:33 pm

    သန်တာ
    ကေသွယ်
    စန်ဒါ
    အေးမာ
    နှင်းဖြူလေးပါမကျန်
    အားလုံးကို ဂျစ်မိပါတယ်
    🙂

  • MaMa

    July 12, 2012 at 8:33 pm

    စနိုးလေးရေ-
    အရင်ဖိုရမ်ရှိတုန်းက မြန်မာစာလုံးပေါင်း မှားတတ်တာလေးတွေကို ရေးထားတာလေး အောက်ကလင့်ခ်မှာ ဖတ်ကြည့်စေချင်ပါတယ်။

    http://myanmargazette.net/forum/community-chit-chat/%E1%80%80%E1%80%BA-%E1%80%94%E1%80%B2%E1%82%94-%E1%81%BE%E1%80%80/page- 3[:D]

  • htoosan

    July 12, 2012 at 10:07 pm

    အန်တီမမ .. No Result found တဲ့

  • ကြောင်လေး

    July 12, 2012 at 10:59 pm

    စာအရေးအသားနေရာမျိုးမှာ သူစိမ်းလို့မဖြစ်မနေရေးရမှာဖြစ်ပေမဲ့၊ စကားပြောအဖြစ် အိုးပင်း၊ကလို့စ် ကော်မာအတွင်းရေးရင်တော့ တစိမ်းလို့ ရေးနိုင်တယ်လို့ထင်မိပါကြောင်း၊
    သို့သော် ကြောင်ဘာသာစကားဖြင့်ရေးလျှင်တော့ ကြိုက်သလိုရေးနိုင်ပါကြောင်း ခွစ်ခွစ်

  • TTNU

    July 12, 2012 at 11:13 pm

    snow white ရေ…
    စာပိုဒ်လေးတွေ ခွဲရေးရင် ပိုမြင်သာမယ်ထင်တယ်ကွဲ့။
    အကြောင်းအရာအလိုက် ခွဲလိုက်ရင် စာဖတ်သူ
    အာရုံကိုပိုဆွဲဆောင်မလားပဲ။

  • mamanoyar

    July 13, 2012 at 9:51 am

    ့ ရုပ်ချောအပြောကောင်းရင် တော်တော်များများက ယုံကြတယ်
    အခု ကေသွယ်လိုပေါ့
    လူတစ်ယောက်မှာ ရိုးသားမှုက အဓိပါပဲ
    ရိုးသားမှုရှိနေသ၍ ချစ်စရာကောင်းနေမှာပါပဲ

Leave a Reply