Joke…

lu ta loneJune 30, 20102min540

မိန်းမတွေများပြောတယ်

လုပ်ငန်းခွင်ထဲက လူတစ်ဦးကို သူ့မိန်းမက အိမ်ကနေ တယ်လီဖုန်း လှမ်းဆက်လိုက်ပါတယ်။

“ကျွန်မ ထီပေါက်ပြီရှင့်၊ ရှင့်အဝတ်အစားတွေ အသင့်ပြင်ထား”
“ဟန်ကျတာပဲ၊ ဘယ်အဝတ်အစားတွေပြင်ရမှာလဲ၊ နွေရာသီအပန်းဖြေအဝတ်အစားတွေလား၊ ဆောင်းရာသီအပန်းဖြေ အဝတ်အစားတွေလား။”
“မဟုတ်ဘူး၊ ကိုယ့်အထုပ်ကိုယ်ပြင်ပြီး၊ အိမ်ပေါ်က ဆင်းတော့”

ကျောက်ရုပ်တောင် ဖြစ်သွားမယ်

စတိုးဆိုင်ကြီးတစ်ခုရဲ့ ဖောင်တိန်ပင်အရောင်းကောင်တာမှာ လူတစ်ယောက်က ဖောင်တိန်ပင် တစ်ချောင်းရွေးယူလိုက်ပြီး၊ အရောင်းစာရေးမကို ပြောလိုက်ပါတယ်။

“ဒါ၊ ကျွန်တော့်မိန်းမကို အကြီးအကျယ် အံ့အားသင့်သွားစေမယ့်လက်ဆောင်ပဲ”
“အကြီးအကျယ် အံ့အားသင့်သွားစေမယ့်လက်ဆောင် ဟုတ်လား၊ ဒါလေးက ဘယ်လောက်ကောင်းနေလို့တုန်း”
“ဒီနေ့ သူ့မွေးနေ့လေ၊ သူက ကားလေးတစ်စီးဝယ်ပေးမယ် မျှော်လင့်နေတာ”

အမိကိုဖမ်းရမှာ

ဆံပင်ရွှေဝါရောင်လေးနဲ့ အရပ်မြင့်မြင့် ခပ်ချောချော အမျိုးသမီးလေးဖိနပ်စတိုးဆိုင်ကြီးထဲမှာ ခွာနိမ့် ဖိနပ် ရွေးချယ် ရှာဖွေနေတဲ့အတွက် အရောင်းစာရေးမလေးက မေးကြည့်ပါတယ်။

“ဘာနဲ့လိုက်ဖက်အောင် ခွာနိမ့်ဖိနပ် ရှာနေတာလဲ”
“အရပ်ပုတဲ့ငနဲနဲ့၊ သူက ချမ်းသာတယ်လေ”

ဆန့်ကျင်ဘက်-၁

-မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ပြီးရင်၊သူ့ယောကျာ်းပြောင်းလဲသွားမယ်လို့ မျှော်လင့်တယ်။

-ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ကို လက်ထပ်ပြီးရင် သူ့မိန်းမဘယ်တော့မှ မပြောင်းလဲပါဘူးလို့ မျှော်လင့်ပေမယ့်၊ မိန်းမတွေကတော့ ပြောင်းလဲသွားတယ်။

ဆန့်ကျင်ဘက်-၂

– ယောကျာ်းတွေက သူတို့လိုအပ်ပြီဆိုရင် တစ်ရာတန်တဲ့ ပစ္စည်းကို နှစ်ရာပေးဝယ်တယ်။

– မိန်းမတွေကတော့ သူတို့မလိုအပ်လည်း နှစ်ရာတန်ပစ္စည်းကို တစ်ရာပေးပြီး ဝယ်ချင်ဝယ်လိုက်တယ်။

ကွဲပြားချက်-၁

မိန်းမတွေဟာ သူတို့ လင်ယောကျာ်းရပြီးသည့်တိုင်အောင် အနာဂတ်နဲ့ပတ်သက်ပြီး အမြဲ ပူပန်လေ့ရှိတယ်။ ယောကျာ်းတွေကတော့ သူတို့ဇနီးမယား ရပြီးသည့်တိုင်အောင် အနာ ဂတ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ ပူပန်စိုးရိမ်လေ့မရှိဘူး။

ကွာခြားချက်-၂

လူသားမျိုးနွယ်စုတွေ ဘယ်လိုစ ဖြစ်လာတာလဲလို့ ကလေးမလေးတစ်ဦးက သူ့မိခင်ကိုမေးတော့၊ သူ့မိခင်က အခုလိုဖြေပါတယ်။

“ဘုရားသခင်က အာဒမ်နဲ့ ဧဝကို ဖန်ဆင်းတယ်။ အာဒမ်နဲ့ ဧဝကနေ ကလေးတွေ အများကြီးရလာတယ်။ အဲဒီကနေစလို့ လူသားမျိုးနွယ်စုကြီး ပေါ်ပေါက်လာတာပဲ သမီး”
နှစ်ရက်အကြာမှာ ဒီမေးခွန်းကိုပဲ ကလေးမလေးက သူ့ဖခင်ကိုထပ်မေးပါတယ်။
“လူတွေဟာ မျောက်တွေကနေ အဆင့်ဆင့်ဖွံ့ဖြိုးမှု ဖြစ်စဉ်အရ ဖြစ်လာတယ်”လို့
သူ့ဖခင်ကဖြေတော့ ကလေးမလေး စိတ်ထဲရှုပ်ထွေးပြီး သူ့မိခင်ကို ဘယ်အဖြေမှန်လဲလို့ မေးခွန်းထုတ်ပါတော့တယ်။
“သမီးရေ၊ ဒီအဖြေက သိပ်ကိုရှင်းပါတယ်၊ မေမေက မေမေ့ရဲ့ မိသားစုဖြစ်ပေါ်လာပုံကို ပြောတာပါ။ သမီးအဖေလည်း သူ့မိသားစုဖြစ်ပေါ်လာပုံကို သူ့အခြေအနေ နောက်ခံနဲ့ပြောတာ ဖြစ်မှာပေါ့”