ဒီနေ့ကြည့်လိုက်တဲ့မနက်ဖြန်များ

သူရႆဝါJune 30, 20101min721

ဒီနေ့ကြည့်လိုက်တဲ့မနက်ဖြန်များ

ဒဏ်ရာ၊ ပြန်မလာစေနဲ့တော့

အခု ငါတို့တွဲထားတဲ့လက်တွေအတိုင်း

ရှေ့ဆက် . . . ရှေ့ဆက်

နေဝန်းနီနီ နံနက်တွေဆီ

“ငါ့ကို အဲဒီနေ့ကနေ ဒီနေ့အထိ

ပြီး . . . နောင်နှစ်ပေါင်းများစွာအထိ

နင်နဲ့အတူခေါ်သွားပါ”

ငါတို့ ဘဝရဲ့ခါးသီးမှုတွေကို ရယ်မောပစ်လိုက်ကြမယ်

တိမ်တွေ၊ သက်တန့်တွေအပေါ် ကိုယ့်ကိုယ်ကို ပစ်တင်လိုက်ကြမယ်

တခါတလေ . . လှိုင်းကြမ်းလေကြမ်း

တစ်ယောက်ကိုတစ်ယောက် လွမ်းကြမယ်

မိုးတွေရွာတဲ့အခါ ထီးတစ်လက်ကိုနှစ်ယောက်ဆောင်းကြမယ်

အဆိုးတွေလာတဲ့အခါ ငါ့ကိုနင်က . . . နင့်ကိုငါက

ထီးလိုမိုးပေးကြမယ်

အချစ်ဆိုတာ ဒါပါပဲ ကလေးရယ်

ဖိနပ်တစ်ရံတည်းကို နှစ်ယောက်အတူစီးနင်းသွားဖို့ ပြင်ဆင်မိတယ်

ရောက်လာတော့မယ့် နေဝန်းနီနီ နံနက်ခင်းများဆီ . . .

သူရဿဝါ

ဇွန်လ ၂၉ ရက် ၊ ၂၀၁ဝ ခုနှစ်

One comment

  • hwutyi21

    July 2, 2010 at 8:10 am

    Thate kyi nuu sa yar kung tae POEM lay par. Nga chit thu ka nga ko air d lot chit yin thate kung mar pae lot tway yin satima kung phit mi par tae. I hope,may the girls in the world receive true,real and deep love from their sweetheart.

Leave a Reply