မှောင်ရည်ပျောက်လျှင် နေ့သစ်ရောက်မည်

amatminJuly 13, 20121min26622

မနေ့ကအိမ်မှာပျင်းနေတာနဲ့ စာအုပ်အဟောင်းပုံထဲ ပြန်လိုက်ရှာရင်း

အတွေးအမြင်စာစဉ်အဟောင်းလေးတွေ ပြန်ဖတ်မိသပေါ့ဗျာ..။

ဖတ်နေရင်း.ဒသ၁န ကဗျာလေးတပုဒ်တွေတော့ ရွာထဲမှာ ပြန်မျှချင်လာတယ်..

ကျနော်ကိုယ်တိုင်တော့ တလောလေးက ပြောခဲ့သလို စိတ်နေမကောင်းများဖြစ်နေလို့လားမသိ..

ကဗျာလေးကို အလွန့်ကို နှစ်ခြိုက်မိပါ၏.။

ဖတ်ကြည့်မိတဲ့ရွာသူားတွေလည်း ကဗျာကပေးတဲ့ ငြိမ်းချမ်းမှုအတွေး နဲ့

မျှော်လင့်ခြင်းရသ ကိုခံစားမိမယ်လို့ထင်မိပါကြောင်း..။

ရန်များတဲ့.အရပ်ကိုရှောင်ဖယ်မသွားဘဲ ထိပ်တိုက်တွေ့ပီးဖြေရှင်းချင်တဲ့စိတ်..

ငြိမ်းချမ်းမှုကို ကြီးငယ်မဟူ မျှဝေခံစားစေလိုတဲ့စိတ်…

အမှောင်ဆိုတဲ့.သောကဒုက္ခတွေနောက်မှာ. မျှော်လင့်ချက်တွေနဲ့တောက်ပနေတဲ့

နေ့သစ်အလင်းရောင်တွေကိုမြင်နေတတ်တဲ့ စိတ်..

ဆိုတော့ ကျနော်တို့ စိတ်တွေကို တစိတ်တပိုင်းထိန်းကျောင်းပေးနိုင်တဲ့ ကဗျာကောင်းလေးမို့.

ကိုယ်တိုင်ဖတ်ရင်း အတွေးပွားကြည့်ကြပါလို့..။

မှောင်ရည်ပျောက်လျှင် နေ့သစ်ရောက်မည်..

“လုံခြုံသောအရပ်မှာ မနေလိုပါ..။

ရန်တွေဝေလျှံနေရာ လောကနယ်မှာ..

ခိုင်မာရဲရင့်စွာ စွန့်စားကြဖို့သွားလာ..

ရန်ကိုပြေငြိမ်းဖို့ အို ခိုင်းတော်မူပါ..။။။။”

“ရန်များပြေငြိမ်း အေးသောနေ့တာ..

ဤနေ့မှာ ပေါ်ထွန်းတောက်လာ..

သိုးငယ်များ ခြင်္သေ့သားရဲကြားမှာ..

ပျော်မြူးကာ လျောင်းရှာ..။။။။ ”

“နေဝင်ရာကမ်းမှာ နေ့တာမဆုံးပါ..

မှောင်ရည်ကွယ်သွားတာ နေ့သစ်ရောက်လာ..

ကမ္ဘာဝယ်လွမ်းစရာ နွမ်းလျသက် တာ

နေဝင်ရာလမ်းမှာ ဆန်းသစ်၍လာ..။။။။”

(ဆရာရယ်ဂျီ(ဦးခင်မောင်ဒင်) ၏ ဒုက္ခခံဒသာန )
အတွေးအမြင် စာစဉ်. ၁၅၉..

အတွေးပျက်နေတဲ့
အမတ်မင်း 🙂

22 comments

  • Khaing Khaing

    July 13, 2012 at 11:48 am

    ဒီလူပျိုကြီးတော့လေ တင်လိုက်တိုင်းခံစားချက်တွေနဲ့ စိတ်နေမကောင်းဖြစ်တာနဲ့ အင်းနီးပီ နီးပီ……..

  • ကြောင်ဝတုတ်

    July 13, 2012 at 11:48 am

    တစ်ချိန်က စိတ်ညစ်စရာတွေကို ကျော်လွှားပြီး… အခုအချိန်မှာပြန်ကြည့်တော့ ရယ်စရာကြီးပေါ့ဗျာ…
    ဘဝဆိုတာ ဒီလိုပါပဲ… တစ်ယောက်နဲ့တစ်ယောက်ဖြေရှင်းပုံမတူကြပေမယ့်…
    ဖြေရှင်းပြီးသွားရင်တော့ နေ့သစ်တစ်ခုဖြစ်လာမယ်… ကျွန်တော်တို့လဲ ဒီအတိုင်းပဲ သွားနေကြတာကိုးဗျာ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • နွယ်ပင်

    July 13, 2012 at 12:11 pm

    ကိုမတ် .. ကဗျာလေးက ကောင်းပါတယ် ..
    ကဗျာကပေးတဲ့ ငြိမ်းချမ်းမှုအတွေးနဲ့ မျှော်လင့်ခြင်းရသကို နွယ်ပင်လည်း ဝင်ခံစားသွားပါတယ် …
    ဒါနဲ့ ကဗျာလေးက အခုလတ်တစ်လော ခံစားချက်နဲ့များ တိုက်ဆိုင်နေလို့လားဟင် ..

  • မောင်ပေ

    July 13, 2012 at 12:39 pm

    ဘဝဆိုတဲ့အချိန်တိုလေးအတွင်းမှာ
    ဒေါသတွေ
    အမုန်းတွေ
    အာဃာတတွေ
    မရှိဘဲ
    အချစ်တွေချည်းဘဲ ဆိုရင် သိပ်ကောင်းမှာဘဲဗျား
    စိတ်ကူးယဉ်မိပါတယ်။

  • မဂွတ် ထော်

    July 13, 2012 at 12:50 pm

    ဘယ်လိုခက်ခဲရှိရှိ အခက်ခဲအားလုံးကိုကျော်လွှားနိုင်တဲ့
    သတ္တိရှိရမယ် အမှောင်ပီးရင်အလင်းရောက်လိမ့်မယ်
    အဆိုးနဲ့အကောင်း အမြဲဒွန်တွဲနေတာပါနော်…

  • pan pan

    July 13, 2012 at 1:46 pm

    နံနက်ခင်း ဆီးနှင်းတို့အဝေးအလွင့်မှီ
    နေရောင်ခြည် အရှေ့ရပ်ကအကြိုဆိုက်ပြီ
    မကြည်လင်တာတွေ အမှောင်ရိပ်ထဲသိပ်ခဲ့ကွယ်
    မကြာခင်ဆိုရင် မိုးလင်းနိုးထတော့မယ်
    အဟဲ….ဆက်မဆိုတော့ဘူးနော်အူးလေး
    ခင်ဝမ်းသီချင်းလေး ခံစားလိုက်တော့ဗျာ
    နဒီမင်္ဂလာရယ်ပေ့ါ 🙂

    • ငါဆက်ဆိုမယ်
      ရည်ရွယ်ရာ ခရီးလမ်းဆုံးမရောက်သေးမှီ
      ကြင်နာသူတွဲလက်ဖျက်အဖော်မဲ့ပြီ
      ယုံကြည်တာတွေပျောက်ဆုံးလို့ဝေးမသွားခင်…………………………….

      ဝမ်းပျက်ရင် ဆေးသောက်လို့ရပေမယ့်
      အတွေးပျက်ရင်တော့…………………….
      ဒန် ဒန် ဒန်ဘဲ

  • Shwe Tike Soe

    July 13, 2012 at 1:55 pm

    ကိုအမတ်မင်းရေ ကဗျာလေးကောင်းတယ်ဆိုပေမယ့် တစ်ခုလောက်တော့ပြောချင်တယ်…
    ကိုအမတ်မင်း စိတ်ရဲ.ကြိုးဆွဲရာကနေရတဲ့ အမတ်မင်းလား……အစ်ကိုတင်ထားတဲ့ အဗတ်တာ ပုံလေးကိုကြည့်ပြောတာပါ……
    ကျွန်တော်ပြောချင်တာက စိတ်ခံစားမှုရဲ.စေရာအတိုင်း လိုက်ပြီး ခံစားနေရင် ဘဝ မှာ အမြဲ ရှုံးနိမ့်နေမယ်ဆိုတာလေး ပြောချင်စမ်းပါဘိ…..

    ကိုအမတ်မင်းရဲ. အဗတ်တာလေးကိုပြင်ရင်း စိတ်ကလေးပါ မာမာထန်ထန်လေးဖြစ်အောင် ပြင်စေချင်ပါတယ်… ဘဝမှာ စိတ်ကြောင့်ရှုံးနိမ့်မှုတွေ အများကြီးဖြစ်နိုင်တယ်နော်…ကိုအမတ်မင်းခင်ဗျား…

    ဆရာမလုပ်တတ်ပဲဆရာလုပ်သူ
    ဆရာရွှေတိုက်စိုး

  • shwe kyi

    July 13, 2012 at 2:06 pm

    ကိုရွှေတိုက်ကသူငယ်ချင်းကောင်းပီသပါပေတယ်။
    ကိုအမတ်ရေမျှဝေပေးတဲ့အတွက်ကျေးဇူးပါ။
    နေဝင်တာနဲ့နေထွက်တာကြားမှာအမှောင်ကာလလေးတခုကိုတော့အားတင်းပြီးဖြတ်ရမှာပဲ။ အိပ်ပြီးဖြတ်သန်းပစ်လိုက်မယ် မှတ်ကရော။

  • surmi

    July 13, 2012 at 2:21 pm

    နေဝင်ညကိုကူးဖြတ်င်္ပြီးမှ ရောင်နီလာမဲ ့နေ ့သစ်ကိုရောက်မယ် တဲ ့
    ဘာရယ်မဟုတ်ပါဘူး ကိုနေဝင်းရေးခဲ ့တဲ ့သီချင်းစာသားလေးပါ

  • kyeemite

    July 13, 2012 at 4:11 pm

    အခက်အခဲမပါတဲ့အောင်မြင်ခြင်းဟာ
    အရသာပေါ့နေတတ်ပါတယ်…
    အခက်အခဲအမျိုးမျိုးကြားက
    ဖေါက်ထွက် ရယူခဲ့တဲ့ အောင်မြင်မှု့ကမှ
    တကဲ့ အရသာပါ..ပြန်တွေးတိုင်းလည်း ကြည်နူးကျေနပ်နိုင်တယ်..
    ဘဝမောတွေပျောက်ပြီး အောင်မြင်မှု့တွေရောက်လာတော့မှာပါ…
    ကဗျာလေးကိုလည်းခံစားလို့ရပါဂျောင်း…

  • စိန်ဗိုက်ဗိုက်

    July 13, 2012 at 4:31 pm

    လူပြိုဂျီး အူးမတ်ရဲ့ ရင်တွင်းပျက်..အဲလေ..ရေတွင်းဖြစ်လေးတွေ ဖတ်ရှုုခံစားစဉ်းစားအနတ်ပြန် ချင်လို ့..
    တစ်ခွက်လောက်.အဲလေ..တစ်ပုဒ်လောက် စပ်ပေးပါဦးလို ့..ရီကွက်စ်ထ် လုပ်ဘာဒယ်

  • ဇောက် ထိုး

    July 13, 2012 at 6:40 pm

    ဝင်ရောက်ဖတ်ရှုခံစားသွားပါဂျောင်း….
    နေပူဖြတ်လျှောက်…
    အရိပ်ရောက်ဖို့….
    ချွေးပေါက်များစွာကြရမည်။

  • YE YINT HLAING

    July 13, 2012 at 8:00 pm

    မှောင်လွန်းတဲ့ အခြားတဖက်မှာ အလင်းအာရုံလာစမြဲပဲ ***** တလှေတည်းစီး တခရီးတည်းသွားနေတယ် ***** စာနာတရား နဲ့ဖေးမတွဲကူဖွယ် ***** အဖဘုရားရဲ့ ထားရှိ မစ်တာ ဝယ် ***** ခိုလှုံရင်းနဲ့ ငြိမ်းအေး ကြစေကွယ် ***** လူသား အဓိပါယ် စာနာမှူနဲ့ ဒွန်တွဲထားတယ် ။

    (သီချင်းလေးတွေနဲ့ မန့်တာတွေလို့ ။ ကျွန်တော်ရေးစပ်ခဲ့တဲ့ ” လူသား အဓိပါယ် ” သီချင်း တပိုင်းတစ လေးနဲ့ မန့်လိုက်ပါတယ် အကို အမတ်မင်းရေ—– )

  • အလင်းဆက်

    July 13, 2012 at 8:40 pm

    ကဗျာလေးကို ခေါင်းစဉ်က စ…ကြိုက်မိတယ် ။

    ဖြန့်ဝေ..ပေးလို ့ကျေးဇူး…

  • ကြောင်ကြီး

    July 14, 2012 at 9:23 am

    အတွေးပျက်
    ငေးလျက်
    ဆေးတခွက်
    ပွေးကွက်
    တေးထပ်
    ဝေးသက်
    ဆွေးဇာတ်
    မွေးရပ်…။

  • TTNU

    July 14, 2012 at 10:56 am

    အတွေးပျက်နေတဲ့ အမတ်မင်းရေ…
    ဲပြင်လို့မရသေးတာလားဟင်။
    ယူထားတဲ့ အမည်က အမတ်မင်းနော်။
    သွေးပျက်နေလို့ ဖြစ်သေးဘူး။

    Cheer up!!!!

  • blackchaw

    July 14, 2012 at 1:07 pm

    ကွန်းမန့် အပေးနောက်ကျနေတာ ခွင့်လွှတ်ပါ ညီလေးရေ…။
    နေဝင်ညကို ကူးဖြတ်ပြီးမှာ ရောင်နီလာတဲ့ နေ့သစ်ကိုရောက်မယ်
    ဆိုတဲ့ ခင်မောင်တိုးကြီးသီချင်းတောင် လှမ်းသတိရလိုက်မိပါတယ်။
    အားပေးသွားပါတယ် ဆိုတဲ့အကြောင်း….။

  • Shwe Ei

    July 15, 2012 at 4:49 pm

    အော် လူပြိုဂျီးတွေလဲ ပူရတာဘဲနော် 😉

  • ချင့် ယုံလိဖန်

    July 15, 2012 at 7:13 pm

    အမှောင်ပျောက်——-နေ့သစ်ရောက်မည်သာတည်း ။
    လူကြီးများအဖို့
    အချစ်သည် အတိတ်ဖြစ်၍
    လူငယ်များအဖို့
    အချစ်သည် အနာဂတ်ဖြစ်လတ္တံ ။

Leave a Reply