တွေ့စကတော့ ချစ်တယ်ပြောတယ်…
နောက်တော့ ပြောင်းလဲသွားတတ်ကြတယ်…
ချစ်တဲ့သူရေ…………
နောက်ထပ်တွေမှာ နင့်အတွက် ချစ်ခြင်းတွေ ထပ်မံမွေးဖွားခဲ့ဦးမယ်ဆိုရင်…
ဒုတိယအဖြစ် ရောက်ရှိလာမယ့် တစ်ဦးတစ်ယောက်ကိုပဲ…
နင်ချစ်လိုက်ပါနော်……..
ဘာဖြစ်လို့လဲဆိုတော့……
င့ါအပေါ်မှာထားတဲ့ နင့်ရဲ့ပထမဆုံး ချစ်ခြင်းတွေ စစ်မှန်ခဲ့မယ်ဆိုရင်…
ဒုတိယ ဆိုတာလည်း ရှိလာမှာမဟုတ်လို့လေ….။

တစ်ကယ်လို့သာ နင်နားလည်ခဲ့မယ်ဆိုရင်….
နင့်အပေါ် ငါဆိုးခဲ့မိတာတွေ အတွက် ခွင့်လွှတ်ပါနော်…
အနိုင်ယူချင်တာလည်း မဟုတ်ပါဘူး…
အချစ်တစ်ခုကို အနိုင် အရှုံးနဲ့ ငါမတွက်ခဲ့ပါဘူးဟာ…
ဟိုအရင်အချိန် ကာလတစ်ခုမှာ….
နင့်အပေါ် နားလည် နှစ်သိမ့်ပေးခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းနဲ့ ဖြေသိမ့်ပေးပါနော်…။

ဆိုးနွဲ့ဖို့လည်း မရည်ရွယ်ပါဘူး..ချစ်သူတစ်ဦးမို့ ဆိုးမိတာပါ….
သဝန်တိုတာလည်း ချစ်လို့နော်…
ချုပ်ချယ်တယ်လို့လည်း မထင်ပါနဲ့ စိုးရိမ်မိလို့ တားမြစ်တာပါ ချစ်သူရယ်…။

ဘယ်သူလာလာ ခင်မင်တတ်တာ င့ါအပြစ်တွေပဲဖြစ်ခဲ့တယ်…
ဘယ်လောက်ဝေးဝေး ဘယ်လောက်နီးနီး ………
အလွှာပါးတစ်ခု ကပ်ပါလာတာ သတိမထားမိလိုက်ဘူး…
ထားခဲ့မိတဲ့ သံယောဇဉ်ကြိုး ဖြတ်ရခက်မှန်း သိပါတယ်…
ဒီသံယောဇဉ်ရဲ့ ခံတပ်မှာ ငါကျရှုံးခဲ့ရတယ်…
ထားခဲ့မိသည့် သံယောဇဉ် ငါပဲမှားတာဖြစ်မှာပါ………။

ရှေ့ဆက်ကာ တိုးမိတော့ အချစ်တစ်ခုဖြစ်လာ၏..
ချစ်မိတော့လည်း လွမ်းမိ၏…
လွမ်းတေးတွေ အခါခါဆိုလည်း ချစ်သူကတော့ မသိနိုင်…
မုန်းဖို့ဆိုတာလည်း မတွေးမိသူမို့ မေ့ဖို့ဆိုတာလည်း မဖြစ်နိုင်…
ချစ်သူ့ပုံရိပ် မှန်းဆတွေးလို့ မျှော်ကာတွေးရင်း ပြုံးမိပြန်၏…။

ထပ်ခါ..ထပ်ခါ..ပြောပြချင်တယ်…
ချစ်တယ်..ချစ်တယ်..ချစ်တယ်..လို့ပေါ့….
ဒါပေမယ့်လည်း………..
မဝံ့မရဲ အထင်သေးမှာလည်း စိုးမိပြန်၏…
င့ါရဲ့ ချစ်ခြင်း မထင်ပေါ်လည်း….
ဘယ်သူ မသိသိ ( ငါ သိ၏.. )
ဘယ်သူ မသိသိ ( နင် သိနိုင်ပါစေ.. )
သိုသိုသိပ်သိပ်….. င့ါရင်ထဲက ချစ်လို့နေ၏…။

( အဆင်ပြေသလို ဖတ်ပေးပါလို့ တောင်းဆိုပါတယ်နော်… )
အတွေးများနဲ့ ချာချာလည်လို့ တွေးမိသမျှ စကားစလို့ စကားလုံးလေးအဖြစ် ရေးသားမိ၏…။
ခင်မင်လျှက်……..မိုက်လေး

About ခပ်မိုက်မိုက် ကောင်မလေး

ခပ်မိုက်မိုက် ကောင်မလေး has written 36 post in this Website..