မြန်မာပြည်မှ စာရေးဆရာ/ဆရာမများအား တောင်းဆိုခြင်း

manawphyulayJuly 13, 20121min550

ဗဟုသုတတွေ အများကြီးနဲ့ ပြည်သူ အကျိုးပြုစာပေများရေးသားနိုင်ကြပါစေလို့ မြန်မာပြည်မှ စာရေးဆရာ/ဆရာမများအား တောင်းဆိုခြင်း။

ယခုတင်ပြတာလေးကတော့ မလေးရှားမှ ပေးပို့စာ ဖြစ်ပါတယ်။ စာပေကို မြတ်နိုးပြီး ငတ်မွှတ်နေသူတစ်ဦးလို့လည်း ပြောလို့ရပါတယ်။ စာတွေ ရေးစေချင်တဲ့စိတ်စေတနာအရင်းခံပြီး ရေးပို့ပေးတာပါ။ ပြန်လည် တင်ပြပေးဖို့ တောင်းဆိုတဲ့အတွက် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။ စာလုံးပေါင်းသတ်ပုံလေးတွေကတော့ နည်းနည်းမှားကောင်းမှားမှာပါ။ အဆင်ပြေသလို ဖတ်ပေးကြဖို့ ပြောပါရစေ။

မြန်မာပြည်မှာ ခေတ်ပညာတတ်လူငယ်တွေများလာတာနဲ့အမျှ တိုးတက်မုှတွေ ရှိလာသလို၊ဆုတ်ရုုတ်မုှတွေလည်း ရှိလာကြတာကို မြင်တွေ့ရလို့ အခုလို အကြံပြု တင်ပြရေးသားလိုက်တာပါ
ခင်ဗျာ။အထူးသဖြင့် စာရေးဆရာ/ဆရာမ အများစုဟာ အချစ်ကြမ်းကြမ်း၊အလွမ်းတွေပဲ အရေးများပြီး ရောင်းတန်းဝင်ရေးကိုသာ အလေးထားကြတာမို့အခုလို တင်ပြရေးသားရခြင်းပါခင်ဗျာ။
အမှားပါခဲ့ရင် တောင်းပန်ပါတယ်နော်။ကျွန်တော်က စာရေးတာထက် စာဖတ်တာကို ဝါသနာထုံတဲ့ သူပါ ခင်ဗျာ။အထူးသဖြင့် ဗဟုသုတရဖွယ်လေးတွေကို ရှာဖွေဖတ်တဲ့ အကျင့်ကြောင့်ပါ။ ယ္ခု ခေတ် ကာလမှာ လူငယ်တွေအတွက် အပျော်ဖတ်စာပေတွေသာရောင်းပန်းလှနေပြီး ဗဟုသုတဖြစ်ဖွယ်များကတော့ လမ်းဘေးက စာအုပ်ဆိုင်တွေမှာ ချရောင်းနေကြတာကို
ဝမ်းနည်ဖွယ်တွေ့နေရလို့ပါခင်ဗျာ။အဲဒါကြောင့် စာရေးဆရာ/ဆရာမ များအနေနဲ့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးအတွက် လူငယ်တွေကို မီးမောင်း ထိုးပြနိုင်မဲ့
ဗဟုသုတဖြစ်ဖွယ်၊သတင်း၊ဆောင်းပါး၊စာပေ၊ ဝတ္ထုများကို တတ်နိုင်သမျှရေးသားပေးကြပါလို့ အနှူးအညွတ်မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
ကျွန်တော်တို့ ငယ်စဉ်က ဖတ်ခဲ့ရတဲ့ ဗဟုသုတ ဖြစ်ဖွယ်များကတော့ ဇာတ်တော်ကြီး (၁၀)ဘွဲ့ ဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော် မှတ်မိသလောက်ပြောပြပါ့မယ်ခင်ဗျာ။မှားတာရှိရင်လည်း
သိကျွမ်းနားလည်သူများက ဖြည့်စွက်ထောက်ပြပေးကြပါနော်။ တေဇ သုနေမ ဘူစန္ဒာ ဝိဝေ ပေါ့နော်။
တေ= တေမိမင်း ၊ဘုရားအလောင်းဟာ ဘုရင် ဖြစ်လာရင် ငါးပါး သီလ ကျိုးပျက်မှာကြောက်လန့်ပြီး၊ စကား မပြောပဲ တေမိ လုပ်နေခဲ့လို့ တေမိမင်းလို့ ဖြစ်ပေါ်လာခြင်းပါခင်ဗျာ။ဘာလို့လဲဆိုရင်
ဘုရင်ဆိုတာ သတ်မိန့်တွေ၊ပစ်သတ်ခွင့်တွေ ပေးရမှာမို့ ငါးပါးသီလ ဖြစ်တဲ့ သူတစ်ပါး အသက် သတ်ခြင်း မဟုတ်လား နော်။ဒါက တေမိ ဇာတ်တော်လေးပါ။
ဇ=ဇနက္က မင်းသား ၊မဟာဇနက္ကမင်းသားဟာ သင်္ဘော ပျက်ပြီး ရေထဲမှာ ရ ရက် တိုင်တိုင် ဇွဲ မလျော့ပဲ ကူးခတ်ခဲ့လို့ နောက်ဆုံး မနိမေခလာ နတ်သမီးက ကယ်ခဲ့တာ မဟုတ်လား၊အဆိုတော် မေခလာ ဟုတ်ဘူးနော်။မှားမှာစိုးလို့ပါ။အဲဒါက ကြိုးစား အားထုတ်ရင် နောက်ဆုံး အောင်မြင်မယ်ဆိုတဲ့ လူငယ်တွေအတွက် ဇွဲ မလျော့ ကြိုးစားချင်စိတ်ကို ပြပေးတဲ့ ဇာတ်တော်လေးပါ။
သု=သုဝနသာမ ၊သုဝနသာမ လေးက မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးရင်း တစ်နေ့မှာ ရေခပ်ဆင်းရင်း တောပစ်ထွက်လာတဲ့ မင်းကြီးတစ်ပါးရဲ့ လေးမြှားထိမှန်ပြီးမေ့မျောနေတာကို မျက်မမြင် မိဘနှစ်ပါးက ဆုတောင်းတဲ့အတွက် နတ်တွေက ကူညီစောင်မလို့ အသက်မသေပဲ ရွှေထုပ်ပါ ရတဲ့ ဇာတ်တော်လေးပါ။ဒီဇာတ်လမ်းက သားသမီးတွေနဲ့ မိဘ မေတ္တာကို ဖော်ညွှန်းပြီး အခုခေတ်လူငယ်တွေပြောနေတဲ့ အိမ်က အဖိုးကြီး၊အဖွားကြီးက ရေရေလည် စားတယ်ကွာ၊မမိုက်ပါဘူးကွာ။စသည်ဖြင့် မိဘတွေအပေါ် ရိုသေကောင်းမှန်း မသိတဲ့ သူတွေကို သင်ခန်းစ