ငါမသိတဲ့ ငါ့အကြောင်း

ဘဝဘဝနဲ့ခဏခဏရေရွတ်ရင်း
ငါ…ဒီနွှံထဲကိုနစ်ရတော့မှာလား……….
နှလုံးသားကိုဘေးဖယ်
ဆုံးသွားလို့ ပေးလိုက်ရတဲ့
ငါ့ရဲ့ ဆွဲကြိုးလေးဘယ်သူရွေးပေးမှာလဲ…..
ငါကြုံးဝါးတာခဏခဏ..
ငါရှုံးသွားတာရင်နဲ့ အမျှ
အားလုံးကို ကျော်ဖြတ်မယ်ဆိုပေမဲ့..
ငါ့ကျောကုန်းမှာ   ခြေရာတွေချည်းပဲ…..
သူတို့  နင်းသွားကြတာလေ…..
ဖုတ် ဖက် ခ ါ လူးလဲ  ထရင်း
ရုတ်တရက်…..ငါ

ပြူးပြဲသွားတာ…….
မနှစ်ကအချစ် ဒီနှစ်မှာပြစ်သွားလု့ိ..
ငါရင်နင့်လိုက်ရတာ…
ရင်နာရင်း  နာကြင်ရင်း
ငါတလှမ်းချင် လှမ်းနေတာက
ယမကာဆိုင်လေ
လူတွေအကုန်လုံးမေးကြည့်…လိုက်ပါ
ငါ့အဖြစ်ကိုသိနိုင်တဲ့သူ တစ်ယောက်မှမရှိတောဘူးလား…
နေနဲ့ညနဲ့ကိုမြင်
ကြယ်တွေလတွေမြင်
ငါ့ဗိုက်က တအင်အင်နဲ့…
အမြင်မှန်တွေ ပြန်ရဖို့
အား.လုံးကိုထွေး အန်ပြစ်ခဲ့တယ်
ဝေါ…ထွီ……………..

ခင်တဲ့

အရင့်ရောင်

18 comments

  • ဘဲဥ

    July 13, 2012 at 4:03 pm

    ဆွဲကြိုးလေးကို ပြန်ရွေးမနေနဲ့လေ
    အပြတ်ရောင်းပီး ဥဥလေးကို ပြုစုလိုက်စမ်းဘာ ။ ကုသိုလ်တွေ အားဂျီးရမှာတိရား ၊ :mrgreen:

  • အရင့်ရောင်

    July 13, 2012 at 4:05 pm

    အမလေး ဟြေရက်လိုက်တာဂျာ…………………
    ပြုပီးစုပါ့မယ်နော်
    ရောင်းတော့ မရောင်းပါရစေနဲ့ဗျာ……
    ဟိဟိ:P

  • ခပ်မိုက်မိုက် ကောင်မလေး

    July 13, 2012 at 4:31 pm

    ဖတ်ကြည့်သွားပါတယ်ရှင်…
    အရင့်ရောင်..ရဲ့ခံစားချက်တွေလားဟင်….။

    • အရင့်ရောင်

      July 14, 2012 at 10:03 am

      ခံစားချက်လို့ဟြေရင်လည်းရပါတယ်နော်………
      ဟိဟိ

  • snow white

    July 13, 2012 at 6:02 pm

    ညစ်ပတ်လိုက်တာ တွေ့တဲ့နေရာထွေးနေတော့ပါလား ညစ်ပတ်အိုး ထွီ တဲ့။။။

  • ဇောက် ထိုး

    July 13, 2012 at 6:48 pm

    ဝင်ရောက်အားပေးသွားပါတယ်။ ငါအကြောင်းကို ငါတော့သိမှာပါ။

  • etone

    July 13, 2012 at 6:59 pm

    ငါ… ငါ… ငါ တဲ့ … ဪ … အတ္တအတ္တ ..ကြောက်စရာပါလား ………..။
    ငါဆိုတာမရှိဘူး …. နာမ်နဲ့ရုပ်ပဲရှိသကွဲ ့… အဟိ …. ပြေးဘီဗျို့ … ဒက်ဂလောက်
    ဒက်ဂလောက် …. 😆

  • စိန်ဗိုက်ဗိုက်

    July 13, 2012 at 7:18 pm

    မိတ်ဆွေတို ့ကို စေတနာနဲ ့ပြောတာပါ..
    ငါစွဲတွေ သိပ်မထားကြပါနဲ ့..
    တစ်ကယ်တော့ ငါဆိုတာ မရှိပါဘူး..
    လွမ်းတာ ဆွေးတာ ချစ်တာ မုန်းတာတွေဟာ ငါက ဖြစ်နေတာ မဟုတ်ပါဘူး.
    အဝိဇ္ဇာတွေ သန္ဓေတည် ဖုံးလွှမ်းပြီး..ဗျာတိသရန မရဏ..
    အဲ..
    ခဏနေဦး..
    အူးဘဇင်းဇောက် ပို ့စ်ဆီပြန်ပြေးပြီး မှတ်လိုက်ဦးမယ်..
    ကျန်လာခဲ့မယ်..
    ကျလိ..ကျလိ..

    • အရင့်ရောင်

      July 14, 2012 at 10:29 am

      မိစိန်ဗိုက်ကို စောင့်နေရတာနဲ့
      အိုမင်းရင့်ရော်နေပီနော်
      အဟင့်………..
      ကျလိကျလိ လုပ်ပ်တာ မကောင်းဘူးပေါ့………
      ဟီဟိ

  • အလင်းဆက်

    July 13, 2012 at 8:46 pm

    အမြင်မှန်တွေ..ပြန်ရဖို ့……

    အရင့်ရောင်ရဲ ့ ကဗျာတွေကို ကျွန်တော် ချစ်တယ်…။

  • မောင်ပေ

    July 13, 2012 at 8:52 pm

    အရင့်ရောင် ကိုယ်တိုင်တောင် ကိုယ့်အကြောင်းကိုယ်မသိရင်
    ကျုပ်ဆို ပိုဝေးပြီးပေါ့ ။

  • water-melon

    July 14, 2012 at 8:13 am

    သိဘူးအေ
    ဘာဖစ်နေတာလဲ
    အေကိုက်တာလား အေ့
    😀

  • ခပ်မိုက်မိုက် ကောင်မလေး

    July 14, 2012 at 10:25 am

    ကိုအလင်းဆက်…
    အရင့်ရောင် ရဲ့ ကဗျာတွေပဲချစ်လို့ရမယ်နော်…
    အရင့်ရောင် ကိုအလင်းဆက်က ချစ်လို့တဲ့…
    😀

    • အရင့်ရောင်

      July 14, 2012 at 10:27 am

      အဲလိုတော့ ဖြစ်ဖူးထင်တယ်နော်
      ဟီးးးးးးးးးးးးး
      ကြောက်စရာဂျီး…………..

  • ခပ်မိုက်မိုက် ကောင်မလေး

    July 14, 2012 at 11:11 am

    ကြောက်ပါနဲ့…….
    ကိုအလင်းဆက်က သဘောမနောကောင်းမယ်ထင်ပါရဲ့….
    ……………….:P

  • အလင်းဆက်

    July 14, 2012 at 6:54 pm

    ဟိုက်…..
    ကဂျာကိုပဲ…ဟိုဒင်း …ဖစ်တာပါ..ဂျာ

    မိုက်လေးက…..ကျွန်တော် သဘောမနောကောင်းတာ..သိ သား…ပဲ.။
    အဟိ ။ ဘယ်ရို တိတွားဒါယဲ….

Leave a Reply